Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, May 18, 2015

ရင်နင့်စဖွယ် လဲပြိုပြီးတဲ့နောက်မှာ

Before and After
(a)
ခတ္တမန်ဒူရဲ့ ကိုးဆင့် Dharahara မျှော်စင် ၂၀၁၃ ဇူလိုင် မှာမြင်တွေ့ရပုံ။

အုတ်သားအကျိုးအပဲ့တွေနဲ့ Dharahara ကို ၂၀၁၅ ဧပြီ ၂၅ စနေနေ့ မှာ ရင်နင့်စဖွယ်။ မျှော်စင်ကို ၁၈၃၂ ခုနှစ်မှာ တည်ဆောက်ခဲ့ပါတယ်။
(b)
**************************

(a)
Swayambhunath Stupa (မျောက်ဘုရားကျောင်း) နီပေါနိုင်ငံ ခတ္တမန်ဒူမှာ တည်ရှိပါတယ်။
ဒီပုံက ၂၀၁၃ မေ လကပါ။

မျောက်ဘုရားကျောင်းအပျက်အစီး၊ ငလျင်လှုပ်ခတ်ခဲ့ပြီး နောက်တစ်နေ့မှာ .....
(b)
**************************

(a)
၂၀၀၈ ခုနှစ် နိုဝင်ဘာတုန်းက Basantapur Durbar ရင်ပြင်


ဧပြီ ၂၅ ကလှုပ်ခတ်ခဲ့တဲ့ ၇.၈ ရစ်ခ်ျတာစကေး ငလျင်ကြောင့် Durbar ရင်ပြင်ဟာ  ပြိုပျက်ခဲ့ပါတယ်။
(b)
**************************

(a)
Pashupatinath ဟိန္ဒူဘုရားကျောင်း ကို ၂၀၁၄ ဇွန်လမှာမြင်တွေ့ရပုံ

ငလျင်ကြောင့် ထိခိုက်သေဆုံးခဲ့ရသူတွေ မီးသဂြိုဟ်တဲ့နေရာ အဖြစ်
(b) 
**************************

(a)
ခတ္တမန်ဒူကနေ ၅.၅ မိုင် အကွာမှာတည်ရှိတဲ့ Patan Durbar ရင်ပြင်ကို ၂၀၁၄ ဧပြီ ၁၃ ရက်နေ့ကတွေ့ရပုံ။

လဲပြိုကျခဲ့တဲ့ ဘုရားကျောင်း။ အပျက်အစီးများခဲ့ပါတယ်။ အဓိကအဆောက်အဦတွေဖြစ်တဲ့ Krishna ဘုရားကျောင်း၊ Vishwanath ဘုရားကျောင်းနဲ့ Bhimsen ဘုရားကျောင်းတွေအပါအဝင် ထိခိုက်ပျက်စီးမှုများလွန်းလှပေမဲ့ ပကတိအတိုင်း ပြန်လည်ရှင်သန်ဖို့ မျှော်လင့်နေကြတယ်။
(b)

နီပေါနိုင်ငံ ခတ္တမန်ဒူမြို့တော်မှာ ဧပြီ ၂၅ ရက်နေ့က ရစ်ခ်ျတာစကေး 7.8Mw ဒါမှမဟုတ် 8.1Ms ငလျင်လှုပ်ခတ်ခဲ့တော့ ခတ္တမန်ဒူတစ်ဝိုက်က နီပေါရဲ့အကျော်ကြားဆုံးစေတီပုထိုးတွေဟာ တစ်စစီဖဲ့ခြွေချခံရလိုက်ရတယ်။ အပိုင်းပိုင်းအပြတ်ပြတ် ပဲ့ကျွေသွားခဲ့ကြပြီး အုတ်ကျိုးအုတ်ပဲ့တွေဖုံးကာနေတဲ့ သစ်ချောင်းသစ်ပိုင်းအစုအပုံတွေလို ပြောင်းလဲကုန်ကြတယ်။ လက်နဲ့ထွင်းထုထားတဲ့ သစ်သားပန်းပုရက်မတွေလည်း ပဲ့ထွက်ကုန်တယ်။ အဆင့်ဆင့်တည်ဆောက်ထားတဲ့အမိုးတွေလည်း ကွဲကြေကုန်ကြတယ်။ ဒါပေမဲ့ ခတ္တမန်ဒူချိုင့်ဝှမ်းထဲက တခြား စေတီပုထိုးတွေ၊ အထွတ်အမြတ်ထားရာဗိမာန်တွေဟာ များသောအားဖြင့် အုတ်သားနီနီနဲ့ လွန်ခဲ့တဲ့နှစ်ရာပေါင်းများစွာက တည်ဆောက်ထားခဲ့ကြတာပါ။ အဲဒီမှာ အပျက်အစီးနည်းနည်းထိခိုက်ခဲ့တာ အံ့အားသင့်စဖွယ်တွေ့ရတယ်။ လုံးဝပျောက်ကွယ်ပြိုလဲကုန်တာမဟုတ်ဘဲ အကောင်အထည်ကျန်ရှိနေသေးတယ်လို့ ပြောနိုင်ပါတယ်။

