Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, December 24, 2010

We Wish You A Merry Christmas

Christmas is forever, not for just one day,
for loving, sharing, giving, are not to put away
like bells and lights and tinsel, in some box upon a shelf.
The good you do for others is good you do yourself...

~Norman Wesley Brooks, "Let Every Day Be Christmas,"

Wednesday, December 08, 2010

ပုံဖော်ကြတဲ့အခါ

“ရှင် .. ဘယ်နေရာမှာလဲ၊ ဘယ်ရောက်နေလဲ၊ ကျွန်မတို့ workshop အချိန်လေး နည်းနည်းပြောင်းလိုက်ကြတယ်၊ နေ့လည် ၂နာရီခွဲမဟုတ်တော့ဘူး အခု ၁နာရီခွဲမှာ စချင်တယ်၊ သူတို့ ဆရာမတွေနဲ့ တိုင်ပင်ပြီး ကျောင်းကိုပြန်ဝင်ကြရမှာမို့ အချိန်နည်းနည်းရှေ့ကိုတိုးလိုက်ရတယ်၊ ရှင် အဆင်ပြေမလားပဲ၊ ကျွန်မတို့ ကလေးတွေ စုံနေကြပြီ၊ သူတို့ ရှင့်ကိုစောင့်နေကြတယ်၊ ကျွန်မတို့ Art Caffe မှာပဲ ရှိနေကြမယ်နော်” အီဗန်နာက ဖုန်းထဲကနေ ခပ်သွက်သွက်ပြောတယ်၊

Tuesday, December 07, 2010


အကုတ်အခြစ်ကောင်းတဲ့ခွေးလေးလဲ့ရာကို ကျောယားရင် ကုတ်ခိုင်းရကောင်းမလားပဲ ..

ငယ်ငယ်က တူလေးဆိုပြတဲ့ သီချင်းသတိရမိသေးတယ်၊

~ အန္တရာယ်ကင်းအောင်ကွယ် .. ကျားလေးနှစ်ကောင်ကိုဝယ် ~
~ ယောက္ခမအတွက် တစ်ကောင်ပေးမယ် ~
~ တစ်ကောင်ကို ကျောယားတော့ ကုတ်ခိုင်းမယ် ~ တဲ့ .. တော်တော်ရယ်ရတယ်၊ သူဆိုပြတုန်းက။

Sunday, December 05, 2010

Campaign To End Violence Against Children

Campaign To End Violence Against Children - Childhood Cartoo... - Care2 News Network
Change your Facebook profile picture to a cartoon from your childhood and invite your friends to do the same. There should be no human faces on Facebook but an invasion of memories to raise awareness to end Violence Against Children.

“ကြိုက်တဲ့ ကာတွန်းကားတွေ” ...
ကျန်နေသေး ..


Monday, November 22, 2010

သံလိုက်စက်ကွင်းထဲက ပျော်ရွှင်ကျန်းမာ .. ကျုပ်ရဲ့ လူးဘာ

ဒီရက်ပိုင်း လူးဘာနဲ့ မတွေ့ရတာ တော်တော့်ကိုကြာနေပြီ၊ မနေ့ကတော့ ကျုပ်ဆီ သူ ဖုန်းဆက်တယ်။ တွေ့ကြပါစို့လို့ သူက ခေါ်တယ်။ လူးဘာကတော့ ဘယ်တော့မဆို ပေါ့ပါးသွက်လက်နေတာပါပဲ၊ ဖုန်းထဲမှာလည်း သူ့အသံက ရွှင်လန်းတက်ကြွဆဲပဲ၊ ကျုပ်ကိုလည်း ခင်ခင်မင်မင်ရှိဆဲ၊ လူးဘာက ကျုပ်ကို အတော်ကြီးခင်ရှာတယ်။ ကျုပ်တို့ အလုပ်တွေကိုယ်စီနဲ့ မအားလို့ မတွေ့ဖြစ်ကြရင်တောင် သူဘာလုပ်လုပ် ကျုပ်ဆီဖုန်းဆက်ပြီးစီကာပတ်ကုံး ပြောပြောနေတော့တာ၊ သူ့ အမျိုးသမီးဆုံးသွားပြီး နောက်တစ်နှစ်မပြည့်ခင် မိန်းမထပ်ယူတော့မယ်ဆိုတော့လည်း ကျုပ်ကိုအရင်ဆုံးပြောပြတာပဲ၊ တိုင်ပင်တာတော့ မဟုတ်ချေဘူး၊ အသိပေးရုံပဲ၊ သူက သူ့စိတ်နဲ့ သူ့ဘာသာ သွက်သွက်လက်လက် ဆုံးဖြတ်တတ်တဲ့သူမျိုး၊ သူ့ရဲ့ ကျန်းမာရေးလည်း အရိပ်တကြည့်ကြည့်နဲ့ အတော့်ကိုဂရုစိုက်တာ။ Mala Krsna ရွာက Najdan circles မှာ မိနစ်၂၀လောက်ရပ်ရင် လေဖြတ်တာပျောက်တယ်၊ အကြောအခြင်တွေကိုက်ခဲတာ၊ အဖျားအနာတွေအတော်များများ ပျောက်ကင်းချမ်းသာနိုင်တယ်။ အဲဒီရွာက စက်ဝိုင်းတွေမှာ ကမ္ဘာမှာ အမဓါတ်ရောင်ခြည် အပြင်းဆုံးနေရာဆိုပဲ၊ တစ်ခါရပ်ပြီးရင် လိုအပ်မယ်ထင်ရင် နောက်နှစ်ပတ်အကြာ ပြန်ရပ်လို့ရတယ်၊ ကိုယ့်အလှည့်ကျဖို့ကို နှစ်ရက်လောက် တန်းစီစောင့်ရသေးတယ်တဲ့၊ သတင်းတွေမှာပါလာတာနဲ့ သူ .. အဲဒီ ရွာကိုသွားဖို့ စုံစမ်းပြီးပြီ၊ ပြီးတော့ ခပ်မြန်မြန်လေး အဲဒီဓါတ်ရောင်ခြည်စက်ဝိုင်းတွေမှာ သွားရပ်တော့တာပဲ၊ ကျုပ်ကတော့ သူ့လောက်မသွက်နိုင်ဘူး၊ ကျုပ်လို နှလုံးထဲ pacemaker ထည့်ထားရတဲ့သူကလည်း အဲဒီနေရာမှာရပ်လို့ မဖြစ်ဘူးတဲ့၊ pacemaker တပ်မထားတောင် သူ့လို အထူးအဆန်းတယ်လည်း စိတ်မ၀င်စားလှပါဘူး၊ ကျုပ်ရဲ့ နေ့တွေတိုင်းက ရိုးရိုးစင်းစင်းပဲ ကုန်ဆုံးသွားတာ၊ စားတဲ့အစားအစာ၊ ၀တ်တဲ့အ၀တ်အစား၊ ဖတ်တဲ့သတင်းစာ၊ နားထောင်တဲ့ သတင်းလိုင်း၊ ကျုပ်အိမ်ကိုလာလည်တဲ့ မိတ်ဆွေ၊ ကျုပ်ကသွားလည်တတ်တဲ့မိတ်ဆွေ၊ မနက်မိုးလင်းလာတာနဲ့ ပြောဖြစ်တဲ့စကားတွေ တစ်နေ့နဲ့ တစ်နေ့ အတူတူပဲ၊ ဘာမှကိုမကွဲပြားတာ၊ မိုးလင်းတာနဲ့"ကောင်းသောမနက်ခင်းပါ" ဆိုတဲ့ နှုတ်ဆက်စကားကအစ ညအိပ်ရာဝင်ခါနီး "ကောင်းသောညပါ" ဆိုတဲ့ စကားအဆုံး တစ်နေ့တစ်နေ့ပြောဖြစ်တဲ့ စကားလုံးတွေက အဟုတ်ကိုပဲ သိပ်မကွာလှဘူး၊ ယုတ်စွအဆုံး ကျုပ်ရဲ့မိန်းမ၊ သူနဲ့တောင် အိုအောင်မင်းအောင်၊ တကယ့်ကို ရိုးမြေကျပေါင်းရတော့မှာဗျို့၊ ကျုပ်မိန်းမ မာရီယာကလည်း ကျန်းမာလိုက်တာမှ ခေါင်းကိုက်နှာစေးတောင် အင်မတန်ဖြစ်ခဲတတ်တာကိုး၊ ကျုပ်ကမှ နှလုံးမကောင်းလို့ တစ်တစ်တောက်တောက် စက်လေး ထည့်ထားရတာကလား၊ အဲဒီတော့ လူးဘာလို နောက်မိန်းမလေး အပြောင်းအလဲလေးဖြစ်ဖြစ် ယူဖို့ ဘယ်လိုမှ အခွင့်မသာခဲ့ဘူး၊ ဒီလိုနဲ့ပဲ ရိုးရိုးစင်းစင်းနေ့ရက်တွေထဲ ကျုပ် ... မိန်းမအဟောင်းနဲ့ တလှုပ်လှုပ် .. ခရီးဆက်နေရတုန်းပဲ။

ကျုပ်တို့ လူးဘာအိမ်ရှေ့ရောက်တယ် ဆိုတာနဲ့ သူက လမ်းမပေါ်မှာ ခြေကားယား လက်ကားယားရပ်လို့ ကြိုနေပြီ၊ "ဟေး .. မီလန် .. ငါ .. ဒီမှာဟေ့၊ လာဟေ့၊ လာကြဟေ့၊ ကားကို ဒီဘက်မှာရပ်၊ ဟိုဘက်ကို ခေါင်းတည်" လို့ ပြောပြောဆိုဆို ခရီးဦးကြိုပြုတယ်။ ပြီးတော့ “ဘေးက ကားကို..." ဆိုပြီး လူးဘာက အသံနှိမ့်ပြီး ဆက်ပြောတယ်၊ "သတိထားဗျို့၊ ဒီကားက ဘေးအိမ်က ငဂျစ်တစ်ကောင်ရဲ့ကား တန်ဘိုးကြီးတယ်၊ ထိမိခိုက်မိရင်တော့ မလွယ်ဘူး၊ ပြာပြီသာမှတ်"  လို့ လမ်းသရဲစကားလုံးဆန်ဆန်လည်း သုံးနှူန်းသေးရဲ့၊ လူးဘာက အမြဲဒီလိုပါပဲ၊ ကျုပ် .. ခပ်ဖွဖွပြုံးလိုက်မိသေးတယ်။ မာရီယာကတော့ တဟားဟားနဲ့ လူးဘာကို သဘောတွေကျနေတော့တာ၊ ကျုပ်တောင် မနာလိုဖြစ်မိတယ်။ ကျုပ်နဲ့များဆို မာရီယာ ဒီလောက်ဟက်ဟက်ပက်ပက်ကြီးရယ်တာ မတွေ့ဖူးပါဘူးဗျာ၊ မိန်းမတွေများ အဲဒါခက်တာပဲ၊ အပြောသွက်သွက်၊ အလှမ်းသွက်သွက်ယောက်ျားများဆို အရည်လဲ့လဲ့ မျက်ဝန်းတွေနဲ့ မျက်စိတဆုံး လိုက်ကြည့်နေတတ်ကြတာ။

လူးဘာက ကျုပ်ပခုံးကို တင်းတင်းကျပ်ကျပ်ကြီးဖက်ပြီး သူ့ အိမ်ဆီဆွဲခေါ်တယ်။ ကျုပ်မလည်း သူ့ လို့ လိုက်သွက်နိုင်အောင် မနည်း ကြိုးစားနေရတယ်။ ကျုပ်က လှုပ်လှီလှုပ်လဲ့ရယ်၊ လမ်းကြားလေးကနေ သူ့အိမ်ဆီဝင်ရတယ်၊ ကျုပ်တို့လို့ ကွန်ဒိုတိုက်ခန်းမဟုတ်ဘူး၊ သူ့ ခြံလေးထဲမှာ ပန်းခြံလေးလည်းရှိတယ်။ ကျုပ်တစ်ခေါက်တော့ရောက်ဖူးပါသေးတယ်။ အခု အိမ်ကိုမွမ်းမံထားတယ်။ အခန်းတွေ သူ့စိတ်ကြိုက် အတွေ့ဆုံးပုံစံပြင်ထားတယ်လို့ ဖုန်းထဲမှာပြောခဲ့သေးတယ်။ ဟုတ်လည်းဟုတ်တယ်။ လူးဘာက ဆိုဖာဆက်တီတွေကိုလည်း တစ်ပတ်တစ်ခါ လောက်ပြောင်းတတ်တယ်။ တသမတ်တည်းဘယ်တော့မှ မထားဘူး။ တစ်မျိုးတည်းကြာကြာမြင်ရရင် စိတ်ငြီးငွေ့ပြီး စိတ်ပျင်းတယ်ဆိုပဲ၊ သူပြောမှပဲ ကျုပ်လည်း စိတ်ပျင်းတယ်ဆိုတာကြားဖူးတော့တာ၊ သူကတော့ စိတ်ပျော်နေအောင် အမြဲ အသစ်အဆန်းလေးတွေနဲ့ လှုပ်ရှားနေရမှ ကျန်းမာသတဲ့၊ ကျုပ်ဆို ဘယ်လိုလုပ်မလဲ။ ကျုပ်ဧည့်ခန်းမှာရှိတဲ့ ၀က်သစ်ချသား ဆက်တီအိုကြီးဆို မာရီယာ့အမေ၊ ကျုပ်ယောက္ခမကြီးရှိကတည်းက အဲဒီနေရာမှာပဲ ဒီပုံစံအတိုင်းပဲ အပုံလိုက်ကြီးချထားတာ၊ အခုလည်း ဒီလိုပဲ၊ နောက်လည်း ပြောင်းဖို့ အစီအစဉ်မရှိဘူး။

အိမ်ရှေ့ရောက်လို့ တံခါးလည်းဖွင့်ရော မတိုးမကျယ်သီချင်းသံနဲ့အတူ ခွေးလေးတစ်ကောင် ပြေးထွက်လာတယ်၊ အသံကလည်းစာနေတာပဲ၊ "၀ုတ် ၀ုတ်" တောင်မဟုတ်ဘူး အသံက"အုတ် အုတ်"  လို့ အသံသေးသေးလေးနဲ့ ဟောင်တယ်။ ကျုပ်တို့ကိုနှုတ်ဆက်လိုက်တာ တစ်ကိုယ်လုံးကိုခါနေတာပဲကိုး၊ အဲဒီခွေးလေးခါလိုက်တိုင်း သူ့ကိုယ်သေးသေးလေးက အပေါ်ကိုမြောက်မြောက်တက်သွားသေးတာ၊ ခါလိုက် အပေါ်မြောက်တက်လိုက်နဲ့၊ ကျုပ်တို့ကိုယ်ပေါ်ကိုလည်း ခုန်တက်ဖို့ ကြိုးစားသေးတယ်။ ခွေးမလေး နာမည်က လဲ့ရာ တဲ့၊ လူးဘာက သူ့မြင်ကွင်းမှာ ခပ်လှုပ်လှုပ် အရာတွေရှိမှ သဘောကျတာ အဲဒါကိုကြည့်ပါလား၊ ခပ်လှုပ်လှုပ် ခွေးတစ်ကောင်တော့မွေးထားလိုက်သေးတယ်။ ကျုပ်မိန်းမ မာရီယာကတော့ ပြောပါရဲ့၊ ခွေးလေးမွေးရအောင် ကြောင်လေးမွေးရအောင်နဲ့၊ ပူဆာဖူးတယ်၊ ကျုပ်ကလည်း မျက်စိအင်မတန် နောက်တတ်တာ၊ မျက်စိထဲ လှုပ်လှုပ်တွေ မြင်နေရရင်ကို ဒေါသကထွက်လာတော့ မဖြစ်ဘူး၊ ကျုပ်စိတ်တိုရင် အမြီးကကိုင်ပြီး လွှင့်ပစ်မိမှာ၊ နှလုံးထဲထည့်ထားတဲ့ စက်လည်း ကျုပ်ကိုကယ်နိုင်မှာမဟုတ်ဘူး၊ ဒါနဲ့ပဲ ကျုပ်နှလုံးရောဂါထကြွမှာ စိုးရိမ်လို့ပဲလား၊ ခွေးတွေကြောင်တွေ အမြီးက ကိုင်ပေါက်လွှင့်ပစ်မှာ ကြောက်လို့လားတော့မသိဘူး၊ မာရီယာလည်း နောက်တော့ မပူဆာတော့ပါဘူး။ အသံတိတ်သွားတယ်။

လူးဘာက အပြင်အဆင်ပြောင်းထားတဲ့ အခန်းတွေကိုလိုက်ပြတယ်။ သစ်လွင်တောက်ပနေတာပါပဲ၊ အဘိုးကြီးတစ်ယောက်ပြင်ဆင်ထားတယ် လို့တောင် မထင်ရဘူး။ နံရံမှာသုတ်ထားတဲ့ဆေးရောင်တွေကအစ၊ အသုံးအဆောင်တွေ၊ ပန်းချီကား၊ ပန်းအိုး၊ ဆက်တီအကုန်လုံး စတိုင်ကျကျ လတ်ဆတ်နေတာပဲ၊ သူ့အိမ်က နှစ်ထပ်အိမ်လေး၊ အပေါ်ထပ်ကိုလည်းလိုက်ပြတယ်။ အဲဒီမှာ အခက်တွေ့တာပဲ၊ လူးဘာကတော့ လဲ့ရာကို ပွေ့ချီပြီး တဒုန်း ဒုန်းနဲ့ အိမ်ပေါ်ထပ်ကိုတက်သွားလိုက်တာ လူငယ်လေးတစ်ယောက်လို၊ ကျုပ်မှာ လက်တန်းကို ကိုင်ပြီး ကျုပ်ရဲ့နှလုံးကို အသာအယာချောမော့ပြီး လှုပ်လီလှုပ်လဲ့တက်ရတာ၊ သူကတော့ အိမ်ပေါ်ကနေ ပြုံးပြုံးကြီး ကျုပ်တို့ကို စီးမိုး ကြည့်နေလေရဲ့၊ မာရီယာလည်း လူးဘာလောက်တော့ မသွက်နိုင်ဘူး၊ မာရီယာ့ကိုယ်လုံးက ကျုပ်တို့လက်ထပ်ခါစကအချိန်က ကိုယ်လုံးထက် သုံးဆမကဘူး အချိုးအဆကွာခြားသွားပြီပဲကိုး၊ အပေါ်ထပ်မှာလည်း တစ်ခန်းဝင်တစ်ခန်းထွက် မနားတမ်း လိုက်ကြည့်ရတယ်။ ကျုပ်လည်း.. ရောက်ကတည်းက ခုထိ နားနားနေနေမထိုင်ရသေးဘူး၊ လူးဘာ အိမ်အခင်းအကျင်းလိုက်ကြည့်နေရတာ အတော့်ကိုမောတယ်၊ နောက်တော့ အောက်ထပ်ကိုပြန်ဆင်း၊ အောက်ထပ် အ၀င် ပန်းခြံလေးရှေ့က ဆက်တီမှာထိုင်ကြတယ်၊ အမိုးမှာ မှန်ချပ်တွေတပ်ထားတယ်။ အလင်းရောင်ကလည်းရ၊ နွေးနွေးထွေးထွေးနေလို့ထိုင်လို့ကောင်းတဲ့နေရာလေးပဲ၊ နေရာမှာ ငြိမ်ငြိမ်သက်သက်ထိုင်ကြမှပဲ လူးဘာကို သေချာကြည့်မိတော့တယ်၊ ဘောင်းဘီက ဒူးအထက်နားအထိအတို၊ တီရှပ်အရောင်လွင်လွင်၊ ရင်ဘတ်မှာ ဒီဇိုင်းလှလှနဲ့၊ အလို .. ခုမှ တွေ့မိရဲ့ .. လူးဘာက ငွေရောင်ရွှေရောင်စပ် လက်ကောက်နဲ့ပါလား၊ တော်တော်ဟုတ်တဲ့လူ၊ အဲ .. လည်ပင်းမှာလည်း ဆွဲကြိုး .. ဆွဲကြိုးလိုအပျော့လည်းမဟုတ်၊ လက်ကောက်လို အမာအကွင်းလိုက်၊ လည်ကောက်လို့ခေါ်ရမယ်၊ ဒါကိုလည်း ခပ်ကြီးကြီး ၀တ်ထားသေးတယ်။ အသားအရည်ကလည်း ရွှန်းရွှန်းစိုစိုနဲ့ လူးဘာကြီးက အသက်သာကြီးရော၊ တကယ့်ကိုနုနုဖတ်ဖတ်ကြီးပဲ၊ ကျုပ်နဲ့များတော့ ကွာခြားပါပေ့၊ မာရီယာဆို တချိန်လုံး ပါးစပ်မပိတ်ဘူး၊ သူ့အသက်အရွယ်နဲ့မလိုက်အောင်ပဲ ခိုးခိုးခစ်ခစ်နဲ့ရယ်မောလို့ လူးဘာ ဘာပြောပြောသဘောအကျကြီး ကျနေတာများဗျာ .. ကျုပ်တောင်ကြည့်မရချင်တော့ဘူး။

"ကော်ဖီ လုပ်ဟေ့၊ ဘရန်ဒီလည်းလာ၊ ရှိတာအကုန်သာချ၊ ဘာဧည်ခံမှာလည်း၊ ဂေါ်ဒါနာရော လူးဘာ"

ကျုပ်လည်း ရှုသိုးသိုး မေးပစ်လိုက်တယ်။ ဒီတော့မှ လူးဘာကြီး ပြူးပြူးပြာပြာ ကော်ဖီသွားနှပ်တယ်။ ခပ်ကျယ်ကျယ်အော်ပြီး ပြောပြသေးတယ်။ တဟီးဟီးနဲ့လည်းရယ်တယ်။ ဂေါ်ဒါနာစိတ်ကောက်ပြီး သူ့သားအိမ်သွားနေတယ် တဲ့၊ အဲဒါပဲ ဂေါ်ဒါနာကိုလည်း အမြဲမြင်နေရတော့ ရိုးလာလို့ တမင်စိတ်မဆိုး ဆိုးအောင် လုပ်လွှတ်လိုက်တာနေမှာ၊ လူးဘာက ရေခဲသေတ္တာထဲကရှိသမျှ အသီးအနှံတွေယူချလာတယ်။ ကျုပ်မှ အသီးအနှံမကြိုက်ပဲ၊ နောက်တော့ ကျုပ်အသီးအနှံ မကြိုက်တတ်တာ သူသတိရသွားပြီး အသားပြားတွေ။ ကြက်ဥပြုတ်ခြမ်းတွေပါတဲ့ ပန်းကန်တွေဆွဲချလာတယ်၊ ကျုပ်လည်း စားတော့တာပဲ၊ လူးဘာကတော့ ကော်ဖီမသောက်ဘူး၊ ရေတစ်ခွက် ဖန်ခွက်ကြီးနဲ့ ယူလာတယ်။ ပန်းသီးတစ်လုံး ဂျွတ်ကနဲ ကောက်ဝါးတယ်။ ရေဖန်ခွက်ထဲကို ထိပ်ကအလုံးလေးနဲ့ စတီးတံတစ်ချောင်းထည့်မွှေနေတယ်။ ပန်းသီဝါးနေရင်းနဲ့ "ဒါ သံလိုက်ချောင်းလေကွာ၊ ရေဖန်ခွက်ထဲကို ဒီသံလိုက်ချောင်း ၁၀ စက္ကန့်လောက်စိမ်ထား၊ မွှေချင်လည်းမွှေပေါ့၊ ပြီးမှ သောက်ရင် ရေထဲက ဓါတုဓါတ်တွေ လျှော့ချနိုင်တယ်။ ရေအေးဖြစ်ဖြစ်၊ ရေနွေးနွေးဖြစ်ဖြစ်ရတယ်။ ဆူနေတဲ့ရေတော့မသုံးရဘူး၊ သံလိုက်ဓါတ်ပျော်ဝင်နေတဲ့ရေကို သောက်ရင် သွေးလည်ပတ်မှုကောင်းပြီး အကိုက်အခဲတွေပျောက်၊ ကျန်းမာအသက်ရှည်တယ်ဟေ့" လို့ တဆက်တည်းရှင်းပြလိုက်သေးတယ်။

နားထဲမှာ လူးဘာဖွင့်ထားတဲ့ သီချင်းသံ သဲ့သဲ့ဝင်လာတယ်။ သီချင်းနားထောင်ရတာ သီချင်းဆိုရတာလည်း အင်မတန်ကြိုက်တဲ့လူးဘာ၊ သူဖွင့်ထားတဲ့သီချင်းက .. ဘာတဲ့ မက်ဒေါနားသီချင်း Everybody.. "လူတိုင်း.. လာကကြစို့ရဲ့၊ သီချင်းတွေဆိုကြစို့ရဲ့၊ လူတိုင်းပဲ .. နိုးထစမ်းပါ၊ မင်းတို့ရဲ့ ကိစ္စ၀ိစ္စ လုပ်ပါတော့" တဲ့၊ သံစဉ်မြူးမြူး စာသားမြူးမြူးက .. ခပ်မြူးမြူး လူးဘာနဲ့ အစပ်အဟပ်တည့်နေတော့တာပဲ၊ သီချင်းသံနဲ့အတူ ကျုပ်တောင် အတော်လေး မြူးမြူးကြွကြွဖြစ်လာသေးရဲ့၊ ကျုပ်က သီချင်းတော့အကြိုက်သား၊ မက်ဒေါနားဆို အသည်းစွဲ၊ မက်ဒေါနားရဲ့ La Isla Bonita သီချင်းကိုကြိုက်လွန်းလို့ အခါခါနားထောင်ရင်းနဲ့ တခြားသီချင်းတွေပါ အားလုံးလိုလို မှတ်မိကုန်တာလေ၊ နောက်တော့ သူ စာရွက်တွေတစ်ထပ်ကြီး ဆွဲထုတ်လာတယ်။လူ့ကိုယ်ခန္ဓာမှာရှိတဲ့ သံလိုက်စက်ကွင်းတွေအကြောင်းရှင်းပြထားတဲ့ ပုံတွေပါတယ်။ သံလိုက်အသုံးအဆောင်တွေအကြောင်းတွေလည်းရေးထားတယ်။ စာရွက်တွေဖတ်ကြည့်နေရင်းက လူးဘာ က ဂုတ်ပိုးဘက် လက်နှစ်ဘက်နှိုက်လိုက်တယ်။လက်ထဲ စတီးတုံးလေးနှစ်တုံးပါလာတယ်။ သံလိုက်တုံးလေးတွေတဲ့၊ အဲဒါတွေ ဂုတ်ပိုးနားမှာ အကျီအတွင်းအပြင်ကပ်ထားရင် ဇက်ကြောတက်တာတွေ သက်သာစေတယ်လို့လည်း ပြောတယ်။ ကျုပ်ကိုပေးတယ်။ စမ်းကြည့်ပါဦးတဲ့၊ ဗိုက်နားဆီ အကျီထဲကိုလည်းနှိုက်တယ်။ သံလိုက်တုံးလေးနှစ်ခု အတွင်းတစ်ခု အကျီအပြင်ကတစ်ခုကပ်ထားတယ်။ ဘောင်းဘီ ဒူးခေါင်းနားမှာလည်း သံလိုက်တုံးလေးတွေ၊ အိုး .. သံလိုက်တုံးတွေ ဟိုကဒီကထွက်လာပါရော့လား၊ နောက် လည်ပင်းကဆွဲကြိုးကိုလည်း ဖြုတ်တယ်၊ ကျုပ်ကို စိတ်မ၀င်စားဘူးလားတဲ့ ပြတယ်။ အဲ ဆွဲကြိုးမဟုတ်ဘူး၊ လည်ကောက်ပေါ့၊ အဲဒါကလဲ တိုက်တေနီယမ်နဲ့လုပ်ထားတဲ့ သံလိုက်လည်ကောက်ဆိုပဲ၊ နားထဲ သီချင်းနောက်ထပ်တစ်ပုဒ် စာသားကြားလိုက်မိသေးရဲ့၊ "မင်းက ငါ့ရဲ့ကံကောင်းတဲ့ကြယ်လေးဖြစ်ရမယ်၊ မင်း ဘယ်နေရာကပဲဖြစ်ဖြစ် ငါ့ကိုအလင်းတွေပေး၊ တောက်ပလင်းလက်စေတာကြောင့်ပေါ့" တဲ့၊ Lucky Star ဆိုတဲ့သီချင်း၊ ကျုပ်လည်း ပိုမြူးလာတယ်၊ လူးဘာဧည့်ခံတဲ့ ဘရန်ဒီကလည်း အစွမ်းပြစပြုလာပြီ။ လူးဘာက ဘာအရက်သေစာမှ မသောက်ဘူး၊ အယ်လကိုဟောနည်းနည်းလေးပါတာတောင် မသောက်တတ်တဲ့သူကြီးပါ၊ သူအကြိုက်ဆုံး အရည် က "ရေ" တဲ့၊ သူ ခဏခဏပြောဖူးတယ်၊ သူငယ်ချင်းတွေဆုံကြတိုင်း ဘရန်ဒီ၊ ၀ီစကီ၊ ရမ်၊ ဘီယာ အယ်လ်ကိုဟောမျိုးစုံနဲ့ မူးယစ်ဝေသီနေကြတဲ့ သူငယ်ချင်းတွေကြားမှာ လူးဘာကတော့ ရေတစ်ဖန်ခွက်ပြီး တစ်ဖန်ခွက်သောက်ရင်း အမြဲ လန်းဆန်းတက်ကြွစွာရှိနေတတ်တာပါပဲ။

ကျုပ်လည်း သံလိုက်တုံးတွေအကြောင်းရေးထားတဲ့ စာရွက်တွေဖတ်တယ်။ ဇီဝလျှပ်စီးသံလိုက်ကုထုံးတဲ့၊ သံလိုက်အသုံးအဆောင်တွေက ကိုယ်ခန္ဓာမှာ နာကျင်ကိုက်ခဲမှုတွေကို ကုသဖို့အသုံးပြုတဲ့ ကုသနည်းဖြစ်တယ်လို့ဆိုတယ်။ အဲဒီ ဇီဝလျှပ်စီးသံလိုက်ကုထုံးဟာ ကျုပ်တို့ကိုယ်ခန္ဓာက ကိုယ်ပိုင်လျှပ်စစ်ဓါတ်နဲ့ လူ့အရေပြားမျက်နှာပြင်ပေါ်က အပ်စိုက်ကုကြတဲ့အမှတ်အသား နေရာတလျှောက် သံလိုက်စက်ကွင်းတွေပေါ်မှာ ချဉ်းကပ်ပြီး အလုပ်လုပ်တယ်ဆိုပဲ၊ ဖျားနာခြင်းတွေနဲ့ နာကျင်ကိုက်ခဲမှုတွေက လူ့ကိုယ်ကလျှပ်စစ်ဓါတ်တွေနဲ့ သံလိုက်စက်ကွင်းတွေ အဆီအငေါ်မတည့်တာနဲ့ဖြစ်တယ်လို့ရေးထားသေးရဲ့၊ ဒီ သံလိုက်ကုထုံးကတော့ အဆီအငေါ်မတည့်တာတွေကို ပြန်ပြီးထိန်းညှိပေးတယ်။ လျှစ်စစ်ဓါတ်တွေ ပုံမှန်ဖြစ်အောင် ကူညီပေးတယ်တဲ့၊ အောက်စီဂျင်သယ်ပေးတဲ့ သွေးပရိုတိန်း ဟေမိုဂလိုဘင်ရဲ့ သံလိုက်စက်ကွင်းယန္တရားအားနည်းလာပြီဆို ဒီလိုသံလိုက်ကုထုံးကို အသုံးပြုရတယ်။ သွေးလည်ပတ်စီးဆင်းမှုကို တိုင်းတာပြီး အထောက်အပံ့ပေးသေးတယ် ဆိုပဲ၊ ကျုပ်တော့ နားလည်အောင်မနည်းကြီး ဖတ်မှတ်နေရတယ်။ ကျုပ်နားထဲမတော့ နောက်ထပ်သီချင်းတစ်ပုဒ်က တိုးဝင်ပြန်တယ်။ Express yourself ဆိုတဲ့သီချင်း၊ စာသားတွေက သိပ်ကောင်းပေါ့၊ "မင်း ... စိန်လက်စွပ်တွေမလိုပါဘူးကွယ်၊ ဒါမှမဟုတ် ၁၈ကာရက်ရွှေတွေလည်းမလိုပါဘူး၊ ဖန်စီကားတွေဆိုတာလည်း သိပ်မြန်တာပဲ၊ မင်းသိပါတယ်၊ အဲဒါတွေက ဘယ်တော့မှကို အဆုံးသတ်တယ်ရယ်မရှိဘူး၊ မင်းလိုတာဘာလဲဆိုတော့ ကြံ့ခိုင်သန်မာတဲ့လက်တစ်စုံပါပဲ၊ မင်းကိုမင်းမြှင့်တင်ဖို့၊ မင်းကိုမင်း ပလ္လင်ထက်က ဘုရင်မလေးအသွင်ခံစားနိုင်မိစေဖို့၊ သူ .. မင်းကို ချစ်ပါစေကွယ်" ပြီးတော့ စာသားလေးက သိပ်ကောင်းတာဗျို့၊ "သူ .. ဘယ်လိုခံစားရတယ်ဆိုတာ ဖော်ပြပါစေလား၊ ပြီးတော့ မင်းသိလာနိုင်တာပဲ၊ မင်းအချစ်က ဘယ်လောက်စစ်မှန်သလဲဆိုတာကိုပေါ့" အိုး ကျုပ်သိပ်ကြိုက်တဲ့ စာသားတွေ၊ သီချင်းတွေက လူကို အားဖြစ်စေတယ်၊ ကျုပ်က တခြားဘယ်ကမှ အားမယူနိုင်တော့ ဒီလို သီချင်းအမိုက်စားလေးတွေနားထောင်ပြီး အားယူ အသက်ဆက်နေရတာဗျို့၊ လူးဘာကတော့ နည်းမျိုးစုံနဲ့ သူ့ကျန်းမာရေးအတွက် ပိုးမွေးသလို ပြုစုစောင့်ရှောက်နေတာကလား။

ကျုပ်လည်း ဗဟုသုတရအောင်တော့ လေ့လာထားဦးမှ၊ လူးဘာကိုမေးရတယ်။ ဒီ သံလိုက်ကုထုံးသမိုင်းကြောင်းစာရွက်ပေးပါဦး ဆိုတော့ သူ အိမ်ထဲဝင်သွားပြန်တယ်။ နောက်ထပ် ရောင်စုံစာရွက်တစ်ထပ် ဆွဲထုတ်လာပြန်တယ်။ "သမိုင်းကြောင်းကတော့ နှစ်မျိုး သုံးမျိုးဖြစ်နေတယ်။ ဒီမှာဖတ်ကြည့်တစ်မျိုး" လို့ လူးဘာကဆိုတယ်၊ လူးဘာပေးတဲ့စာရွက်မှာတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀ကျော်ခန့်(၁၅ရာစု)က ဆွဇ်ဆေးဆရာ၊ ၀ိဇ္ဇာဇော်ဂျီ ပါရာဆဲလ်စာ့ဟာ သံလိုက်ကျောက် ဒါမှမဟုတ် သံလိုက်ဓါတ်ရှိနေတဲ့ သဘာဝသတ္ထုအပိုင်းအစတွေကိုအသုံးပြုပြီး ၀က်ရုးပြန်ရောဂါ၊ ၀မ်းသွား၊ သွေးယိုစီးရောဂါတွေ ကုသပေးခဲ့တယ်လို့ရေးထားတယ်။ သံလိုက်ရဲ့အစွမ်းအစဟာ သံဓါတ်ကို ဆွဲဆောင်နိုင်တယ်လို့ သိရှိခဲ့တယ်။ လူ့ကိုယ်ခန္ဓာကနေ ရောဂါတွေကို အဝေးကို ဆွဲငင်ယူပစ်နိုင်တယ် လို့ အဲဒီဆေးဆရာ ပါရာဆဲလ်စာ့က ယုံကြည်ခဲ့တယ် တဲ့။ ၁၈ရာစုမှာတော့ သြစတြီးယန်းဆေးဆရာ ဖရန့်ဇ်အန်တွန်မက်စ်မာ က လူနာတွေရဲ့ပွင့်နေတဲ့သွေးပြန်ကြောမှာ သံလိုက်ကိုဖြတ်သန်းစေပြီး ရောဂါတွေကို ကုသနိုင်တဲ့ "သံလိုက်ဓါတ်ပညာရပ်"ကို စတင်ခဲ့တယ်။ ပါရီမြို့မှာ သံလိုက်နဲ့ကုသပေးတဲ့ ဆေးခန်းစတင်ဖွင့်ခဲ့တယ် လို့ဆိုတယ်။ ၁၉ရာစု အလယ်ပိုင်းမှာ သံလိုက်ဓါတ်ပါတဲ့လိမ်းဆေးတစ်မျိုး နယူးယောက်ဈေးကွက်မှာ စတင်မိတ်ဆက်ခဲ့တယ်ဆိုပဲ၊ အဲဒီလိမ်းဆေးဟာ ခေါင်းကိုက်၊ အူမကြီးယောင်၊ အဆစ်အမြစ်အကြောအခြင်ရောင်ရမ်း၊ နှာစေး၊ ဂေါက်ရောဂါနဲ့ သွားကိုက်တာတွေတောင် ပျောက်ကင်းတယ်လို့ ရေးထား သေးတယ်။ အိုး .. ဒီသံလိုက်တုံးတွေနဲ့ ပျောက်ကင်းတဲ့ရောဂါတွေကလည်း များပဲများလှချည့်။

