Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Friday, August 29, 2014
သံလွင်စိမ်းဝါ ကမ်းခြေပြာပြာ ကော်ဖူးကျွန်းလေးမှာ ( ၃ )
အပိုင်း (၃)
Grand Island Tour
Panagia Vlacherna Church
Grand Island Tour ကတော့ ကော်ဖူးကျွန်းတစ်ပတ် tour bus နဲ့ သွားကြတာပါ။ Grand Island Tour မှာတော့ သြစတြီးယားဘုရင်မ Sisi တည်ဆောက်ခဲ့တဲ့ Achilleion နန်းတော်၊ ကော်ဖူးကျွန်း အနောက်မြောက်ကမ်းခြေမြို့လေး Paleokastritsa ကမ်းခြေ၊ Virgin Mary ကို ရည်စူးတည်ဆောက်ထားခဲ့တဲ့ Byzantine ခေတ် Paleokastritsa Monastery နဲ့ ရှုမျှော်ခင်းလှလှ Mouse Island စတဲ့ ခရီးစဉ်တွေပါဝင်ကြတယ်။
Wednesday, August 27, 2014
သံလွင်စိမ်းဝါ ကမ်းခြေပြာပြာ ကော်ဖူးကျွန်းလေးမှာ ( ၂ )
အပိုင်း (၂)
Blue Lagoon Boat Trip က တစ်ရက်ခရီးပါ။ မနက် ၈ နာရီခွဲလောက် တည်းတဲ့ apartment ဘေးနားမှာ လာကြိုမယ့်ကားကိုစောင့်ကြတယ်။ Boat Trip လက်မှတ်ရောင်းတဲ့အေးဂျင့် ဗန်ဂလိစ် ကပဲ သူ့ကားနဲ့ သပ်သပ်လာခေါ်ပြီး ကော်ဖူးကျွန်းရဲ့ အရှေ့ဘက်ကမ်းခြေပတ်လမ်းတစ်လျှောက် နောက်ထပ် မိုရေတီကာရွာကိုဖြတ်ကာ မက်ဆွန်ဂီ(Messongi)ရွာလေးကိုရောက်ကြတယ်။ (တည်းခိုတဲ့နေရာ အနီးမှာပဲ ကော်ဖူးကျွန်းခရီးစဉ်လက်မှတ်တွေရောင်းတဲ့ ဗန်ဂလိစ်ရဲ့ ရုံးခန်းလေးရှိတယ်။ အဲဒီကိုပဲ သွားကြည့်ပြီး ကြိုက်တဲ့ခရီးစဉ်အတွက် လက်မှတ်ဝယ်လိုက်ကြတာပါ။) ကမ်းခြေရွာလေးတွေဆိုပေမဲ့ ကမ္ဘာလှည့်ခရီးသည်တွေအသွားအလာများတဲ့ စီးပွားရေးကောင်းကြတဲ့ရွာလေးတွေဆိုတော့ အဆောက်အဦတွေ အိမ်တွေဟာ ချစ်စရာလှလှပပ အဖြူရောင်ဆေးများများ၊ ပန်းပင်လေးတွေဖူးပွင့်ဝေဆာ ခပ်လှလှတဲ့ရွာလေးတွေပါ။ မက်ဆွန်ဂီမြို့လေးရဲ့ ဆိပ်ကမ်းမှာ ဒီနေ့ခရီးစဉ်အတွက်မောင်းနှင်မယ့်လှေက စောင့်နေတယ်လို့ ဗန်ဂလိစ်ကပြောပါတယ်။ ဆိပ်ကမ်းကိုသွားတော့ Messonghi Beach Corfu ဟိုတယ်ဝန်းထဲကနေဖြတ်သွားကြပါတယ်။ မက်ဆွန်ဂီကမ်းခြေဟိုတယ်အဝင်ဂိတ်ကနေ ဟိုတယ်အဆောက်အဦရောက်အောင် တော်တော်လမ်းလျှောက်ရပါတယ်။ ဟိုတယ်ရှေ့ကွင်းပြင်မှာ သံလွင်ပင်တွေချည့်ပဲ အကွာအဝေးညီညီမျှမျှ စိုက်ထားကြတယ်။ သံလွင်ပင်တွေရဲ့သဘာဝအရ အရွက်များများ အရိပ်လည်းရနိုင်ပေမယ့် အဲဒီဟိုတယ်ရှေ့က သံလွင်ပင်တွေကတော့ အရွက်နည်းပါးလှတယ်။ အရွက်အကိုင်းတွေဖြတ်တောက်ထားမလားတော့ မသိနိုင်ပါဘူး။ အပင်တွေက ပင်ပျိုပုံစံမျိုးတော့လည်းမဟုတ်လှတော့ အရွက်အကိုင်းတွေဖြတ်တောက်ထားတယ်ဆို နှမြောစရာလို့တွေးမိလိုက်သေးရဲ့။
Tuesday, August 26, 2014
တိတ်တိတ်လေး ရင်ထဲ
ဖေဖေ ကွယ်လွန်တာ (၈)လပြည့် ပျဉ်းမနား၊ ဇေယျသိန်ကျောင်းမှာ ဆွမ်းကပ် ကုသိုလ်ပြုပါတယ် တဲ့
မမဥမ္မာမှ
စာရွေးတံဆွမ်း
ဝါခေါင်လကွယ်
မဟာဒုတ်စာရွေးတံမဲ
နိဗ္ဗာန်ကိုရည်မှန်း
သံဃာတော်ရှင်သူမြတ်တို့အား
လှူဒါန်းသည့်ပွဲ၊
လူမစုံပေမဲ့
ဆွမ်း ခဲဘွယ် အချိုအချဉ် ဝတ္ထု
ကြည်ညိုပုံအစုစုနှင့်
ကုသလအထုထုကို
အဝေးရောက်
သည်မောင် သည်ညီမလေးတွေကိုဖြင့်
ထပ်တူပြု ရစကြောင်း
တောင်းဆုချွေဆဲ။     ။
မမဥမ္မာမှ
ဘာလိုလိုနဲ့ ဖေဖေဆုံးခဲ့တာ (၈)လတောင် ဖြတ်သန်းသွားခဲ့ပြီးပြီ။
သတိရပါတယ်။
လွမ်းဆွတ်ပါတယ်။
Facebook သုံးရင်း တစ်ခါတစ်လေ ကိုယ့် wall ကိုကြည့်မိရင်း Photos ထဲဝင်ကြည့်မိရင်း ...
ကိုယ့်ရဲ့ Albums တွေထဲက မိသားစုဝင်တွေကိုပဲ private share လုပ်ထားတဲ့ the 3rd Leaf ဆိုတဲ့ အယ်လ်ဘမ်ကို အကြည့်တွေရောက်သွားလိုက်တိုင်း နီညိုညိုခြုံလွှာလေးအောက်က ခပ်ဆန့်ဆန့်ပက်လက်အနေအထား ခန္ဓာတစ်ခုပုံစံမြင်လိုက်တိုင်း အဲဒါဟာဖေဖေ၊
အဲဒါ ဖေဖေဆုံးသွားခဲ့တုန်းက အသက်မဲ့သွားခဲ့တုန်းက ဆိုတဲ့အတွေးနဲ့ အတူ ဘယ်လိုမှန်းမသိ နင့်ခနဲ ဝမ်းနည်းသွားတဲ့ခံစားမှုဝင်လာတတ်မြဲ။
သနားခြင်းကြီးစွာလည်းဖြစ်ရမြဲ။
အဲဒီအချိန်မတိုင်ခင်လေး ဘယ်လောက်ပဲ စိတ်တွေကြည်လင်ပျော်ရွှင်နေခဲ့ပါစေ the 3rd leaf ကို အကြည့်တွေရောက်သွားလိုက်တိုင်း တစ်ခါမှမခံစားဖူးတဲ့ နင့်နင့်နဲနဲခံစားချက်မျိုး အမြဲပဲဖြစ်တယ်။ ကြည့်လိုက်မိတိုင်း အကြိမ်တိုင်းဖြစ်တယ်။ လျော့သွားတယ်ဆိုတာမရှိ။ အမြဲတမ်းပြင်းတဲ့ ခံစားချက်မျိုး။