            အဆိုးဆုံးဗိသုကာလက်ရာဆုံးရှုံးမှုမှာ ခံ့ညားထည်ဝါလှတဲ့ Shiva ဘုရားကျောင်း စေတီပုထိုးနဲ့ အမွှာစေတီ Narayan တို့ပါ။ အဲဒီစေတီတွေဟာ ခတ္တမန်ဒူရဲ့ အဓိက Durbar ရင်ပြင်မှာ တည်ရှိနေခဲ့ကြတာပါ။ ၁၉၆၀ ခုနှစ်နောက်ပိုင်းတွေမှာ အနောက်နိုင်ငံက ဟစ်ပီခရီးသွားတွေဟာ ခတ္တမန်ဒူရှိရာ ရောက်ရှိလာကြပြီး Shiva စေတီရဲ့ကျယ်ပြန့်တဲ့နေရာ၊ အဆင့် ၆ ဆင့်ရှိရာ ပန်းတည်ခုံမှာ ထိုင်ပြီး အလွှာ ၃ထပ်ပါအမိုးအရိပ်အောက်မှာ နေရာယူအနားယူကြတယ်။ ဆေးခြောက်ရှုရင်း အလွန်မြင့်မားလှတဲ့မြင်ကွင်းနဲ့ မြို့ကို စီးမိုးကြည့်ရှုရင်း ကြည်နူးရွှင်မြူးခဲ့ကြတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ ဘုရားစေတီနှစ်ဆူလုံးဟာ ပွတ်တိုက်ဖျက်စီးခံလိုက်ရသလို ရင်နင့်စဖွယ် အုတ်သားအစုအပုံဖြစ်နေခဲ့ပါပြီ။ အုတ်သားအကျိုးအပဲ့တွေကို ဘူလ်ဒိုဇာနဲ့ လမ်းကြောင်းဖော် ရှင်းထုတ်ပေးနေရတယ်။ မျက်မြင်သက်သေတွေပြောကြတာက စိတ်ချောက်ချားတုန်လှုပ်စရာမြင်ကွင်းပဲတဲ့။ အမြင်ရော စိတ်ပိုင်းဆိုင်ရာပါ ပြန်လည်အစားထိုးမရနိုင်တဲ့ ဆုံးရှုံးမှုလို့ပြောပြကြတယ်။

            Shiva ဘုရားကျောင်းဟာ နှစ်ပေါင်း ရာပေါင်းများစွာ သက်တမ်းကြာမြင့်ခဲ့ပါပြီ။ မပျက်စီးခင်တုန်းက လန်ချားမောင်းသူတွေ၊ ကူလီသမားတွေနဲ့ တချို့လူတွေဟာ ခရီးသည်စောင့်ဆိုင်းရင်း ဘုရားကျောင်းပတ်လည်က ရေတံလျှောက်တွေမှာ ဆီးသွားတတ်ကြတယ်။ နည်းနည်းပိုပြီး နိမ့်တဲ့ အမိုး ၃ ထပ်နဲ့ Narayan စေတီမှာ ဟင်းသီးဟင်းရွက်ရောင်းချသူတွေရှိနေတတ်ကြတယ်။ ဘုရားကျောင်း ငါးလွှာအောက်ခြေကွက်လပ်မှာ သူတိုရဲ့အစားအစာတွေကို ခင်းကျင်းပြသထားလေ့ရှိပါတယ်။ စေတီပုထိုးနှစ်ဆူလုံးက လူထူထူအတွက် ပလက်ဖောင်းတွေလိုပဲ။ တိုးဝှေ့နေကြတဲ့ နီပေါသားတွေနဲ့ နိုင်ငံခြားသားတွေဟာ အဲဒီနေရာမှာ စုရုံးနေတတ်ကြတယ်။ ဘာကြောင့်လဲဆိုတော့ စေတီပန်းတည်ခုံဟာ လမ်းမတွေထက်မြင့်မားတာကြောင့် ဟိန္ဒူဘာသာရေးအခမ်းအနားတွေနဲ့ တခြားလှုပ်ရှားမှုတွေကို အကောင်းဆုံးမြင်ကွင်းနဲ့ တွေ့မြင်နိုင်ကြတယ်။ အဲဒီ အထင်ကရအဆောက်အဦနှစ်ခုဟာ နီပေါရဲ့ ဟိန္ဒူအပျိုစင်နတ်သမီး(ကုမာရီ) အဆောင်ရှေ့မှာရှိကြတယ်။ အရှေ့ဘက်မှာ အုတ်သား၊ ရုပ်ထု နဲ့ သစ်သားပန်းပုရုပ်တွေနဲ့ တန်ဆာဆင်ထားတာတွေ ငလျင်လှုပ်ခါမှုကနေ ရှင်သန်ကျန်ရစ်နေကြတယ်။ အတွင်းဘက်ဝင်းထဲ၊ အခန်းတွေထဲမှာ ဘေးကင်းရဲ့လား ချက်ချင်းတော့ မသိနိုင်ကြသေးပါဘူး။