နောက်တော့ ၁၈၄၁ခုနှစ်မှာ အရိုးကုထုံးအတွက် တစ်ဆင့်တက်လေ့လာခဲ့တယ်။ ၁၉၅၀ခန့်မှာ ဂျပန်ဆေးပညာရှင် ဖူကာဒါ၊ ယာဆူဒါတို့က အရိုးကြီးထွားမှုနဲ့ လျှပ်စစ်သံလိုက်ဓါတ်တွေ ထောက်ပံ့ပေးတဲ့အကြောင်းတွေ ပြင်းပြင်းထန်ထန် လေ့လာခဲ့ကြတယ် လို့ ဆိုတယ်။ ၁၉၇၄ခုနှစ်မှာ သြစတြီးယန်းဆရာဝန်အလန်ဒွိုင်းယာက အရိုးဝေဒနာရှင် ၁၂ဦးခန့်ကိုသံလိုက်ကုထုံးနဲ့ ကုသပေးခဲ့တယ်တဲ့၊ အရိုးကြီးထွားမှုအတွက်လည်း သံလိုက်တုံးတွေ သုံးကြသေးသတဲ့၊ ပညာရှင်တွေများ အဲသလို ကြံကြံဖန်ဖန် တီထွင်ကြံဆနေကြတာပဲကိုး။ ၁၉၇၉ခုနှစ်မှာ FDA က အတည်ပြုပေးခဲ့ပြီး အခုလက်ရှိ ဂျပန်၊ တရုတ်၊ သြစတြေးလျနဲ့ ဂျာမနီနိုင်ငံတွေမှာ သံလိုက်ကုထုံးကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေတယ်ဆိုပဲ၊ ယူအက်စ်နဲ့ မက်ဆီကိုမှာလည်း ထိခိုက်ဒဏ်ရာရတာတွေကိုတောင် သံလိုက်ကုထုံးနဲ့ ကုသနေကြပြီး အောင်မြင်မှုနှုန်းကလည်းမြင့်တယ်လို့ အဲဒီကြော်ငြာစာရွက်တွေမှာ ရေးသားထားကြတယ်။ နားထဲ သီချင်းသံ တိုးဝင်ပြန်တယ်။ အိုး .. ကျုပ်အကြိုက် La Isla Bonita သီချင်း "ငါ မနေ့က ဆန်ပက်ဒရိုအကြောင်းအိပ်မက် မက်တယ်" တဲ့၊ ဆန်ပက်ဒရိုက ဒဏ္ဍရီထဲက စပိန်ကျွန်းလေးတစ်ကျွန်းပေါ့၊ “အပူပိုင်းဒေသကျွန်းလေးမှာ လေပြည်ညှင်းတွေက တဖြူးဖြူး၊ အရိုင်းဆန်တဲ့သဘာဝနဲ့ လွတ်လွတ်လပ်လပ် ရှိလိုက်ပါဘိရဲ့၊ အဲဒီနေရာက ငါ တမ်းတနေခဲ့ရတဲ့နေရာလေးပဲ .. ကျွန်းငယ်လေးရယ်၊ ပြီးတော့ စန်ဘာအက မြိုင်မြိုင်ဆိုင်ဆိုင်ကကြတဲ့အခါ၊ နေမင်းကြီးလည်း မြင့်သထက်မြင့်လာဦးမှာ၊ အသံသာသာတွေ ငါ့နားတလျှောက် တိုးဝင်ဖြတ်သန်းသွားပြီး မျက်စိထဲအထိ ခရီးဆန့်ကြပြီ၊ မင်းရဲ့ စပိန်သားချော့တေးသံလေးပေါ့" တဲ့၊ ဘယ်လောက်ကောင်းလိုက်သလဲ၊ အိမ်မှာဆို ကျုပ်ဒီလိုသီချင်း အေးအေးဆေးဆေး နားမထောင်ရဘူး၊ ကျုပ်ကလည်းဖွင့်ပြီဆိုမှတော့ ကြားသာအောင် ခပ်လွင်လွင်လေးဖွင့်ချင်တာ၊ မာရီယာက သီချင်းရယ်လို့လည်းမကြိုက်၊ သူက နားမခံနိုင်တာနဲ့ပဲ ကျုပ်မလည်း မဖွင့်ရဘူး၊ ဒီလိုနဲ့ ကျုပ် .. တစ်နေ့တစ်နေ့ ရိုးရိုးစင်းစင်းကြီးကို အိုမင်းလာတာပေါ့၊ မဟုတ်ဘူးလား။

"ဒီသံလိုက်တုံးတွေက တကယ် ထူးခြားဆန်းပြားပဲ ကိုယ့်လူရေ၊ ငါ့ကိုကြည့်လေ၊ ငါ့ကို ဒီလို ကျန်းကျန်းမာမာကြီးတွေ့နေရတာ မင်း သဘောကျရဲ့မလား၊ ဘယ်လိုလည်း .. မာရီယာအတွက် ၀ယ်ပေးဖို့လေ၊ မာရီယာ ဒူးကိုက်တယ်၊ ခါးနာတယ် မကြာခဏညီးငြူနေသလားပဲ" လို့ လူးဘာကမေးတယ်။

ကျုပ် ပုခုံးကိုပဲ တွန့်ပြလိုက်တယ်။ လူးဘာက ဟက်ကနဲ တစ်ချက်ရယ်တယ်။
တကယ်တမ်း ဒီသံလိုက်တုံးတွေ အစွမ်းထက်မထက် ကျုပ် .. မသိပါဘူး၊ လူးဘာဆီ လာလည်တဲ့ တခဏလေးမှာပဲ ကျုပ် စိတ်တွေ လန်းဆန်းလာတာတော့ သေသေချာချာကြီးကို သိလိုက်တယ်။ သီချင်းသံတွေနဲ့ လူးဘာပတ်ဝန်းကျင်က ခပ်လှုပ်လှုပ်တွေကြောင့်လေ။

လူးဘာရဲ့ကိုယ်ပေါ်က သံလိုက်တုံးတွေ ... သံလိုက်တုံးတွေက ကျုပ်ရဲ့စိတ်ကို ညျိ့ငင်နိုင်စွမ်းမရှိကြပါဘူး၊ ကျုပ်ကို ရုန်းမရအောင် ဆွဲငင်နေခဲ့ကြတဲ့ သံလိုက်ဓါတ်တွေကတော့ လူးဘာရဲ့ကိုယ်ပိုင်သံလိုက်စက်ကွင်းဆီက ထွက်ပေါ်နေကြတာ။

ပုံစံမျိုးစုံနဲ့ သံလိုက်တုံးတွေ အစွမ်းထက်မထက်ဆိုတာထက် လူးဘာရဲ့ပုံစံကိုပဲ အားကျမိနေတယ်၊ လူးဘာရဲ့ နေထိုင်မှုပုံစံ၊ အစားအသောက်၊ စိတ်ပျော်ရွှင်အောင် ပြုစုပျိုးထောင်မှုတွေ .. အဲဒါတွေ အားလုံး ဟန်ချက်ညီညီ စည်းဝါးတကျရှိနေတာကြောင့် သူ .. နုပျိုကျန်းမာနေတာလို့ပဲ ကျုပ်ကတော့ ထင်မိတာပါပဲ။      ။
 
ဖြိုးဖြိုး(လှိုင်းသစ်မဂ္ဂဇင်း၊ ဇွန်လ ၂၀၁၁)
ြ။

Mala Krsna (မာလာခရက်စ်နာ) - ဆားရ်ဘီးယားမြို့တော်ဘဲဂရိတ်ကနေ တစ်နာရီခန့်မောင်းရပြီး ဆားရ်ဘီးယားအဓိက မီးရထားလမ်းမကြီးရဲ့အချက်အချာနေရာမှာရှိတဲ့ ရွာငယ်လေး၊ ကမ္ဘာမှာ အမဓါတ်ရောင်ခြည် အပြင်းဆုံးနေရာရှိတယ်လို့ လူတွေကယုံကြည်နေကြပါတယ်၊ အဲဒီ ဓါတ်ရောင်ခြည်ရှိတဲ့ စက်ဝိုင်းတွေဟာ အချင်း ၇မီတာခန့်ကျယ်တယ်၊ Dry Spa လို့လည်း ခေါ်ကြပြီး အဲဒီစက်ဝိုင်းလေးတွေမှာ မိနစ်၂၀ခန့်ရပ်နေရဖို့ လူတွေအများကြီးတန်းစီစောင့်နေကြတယ်လို့ ဆိုတယ်

Ref : http://en.tixik.com/mala-krsna-1971401.htm

လှိုင်းသစ်မဂ္ဂဇင်း၊ ဇွန်လ ၂၀၁၁

Silent Night - Boney M

Monday, November 15, 2010

အန်တီစု ကျေးဇူးအများကြီးတင်ပါတယ်

 အရင်က မိတ်ဆွေအသစ်တစ်ယောက်နဲ့တွေ့လို့ မိတ်ဆက်တဲ့အခါတိုင်း ဘယ်နိုင်ငံကလည်းမေးရင် “မြန်းမာ(Myanmar) ဘူးရ်မာ(Burma)”-သူတို့အသံထွက်အတိုင်း ပြောလည်း “အော်” ဆိုပြီး ယောင်ဝါးဝါးဖြစ်သွားပြီး သူတို့မသိတဲ့နိုင်ငံအကြောင်း ရှေ့ဆက်ပြီး စကားဆက်လို့မရတဲ့အချိန်တွေတိုင်း တော်တော်စိတ်ညစ်မိတယ်၊ ကိုယ့်နိုင်ငံအကြောင်းတွေဆက်ပြောပြချင်ပေမဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ နာမည်ကိုတပ်ပြီး မိတ်ဆက်ရတိုင်း စိတ်မကောင်းဘူး၊ ဒီနေ့တော့ တော်တော်ပျော်မိတယ်၊ အမြဲတွေ့နေကျ ကျွန်မရဲ့ဆရာဝန်မလေးက “မင်းရဲ့နာမည်မှာ အောင် ပါတယ်၊ မင်းတို့ရဲ့ ဒီမိုကရေစီခေါင်းဆောင်လွတ်ပြီနော်၊ ငါ သတင်းထဲတွေ့လိုက်တယ်၊ မင်းရဲ့ ပရဲဇီးမဲ(Last name)နဲ့တူတယ်၊ မင်း ကို ချက်ချင်းသတိရလိုက်တယ်၊ ဒါ မင်းရဲ့နိုင်ငံပဲဆိုပြီး၊ သူက နိုဘယ်ဆုလည်းရထားတယ်၊ တော်တော်ရဲရင့်တာပဲ၊ သူ့အသွင်အပြင်ကလည်း ကျက်သရေရှိတယ်၊ (ဂရေစ့်)ဖြစ်တယ်” တဲ့၊ ကျွန်မမှာ ပျော်လိုက်တာ၊ ချက်ချင်းပဲ “တိုင်းသူပြည်သားတွေက သိပ်ချစ်ကြတယ်၊ ငါလည်းပဲ သိပ်ချစ်တယ်”လို့ ပြောလိုက်မိတယ်၊

မနေ့ကလည်း မိတ်ဆွေအသစ်တစ်ယောက်တွေ့တယ်၊ သူကလည်း မြန်းမာ လို့ပြောလိုက်တာနဲ့ “အိုး .. ဒီမိုကရေစီခေါင်းဆောင်လေ၊ နိုဘယ်ဆုရှင် သူ .. နေအိမ်အကျယ်ချုပ်ကလွတ်ပြီပဲ၊ သိပ်ကောင်းတာပဲ၊ မင်းကို တွေ့ရတာသိပ်ဝမ်းသာတယ်”  လို့ ထပ်ခါထပ်ခါ ပြောတယ်၊ နောက်တစ်ယောက် ဒဿနိကဗေဒပရော်ဖက်ဆာတစ်ဦး၊ နောက်မှ ပရော်ဖက်ဆာမှန်းသိလိုက်တာပါ၊ သူကတော့ အာရှယဉ်ကျေးမှုတွေ စာရေးဖူးတဲ့သူ၊ ဇင်ဝါဒအကြောင်းလည်း စာအုပ်ထုတ်ဖူးတယ်တဲ့၊ နဲရှောအနားမှာမရှိတုန်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးပြပွဲ http://www.greenscreenfest.org/ က နဲရှောရဲ့စားပွဲလေးမှာထိုင်နေချိန်မှာ သူက လာနှုတ်ဆက်တယ်၊၊ မြန်းမာဆိုတာနဲ့ အန်တီစုလွတ်တာကိုပြောတယ်၊ အန်တီစုအကြောင်းတွေမေးတယ်၊  ဗုဒ္ဓဘာသာအကြောင်းမေးတယ်၊ ချက်ချင်းပဲ သိဟောင်းကျွမ်းဟောင်းလိုပဲ စကားတွေအကျယ်ကြီးအားရပါးရပြောတော့တယ်၊ ဘေးကလူတွေတောင် စိတ်ဝင်တစားနားစွင့်လာကြတယ်၊ ဒီမိုကရေစီအကြောင်းတွေပြောတယ်၊ သူကလည်း အန်တီစုအကြောင်းတော်တော်သိထားပါတယ်၊ ကိုယ့်လူမျိုးတွေမရှိသလောက်နည်းတဲ့ ဒီနိုင်ငံမှာ အရင်က မိတ်ဆွေအသစ်နဲ့ မိတ်ဆက်ရတိုင်း အားငယ်မိတယ်၊ ကျွန်မနိုင်ငံကို ဘယ်လိုပြောပြောသိပ်မသိကြဘူး၊ သူတို့ကိုယ်တိုင် ဗဟုသုတအားနည်းတာလည်းပါပါတယ်၊

အခုတော့ အန်တီစုကြောင့် ဘာသိဘာသာနေတဲ့သူတွေတောင် ကျွန်မရဲ့နိုင်ငံကို သတိထားမိလာကြပြီ၊ စိတ်ဝင်တစားစောင့်ကြည့်နေကြပြီ၊ ကျွန်မ အားငယ်တာတွေလည်း ပျောက်သွားမိတယ်၊ ဘ၀မှာ ပိုပိုပြီး ကြိုးစားရပ်တည်ဖို့ အန်တီစုက အားတွေပေးလိုက်တယ် လို့ ခံစားရတယ်၊ ဒီနေ့ ကျွန်မသိပ်ပျော်ပါတယ်၊ အန်တီစု ကြောင့် သိပ်ပျော်ပါတယ်၊ ကျွန်မ ပြောပြချင်မိတယ်၊

“အန်တီစု ကျေးဇူးအများကြီးတင်ပါတယ်” ...

မှတ်ချက် - အခုပဲ သတင်းမှာလာနေတယ်၊ အန်တီစုလွတ်တဲ့နေ့ညနေက ဗီဒီယိုပါ “ဒေါ်အောင်ဆန်းစုကြည်ကျန်းမာပါစေ၊ စည်းကမ်းရှိပါ” ဆိုတဲ့ အန်တီစုကို ကြိုဆိုနှုတ်ဆက်နေကြတဲ့စကားသံတွေ စာရေးနေတဲ့အချိန်ကြားနေရတယ်။

Saturday, November 13, 2010

Be Peaceful Aunty Su and Myanmar Civilians !!

အန်တီစုနဲ့ မြန်မာနိုင်ငံသားတွေအားလုံး ငြိမ်းချမ်းပျော်ရွှင်ကြပါစေ !!

Friday, November 12, 2010

Mary's Boy - Boney M Christmas song

♫ Mary's boy child Jesus Christ, was born on Christmas Day. ♪
♪ And man will live for evermore, because of Christmas Day. ♫

Tuesday, November 09, 2010

နွေဦး၊ ဆောင်းဦးနဲ့ အသွင်ပြောင်းအပင်လေးတွေ

ဝက်သစ်ချပင်(oak tree) နွေဦးမှာ စိမ်းစိမ်းစိုစိုနဲ့ ၀က်သစ်ချပင်အရွက်ကခြောက်သွားရင်တောင်ကြွေမကျပဲ
တော်တော်ခိုင်တယ်၊ အဲဒါကြောင့် Saint တွေကို ဆုတောင်းပွဲလုပ်တဲ့အခါကြရင်ဝက်သစ်ချပင် အခက်တွေနဲ့ ဂျုံနှံလေးတွေစည်းထားတဲ့သစ်ခက်တွေကို ဘုရားကျောင်းမှာဝေကြတယ်၊ အိမ်တွေမှာ တစ်နှစ်ပတ်လုံးထားကြတယ်၊ ကျန်းမာတယ်၊ လာဘ်ရွှင်တယ်အယူအဆနဲ့ပါ

ဆောင်းဦးမှာ အရွက်တွေခြောက်သွားပြီ
သစ်ကြားသီးပင် (walnut)
စကဲလာခြံထဲကအပင်တွေက သိပ်တော့မသီးဘူး၊ နေပူဒဏ်ကိုသိပ်မကြိုက်ဘူး၊

အဲဒီမှာ ကွင်းပြင်ကြီးလိုဖြစ်နေတော့ အသီးသိပ်မရှိဘူး၊ ရှိသလောက်ခူးရတာပျော်ဖို့ကောင်းတယ်၊ ခူးပြီးသားခြောက်ပြီးသားသစ်ကြားသီးစားရတာထက်
အောက်မှာကြွေကျနေတာ လိုက်ရှာပြီး ထုစားရတာ၊ ပိုချိုတယ်၊ ပိုလတ်ဆတ်သလိုပဲ

Hazalnut မြန်မာလိုတော့ ဘာနတ်ခေါ်မှန်းမသိပါဘူး

Hazalnut ကိုတောင် သစ်ကြားသီးထက်ပိုကြိုက်တယ်၊
oven ထဲထည့် .. ပြီးတော့ ကိတ်မုန့်ထဲထည့်ဖုတ်တယ်၊ အရမ်းမွှေးတာပဲ

Hazalnut တွေတော့ အများကြီးပဲခူးလို့ရတယ်
ကိုယ်ကတော့ငယ်ငယ်ကတည်းက ဗာဒံသီးထုစားလာတာဆိုတော့ ချက်ချင်းထုစားရတဲ့အရသာကိုပဲ ပိုကြိုက်တယ် :D
ချယ်ရီသီးတော့ တော်တော်ချိုတယ်
ပန်းသီးတွေကတော့ သိပ်မချိုဘူး၊ ချိုတာ ၂ ပင်လောက်ပဲရှိတယ်၊ ဂရုစိုက်မယ့်သူလည်းမရှိ ပစ်ထားရတော့ အသီးတွေသိပ်လည်းမကြီးသလို အချိန်မတန်ခင်ကြွေကြွေကျကုန်တယ်၊ အဲဒီပန်းသီးတွေကိုကြိတ်ပြီး ပန်းသီးဗီနီဂါလောက်ပဲလုပ်ကြတယ်၊
စတော်ဘယ်ရီပင်လေး၊ သုံးလေးလုံးသီးလို့ ခူးစားကြည့်တာ တော်တော်ချိုတယ်၊ ငှက်ချီပြီး သူ့ဘာသာအစေ့ကျ ပေါက်နေတာတဲ့
ဝက်သစ်ချပင်

ထင်းရှုးတို့၊ နှင်းဆီတို့ ဟိုဟိုဒီဒီပင်တွေ

Tuesday, November 02, 2010

BONEY M SOMEWHERE IN THE WORLD


Time, changer of seasons, time will see another flower growing.
Climb over the mountains, there you'll find warm winds blowing.

♫ Somewhere in the world there is peace of mind.
Somewhere in the world that's what I must find.
Somewhere in the world there's a place for me in this world. ♪

I cannot believe it, everywhere I see lonely faces.
Why have we no answers, just some more empty places?

 ♪ Somewhere in the world there is peace of mind.
Somewhere in the world that's what I must find.
Somewhere in the world there's a place for me in this world. ♫

Time, changer of seasons, time will see another flower growing.
Climb over the mountains, there you'll find warm winds blowing.

♫ Somewhere in the world there is peace of mind.
Somewhere in the world that's what I must find.
Somewhere in the world there's a place for me in this world. ♪

Wednesday, October 27, 2010

Let It Snow! Let It Snow! Let It Snow!

 

အကို“ရရ”က သီချင်းဆိုတာ အားကြီးဝါသနာပါတယ်၊ သူဆိုထားတဲ့ သီချင်းတွေ ခဏခဏပို့ပေးတတ်တယ်၊
ဂရေဟမ်၊ ၀ိုင်ဝိုင်းသီချင်းတွေ တခြားအဆိုတော်တွေရဲ့ သီချင်းတွေလည်းပါတယ်၊ အင်္ဂလိပ်သီချင်းတွေလည်းပါတယ်၊ ကိုယ်ကမအားတဲ့အခါ “ဘယ်သီချင်းက ဘယ်လိုကောင်းပါတယ်” ချီးမွမ်းဖို့ မေ့သွားတတ်တယ်၊ အိမ်မှာတော့ တစ်ခုခုလုပ်နေလည်း သူ့သီချင်းတွေ ဖွင့်နားထောင်ပါတယ်၊ ခဏခဏလည်းနားထောင်တယ်၊ ကြိုက်လည်းကြိုက်ပါတယ်၊ သူ့ကိုတော့ မပြောမိဘူး၊
သူက အဲဒါကို စိတ်ကောက်မယ်ထင်ပါတယ်၊
ဒီ ဖိုင်လေးနဲ့ သူ စိတ်ကောက်ပြေကောင်းပါရဲ့ ...
Let It Snow ကိုတော့ အကြိုက်ဆုံးပဲ

Oh the weather outside is frightful,
But the fire is so delightful,
And since we've no place to go,
Let It Snow! Let It Snow! Let It Snow!

It doesn't show signs of stopping,
And I've bought some corn for popping,
The lights are turned way down low,
Let It Snow! Let It Snow! Let It Snow!

When we finally kiss goodnight,
How I'll hate going out in the storm!
But if you'll really hold me tight,
All the way home I'll be warm.

The fire is slowly dying,
And, my dear, we're still good-bying,
But as long as you love me so,
Let It Snow! Let It Snow! Let It Snow! 

မြန်မာနိုင်ငံရော၊ နိုင်ငံတိုင်း အေးအေးချမ်းချမ်းရှိကြပါစေ
ဆုတောင်းပါတယ်။

Friday, October 22, 2010

ပုံပြင်ထဲက ကျွန်မတို့တွေ ( အရိယာဒ့်နဲ့ချည်မျှင်)

ပုံပြင် ၉

ပြီးတော့ ဂရိပုံပြင်တစ်ပုဒ်လည်း ပြောပြဖူးပါတယ်၊ “အရိယာဒ့်နဲ့ချည်မျှင်”  တဲ့

ဂရိပုံပြင်ထဲက ခရိတ်ကျွန်း(Kait)မှာ လာဘရင့်ဆိုတဲ့ ရဲတိုက်ကြီးတစ်ခုရှိတယ်၊ ရဲတိုက်ကြီးအနီးမှာ ရွာတစ်ရွာရှိတယ်တဲ့၊ အဲဒီရွာက လူတွေဟာ လာဘရင့်ဆိုတဲ့ ရဲတိုက်ကြီးကို သိပ်ပြီးကြောက်လန့်နေကြရတယ်၊ လာဘရင့်လို့ အသံထွက်ပြီး မပြောရဲလောက်အောင် တုန်လှုပ်ခြောက်ခြားနေကြတယ်တဲ့၊ အဲဒီရဲတိုက်ကြီး က လူတိုင်းအတွက် အင်မတန်အန္တရာယ်ကြီးတယ်၊ ရဲတိုက်ထဲများရောက်လိုက်ပြီဆို အပြင်ပြန်ပြီးထွက်လို့ မလွယ်အောင် လမ်းသွယ်တွေအမျိုးမျိုးရှိတယ်၊ အတွင်းမှာ ၀င်္ကပါကြီးရှိတယ်၊ လာဘရင့်ရဲတိုက်ကြီးကို ပိုင်ဆိုင်တဲ့သူက လူစင်စစ်မဟုတ်ဘူး၊ မီနိုတားရ်လို့ခေါ်တဲ့ လူတစ်ပိုင်း၊ နွားရိုင်းတစ်ပိုင်း သတ္တ၀ါကြီးတဲ့၊ လူစင်စစ်မဟုတ်လို့လည်း ရွာသားတွေအားလုံးက ကြောက်လန့်နေကြရတာပေါ့၊ ကိုယ်ခန္ဓာကတော့ လူအတိုင်းပါပဲ၊ ခြေလက်တွေက ပုံမှန်လူသားလိုပဲ၊ ဦးခေါင်းကြီးကသာ နွားရိုင်းကြီးရဲ့ ဦးခေါင်းအကြီးကြီးနဲ့ ကြောက်စရာသိပ်ကောင်းတယ်တဲ့၊ ရဲတိုက်ထဲကနေများ သူ ဟိန်း ဟောက်လိုက်ပြီဆို ရွာသားတွေခမြာ ဖိန့်ဖိန့်တုန်အောင်ကြောက်လန့်ကြတယ်၊ အိမ်ထဲမှာ ပုန်းပြီးနေကြရတယ်၊ သူ့ကိုလည်း အခွန်မှန်မှန် ပေးရသေးတယ်ဆိုပဲ၊ အခွန်အခကလည်း တယ်ပြီး ကြီးတယ်တဲ့၊ အဖိုးတန်ရွှေတွေနဲ့ လူတွေပါ ပေးရသတဲ့၊ ရွှေကိုယူတယ် လူတွေကိုတော့ ကိုက်ဝါးစားသောက်ပစ်တာပေါ့။

ပုံပြင်ထဲက ကျွန်မတို့တွေ (ပုတ်သင်ညိုလေးနဲ့ အသုံးမ၀င်တဲ့ရတနာ)

ပုံပြင် ၈

တစ်ခါက ရွာတစ်ရွာမှာ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးရှိတယ်၊ အဲဒီရွာလေးမှာက အများစုကဆင်းရဲကြတယ်တဲ့၊ ဘုန်းတော်ကြီးက သူတတ်နိုင်သလောက် ရွာသူရွာသားတွေကို နေ့တိုင်း ပေါင်မုန့်တွေ ဝေငှပေးကမ်းတာပေါ့၊ ဒီလိုနဲ့ တစ်နေ့ကျတော့ အ၀တ်အစားနွမ်းနွမ်းလျလျ ၀တ်ထားတဲ့ ရွာသားတစ်ဦးက ဘုန်းတော်ကြီးအရှေ့ရောက်လာပြီး ခြေအစုံရပ်လို့ “အကူအညီတောင်းပါရစေ ဘုန်းတော်ကြီးခင်ဗျား” လို့ ပြောသတဲ့၊ ဘုန်းတော်ကြီးက ပြောပါပေါ့၊ အဲဒီ ရွာသားက “ကျွန်တော်က ဂျုံစိုက်တဲ့သူတစ်ဦးပါ ဒီနှစ်မှာ ဂျုံစိုက်ခင်းတွေလည်း မအောင်မြင်၊ အိမ်မှာကလည်း ကျွန်တော့်မိန်းမက ဖျားနာနေပါတယ်၊ ကျွန်တော်တို့ရဲ့ ကလေးတွေလည်း စားစရာ ပေါင်မုန့်၊ နွားနို့မရှိတာနဲ့ ဒီလိုသာဆိုရင် ကျွန်တော်တို့ ငတ်ပြီး သေရပါတော့မယ်၊ ဘုန်းတော်ကြီး ကူညီပါဦး” လို့ ငိုကြွေးပြီးပြောတယ်၊ ဘုန်းတော်ကြီးက အေးဆေးဆေးဆေးပါပဲ၊ အနီးအနား လမ်းပေါ်မှာသွားနေတဲ့ ပုတ်သင်ညိုတစ်ကောင်ကို ကောက်ယူလိုက်ပြီး အဲဒီရွာသားရဲ့ လက်ဝါးကိုတင်ပေးလိုက်တယ်တဲ့၊ ပုတ်သင်ညိုလေးက ချက်ချင်းပဲ အဖိုးတန်ကျောက်မျက်ရတနာဖြစ်သွားတယ်၊ ဘုန်းတော်ကြီးက ပြောရှာတယ်၊ အဲဒီ ရတနာကိုထုခွဲရောင်းချပြီး လိုသလို သုံးချည်ပါ လို့ ပြောပြီးပေးလိုက်တယ်တဲ့၊ ရွာသားလေးလည်း ၀မ်းသာအားရနဲ့ ချက်ချင်းထုခွဲရောင်းချပြီး ပေါင်မုန့်တွေ နွားနို့တွေဝယ်ခြမ်းတယ်၊ ဆရာဝန်တစ်ဦးကိုလည်း အမြန်ပင့်ပြီး အိမ်ကို အပြေးပြန်တာပေါ့၊ “သားတို့ သမီးတို့ရေ ဟောဒီမှာ အဖေ ပေါင်မုန့်ရလာပြီကွဲ့၊ မိန်းမရေ ငါတော့ ဆရာဝန် ပင့်လာတယ်ကွဲ့၊ မင်း .. နေကောင်းတော့မကွဲ့” လို့ ၀မ်းသာအားရ ပြောရှာတာပေါ့၊ ကလေးတွေလည်း ဆာလောင်မွတ်သိပ်စွာနဲ့ စားကြသောက်ကြ၊ မိန်းမလည်း နောက်တော့နေကောင်းသွားတယ်တဲ့၊ ကျန်တဲ့ ငွေကြေးတွေကိုလည်း နွားတွေ၊ ဆိတ်တွေဝယ်၊ ဂျုံစေ့တွေထပ်ဝယ်လို့ ဂျုံပင်တွေ စိုက်ကြပျိုးကြနဲ့ အလုပ်ကြိုးကြိုးစားစား လုပ်ကိုင်ကြတယ်။

Wednesday, October 20, 2010

ပုံပြင်ထဲက ကျွန်မတို့တွေ (ငှက်တောင်သုံးချောင်းနဲ့ မိုင်းတူးသမားလေး)

နဲရှောပြောပြတဲ့ “ငှက်တောင်သုံးချောင်းနဲ့ မိုင်းတူးသမားလေး”

ရွာတစ်ရွာမှာ မိုင်းတူးသမားလေးတစ်ယောက်ရှိရောတဲ့၊ သူ့မှာ မိဘတွေကမရှိကြတော့ဘူး။ အဖွားနဲ့ပဲ နေတယ်တဲ့၊ (ဘာလို့မိဘတွေမရှိတော့တာလည်း မမေးတော့ပါဘူး၊ ပုံပြင်ရှေ့ကိုမရောက်မှာစိုးလို့) အဖွားနဲ့ မိုင်းသမားလေးက သိပ်ပြီး ဆင်းရဲကြတယ်၊ သူတို့ရဲ့ အိမ်ဆိုတာကလည်း လုံလုံခြုံခြုံကြီးမဟုတ်ဘူး။ အဲဒီရွာလေးမှာ နေနေကျမို့လိုသာပဲ၊ မိုင်းသမားလေးက တစ်နေကုန် အိမ်နဲ့ ခပ်ဝေးဝေး မိုင်းတွင်းကိုသွားရပြီး ညနေမိုးစုပ်စုပ်ချုပ်မှ အိမ်ကိုပြန်ရတယ်။ မိုင်းသမားလေးက ဆင်းရဲလွန်းလှပေမဲ့ အင်မတန်ရိုးသားတယ်။ အဖွားကိုလည်း သိပ်ချစ်ရှာတာ၊ အဖွားကလည်း မြေးလေးကို သိပ်ဂရုစိုက်တာပဲ၊ မိုင်းတူးသမားလေးမှာ သူ့လိုပဲ ပိုက်ဆံမရှိပဲ ရိုးသားတဲ့မိန်းကလေးတစ်ယောက်နဲ့လည်း ချစ်ကြိုက်နေသတဲ့။ ဒါပေမဲ့ သူတို့က လက်မထပ်နိုင်ကြသေးဘူး၊ နေစရာကလည်းအဆင်မပြေကြဘူး၊ ငါတို့တွေ ပိုက်ဆံစုကြဦးစိုရဲ့လို့ နှစ်ဦးသား သဘောတူ ပိုက်ဆံစုနေကြတဲ့အချိန်ပေါ့၊ တစ်နေ့တော့ မိုင်းသမားလေး မိုင်းတွင်းအလုပ်မှာ ရှိနေတဲ့အချိန် အဖွားက အိမ်မှာဆုံးပါးသွားရော၊ အဖွားရှိနေတုန်းကတော့ အိမ်နီးချင်းတွေက သိနေတော့ ဘာမှမလုပ်ကြပေမဲ့ အဖွားလည်း  အသက်မရှိတော့ဘူးလည်းဆိုရော၊ အိမ်နီးချင်းတွေက ရှိသမျှပစ္စည်းတွေ အကုန်သယ်မကုန်ကြတယ်။ မိုင်းသမားလေးလည်း ညမိုးချုပ်အလုပ်ပြီးလို့ အိမ်လည်းပြန်လာပါလေရော .. အိမ်မှာ ပစ္စည်းတွေ ဘာတစ်ခုမှမရှိတော့ဘူး အဖွားကလည်း အိပ်ယာလေးထဲမှာ အသက်ပျောက်နေရှာပြီ။ မိုင်းသမားလေးက ပူဆွေးသောကရောက်ပြီး ငိုကြွေးမိပေမဲ့ ဘယ်သူ့ကို အပြစ်ဆိုရမှန်းလည်း မသိတော့ဘူးတဲ့၊ အိမ်နီးချင်းတွေကလည်း မသိချင်ယောင်ဆောင်နေကြတယ်။ နောက်ဆုံး အဖွားရဲ့ ခေါင်းအုံးအောက်က ငှက်တောင်လေး ၃ တောင်ကိုတွေ့သတဲ့၊ အဖွားကိုသိပ်ချစ်တော့ အဖွား အမြတ်တနိုးသိမ်းထားတဲ့ ငှက်တောင်လေးတွေကို မိုင်းတူးသမားလေးက တယုတယကိုင်တွယ်ပြီး သူ့ရဲ့ ဦးထုပ်လေးထဲ ထိုးစိုက်ထားလိုက်တယ်။ ပြီးတော့ အဖွားကို ကောင်းမွန်စွာ သဂြိုဟ်ရတာပေါ့၊ အစကတည်းက ဆင်းရဲလွန်းတဲ့မိုင်းသမားလေးခမြာ ခုဆို ဘာတစ်ခုမှကို မရှိတော့တဲ့ဘ၀မှာ သူ့ရဲ့ချစ်တဲ့သူလေးနဲ့ လက်ထပ်ရဖို့လည်းဝေးရပြီ ဆိုပြီး အဲ့ဒီအတွက်လည်း ၀မ်းနည်းနေခဲ့တယ်။ ဒါပေမဲ့လည်း ရိုးသားကြိုးစားလိုတဲ့ လူငယ်လေးက နောက်တစ်နေ့မှာတော့ ပူဆွေးသောကတွေမေ့ဖျောက်ပြီး မနက်စောစောထ၊ အလုပ်သွားဖို့ ပြင်ရတော့တာပေါ့၊ အလုပ်ကိုပုံမှန်သွားခဲ့တယ်။

ပုံပြင်ထဲက ကျွန်မတို့တွေ (ဒုတ်ထောက်မင်းသား)

ပုံပြင် ၆

ဖေဖေ့ရဲ့ “ဒုတ်ထောက်မင်းသား ပုံပြင်”


ရှေးရှေးတုံးက  တက္ကသိုလ်ပြည်မှာ အတိုင်းတိုင်း အပြည်ပြည်က ရောက်လာကြတဲ့ မင်းညီမင်းသားတွေကို မင်းတို့ တတ်အပ်တဲ့ အဋ္ဌာရဿ (၁၈)ပါး သင်ကြားပေးတဲ့ ဒီဿာပါမောက္ခဆရာကြီးတဦးရှိတယ်တဲ့၊ သူ့ မှာ ကောင်းခြင်းငါးဖြာ  ကြန်အင်လက္ခဏာနဲ့ ပြည့်စုံတဲ့ သမီးတော် တစ်ပါးလည်း ရှိသတဲ့၊ နက္ခတ်အလိုအရရော၊ ဇာတာအလိုအရပါ  မိဖုရားကြီးတစ်ပါးဖြစ်မယ်ဆိုတာ ယုံကြည်ထားတဲ့အတွက် သမီးတော်ကို မင်းသား တစ်ပါးပါးနဲ့ လက်ထပ်ထိမ်းမြားပေးလိုတဲ့ ဆန္ဒလည်းသူ့မှာရှိတယ်၊ ပညာသင်နှစ်ကုန်ဆုံးလို့ ပြည်တော်ပြန်ကာနီးမှာ ဆရာကြီးက မင်းညီမင်းသားများအားလုံး ရှေ့တော်မှာစုရုံးစေပြီး  ကြေညာချက်တစ်ရပ် ထုတ်ပြန်သတဲ့၊ အဲ့ဒီကြေညာချက်က ငါ့သမီးတော်ကို အလိုရှိသူ ဘယ်မင်းသားမဆို  ဓါးလှံလက်နက်သားရဲတွင်းထဲ ခုန်ဆင်းနိုင်စွမ်းရှိရင်  လက်ထပ်ထိမ်းမြားပေးစားမယ် ဆိုတာပါပဲ။

ပုံပြင်ထဲက ကျွန်မတို့တွေ (မြွေမင်းသား)

 ပုံပြင် ၅

ပြီးတော့ မြွေမင်းသားပုံပြင်ပေါ့၊ ဒီပုံပြင်လေးကိုလည်း မေမေ ခဏခဏပြောပြရတာပါပဲ၊

ရှေးရှေးတုံးက  ရွာတစ်ရွာမှာ ခ၀ါသည် အဖိုးကြီးအဖွားကြီး နှစ်ယောက်ရှိသတဲ့၊ သူတို့မှာ မကြီး မလတ် မထွေးလေးဆိုပြီး သမီး ၃ ယောက်ရှိသတဲ့၊ သူတို့နှစ်ဦးဟာ နေ့စဉ် နေ့တိုင်း  မြစ်ဆိပ်ကို အ၀တ်လျှော်ထွက်ရသတဲ့၊ တစ်နေ့တော့  သူတို့နှစ်ဦး မြစ်ထဲမှာ အ၀တ်လျှော်နေတုန်း ရေထဲမှာ .. သဖန်းခိုင်ကြီးတစ်ခိုင် မျောလာတာကိုး၊ အဖွားက “အဖိုးရယ် .. ဆင်းဆယ်လိုက်ပါ” ဆိုတော့ အဖိုးက ထုံပေပေနဲ့  ငြိမ်နေသတဲ့၊ ဒါနဲ့ စိတ်မရှည်တဲ့ အဖွားက ဗြတ် .. ဗြတ် .. နဲ့ ဆင်းဆယ်လိုက်တော့  သဖန်းသီးခိုင်ကြီး လက်ထဲ ပါလာတာပေါ့၊ သဖန်းသီးကြီးတွေက ၀င်းအိနေတာပဲ တဲ့၊ အိမ်ရောက်မှ သမီးတွေကို ကျွေးရမယ် ဆိုပြီး   အဖွားက တစ်လုံး ဆွတ်မြည်းလိုက်တယ်၊ “အဖိုးရယ် .. ချိုလှချည်ရဲ့ .. ရော့ .. တစ်လုံး၊ မြည်းကြည့်စမ်း” ဆိုပြီး ပေးသတဲ့၊ အဖိုးလဲ ချို လှ .. ချို လှနဲ့  စားလို့တစ်ခိုင်လည်းကုန်ရော ဗြုန်းဆို ရေထဲက မြွေကြီးတကောင် ဧရာမကြီး ရေကူးလိုက်လာတာမြင်ရောတဲ့၊ ဒါနဲ့ အဖိုးရော အဖွားရော အ၀တ်တွေ ကပြာကရာ စုထုပ်ပြီး အမြန် အိမ်ပြန်ပြေးကြတာပေါ့၊ မြွေကြီးက သူတို့နှစ်ဦးကို မဲ လိုက်နေတယ်ဆိုတာ သူတို့ သိနေတာကိုး၊ မြွေကြီးကလိုက် သူတို့က ပြေး  နဲ့ တော်တော် အဝေးရောက်တော့  သစ်ငုတ်တိုတစ်ခု နဲ့ တွေ့ သတဲ့၊ ဒါနဲ့ အဖိုးက “သစ်ငုတ်တိုကြီးရယ် မြွေကြီးများလိုက်လာရင် ကျုပ်တို့  ဒီလမ်းက သွားတယ်လို့ မပြောလိုက်ပါနဲ့၊ ရော့ နင်စားဖို့  သဖန်းသီးတစ်လုံး” လို့ ပေးလဲ ပေး ပြေးလဲ ပြေးကြတာပေါ့၊ ရှေ့မှာတစ်ခါ တွေ့တဲ့ သူတိုင်းကို သဖန်းသီး တစ်လုံးကျပေးရင်း သူတို့ ဒီလမ်းက မသွားဘူးဆိုတာပြောဖို့ မှာခဲ့တာပေါ့၊ ဒါနဲ့ သူတို့ အိမ်ကိုရောက်တော့ သမီး ၃ ယောက်ကိုခေါ်ပြီး ဝေစားဖို့ ပြောရင်း သဖန်းခိုင်ကြီးကိုပေးသတဲ့၊ မကြီး၊ မလတ်နဲ့  မထွေးလေးတို့လည်း ပျော်ပျော်ပါးပါး စားနေကြတာပေါ့၊ သဖန်းသီးကလည်း သိပ်ချိုတာကိုး၊

ပုံပြင်ထဲက ကျွန်မတို့တွေ (မောင်နီနဲ့မစီ)

ပုံပြင် ၎

နောက်ပြီး မောင်နီနဲ့မစီပုံပြင် .. ကြေးဖလားလေးခေါင်းဆောင်းတာဆို ခဏခဏအမှတ်ရမိတယ်၊ သနားလည်း သနားလို့၊ မောင်နီလေးက နဂါးလေးဖြစ်သွားရှာတာ ...