            မြို့လယ်ပိုင်းက Durbar ရင်ပြင်မှာ များပြားလှတဲ့စေတီပုထိုးတွေ pancake ချပ်တွေလို ပြိုကျပျက်စီးသွားချိန်မှာ ခတ္တမန်ဒူအစွန်အဖျားပိုင်း Patan မြို့လေးထိခိုက်ခံစားရပုံကလည်း ကြောက်မက်ဖွယ်ရာပါ။ အဲဒီအချိန်တခြားနေရာတွေမှာ လှုပ်ရှားရုံ အက်ကြောင်းထင်ရုံလောက် အနေအထားရှိခဲ့ကြတယ်။ Sundari Chowk ဘုရားကျောင်း အပါအဝင် ကံကောင်းလှစွာ ပြိုလဲမသွားဘဲကျန်ရစ်နေခဲ့တဲ့နေရာတွေရှိပါတယ်။ ကံကောင်းလွန်းတဲ့ မြင့်မြတ်တဲ့အဆောက်အဦ ၃ ခုဖြစ်ကြတဲ့  မီးခိုးရောင်ကျောက်သားနဲ့ Mogul (Mughal)မင်းဆက်လက်ရာလွှမ်းမိုးတဲ့ Krishna Mandir ၊ အဝင်ဝမှာ ကြီးမားလှတဲ့ ဆင်ပုံကျောက်တုံးတွေနဲ့ ၁၇ာရာစုက Bishwa Nath Mandir နဲ့ အနီးအနားမှာ အရွယ်သိပ်မကြီးလှတဲ့ ၁၇ရာစုက စေတီ Bimsen Mandi (ကုန်သည်တွေရဲ့ ဘုရား) တို့က မပျက်ယွင်းဘဲ ကျန်ရစ်ကြတယ်။