“နှမမုံ့ရောင်း မောင်မုံ့ထောင်း။ ကြေးဖလားလေးဆောင်း”  တဲ့၊ အဲဒီလို မေမေက သီချင်းလေးလို ရွတ်ပြတတ်သေးတယ်၊ ဟိုး ..  ရှေးရှေးတုံးက  ရွာတရွာမှာ အဖိုး အဖွား  ဇနီးမောင်နှံ ၂ ယောက် ရှိကြတယ်၊ သူတို့ မှာအရွယ်မရောက်သေးတဲ့ မောင်နီဆိုတဲ့ သားတစ်ယောက်နဲ့ မစီဆိုတဲ့ သမီးတစ်ယောက်လည်းရှိတယ်၊ တစ်နေ့မှာ မမျှော်လင့်ပဲဇနီးဖြစ်သူ ကွယ်လွန်သွားပါတယ်၊ ကလေး ၂ယောက်နဲ့  ကျန်ရစ်ခဲ့ရာမှာ  အလုပ်အကျွေးပြုစုမယ့် သူလိုနေတာကြောင့် နောက်အိမ်ထောင် ထူထောင်လိုက်ပါရော ကွယ်၊ နောက်မိန်းမက ကလေးနှစ်ယောက်ကို မကြည်ဖြူနိုင်ပါဘူး .. တဲ့၊ အမြဲပဲ တကျီကျီနဲ့၊ တောထဲ သွားစွန့်ပစ်ဖို့ ဆူဆူပူပူလုပ်လိုက်၊ ချော့ချော့မော့မော့ ပြောလိုက်နဲ့ တိုက်တွန်ုး  နားသွင်းနေလေ့ရှိတယ်၊ အဲဒါနဲ့ အဖိုးလည်း စိတ်ပေါက်ပေါက်နဲ့ ခလေးနှစ်ယောက်ကို လှည့်ဖျားခေါ်သွားပြီး ... တောထဲရောက်တော့ “သားတို့  သမီးတို့  ဒီမှာ နားနေကြအုံး .. ခဏနေရင် လာခေါ်မယ်” ဆိုပြီး သူ့မိန်းမရှိရာ အိမ်ကို ပြန်ပြေးပါလေရော၊ မိုးချုပ်ခါနီးတဲ့ တိုင်အောင် လာမခေါ်တော့ မောင်လုပ်သူက ကြောက်လာတာပေါ့၊

ပုံပြင်ထဲက ကျွန်မတို့တွေ (ဟန်ဆဲလ် နဲ့ ဂရဲတဲလ်)

ပုံပြင် ၃

မေမေပြောပြတဲ့ ဟန်ဆဲလ် နဲ့ ဂရဲတဲလ် ...

ဟိုရှေးရှေးတုံးက ..
တောရွာလေးတရွာမှာ အဖေရယ် အမေရယ်  သားလေး Hansel ရယ် သမီးလေး   Gretelရယ်ရှိကြတယ်ကွဲ့၊ အော်... အခုပြောပြမှာက ပြဇာတ်ကွဲ့၊ (အဲဒီတုန်းက မေမေက သူ .. ငယ်ငယ်က သင်ခဲ့တဲ့ ပြဇာတ်တိုလေးတွေကို အပိုင်းလိုက်ပြောပြခဲ့တာ)၊ မေမေ ငယ်ငယ်က  Wesley ကျောင်းမှာနေစဉ် သင်ရတဲ့  reader 1 လား  2 လား  မမှတ်မိတော့ဘူး၊  စာအုပ်ထဲ က  ပြဇာတ်တိုလေးပေါ့။ Hansel & Gretel  တဲ့၊ (အဲဒီလိုလဲ ရှင်းပြခဲ့သေးတယ်)

အဲဒါနဲ့ ပြောရရင် ပြကွက် ( ၁) ဟန်ဆဲလ်တို့ အမေက မီးဖိုနားမှာ ခုံကလေးနဲ့ ထိုင်ပြီး အပ်ချုပ်နေတယ်၊  ဟန်ဆဲလ် က ပြတင်းပေါက်ကနေ အပြင်ကို မျှော်ကြည့်နေတယ်၊ ဂရဲတဲလ်က တယောက်တည်း လှည့်ပတ်ကနေရာကနေ  “မောင်လေးရေ  မမနဲ့  လာကပါလား၊ ပျော်စရာပါကွယ် လာပါ”  လို့ ခေါ်နေတာကိုး၊ ဟန်ဆဲလ်လည်း သူ့အမကိုကြည့်ရင်း စိတ်ပါလာတာနဲ့  .. ”အေးပါ မမရဲ့  ကမှာပေါ့” ဆိုပြီး  အပြေးကလေး တွဲကတော့တာပေါ့။

ပုံပြင်ထဲက ကျွန်မတို့တွေ (ရွှေယုန်ရွှေကျား)

ပုံပြင် ၂

နောက်ပုံပြင်တစ်ပုဒ်က ရွှေယုန်ရွှေကျားပါ၊
ရှေးရှေးတုံးက  ရွှေယုန်နဲ့ ရွှေကျား ဆိုတဲ့ သူငယ်ချင်း အကောင် ၂ကောင်ရှိကြတယ် တဲ့၊   ရွှေယုန်က ပညာဥာဏ်အမျှော်အမြင်ကြီးပြီး ကောက်ကျစ်တဲ့ စိတ်ရှိတယ်၊ ရွှေကျားကြီးကတော့ သိပ်ရိုး သိပ်အ သတဲ့၊ သူက ဘာမှ မစဉ်းစားဘူး၊  သူများပြောတိုင်း ယုံတတ်တယ်၊ တစ်နေ့တော့ ....ရွှေယုန်နဲ့  ရွှေကျား တို့ နှစ်ကောင်သား လမ်းမှာဆုံကြသတဲ့၊ ဒီတော့ “မိတ်ဆွေ ယုန်ကလေးရေ... အသင် ဘယ်ကိုများသွားမလို့ လဲ” လို့ နှုတ်ဆက်မေးမြန်းသတဲ့၊ ဒီအခါမှာ  အလွန်အကြံကြီးပြီး သူတပါးကို ချလေ့ရှိတဲ့ ရွှေယုန်က   “သက်ကယ်ရိတ်သွားမလို့၊ မိတ်ဆွေ ကျားကြီးရေ ... လိုက်ခဲ့ပါလားဗျ” လို့ သွေးဆောင်ခေါ်ငင်သတဲ့၊ ရွေှ့ကျားလဲ  မနေသာပဲ လိုက်ရတာပေါ့၊  ထမင်းထုပ်ကလေးတွေ ကိုယ်စီနဲ့ပေါ၊ သက်ကယ်ရိတ်ထွက်လာကြရော ဆိုပါတော့၊  ဒါနဲ့  သက်ကယ်တောထဲ ရောက်ရော၊ ရွှေကျားကတော့  နေမပူခင် အလုပ်ပီးအောင်ဆိုပီး ကြိုးကြိုးစားစား လုပ်သတဲ့၊ ထမင်းလဲ မစားသေးဘူး၊ အထုပ်ကလေးဘေးမှာချပီး သက်ကယ်ရိတ်နေတာကွဲ့၊ ရွှေယုန်ကတော့  ဘယ်ဒီလိုဟုတ်မလဲ၊ သူ့ကိုယ်သူ ပညာရှိဆိုပီးတော့  ရွှေကျားအပေါ်  အမြဲ အသာစီးယူတယ်၊ နောက်ပီး ထမင်းထုပ်တွေဖြည်စားတော့တာပဲ၊ ရွှေကျားအထုပ်ကိုပါ ပြောင်သလင်းခါအောင်စားတာ၊ စားပြီး ရွှေကျားထမင်းထုပ်ထဲကို  နောက်ချေးတွေရယ်  သလဲ တွေရယ် ထည့်ထားသတဲ့၊ ထည့်ပြီး  နောက်ကျရင် နောက်ချေးနဲ့ သလဲပဲ စားရမယ်ဗျို့ လို့  အော်ဟစ်ပြောလိုက်သေးတာကွဲ့ ၊ ရွှေကျားတို့ အ ပုံများ .. ရွှေယုန်က သူ့ ကို ကျီစယ်တယ်ထင်နေတာ။

ပုံပြင်ထဲက ကျွန်မတို့တွေ (လိပ်ကမ္ဘာမကြီး)

ပုံပြင် ၁

ကျွန်မငယ်ငယ်က ပုံပြင်တွေနားထောင်ရတာ သိပ်ကြိုက်ပါတယ်၊ ကျွန်မမေမေ က ပုံပြောသိပ်ကောင်းတယ်၊ အဲဒီတုန်းက ကျွန်မက ပုံပြင်နားထောင်သူပေါ့၊ နောက်တော့ ကျွန်မမှာ တူလေးတစ်ယောက်ရလာခဲ့တယ်၊ တူလေးအတွက်တော့ ကျွန်မက ပုံပြင်ပြောတဲ့သူ ဖြစ်သွားပြန်ရော၊ ကျွန်မပြောတဲ့ ပုံပြင်တွေက မေမေပြောပြဖူးတဲ့ ဖားမရုပ်ဆိုးလေး၊ မြွှေမင်းသား၊ မောင်နီ မစီ၊ လိပ်ကမ္ဘာမကြီး အဲဒီပုံပြင်တွေတော့ မဟုတ်ပါဘူး၊ ကျွန်မက တူလေးကြိုက်တဲ့ စူပါမင်း၅ယောက်ကို၊ ကာတွန်းအောင်ရှိန် ဇာတ်ကောင် တီထွင်ပါရဂူဖိုးဆိတ်ဖြူ၊ ကိုပူစီ၊ မောင်စူပါ၊ ဦးစိတ်တို မျောက်ညို၊ သူတို့ တွေအားလုံးနဲ့ ပေါင်းပြီး ကြုံသလိုဇာတ်လမ်းဆင်ပြောပြလိုက်တာ၊ တူလေးက ရယ်စရာ အင်မတန်ကြိုက်တယ်၊ ကျွန်မလိုပဲ ဂြိုဟ်သားတွေ ပန်းကန်ပြားပျံတွေလည်း သိပ်ကြိုက်တယ်၊ အဲဒါတွေအကုန်လုံးကို ပေါင်းထည့်ပြီး ရယ်စရာဖြစ်အောင်ပြောရတာပါပဲ၊ “ဟိုးရှေးရှေးတုန်းက ရှေးရှေးကြီးတစ်ကောင်ရှိတယ်”  လို့ စပြောတာနဲ့၊ တူလေးက “အန်တီပကလည်း လုပ်ပြီ” ဆိုပြီး တခွီးခွီးရယ်တော့တာ၊ ကျွန်မက လျှောက်ပြောလည်း တူလေးကတော့ သဘောတွေကျ၊ အိပ်ရာဝင်ခါနီး မအိပ်နိုင်ပဲ တခွိခွိလုပ်နေလို့ တူလေး မေမေက “သားလေး အိပ်တော၊့ အိပ်တော့” လို့ သတိပေးရတဲ့ ညတွေလည်းမနည်းပါဘူး၊ တူလေးနဲ့ ပုံပြောပြဖူးတဲ့ ညတွေအကြောင်းပြန်စဉ်းစားမိတော့ ကျွန်မနားထောင်ခဲ့ရဖူးတဲ့ မေမေ့ရဲ့ပုံပြင်ပြောတဲ့ညတွေဆီကို အတွေးတွေက ရောက်သွားလိုက်တာ ...

Friday, October 15, 2010

တော်လှန်ရေးသမား၊ အကြမ်းဖက်သမား .. ဘယ်လိုကွာခြား

တော်လှန်ရေးသမားတစ်ဦးနဲ့ အကြမ်းဖက်သမားတစ်ဦးရဲ့ကွာခြားချက်အစစ်အမှန်တွေကို လူနည်းနည်းကပဲ နားလည် ကြပါတယ်၊ ဖြစ်ရပ်တွေအများကြီးမှာ တော်လှန်ရေးသမားကို အကြမ်းဖက်သမားတစ်ယောက်လို့ တံဆိပ်တပ်လိုက်ကြ တယ်၊ အပြန်အလှန်အားဖြင့် အကြမ်းဖက်သမားကို တော်လှန်ရေးသမားလို့ ထင်မြင်ယူဆကြတယ်၊ တကယ်တမ်းမှာ အဲဒီအခေါ်အဝေါ်နှစ်ခုအချင်းချင်း ကွာခြားချက်ကဆန့်ကျင်ဘက်ပါ၊ တော်လှန်၊ အကြမ်းဖက် ဒီအမျိုးအစားနှစ်ခုလုံးရဲ့ လုပ်ဆောင်မှုတွေကိုအဆုံးအဖြတ်ပေးတဲ့ အခြေခံစည်းမျဉ်းတွေဟာ အင်မတန်ကွဲပြားနေကြပါတယ်။

ရိုးရိုးရှင်းရှင်း အဓိပ္ပါယ်ဖွင့်ကြည့်မယ်ဆိုရင် အကြမ်းဖက်သမားတစ်ဦးဟာ တခြားလူတွေ၊ ဂိုဏ်း၊ အဖွဲ့အစည်း၊ အစိုးရတွေကို သူတို့ရဲ့ လူမှုရေး၊ နိုင်ငံရေးရည်မှန်းချက်တွေအတိုင်း လက်ခံလိုက်နာလာအောင် တရားဥပဒေနဲ့ မညီတဲ့ အားကိုသုံးမယ်၊ အကြမ်းဖက်တိုက်ခိုက်တယ်၊ အတင်းအဓမ္မတိုက်တွန်းတယ်၊ အကြမ်းဖက်သမားတစ်ဦးဟာ သူလက်ခံထားတဲ့အဆင့်ကိုရဖို့ လှုပ်ရှားမှုအမျိုးမျိုးထဲက နည်းတစ်ခုခုနဲ့ကြိုးစားတယ်၊ ကျုးလွန်တယ်၊ သူတို့ရဲ့ လှုပ်ရှားမှုတွေရဲ့အချိန်အများစုမှာ ဥပဒေကနေ ဆန့်ကျင်ဖောက်ထွက်နေကြတယ်။

Monday, October 11, 2010

အဓိကရုဏ်းဖန်တီးချင်သူတွေအတွက် ဆင်ခြေတစ်ခု (သို့မဟုတ်)ဂေးများရဲ့စီတန်းလှည့်လည်မှု

ခေတ်တွေ စနစ်တွေ နိုင်ငံတိုင်းမှာပြောင်းလဲလာကြတယ်၊ ပြောင်းလဲဖို့ကြိုးစားလာကြပါတယ်၊ လူတိုင်း ကိုယ်ပိုင်လွတ်လပ်ခွင့် ရှိသင့်ကြပါတယ်၊ တစ်ခုခုကို “ကြောက်လို့လုပ်ရခြင်း၊ ကြောက်လို့ မလုပ်ရခြင်းတွေက” ပြောင်းလဲလာတဲ့ ခေတ်မှီကမ္ဘာကြီးထဲမှာ မရှိသင့်တော့ပါဘူး၊ လူသားတွေမှာ ယောက်ျား၊ မိန်းမ၊ homosexual ဆိုတာတွေ ယေဘူယျ ရှိနေပါတယ်၊ နိုင်ငံတိုင်းမှာ ရှိနေကြတယ်၊ ဂေး(ယောက်ျားချင်းသာစိတ်ဝင်စားသူ)တွေလည်း လူပါပဲ၊ နောက် အမျိုးသမီးချင်းသာစိတ်ဝင်စားကြသူတွေ၊ သူတို့တွေဟာ တကယ်တမ်းတော့ စိတ်ပိုင်းဆိုင်ရာ အားနည်းမှုရှိနေကြသူတွေပါ၊ သူတို့ရဲ့ ရပ်တည်မှုကို လူသားထဲက လူသားတွေ အဖြစ် အသိအမှတ်ပြုသင့်ကြပါတယ်၊ တန်းတူ အခွင့်အရေးပေးသင့်ကြပါတယ်၊ နောက်ဆုံး အသိအမှတ် မပြုချင်ရင်တောင်မှ ဆန့်ကျင်တိုက်ခိုက်ဖို့ မလုပ်သင့်ပါဘူး၊ တစ်ဦးတည်းအမြင်နဲ့ အသိအမှတ်မပြုချင်ရင် ကိုယ်တစ်ဦးတည်း အမြင်နဲ့ ကြိုက်သလို နေနိုင်ကြပါတယ်၊ ဒီမိုကရေစီဘက်ကို ခြေဦးလှည့်နေကြပါပြီဆိုတဲ့ နိုင်ငံတွေမှာတောင် သက်ဆိုင်ရာ အာဏာပိုင်အစိုးရက သူတို့တွေရဲ့ တည်ရှိမှုကိုတရားဝင် ခွင့်ပြုထားပေမဲ့ အစွန်းရောက်ဘာသာရေးသမားတွေနဲ့ တစ်ချို့ အကြမ်းဖက် တိုက်ခိုက်လိုသူတွေက ဆန့်ကျင်လိုကြတယ်၊ အောက်တိုဘာ ၁၀ရက်တနင်္ဂနွေနေ့မှာ ဆားရ်ဘီးယားနိုင်ငံ၊ ဘဲလ်ဂရိတ်မြို့ရဲ့ မြို့လည် City Center ရင်ပြင်တ၀ိုက် ဂေးများစီတန်းလှည့်လည်ခြင်း (ဂေးပရိတ်) ပြုလုပ်ခဲ့ကြတယ်၊ ဒီ စီတန်းလှည့်လည်မှုကို ဆန့်ကျင်တဲ့ဘာသာရေးအစွန်းရောက်လွန်းသူတွေနဲ့ မိသားစုတန်းဘိုးထားသူတွေက အန်တီဂေးပရိတ် တစ်ခုကိုလည်း စနေနေ့မှာတစ်ရက်စောပြီး ဆန့်ကျင်ဆန္ဒပြလိုက်တယ်။

“ဂေးတွေ မြို့ထဲ စီတန်းမလှည့်နိုင်ဘူး” တဲ့

Thursday, October 07, 2010

လမ်းပေါ်က အိမ်၊ အိမ်ထဲက ပိုင်ရှင်မဲ့ကျွန်တော်တို့


ဒီကောင်တွေက ခပ်ဆိုးဆိုးပါ၊ ကျွန်တော်လည်း လိမ္မာတဲ့သူတော့ မဟုတ်ဘူး၊ ဒါပေမဲ့ ကျွန်တော်ဆိုးတာထက် သူတို့က ပိုဆိုးတယ်၊ ကျွန်တော်ကတော့ လူ ဆိုတော့၊ “လူ”ဆိုး ဆိုးတယ်ပေါ့ဗျာ၊ သူတို့က ခွေးတွေ၊ လမ်းပေါ်ကခွေးတွေ၊ ဆိုတော့ “ခွေး”ဆိုး ဆိုးတယ်၊ ခွေးဆိုတဲ့ အတိုင်း ကိုက်တယ်၊ ဆွဲတယ်၊ ဟောင် တယ်၊ ၀ရုန်းသုန်းကားဖြစ်အောင်လုပ်တယ်၊ သူတို့ကို လူတွေကမုန်းကြတယ်၊ သူတို့ကိုမုန်းတဲ့သူတွေကို ကျွန်တော်ကမုန်းတယ်၊ သူတို့က ကျွန်တော်တို့ အားလုံးကိုမုန်းတယ်၊ ဒီလိုနဲ့ ကျွန်တော်တို့တွေ အမုန်းသံသရာနေ့ရက်တွေထဲ ဗရုတ်ဗရက်ဖြတ်သန်းနေကြတုန်းပဲ၊ ပြေးတဲ့အခါပြေးတယ်၊ လိုက်တဲ့အခါ လိုက်တယ်၊ ခြောက်တဲ့အခါခြောက်တယ်၊ ငေါက်တဲ့အခါငေါက်တယ်၊ တောက်ခေါက်တဲ့လူတွေ၊ တုတ်ဆွဲတဲ့သူတွေ၊ မျက်စိပြူးပြလေ့ရှိတဲ့ ပြူးပြူးပြဲပြဲလူတွေ၊ စက်သေနတ်ကကျည်တွေလွှတ်သလို စကားလုံးတွေ တဒုတ်ဒုတ် ပစ်လွှတ်တဲ့သူတွေ ဒီလိုလူတွေကို သူတို့ ခါးခါးသီးသီးမုန်းတယ်။

ဆုံမှတ်

ကမ္ဘာစိုးမင်း (Kabar Soe Min)ရဲ့ကဗျာလေးပါ၊ facebook မှာတင်ထားတာဖတ်ရရင်း သဘောကျလွန်းလို့ ပြန်ပြီး ဝေမျှပါတယ်။

အမေ...
နေကောင်းပါရဲ့လား အမေ...
ခြံနံပတ် ၅၄ ကို
အမေ့လက်နဲ့ ကိုယ်တိုင်ဖွင့်မယ့်တနေ့ကို
တက္ကသိုလ်ရိပ်သာက သစ္စာတော်မပျက်
စောင့်နေဆဲပါ အမေ...

ရှိပါတယ်အမေ...
ကျွန်တော့်သူငယ်ချင်းတွေလည်း ရှိပါသေးတယ်...
သူတို့လည်း နေကောင်းကြပါရဲ့

တချို့ကတော့
နိုင်ငံသားပြောင်းလဲခံယူရင်း
မြန်မာပြည်ကို ချစ်နေကြတုန်းပဲ အမေ
ဇာတိမြေကို အလည်အပတ်ပြန်တိုင်း
“အရင်အတိုင်းပဲနော်” လို့
ဝတ်ကျေတန်းကျေနှုတ်ဆက်
ဈေးဝယ်မပျက်ကြပါဘူး

တချို့ကတော့
ဒုက္ခသည်ယောင်ဆောင်ရင်း
(သူတို့အရေးအတွက်) ဒို့အရေး ဒို့အရေးနဲ့
နယူးယောက်ကနေ
အမေ့ လွတ်မြောက်ရေး ကြိုးပမ်းနေကြပါသတဲ့။
အမေ့ပါတီလည်း ရှိပါသေးတယ် အမေ...
တချို့က မဲဆွယ်တုန်းမှာ တချို့က မဲမပေးဖို့ပြော
ပါတီဖျက်သိမ်းခိုင်းကာမှ မွေးနေ့ပွဲလုပ်နဲ့
ကြေညာချက်မထုတ်တော့တာကလွဲရင်
အရင်လို ခမ်းခမ်းနားနားပါပဲ အမေ...

ရန်ကုန်ကတော့ ခြူချာရှာတယ်အမေ...
ဦးနှောက်ယိုစီးမှုကို ကုစားတုန်း အေအိုင်ဒီအက်စ်ဖြစ်
မီးစက်မောင်းသံတွေကြားက “စခန်းခဏလိုက်ခဲ့ပါ” ခေါ်လိုခေါ်
ဆယ်တန်းသမားတွေက အနှိပ်ခန်းမှာစာကျက်

တချို့က ထမင်းမချက်နိုင်တော့
ထမင်းရည်ဝယ်သောက်ကြရတယ် အမေ
ဘာပဲပြောပြော အမေ
ရန်ကုန်မှာ ကျော်သူနဲ့ ထောင်မှူး
သူတို့နှစ်ဦးလောက်တော့
ဘယ်သူမှ အလုပ်မများဘူးလေ

အမေ
အမေမရှိတုန်း ကျွန်တော်တို့ နာဂစ်ကို သိသွားတယ်
ရွှေဝါရောင်၊ အီလက်ထရောနစ်ဥပဒေ၊ နယ်ခြားစောင့်တပ်၊
ရွေးကောက်ပွဲ၊ နေပြည်တော် - ဒါတွေနဲ့လည်း ရင်းနှီးသွားတယ်
အပြောင်းအလဲတွေကတော့
အများကြီးပေါ့အမေရယ်
ရန်ကုန်မှာ မွေးခဲ့တဲ့လူတွေက
နိုင်ငံခြားသားလုပ်ပြီး ပြန်လာ
ဇာတိကို ရွံရှာသလိုလိုနဲ့ပြန်ကြည့်
မချိပေမယ့် မပြောသာပါဘူး အမေ
ကျွန်တော်တို့က နိမ့်ပါးချိန်ကို။

အမေ
ကျွန်တော်တို့ တိုက်ပွဲမှာ
ခဏခဏကျဆုံးပေးနေရတာက
ပြက္ခဒိန်စာရွက်တွေပါ အမေ
ဟောတစ်ရွက် ဟောတစ်ရွက်နဲ့
ဆုတ်ဖြဲပစ်နေလိုက်ကြတာ ...
အဲဒါ ရက်ရာဇာတွေချည်းပဲဆိုတာ
ကျွန်တော်တို့ အသိနောက်ကျခဲ့ပါတယ် အမေ

အမေ
ပြောကြည့်ပါရစေ
ကျွန်တော်မျှော်လင့်နေတာကလေ
ဒီမိုကရေစီလည်း ဟုတ်ချင်မှဟုတ်မယ်
ငြိမ်းချမ်းရေးလည်း ပါချင်မှပါမယ်
အစည်းအဝေးလည်း တက်ချင်မှတက်ရပါလိမ့်မယ် အမေ
ဒါပေမယ့်
နိုင်ငံသားတွေ နိုင်ငံခြားသား ဖြစ်စရာမလိုတော့တဲ့နေ့
ဒုက္ခသည်တွေ ဒုက္ခသယ်စရာမလိုတော့တဲ့နေ့
နှစ်ယောက်ရှိရင် သုံးဖွဲ့မကွဲတော့တဲ့နေ့
ပညာတတ်ရင် ထမင်းမငတ်တဲ့နေ့
အရောင်မတူတာကို ရန်သူလို့ မသတ်မှတ်တဲ့နေ့
အဲဒီနေ့ကိုပါ အမေ

ကျွန်တော်လဲသွားရင် အမေထူပေးပါ
အမေ့အားနဲ့ မနေမနားကြိုစားစမ်းပါ့မယ်
ကျွန်တော်တို့အားလုံး ရန်ကုန်မှာ ပြန်ဆုံကြဖို့လေ။

(ကမ္ဘာစိုးမင်း)

Tuesday, October 05, 2010

နောက်တစ်ကြိမ် ဖြူဖြူ့ကို စလို့မရတော့ဘူး


 စိတ်မကောင်းလိုက်တာ၊ ဖြူဖြူ ဒီနေ့ပဲ သေသွားပြီ၊
နောက်တစ်ကြိမ် စလို့လည်း မရတော့ပါဘူး၊
ညက တစ်ညလုံး အသံ အဆန်းနဲ့ အော်နေတာ၊ ကွီ ကွီနဲ့၊ ဆေးခန်းသွားပြတော့ အဆုတ်မကောင်းလို့၊ ကျွေးရမယ့်ဆေးတွေပေးလိုက်ပြီး အပြန်လမ်းမှာပဲ သေသွားတယ်။
RIP Phyu Phyu !!

ဖြူဖြူ မတိုင်ခင် နဲရှော တူလေးရဲ့ ခွေးမလေး မက်ဂီလည်း သေသွားပြန်တယ်၊ ခုတစ်လော သေခြင်းတရားတွေနဲ့တွေ့နေရတယ်၊ အကောင်ပလောင်လေးတွေရဲ့ သေခြင်းတရားတွေပေါ့၊
မက်ဂီ မသေခင်ရက်ပိုင်းကပဲ အခန်းထဲအိပ်ရာပေါ်တက်ဆော့နေလို့ ဓါတ်ပုံရိုက်ဖြစ်လိုက်သေးတယ်။
RIP Maggi !!


သေခြင်းတရားတွေ ခုတလောတွေ့နေရတာနဲ့ “ကျွန်တော်သေတဲ့အခါ” ဆိုပြီး ငါသေရင်တော့ ဟိုလိုလုပ်မယ်၊ ဒီလိုလုပ်မယ်နဲ့ လျှောက်ရေးခဲ့ဖူးတာ ပြန်အမှတ်ရမိတယ်၊ တကယ်ကြီး အဲလို လုပ်ချင်မိပါတယ်၊ တကယ် သေရင်သာ ဘယ်လိုသေရမယ်မသိဘူး၊
ကျန်တဲ့သူတွေက ဘယ်လိုလုပ်ပေးကြမယ်တော့မသိနိုင်ဘူး။

ပိုစ့်အဟောင်းကို ဒီမှာ ပြန်တင်ပါတယ်၊ သေတာတွေ စုထားတဲ့ သဘောပေါ့။

ကျွန်တော်သေတဲ့အခါ

Monday, October 04, 2010

I have no choice - I hear ...your ... voice

~ I have no choice ~I hear your voice ~



Like a prayer နားထောင်တိုင်း၊ ပြန်ကြည့်တိုင်း ကြိုက်တုန်းပဲ၊ မက်ဒေါနားပဲကြိုက်ပါတယ်၊ Mad' House  Like a prayer  တော့ မကြိုက်ဘူး၊ မက်ဒေါနားလည်း အဖြူ၊ အမဲ သင့်မြတ်ရေး လုပ်ခဲ့တာပဲနော်၊ ဒါမှမဟုတ် ခွိုင်ယာဆိုရင် လူမဲ တွေက ပိုပြီး အဆိုကောင်းလို့ထင်တယ်။

Tuesday, September 28, 2010

ချားချပ်ခ် ဒိုင်ယာရီ

ချားချပ်ခ်(Čačak) က နဲရှောသူငယ်ချင်း မာကို ဖုန်းဆက်၊ အဲ့ဒီမှာ မာရသွန်အပြေးပြိုင်ပွဲရှိတယ်ပြော၊ နှစ်တိုင်းလုပ်နေကျတဲ့၊ လာခဲ့ဖို့ဖိတ်၊ တစ်ညအိပ်ရမယ်၊ မနက်အစော ၄ နာရီခွဲ သံပတ်ပေး အိပ်ရာထကြ၊ ညကတည်းက လူကြီး ၂ယောက်က ကြိုနှုတ်ဆက်ထား၊ အင်္ကျီအနက်ဝတ်တော့၊ ဘာရယ်မဟုတ် နဲရှောကလည်း အနက်လိုက်ဝတ်၊ အိတ်တွေထဲ လိုတာတွေထည့်၊ မနက်အစောကြီး အေးလာပြီ၊ ဘတ်စ်နဲ့ခရီးမသွားဖူးသေးလို့ ပျော်နေ၊ ကားဂိတ်ကို ရထားစီးသွား၊ ကားဂိတ်ရောက်တော့ လက်မှတ်ဝယ်ဖို့ ၅ မိနစ်ပဲကျန်၊ ခြောက်နာရီတိတိ ကားစထွက်၊ ကား က အကြီးကြီးမဟုတ် သေးသေးပဲ၊ နောက်ဆုံးမှာ ဘေးက လူနှစ်ယောက်ရှိ၊ ၃ နာရီလောက်မောင်းရ၊ နဲရှော က တိမ်မြင်ရင် ဓါတ်ပုံမရိုက်ရမနေနိုင်၊ သံလုံးပစ်နေတဲ့ ရုပ်တု မည်းမည်းကြီးတွေ့လို့ ဓါတ်ပုံရိုက်ခိုင်း၊ လမ်းမှာ မိနစ် ၂၀ လောက်နား၊

 ကိုးနာရီလောက် ချားချပ်ခ် ရောက်၊ ကော်ဖီဆိုင်မှာ မာကို ကိုစောင့်နေ၊ သူလာတော့ စကား ခဏထိုင်ပြော၊ မိတ်ဆက် မတောက်တခေါက်စရပ်ပ်စကီ(Srpskiဆားရ်ဘီးယန်း)စကားပြော၊ မာကို အဖေနဲ့အမေက ရွာက အိမ်ကိုသွားပြီ၊ သူ့အိမ်မှာပဲ တစ်ညအိပ်ကြမယ်တဲ့၊ မာကို့အိမ်ကို လမ်းလျှောက်သွားကြ နီးနီးလေးပဲ၊ ချားချပ်ခ်က လူသိပ်မရှုပ်၊ မရှုပ်တာကိုမဟုတ် ရှိကိုမရှိတာ၊ ဒါ မြို့လယ်ခေါင်တဲ့ပြတယ်၊ ဆိုင်တွေတော့ ရှိ၊ လူ နည်းနည်းပဲတွေ့၊ လမ်းတွေက ကျယ်ကျယ်ကြီးတွေ၊  မာရသွန်ပြေးတဲ့သူတွေလည်း ရင်ပြင်ရှေ့ကတာထွက်သွားကြပြီ၊ မွန်းလွဲ ၃ နာရီလောက်တော့ ပန်းတိုင်မှာ သွားစောင့်ကြည့်ကြမယ်တဲ့၊ မာကို က လည်း အစက စကားနည်းမလိုနဲ့ နောက်တော့ စကားပြောတာ စပေ့စ်လဲ မရိုက်၊ အန်းတားလည်းမခေါက်ဘူး၊ လူက နေပူထဲ၊ မျက်မှောင်ကအဆုံးထိကြုံ့ထားလည်း သူကတော့ မသိဘူး၊ သူ့မြို့အကြောင်းရှင်းပြတာ သူ့လေယူလေသိမ်းနဲ့ နားမလည်တစ်ချက် လည်တစ်ချက်၊ ခေါင်းကတော့ အော်တိုကို ငြိမ့်ပြီးသား ၁ စက္ကန့်တစ်ခါလောက်၊ ဟုတ်ဟုတ် မဟုတ်ဟုတ် ဟုတ်၊

ရောမခေတ်က spa ရှိတယ်တဲ့ နက်ဖြန်သွားကြည့်ကြမယ်တဲ့၊ အိမ်တွေဆောက်မလို့ တူးရင်းနဲ့ပဲ တွေ့တာဆိုပဲ၊ ဒါနဲ့ အဲဒီနေရာကို ချန်ပြီး ပတ်ပတ်လည် အိမ်တွေဆောက်ထားကြတယ်တဲ့၊ ခရီးသွားတွေဆွဲဆောင်ဖို့ ကောင်းတဲ့နေရာပေမဲ့၊ အခုထိ အဲဒီမှာ ဘာမှမလုပ်ကြသေး၊ ဒီအတိုင်း ခြံခတ်ထား၊ မာကို က အားမလိုအားမရဖြစ်နေ၊ မြို့တော်ဝန်ဆီ စာပို့လို့ရတယ်ပြော၊ သူလည်း အကြိမ်ကြိမ်ပို့ပြီး၊
ဒါနဲ့ မာကိုအိမ်ကိုသွား၊ တိုက်ခန်းတွေပါပဲ၊အစက ချားချပ်ခ်ဆိုတော့ ရွာမှတ်လို့ ရွာကအိမ်လေးလို ခြံနဲ့ အပင်နဲ့၊

မျက်နှာသစ်ခြေလက်ဆေးပြီး အခန်းထဲဝင်နား၊ သူတို့က မနက်စာပြင်ကြ၊ မာကို အမေရှိသေးတယ်၊ အခုမှ ရွာကိုသွားမှာ၊ သူ့ကို နှုတ်ဆက်၊ မာကို အဖေနဲ့ အမေက တိဘက်လည်းရောက်ဖူးကြ ထိုင်းကိုလည်း သွားလည်ဖူးကြ၊  တိဘက်အကြောင်း စာအုပ်အကြီးကြီးလာပေး၊ မနက်စာစား စကားပြောပြန်၊ ၁၂ နာရီလောက်ကျတော့ အိမ်ကထွက်ဖို့ပြင်ကြ၊ ကားဂိတ်ကိုသွား တောင်နှစ်ခုကြားက စီးသွားတဲ့ မြစ်ကြောင်းအတိုင်း ကားနဲ့သွားကြ၊ Between the mountains of Ovcar (985m) and Kablar (889m), the river Zapdna Morava shaped and formed the Ovcar-Kablar gorge, one of the most beautiful gorges in Serbia. လို့ပြောတာပဲ၊