            ခတ္တမန်ဒူကနေ မိုင်ပေါင်းများစွာကွာဝေးတဲ့နေရာမှာရှိတဲ့ ခမ်းနားထည်ဝါလှတဲ့ Bhaktapur မြို့လေးပျက်စီးခဲ့တဲ့အဆင့်ကို ချက်ချင်းအတည်ပြုလို့ မရနိုင်သေးပါဘူး။ ပြုပြင်ထိန်းသိမ်းမှုတွေဟာ နှစ်ရှည်လများအချိန်ယူရဦးမှာပါ။ နိုင်ငံခြားသားတွေနဲ့ ဒေသခံ artist တွေရဲ့ အကူအညီ၊ ငွေကြေးထည့်ဝင်မှုတွေရှိတာ ဝမ်းမြောက်စရာပါ။ မြို့လေးပြုပြင်ထိန်းသိမ်းဖို့ ကုန်ကျစရိတ်ကို မြို့လယ်ပိုင်း ပြုပြင်မွမ်းမံနေတဲ့ ဘုရားကျောင်း၊ စေတီပုထိုးနဲ့ ဗိမာန်နေရာတွေဆီ ကမ္ဘာလှည့်ခရီးသည်တွေ ကြည့်ရှုခွင့်ပြုထားရာက ရတဲ့ဝင်ကြေးနဲ့ အသုံးပြုကြပါလိမ့်မယ်။ ဗဟိုစေတီမှာတောင် စားသောက်ဆိုင် တစ်ခု တည်ဆောက်ထားပါတယ်။ အစားအသောက်စားရင်း အဲဒီနေရာတွေကို ကြည့်ရှုနိုင်ကြမှာပါ။ ခတ္တမန်ဒူချိုင့်ဝှမ်းထဲက Boudhanath စေတီကို တိဗက်လူမျိုး ဗုဒ္ဓဘာသာဝင်ဒုက္ခသည်တစ်ဦးက တည်ထားခဲ့တာပါ။ သူ့ရဲ့ဇာတိမြေကို တရုတ်တွေသိမ်းပိုက်ခဲ့တော့ ဟိမဝန္တာတောင်တန်းတွေတစ်လျှောက်ဖြတ်ပြီး ခြေကျင်ထွက်ပြေးခဲ့ရတယ်။ စေတီကို လာရောက်ကြည်ညိုကြသူတွေဟာ စေတီအောက်ခြေက prayer wheel တွေလည်နေချိန်၊ တရားတော်ဆုတောင်းရွတ်ဆိုပြီး တစ်ပတ်လမ်းလျှောက်ဖူးမျှော်ကြလေ့ရှိတယ်။ ခတ္တမန်ဒူ အစွန်အဖျားပိုင်း တောင်ထိပ်ပေါ်က Swayambhunath ဘုရားကျောင်းအပါအဝင် ဟိန္ဒူ နဲ့ ဗုဒ္ဓဘာသာ ဝတ်ပြူဆုတောင်းရာ တခြားကျော်ကြားတဲ့နေရာတွေ ဘယ်လောက်ပျက်စီးလည်း သတင်းအတိအကျမရနိုင်သေးပါဘူး။ အဲဒီအဆောက်အဦနေရာကို မျောက်ဘုရားကျောင်းလို့ လူသိများကြတယ်။ ဘာကြောင့်လဲဆိုတော့ ခပ်ဆိုးဆိုးမျောက်တွေဟာ ဘုရားကျောင်းတောင်ကုန်းပေါ်က သစ်ပင်တွေများနေထိုင်ပြီး အကောင်ငယ်လေးတွေကို ကြမ်းကြမ်းတမ်းတမ်းခြောက်လှန့်ကြတာကြောင့်ပါ။ အဲဒါကို ကြောက်ရွံ့ကြတဲ့ ဘုရားဖူးခရီးသည်တွေဟာ ဘုရားကျောင်း၊ ဗိမာန်၊ ဈေးဆိုင်နဲ့ ဘုန်းကြီးဇရပ်တွေဆီ သွားတဲ့အခါ ရှည်လျားတဲ့စောင်းတန်းကနေ လမ်းလျှောက်တက်ကြရပါတယ်။

            ခတ္တမန်ဒူ လေဆိပ်အနီးက Pashupatinath ဘုရားကျောင်းဝန်းရဲ့ ကံကြမ္မာလည်း ဘယ်လိုရှိခဲ့တယ် မသိသေးပါဘူး။ Pashupatinath စေတီပုထိုးတွေနဲ့ ဗိမာန်ခါးပန်းတွေမှာ နီပေါသားတွေရဲ့အသုဘရှုဆုတောင်းကြတဲ့ နေရာဖြစ်နေခဲ့ပြီ။ အရိုးပြာတွေ မြစ်ကျဉ်းကျဉ်းလေးဆီ မစွန့်ပစ်ခင်လေးမှာ သေဆုံးသူတွေရဲ့အခေါင်းတွေမီးသဂြိုဟ်ရာက ထွက်ပေါ်လာတဲ့မီးခို့ငွေ့တွေ ပျံ့လွင့်နေတယ်။ အဲဒီအနားတဝိုက်မှာ ဝတ်ပြုဆုတောင်းသံတွေနဲ့အတူ မီးခိုးငွေ့တွေ ဝေ့ဝဲနေကြတယ်။         ။

Source: Fallen: Nepal's historic landmarks after the quake By Richard S. Ehrlich | CNN

ဖြိုးဖြိုး
(Living Fashion Magazine, June, 2015)

1 comment:

ဆုမြတ်မိုး said...

စိတ်မကောင်းလိုက်တာ မဖြိုးရယ်..း(