 တူရကီတွေ စစ်ပြုတုန်းက ဘုရားကျောင်းတွေကို ဒီတောင်ကြားတွေထဲမှာ ပုန်းအောင်းရင်းဆောက်ထား၊ လွတ်ခဲ့ကြ၊ အဲဒီတောင်ကြားမှာတင် ဘုရားကျောင်းတွေ ၁၁ ကျောင်းလောက်ရှိ၊ ဒီ ချားချပ်ခ်ကတော့ ဂျော်ဂျီဗိုနဲ့ ဆန့်ကျင်ဘက်၊ တောင်တွေ၊ အဖုဖု၊ အထစ်ထစ်နဲ့၊ ကားလမ်း ဘယ်ညာ တောင်တွေ၊ တောင်တွေကြားထဲ၊ မြစ်ရယ် ကားလမ်းရယ်က အပြိုင်၊ ကားရပ်တော့ မာရသွန်ပန်းတိုင်ဘယ်နားလည်းမေး၊ ခွေးလေးတွေ ၃ ၄ ကောင် ကလည်းတွေ့ပြန်၊ နေရာတကာ အကောင်ပလောင်တွေကခင်၊ ခွေးတစ်ကောင်က ရှေ့ကလမ်းပြသွား၊ ခဏခဏရပ်ပြီး နောက်လှည့်ကြည့်၊ ပါလာတဲ့ ဘီစကစ်ချကျွေး၊ ဒီခွေးကနဲနဲပိန်၊ မာရသွန်ပြေးတဲ့သူတွေ တော်တော်များများပန်းဝင်ကုန်ကြပြီ၊ မောနေတဲ့ သူတွေ မြက်ခင်းတွေပေါ်မှာ ပစ်လှဲ၊ သီချင်းတွေအကျယ်ကြီးဖွင့်၊ ခဏနေဆုပေး၊ ပြီးတော့၊ တောင်ကြားတွေထဲက ဘုရားကျောင်းတွေသွားမလို့ ပြင်၊ တောင်တစ်ခုပေါ်ကိုတက်၊ လမ်းတွေကတော့ ခင်းထားပါပြီ၊ ဆောင်းတွင်းနှင်းတွေကျရင် ဒီဘုန်းတော်ကြီးတွေ ဘယ်လိုနေကြလဲ တွေးမိ၊ ဘယ်လို တောင်အောက်ဆင်းကြမလဲ နဲရှောမေးမိ၊ သူက တောင်တွေပေါ်ကနေ sleigh တွေစီးပြီးဆင်းလာကြမှာပေါ့တဲ့၊ လာနောက်နေ၊ အဲလိုသာစီးရင် အောက်က မြစ်ထဲတန်းနေမှာပဲ၊

အရင်တုန်းကလက်ရာအတိုင်းထားသလို၊ အဆောက်အသစ်လေးတွေလဲရှိ၊ ပန်းတွေအလှစိုက်ထား၊ ဘုရားကျောင်းထဲဝင်တော့ လူငယ်လေးတစ်ယောက်က ဂျီးဆပ်ပုံကားချပ်လေးနဲ့ အပြာရောင်ပန်းကိုင်ထားတဲ့ ကလေးငယ်ပုံလက်ဆောင်လာပေး၊ ဓါတ်ပုံရိုက်ခွင့်ပြု၊ နောက် ဘုရားကျောင်းတစ်ခု၊ နောက် တောင်တစ်တောင်၊ စက်ဘီးစီးပြိုင်ပွဲတွေလည်းလုပ်နေ၊ မာကို အသိ တစ်ချို့ စက်ဘီးတွေနဲ့အနားကဖြတ်သွား၊ တချို့ အသက်ကြီးကြီးအမျိုးသမီးတွေ၊ မြန်မာနိုင်ငံမှာဆို အဲဒီအရွယ် အိမ်ထဲမှာ ငြိမ်ငြိမ်လေး နေနေကြပြီ၊ ခုတော့သူတို့က စက်ဘီးစီးပြိုင်တုန်း၊

နောက်ဘုရားကျောင်းက နဲနဲပိုကြီး၊ ဘုရားကျောင်းက သော့ပိတ်ထား၊ နောက်ဘက်မှာ ဘုန်းတော်ကြီး ၂ ပါး စပျစ်သီးစားနေ၊ မာကို့ကို ဘုန်းတော်ကြီးတစ်ပါးထလာပြီး နှုတ်ဆက်၊ ထိုင်နေတဲ့ ဘုန်းကြီးက စပျစ်သီးစားရင် မျက်လုံးက လူကိုဝေ့ကြည့်၊ မျက်လုံးပြာပြာက စူးစူးတောက်တောက်ကြီး၊ မာကိုက ပြောပြ၊ မြန်မာနိုင်ငံကလို့ပြော၊ အဲဒီ ဘုန်းကြီးကျောင်းတွေက ရှေးကျ၊ ဘောင်းဘီရှည်တောင် ပေးမ၀င်ချင်၊ အ၀တ်ပိုင်းရှေ့မှာ စည်းကာပြီးမှပေးဝင်ချင်၊ ဒါပေမဲ့ ရပါတယ်လေ လို့ ပြော၊ သော့လိုက်ဖွင့်ပေး၊ မာကိုက အင်္ဂလိပ်လို သမိုင်းကားချပ်လေးလာပေးဖတ်၊ မာကို ဘုရားဝတ်ပြုတုန်း၊ နဲရှောနဲ့ အပြင်ဘက်မှာစောင့်နေ၊

ကျန်ခဲ့တဲ့ မျက်လုံးပြာပြာ ဘုန်းတော်ကြီးက နဲရှောကို စကားလာပြော၊ ဘုန်းတော်ကြီးက ရုရှားဘုန်းကြီး၊ မော်စကိုကတဲ့ စကားပြောသံပြောင်းသွားပါတယ်ထင်နေ၊ ရုရှားလိုပြောနေကြ၊ နဲရှောလည်းရုရှားလိုပြော၊ ဘယ်နိုင်ငံကလည်းမေး၊ မြန်မာနိုင်ငံ ဘူးရ်မာ(Burma) ယူ ကို အူးသံထွက်၊ ဘူးရ်မာလို့ပြောတော့ ရှရှားဘုန်းကြီးက ကောင်းကောင်းသိ၊ မြန်မာအစိုးရအကြောင်းကို သိတယ်လို့ဆို၊ ရုရှားနဲ့ ဆက်သွယ်မှုတွေ ဘယ်လိုဆိုတာတွေသိ၊ ပြန်ဆွေးနွေးနေ၊ အချိန်သာရရင် နိုင်ငံရေးတောင်ပြောချင်၊ စကားပြောသံနားထောင်တော့မှ နူးနူးညံ့ညံ့နဲ့၊ ကြည့်ရတာ ငြိမ်းငြိမ်းချမ်းချမ်းရှိ၊ တစ်ခုပဲ ဘုန်းတော်ကြီးတွေ မုတ်ဆိတ်၊ နှုတ်ခမ်းမွှေးကြီးတွေထားကြ၊ မျက်စိထဲရှုပ်၊

ဘုန်းကြီး၂ပါးပဲရှိတယ်ထင်၊ နောက်တော့ ပန်းအိုးလှလှအိမ်ထဲက သီလရှင်အမျိုးသမီးကြီးထွက်လာ၊ သေချာကြည့်ပြီး ၀မ်းသာအားရနှုတ်ဆက်၊ ချားအို(ချောင်း)၊ ဒေါ်ဘီဂျိန်းညာ နှုတ်ဆက်စကားအကုန်နဲ့ နှုတ်ဆက်ကြ၊ ရိုးရာဂါဝန်ဝတ်စုံပြည့်ဝတ်ထားတဲ့အမျိုးသမီးတစ်ဦးက နူးနူးညံ့ညံ့ပြုံးလို့ ဘုရားသခင် ကောင်းချီပေးပါစေလို့ နှုတ်ဆက်၊ စရပ်ပ်စကီနဲ့ မကြားဘူးသေးတော့ မသိလိုက်၊ နဲရှောပြန်မေး၊ ဘယ်ဘာသာဝင်မဆို ဘုရားကျောင်းကန်ဝန်းထဲမှာ တခြားနေရာတွေထက် ပိုအေးချမ်း၊ လူတွေကလည်း ပိုအေးချမ်း၊ အပြောအဆို၊ အမူအကျင့်တွေပါ သာမန်လူတွေနဲ့မတူ၊ နောက်တော့ ရုရားဘုန်းတော်ကြီး ကို ခေါ်တယ်၊ ဘုန်းတော်ကြီးဝတ်ရုံနက်ကြီး တလွှားလွှားနဲ့ ကားဆီကိုသွား၊ သူက ဧည့်သည်ကိုး၊ ပြန်တော့မလို့ သူတို့အချင်းချင်းနှုတ်ဆက်၊ ဘုန်းတော်ကြီးတွေရဲ့ လည်ဆွဲ ခရောစ့်တွေက ရွှေရောင်အကြီးကြီး၊ တခမ်းတနားကြီးတွေ၊ တော်တော်ကြီး၊ ဘုန်းတော်ကြီးတွေလည်း ဂုဏ်တုဂုဏ်ပြိုင်လိုသလားပဲ၊ တချို့ဘုန်းကြီးတွေမဆွဲ၊ တချို့ကဆွဲထား၊ ၀ါကြီးတာနဲ့ ဆိုင်မလားပဲ၊ အတွေးကရောက်၊ မတွေးနဲ့၊ အဲလိုမတွေးတာပိုကောင်း၊  ပန်းသီးကြိတ်စက်အကြီးကြီး ကားနောက်ခန်းထဲထည့်၊ ထပ်နှုတ်ဆက်ပြီး ပြန်ကြ၊

ဘယ်နားကြည့်ကြည်တောင်တွေက အမြင့်ကြီး၊ အောက်ကနေလှမ်းမြင်ရတဲ့ တောင်ပေါ်က ခရောစ့်ပုံဘုရားကျောင်းကို zoom ဆွဲပြီး ဓါတ်ပုံရိုက်၊ သဘာဝအလျှောက်ဖြစ်နေတယ်ဆိုတဲ့  ဂူပေါက်ကြီးတွေလည်း လှမ်းမြင်ရ၊ ချားချပ်ခ်က တောင်တက်သမား (အဖေကလည်း နာမည်ကြီးတောင်တက်သမားတဲ့) တောင်တက်ရင်းပြုတ်ကျဖူး၊ ဒါဏ်ရာရတာတော်တော်ကြာတဲ့၊ မာကိုပြော၊ နောက်ထပ်ဘုန်းကြီးကျောင်းတွေ အများကြီးပဲကျန်သေး၊ ဆက်မသွားနိုင်တော့၊ ၂ ကျောင်းပဲ သွားခဲ့ရ၊ နောက်တစ်ခေါက် ၂ရက်၊ ၃ ရက်လောက်နေမှ အကုန်နှံ့မယ်ထင်၊ ပြန်တော့ ဘတ်စ်ကားစောင့်ဖို့ကြာမှာစိုးလို့ မာကိုက ချားချပ်ခ်ကို ပြန်မယ့်ကားတစ်စီးကိုမေး၊ စုံတွဲတစ်တွဲ အသက်ကြီးကြပါပြီ၊ အဖိုးအဖွားအရွယ်ပဲ၊ သူတို့က ၀မ်းသာအားရ၊ လမ်းကြုံလိုက်ခဲ့ကြတဲ့၊ ကားမောင်းတဲ့လူအဖိုးကြီးက ဖုန်း၃လုံး တစ်လုံးက လာလိုက်၊ တစ်လုံးပြောလိုက်၊ သုံးခုလုံး လှည့်ပြော၊ ဖုန်းတွေကလည်းတချိန်လုံးလာနေ၊ သူ့အမျိုးသမီးကြီးက ဆေးလိပ်သောက်မလို့ မီးခြစ်ကို သူကထုတ်ပေး၊ တားလဲ မတားတဲ့အပြင်၊ သူကတောင် မီးခြစ်ပေးလိုက်သေးလို့ တွေးလိုက်ပြန်၊ ဆေးလိပ်နံ့မခံနိုင်၊ ဒါနဲ့ ချားချပ်ခ်ရောက်၊ အပြန်က ပိုမြန်သလိုထင်၊

ချားချပ်ခ်ရောက်တော့ ညနေငါးနာရီထိုးခါနီး၊ ပြပွဲတစ်ခုဖွင့်ပွဲတဲ့၊ နဲရှော၊ မာကို အပြေးသွားကြ၊ ကိုယ်ကတော့ စိတ်မ၀င်စား၊ ပန်းချီပြပွဲဖွင့်ပွဲတွေရဲ့သဘောအတိုင်း ကိန်းခမ်းကြီးကြီး၊ စကားဆန်းဆန်းတွေနဲ့ ကိုယ့်အနုပညာတွေ အစွမ်းကုန် အမွှန်းတင်ကြ၊ ဖွင့်ပွဲတွေထက် ပန်းချီကားလှလှလေးတွေပဲသဘောကျ၊ ဖွင့်ပွဲပြီး ၀င်ကြည့်၊ ၀င်ဝင်ချင်းမှာ လက်ကောက်ဝတ်ကို အစိမ်းရောင်စက္ကူစလေး လာစည်းပေး၊ ကိုယ်ကတော့ လက်ခံလိုက်၊ အသာတကြည်၊ နဲရှောလက်ကို အပြာရောင်၊ နဲရှောက မကြိုက်၊ ဘာအတွက်လည်းမေး၊ အတွင်းမှာ သိရပါမယ်လို့ပြော၊ အတွင်းမှာ လူတွေ သိပ်ရှုပ်၊ နဲရှောက စက္ကူစလေး ဗြိကနဲ ဆုတ်ဖြဲ၊ ဒါကို လက်ခံမှ ဒီထဲဝင်ရမယ်၊ ဒီထဲမှာ လူတွေကို ခွဲခြားကန့်သတ်၊ မကြိုက်ပါဘူးတဲ့၊ ကိုယ်ကတော့ ဂျူးတွေကိုခွဲခွဲခြားခြားသိရအောင် လက်မောင်းမှာအမှတ်အသားဝတ်ဆင်ခိုင်းတာ သွားသတိရ၊ အတွင်းမှာ အဲဒီ artist တစ်ဦးရဲ့ သုတေသန အပြာ၊ အစိမ်းလက်စည်း စက္ကူစတွေအကြောင်း ရှင်းပြထား ဖတ်ကြည့် နားမလည်ပါ၊ အင်တာဗျူးတွေလုပ်နေကြ၊ ဟိုနားဒီနား၊ ပလပ်စတစ်ဇလုံသေးသေး ၂လုံးမျက်နှာချင်းဆိုင်၂ခုထပ်ပြီး အပေါက်လေးဟထား၊ အတွင်းမှာ တီဗီသေးသေးလေးထည့်ထား နားကျပ်ကိုအပြင်ထုတ်တား၊ တချို့အထဲမှာ နားကျပ်ပဲထား၊ အသံစမ်းနားထောင်နိုင်၊ artist တွေကိုနားမလည်၊ သူတို့စိတ်ကူးတွေနားမလည်၊ ကိုယ်ကတွေးရတာမကြိုက်၊
အပြန်လမ်းမှာ မာကိုက ဒီပြပွဲဘယ်လိုမြင်လဲတဲ့၊ ကြိုက်လားတဲ့၊ ဘယ်လိုမှ မမြင်ပါဘူး၊ ဟုတ်တယ်၊ တကယ်ပဲ၊ နဲရှောက အဲဒီ ပလပ်စတစ်ဇလုံနဲ့၊ ကောဇောကိုလိပ်ပြီး ခေါင်မိုးနဲ့ ချိတ်ထားတဲ့ အင်စတော်လေးရှင်းကြိုက်တယ်ဆိုပဲ၊ အေးကလည်းအေး၊ ခေါင်းလဲကိုက်၊ ခြေတွေလက်တွေမသယ်ချင်တော့၊

အိမ်ပြန်ရောက်တော့ ခြေလက်ဆေး ၊ နဲရှောနဲ့ မာကိုတို့ ဧည့်ခန်းထဲမှာ၊ ကိုယ်တစ်ယောက်တည်း ရေချိုးခန်း၊ အိပ်ခန်း၊ ဒီ ၂ ခန်းနဲ့ အလုပ်ရှုပ်၊ ရေချိုးခန်းထောင့်နားက အသံ တတောက်တောက်ကြား၊ ရေကျသံလဲဖြစ်မယ်ထင်၊ ရေကလဲကျမနေ၊ တော်တော်နီးနီးက အသံ၊ ဘာရယ်မသိ ကျောထဲက စိမ့်ကနဲ ကြောက်လိုက်သေး၊ သရဲခြောက်တာလည်းဖြစ်ချင်ဖြစ်မှာ၊ ခရောစ့်ကတော့ လည်ပင်းဆွဲထားသား၊ တစ်ခါတစ်ရံ သရဲခြောက်လို့ ခြောက်နေမှန်း ကိုယ်ကမသိလိုက်တဲ့ အခြေအနေမျိုးတွေရှိနေနိုင်တာပဲလို့ စဉ်းစား၊ ပိုကြောက်၊ ရေချိုးခန်းထဲက ပြေးထွက်၊ အိပ်ခန်းထဲ ပစ္စည်းတွေရှင်း၊ အင်္ကျီလဲ၊ အလှနည်းနည်းပြင်၊ တကယ်နည်းနည်းလေး၊

သူတို့ ၂ယောက်ညစာပြင်၊ နဲရှောက ကြက်ဥကို ကြက်သွန် ထည့်ကြော်ပေး၊ ကြက်သွန်ထည့်ကြော်မှကြိုက်၊ နောက်ခေါက်ဆွဲပြုတ်၊ ဆော့စ်၊ ချိစ့်၊ အသားပြား၊ အသားလုံး၊ အသားချောင်း၊ ဒါတွေမကြိုက်၊ ကြက်ဥကြော်ပဲစား၊ ဒိန်ချဉ်သောက်၊ ပြီးတော့ မာကိုက သူ့ပန်းချီကားတွေ အများကြီးပဲ ဆွဲထုတ်လာ၊ နဲရှောက ထင်မြင်ချက်တွေပေး၊ ကိုယ်ကလည်း လျှောက်ပြော၊ ကောင်းတာလေး များများပြော၊ အကောင်းချည်းပဲပြောနေလည်း လေပေါလွန်းတယ်ထင်မှာစိုး၊ တကယ်လည်း စ်တ်ဝင်တစားကြည့်၊ abstract တွေလည်း မကြိုက်၊ ပုံတူဆွဲထားတာတွေ တကယ်တူရင် ကြိုက်၊ ၁၀ ကားလောက်ကြည့်ပြီးတော့ မျက်စိကဖွင့်မရတော့၊ နဲရှောပေါင်ပေါ် ခေါင်းတင်အိပ်၊ အိပ်ချင်မူးတူးနဲ့ ၀င်ပြော၊ ပြီးတော့ တကယ် အိပ်ပျော်၊

မိုးလင်းတော့ အခန်းဆီးဆွဲမကြည့်၊ မနေ့က သွားခဲ့ကြတဲ့ တောင်တွေက ခပ်ဝေးဝေးမှာ၊ မှိုင်းပြာပြာ မှုန်ရီရီ၊
မနက်စာစား ပြီး ပစ္စည်းတွေတစ်ခါတည်းယူ၊ ရောမခေတ်က ရေကူးကန်တဲ့၊ အဲဒါကို သွားကြည့်၊ မြို့ထဲက ဘုရားကျောင်းသွား၊ မင်္ဂလာဆောင်တစ်ခုရှိ၊ ကိုယ်ပါဧည်သည့်တွေနောက်ကနေရာဝင်ယူကြည့်ကြ၊ မြို့လေးက လူလည်း သိပ်မရှိဘူး၊ အဲလိုပဲလားဆိုတော့ အဲလိုပဲတဲ့၊ ရာသီဥတုကလည်း အပူ၊ အအေး သိပ်မြန်၊ နေကြီးပြင်းပြီး ပူလို့ ၊အင်္ကျီချွတ်၊ ပြီး မိုးကအုံ့လာ၊ စိမ့်နေအောင်အေးလာပြန်၊ ပန်းပွင့်တွေက အ၀ါ၊ ခရမ်း၊ ပန်းရောင်၊ အရောင်တွေခပ်များများ၊ အိမ်ပုံစံလေးတွေသဘောကျ၊ စိတ်ကူးနဲ့ တစ်အိမ်ပြီးတစ်အိမ်ရွေး၊ ဒါတော့ကြိုက်တယ်၊ ဒါတော့မကြိုက်၊

နေတိုးဗုံးကြဲခဲ့တဲ့နေရာ အထိမ်းအမှတ်ကျောက်တိုင်ကစာ ဖတ်ကြည့်၊ သူတို့စာနဲ့ပဲ ရေးထား၊ နားလည်မလား ကြိုးစားဖတ်ကြည့် ဘယ်လိုဖတ်ဖတ်နားမလည်သေး၊ အပြန် ကားလက်မှတ်ဝယ်ဖို့ ကားဂိတ်သွား၊ ကားက စောင့်ရဦးမယ်၊ မစောင့်ချင်၊ လူတစ်ဦးက ဘဲလ်ဂရိတ်သွားမယ့်ကားရှိတယ်၊ လိုက်မလားတဲ့၊ ဒီလို ဆွဲတဲ့ကားတွေလည်းရှိ၊ အဲဒီကားနဲ့ပဲ ပြန်ခဲ့၊ မိုးတွေရွာလာ၊ ကားမောင်းတဲ့သူ စကားများများပြော၊ နားမခံနိုင်၊ သည်းမခံနိုင်လွန်းလို့ ခေါင်းစွပ်နဲ့ကာထား၊ သူ့အသံကြီးက ၀ရုန်းသုန်းကားနားထဲဝင်၊ သူနဲ့ ခရီးသည်အမျိုးသမီးတစ်ဦး အာပေါင်အာရင်းသန်သန်နဲ့ပြော၊ အမျိုးသမီးက ဘဏ်မှာလုပ်၊ ဒါတော့ နားလည်လိုက်သေး၊ ကားမောင်းတဲ့သူက ပင်စင်ယူပြီး ချားချပ်ခ်နဲ့ ဘဲလ်ဂရိတ် စနေ၊ တနင်္ဂနွေနေ့မျိုးမှာ ဒီလို ခရီးသည်တွေရှာ၊ နဲရှောကိုမေးကြည့်တော့ အစိုးရအကြောင်းပြစ်တင်ပြောဆိုနေကြတယ်တဲ့၊
အော် ... ဒီလိုကြောင့်ကိုး .... ၊
ကြားရတာ ခေါင်းကိုက်၊
---------------------------------
ဒီလိုနဲ့ ချားချပ်ခ် ခရီးစဉ်တစ်ခု ပြီးခဲ့လိုက်။

ဓါတ်ပုံတွေကြည့်ချင်ရင် ...

Friday, September 24, 2010

မေတ္တာရိပ်မှာ နားခိုစေသူ မော်နီကာဘရုခ်နာ

ဆားရ်ဘီးယားနိုင်ငံရဲ့မြောက်ပိုင်း ဘဲလ်ဂရိတ်မြို့ကနေ ၆၅ ကီလိုမီတာလောက်ဝေးတဲ့ ဂျော်ဂျီဗိုရွာ(Đurđevo)လေးဆီသွားကြမလို့ စက်တင်ဘာ ၁၁ရက်နေ့ စောစောအိမ်ကထွက်ခဲ့ကြတယ်၊ အဲဒီမှာ SOCIETY FOR THE PROTECTION OF ANIMALS AND NATURE  ခြံတစ်ခုရှိတယ်၊ အဲ့ဒီခြံမှာ ပွဲတော်နေ့လေးလုပ်ဖို့ရှိတယ်တဲ့၊  ကလေး၊ လူကြီးစိတ်ဝင်စားသူအားလုံး လာကြဖို့ ဖိတ်တယ်၊ ခွေး၊ ကြောင် အကောင်ပလောင်ချစ်တဲ့ ကျွန်မကို နဲရှောက အဲဒီအကောင်လေးတွေအကြောင်းပြောပြီး စည်းရုံး ပါတယ်၊ ကျွန်မတို့လည်းသွားဖို့ပြင်တော့ နဲရှောသူငယ်ချင်းတစ်ယောက်က ညကတည်းက ဖုန်းဆက်တယ်၊ သူလည်း လိုက်ခဲ့မယ် ပြောတယ်၊ တိရစ္ဆာန်အကောင်ပလောင်တွေ သေးသေးကနေ မြည်း၊ မြင်းအထိ ရှိတယ် ဆိုတော့ အဲ့ဒီသူငယ်ချင်းရဲ့ သားလေးကလည်းလိုက်ချင်တယ်တဲ့၊ နောက် မာရီယာဆိုတဲ့ သူငယ်ချင်းတစ်ယောက်လည်း လိုက်မယ်၊ အားလုံး ငါးယောက် ပေါ့၊ ဗလာဒန်နဲ့ သားလေးအမည်က လာဇာ့ (ခရစ်ယာန် ကျမ်းစာထဲကအမည် လာဇရု)သူတို့အခေါ်ဝေါ်က လာဇာ့လို့ခေါ်ကြတယ်။

Monday, September 20, 2010

မေမေ ... ကြောက်တယ် !!

ချစ်စရာ .. သနားစရာ .. ရယ်စရာ


fb မှာ သူငယ်ချင်းတစ်ယောက် share ထားတာတွေ့လို့ပါ။

Wednesday, September 15, 2010

ခဏလေးပါ .. ရပ်ပါဦးလို့ .. ကျွန်မအိမ်ရှေ့မှာ

စစ်ပွဲတွေအကြောင်းဖတ်ရတာ ကိုယ့်ဘာသာတောင် ခေါင်းမူးလာတယ်။
အဲဒါနဲ့ပဲ ... သီချင်းနားထောင်ရပြန်ရော



ငယ်ငယ်ကကြားဖူးတာ .... အဲဒီလို

♫ ခဏလေးပါ ရပ်ပါဦးလို့ ကျွန်မအိမ်ရှေ့မှာ.. (ရပ်)
ပိုစ့်ကတ်စာလေးတွေဝေတဲ့အခါ ..
ဒီလိုနေ့တိုင်းနေ့တိုင်း စောင့်စားနေ .. (လွမ်းဆွေး)
သနား သနား ရင်မှာ သနား ..
စာတွေစစ်ကြည့်ပါဦးနော် မှားသွားမှာ သိပ်ကြောက် ♫

♫ စာရောက်မယ့်ရက် စောင့်နေရင်း  ..
စိတ်မှာတုန်လှုပ် စိတ်မထိန်းနိုင် ..
ဘယ်တော့မှ မပါဘူး..
သိပ်ကိုဆိုးတယ် မဖြစ်နိုင် ..
စောင့်ခဲ့ ရက်လ နှစ်များ ကြာညောင်း ♫

♫ ဟေ .. ဒီမှာ မင်းစာ ရောက်လာပြီ ..
ဒီလို ပြောမလား ... ♫

♫ စက်ဘီး ကို ခဏလောက်ရပ်လို့ .. ခဏလောက်ရပ်လို့  ♫
ဟေး .. ဟေး .. ဟေး  Mr.Postman ♫

ဘယ်သူဆိုတာလည်း မသိတော့ပါဘူး၊ ငယ်ငယ်ကတော်တော် နာမည်ကြီးခဲ့တာ။

ပျောက်ဆုံးနေသော ဘ၀များ

Missing Lives Photo Exhibition Kalemegdan Fortress, in front of Cvijeta Zuzoric Gallery
International Committee of the Red Cross (ICRC) က စီစဉ်ပြုလုပ်ခဲ့တဲ့ Missing Lives ဓါတ်ပုံပြပွဲကို အခုအခါ ပန်းခြံအဖြစ်ပြသဖွင့်လှစ်ထားတဲ့ ကလဲမက်ဂ်ဒန်ခံတပ်(Kalemegdan) မှာ သြဂုတ်လ ၂၃ ရက်နေ့ကစတင်ပြုလုပ်ခဲ့ပါတယ်၊ သြဂုတ်လ ၃၀ ရက်နေ့ - အပြည်ပြည်ဆိုင်ရာပျောက်ဆုံးသူများနေ့ (International day of Disappeared) အတွက်ပြသခဲ့တယ်၊

Missing Lives ဓါတ်ပုံပြပွဲအစီအစဉ်များ
ဘဲလ်ဂရိတ် -    ၂၃ သြဂုတ် - ၆ စက်တင်ဘာ – Kalemegdan Fortress, in front of Cvijeta Zuzoric Gallery
ဆာရာရေဗို -    ၃၀ သြဂုတ် - ၁၂ စက်တင်ဘာ ၂၀၁၀ – Trg Djece Sarajeva
ပရစ်တီးနား -    ၁၄ - ၂၄ စက်တင်ဘာ ၂၀၁၀ - Mother Theresa square
မိုစတား -    ၂၀ စက်တင်ဘာ - ၄ အောက်တိုဘာ – Spanski Trg
ဘန်ရာလူကာ -    ၁၁ - ၂၅ အောက်တိုဘာ – Bana Milosavljevica
ဇာဂရက်ဘ် -    ၁ - ၁၅ နိုဝင်ဘာ ၂၀၁၀ – Trg Strossmayer
စထရပ်စ်ဘော့ဂ် - ၄ - ၈ အောက်တိုဘာ ၂၀၁၀ – Building of the Council of Europe
ဘရပ်ဆဲလ်စ် -     ၂၅ အောက်တိုဘာ - ၆ နိုဝင်ဘာ – Place du Luxembourg (in front of the European Parliament)
အော့တ၀ါ -     ဇန်န၀ါရီ - ဧပြီ ၂၀၁၁ – Canadian War Museum
ဘန်း -         သြဂုတ် - စက်တင်ဘာ ၂၀၁၁ *
အဲဒီဓါတ်ပုံပြပွဲကပြောပြတဲ့ ပျောက်ဆုံးနေသောဘ၀များအကြောင်းတွေကို ပြန်လည်မျှငေပေးလိုက်ပါတယ်။

Wednesday, September 08, 2010

တီတိုရဲ့ ဂူဗိမာန်- House of Flowers (mausoleum)

ပန်းချီပြခန်းကနေ နီးတယ်ဆိုပြီးသွားကြည့်တော့ ၊အချိန်က နာရီဝက်လောက်ပဲရတော့တယ်၊ ညနေ ၄နာရီခွဲမှာ ပိတ်တော့မှာတဲ့၊ ပန်းချီပြပွဲမှာ နေ့လည်ပိုင်းလောက်ထဲက ရောက်နေကြပေမဲ့ အဲဒီမှာပဲ ပန်းချီကားတွေ သေချာလိုက်ကြည့်နေတာနဲ့ အချိန်ကတော်တော်ကုန်သွားတာကြတယ်၊ တီတို ကို ဒီတိုင်းပြည်ကလူတွေက ဆလိုဘော်ဒန် မီလိုရှဗစ်ခ်ျ ထက်ပိုပြီး အလေးထားကြတယ်၊ သူရဲကောင်းတစ်ဦးလိုချစ်ကြတယ်၊ တီတိုအကြောင်းတသသ ပြောကြပါတယ်၊ တီတို အသက်ထင်ရှားရှိစဉ်တုန်းက နိုင်ငံအတော်များများကို ချစ်ကြည်ရေးတွေသွားခဲ့တယ်၊ နိုင်ငံတွေအများကြီးက လက်ဆောင်တွေလဲ တွေ့ခဲ့ရပါတယ်၊ အချိန်က မရတော့ အမြန်ပြေးကြည့်ရင်း၊ အမြန်ရိုက်ရင်း ပတ္တလားတွေ့တော့.. ဟာ .. အဲဒါ မြန်မာမှာလဲရှိတယ်၊ ပတ္တလားလို့ခေါ်တယ်၊ မြန်မာတူရိယာတစ်မျိုးလို့ နဲရှောကိုပြောပြနေရင်းမှ .. တကယ်ကြီး မြန်မာ့ပတ္တလားဖြစ်တော့တာကိုး၊ မြန်မာနိုင်ငံကလက်ဆောင်ပေးထားတာမှန်းသိလိုက်ရတယ်၊ အချိန်မရလို့ အမြန် အမြန်ကြည့်ရလို့ပါ၊ စာကိုအရင်မဖတ်ဖြစ်လိုက်တာ၊ ပြောလို့မရဘူးလေ၊ တချို့နိုင်ငံတွေလည်း ပတ္တလားလို လုပ်ပြီးတီးရင်တီးမှာပေါ့၊ မဟုတ်ဘူးလား။

ဒါလီ ရဲ့ Divine Worlds

စပိန်ပန်းချီဆရာကြီး ဆာလ်ဗာဒိုဒါလီဲရဲ့“Divine Worlds" ပန်းချီပြပွဲကို စက်တင်ဘာ ၃ရက်နေ့ကနေပြီး နိုဝင်္ဘာ ၁၄ရက်နေ့အထိ တနင်္လာနေ့မှအပ နေ့တိုင်း ဘဲလ်ဂရိတ် Museum History of Yugoslavia(MIJ)မှာ ပြနေပါတယ်၊ ဒါလီရဲ့လက်ရာ ဂရပ်ဖစ်ကားပေါင်း ၂၀၀ ကျော်ပြထားတယ်၊ Biblia Sacra and Divine Comedy ရုပ်ပုံလက်ရာတွေပါ၊ စနေနေ့က သွားကြည့်ဖြစ်ခဲ့တယ်။

နှစ်ထပ်အဆောက်အဦ အပေါ်ထပ်မှာ ပြထားပါတယ်၊ အ၀င်ဝမှာ သူ့ရဲ့အမှတ်တံဆိပ် ပန်းပုရုပ်လို့နာမည်ကြီးတဲ့ မဲဝက်စ်နှုတ်ခမ်းဆိုဖာချထားပြီး ဘယ်ညာ ၀င်ပေါက်၊ ထွက်ပေါက်ထားပေးထားတယ်၊ ၀င်ကြေးက ဒီနာ ၄၅၀ (ယူအက်စ်၅ဒေါ်လာကျော်ကျော်)၊ ကျောင်းသူကျောင်းသား၊ ပင်စင်စားနဲ့ ၁၀နှစ်အောက်ကလေးငယ်တွေက ဒီနာ၃၀၀ပဲပေးရပါတယ်၊ ၀င်ဝင်ချင်း ထင်းနေအောင်မြင်ရတာက ဒါလီရဲ့ timeline ပါ၊ ခုနှစ်တွေနဲ့ သူရဲ့ အလုပ်တွေ ရေးထားပါတယ်၊


Tuesday, September 07, 2010

ကွက်လပ်ကိုယ်ခန္ဓာနှင့် တစ္ဆေများ

ပါစကဲဒိုရီရန် ဟာ ဘဲလ်အဲမှာနေပါတယ်။ ဘဲလ်အဲ ကို .. တစ်ချို့လူတွေက ဟေတီနိုင်ငံရဲ့ ဘက်ဂ်ဒက်လို့ခေါ်နေကြတယ်။ ဘဲလ်အဲဧရိယာလေးဟာ ပျက်ဆီးဆုံးပါးမှုတွေနဲ့ ကြမ်းကြုတ်ရက်စက်တဲ့ ၀န်းကျင်ဖြစ်မှန်းမသိ ဖြစ်လာခဲ့ပြီ။ အဲဒီနေရာလေးမှာ အလယ်တန်းကျောင်းသား ကလေးငယ် ရာပေါင်းများစွာက ဒေသတွင်း အနုပညာပြိုင်ပွဲတစ်ခုမှာ ပါဝင်ကြဖို့ အားသွန်ခွန်စိုက် ပုံတွေဆွဲခဲ့ကြတယ်။ သူတို့ဆွဲလိုက်တဲ့ ပုံတွေက .. အမ် ၁၆ မောင်းပြန်ရိုင်ဖယ်သေနတ်တွေရယ်၊ ခေါင်းပြတ်နေကြတဲ့ တုံးတိတိအလောင်းအပိုင်းအစတွေရယ်၊ ရေးထားတဲ့ အညွှန်းစာသားတွေကရော .. “အသုဘအခမ်းအနားစီတန်း လှည့်လည်နေချိန်ကြီး ပစ်ခတ်တိုက်ခတ်တာဟာ ယဉ်ကျေးမှုမရှိပါဘူး” တဲ့။ “ကျွန်တော်တော့ ကျွန်တော့်လက်နက်တွေ ကိုင်စွဲထားဖို့  အူမြူးနေပါပြီ၊ ခင်ဗျားကရော” တဲ့။

ဘဲလ်အဲဟာ တကယ်တမ်းတော့ အလယ်အလတ်တန်းစား ဆင်းရဲသားရပ်ကွက်ငယ်လေးပါ။ အဲဒီမှာ ပရိုတက်စတင့်နဲ့ ကက်သလစ်ဘုရားကျောင်းအနည်းငယ်ရှိတယ်။ ဗူးဒူးမှော်ကျောင်းတွေ၊ စားသောက်ဆိုင်တွေ၊ မုန့်ဖိုတွေနဲ့ အ၀တ်သန့်စင်လုပ်ငန်းတွေ ရှိတယ်။ အင်တာနက်ကဖေးတွေတောင် ရှိနေပါတယ်။ ဘဲလ်အဲမှာ ဂိုဏ်းစတားရန်ပွဲတွေ အစတုန်းကမရှိခဲ့ဘူး၊ ဂိုဏ်းအဖွဲ့တစ်ဖွဲ့တော့ရှိနေခဲ့ပြီ။

Thursday, September 02, 2010

အားလုံးအတွက် .. မေတ္တာလက်ဆောင်


♫♥ ပျို ပျိုခင် မေတ္တာရွှေလက်ဆောင် ♫♥ ထာ ထာဝစဉ် သစ္စာသွေမပျက်ပေါင် ♫♥

♫♥ သေအတူ ရှင်မကွဲ ရိုးမြေကျအောင် ဆယ်ကမ္ဘာကုန်သော်လည်း ချစ်မယ်မောင် ♫♥

လိုက်ဆိုကြည့်တာ အသံတောင်ဝင်တယ် :D

Saturday, August 28, 2010

Show Them to me ! Have Fun


come on girls ! I'd like to shake your daddy's hand :D

အမေရိကန်ဟာသသရုပ်ဆောင်၊ ကန်းထရီးဂီတအဆိုတော် ရောဒ့်နေးကာရင်တန်(Rodney Scott Carrington)ရဲ့ ၂၀၀ရခုနှစ်က ထွက်ရှိခဲ့တဲ့ King of the Mountains အယ်လ်ဘမ်ထဲက Show Them to me ဆိုတဲ့ သီချင်းပါ။

facebook မှာ သူငယ်ချင်းတစ်ယောက်တင်ထားတာတွေ့တာနဲ့ မျှဝေလိုက်ပါတယ်၊
အားလုံးရယ်မောပျော်ရွှင်နိုင်ကြပါစေ။

Oh it seems to me this whole world's gone crazy
There's too much hate and killin goin on
But when I see the bare chest of a woman
My worrys and my problems are all gone
No one thinks of fightin, when they see a topless girl
Baby if you would show yours too, we could save the world

Show them to me, show them to me
Unclasp your bra and set those puppies free
They'd look a whole lot better without that sweater baby I'm sure you'll agree
If you got, two fun bags,
Show them to me

I don't care if they don't match or ones bigger than the other
You could show me one, and I'll imagine the other
Even if you're really old, theres nothing wrong
Don't be sad your boobs ain't bad, they're just a little long

Show them to me, show them to me
Lift up your shirt and let the whole world see
Just disrobe, show your globes and a happy man I'll be
If you got, dos chichi's,
Show them to me

I've met a lot of them, but never one I've hated
Even if you've had thirteen kids and you think they look deflated
Theres no such thing as a bad breast, I believe this much is true
If you're a big fat man I'm a titty fan and I'd love to see yours toooo

Show them to me, show them to me
Just like the girls gone wild on T.V.
Just lean back and show your rack and I'll be in ecstasy
If you got two casabas
Show them to me

All the world will live in harmony
It'll do you good, it'll give me wood, we'll make history
If you love your country, I'm gonna say it one more time,
I said if you love your country yea
Then stand your ass up and show them big old titties to me