ဒါပေမဲ့ အမြဲတမ်းနင့်နင့်နဲနဲဖြစ်နေရင်တော့ အလုပ်မဖြစ်ဘူး ဖေဖေ။
သမီးက မိသားစုနဲ့အဝေးမှာ နေရတဲ့သူမဟုတ်လား။ စိတ်ပျော့ပြီး ဝမ်းနည်းအားငယ်နေမယ်ဆိုရင် သမီးရှေ့ဆက်ရမယ့်ဘဝအတွက် ခြေလှမ်းတွေလည်း ယိုင်နဲ့ကုန်မယ်။
စိတ်မကောင်းစရာတွေ သိပ်မကြိုက်လို့ ဘဝသရုပ်ဖော် ဝတ္ထုမျိုး သမီး မဖတ်ချင်ခဲ့ဘူး။ လွမ်းလွမ်းဆွေးဆွေးရုပ်ရှင်မျိုးတွေတောင် သမီး ဘယ်တော့မှမကြည့်ဘူး။ အဲဒီအစား ကာတွန်းကားတွေ၊ သိပ္ပံဆန်းကြယ်ကားတွေကြည့်တယ်။ ကမ္ဘာကြီးပေါ်က အဆက်မပြတ်လှုပ်ရှားနေတဲ့သတင်းတွေကို စောင့်ကြည့်တယ်။ ဝမ်းနည်းနေရမယ့်ခံစားချက်မျိုးကို မကြိုက်ခဲ့လို့ပါ။
ပြင်းထန်တဲ့ခံစားချက်တွေ တသသ မွေးမြူပြုစုပြီး ဖေဖေ့ကိုလွမ်းနေလို့မရဘူး။ ဖေဖေကလည်း ပျော်ပျော်နေတတ်ခဲ့တဲ့သူပဲမဟုတ်လား။ ဘယ်တော့မှ စိတ်ညစ်မခံဘူး။ လူတွေကို ယုံတယ်။ လူတွေကို ချစ်တတ်တယ်။
မိသားစုတွေဝမ်းနည်ကျန်နေမှာကိုလည်း ကြိုက်မယ်မထင်ဘူး။ သမီးလည်း လူတွေကို ယုံပေးပါတယ်။
လူတွေကို ချစ်ပါတယ်။
သမီး ပျော်အောင်နေပါတယ်။ လှိုက်လှိုက်လှဲလှဲပြုံးတယ်။ စိတ်ပါလက်ပါ ရယ်ပါတယ်။ ကျန်းမာဖို့လည်း ဂရုစိုက်တယ်။ စိတ်ကိုကြည်နေအောင်လည်း ကြိုးစားနေပါတယ်။ လူကောင်းတစ်ယောက်ဖြစ်အောင်လည်း ကြိုးစားပါတယ်။ အမြဲဖေဖေ့ကို လွမ်းမောတသပြီးမနေဖြစ်/ မနေနိုင်ပေမယ့် တတ်စွမ်းနိုင်သလောက် ကြိုးစားနေပါတယ်။ ဒါကိုပဲ ဖေဖေပိုသဘောကျမယ်မဟုတ်လား။
အခု ဖေဖေက ဆုံးပါးသွားပြီ၊ ဖေဖေ့ကိုမပြုစုလိုက်ရလို့ နောင်တတွေရပြီး ဝမ်းနည်းရမယ့်ခံစားချက်မျိုးလည်း မကြိုက်ပြန်ဘူး။
ဖေဖေ့အတွက် ဘာလုပ်ပေးနိုင်မလဲ အခုထိလည်း စဉ်းစားနေတုန်းပဲ။
အဲဒီလို စဉ်းစားနေရင်းနဲ့ပဲ ဖေဖေရှိနေဦးမယ်ဆိုရင် သမီးအတွက် စိတ်ညစ်ရမယ့် စိတ်မချမ်းမသာဖြစ်ရမယ့်ကိစ္စမျိုးဘယ်တော့မှ မဖြစ်စေရဘူး။ အဖေ့ရဲ့ သမီးဟာ ငွေကြေး၊ ဂုဏ် အဲဒါတွေအောင်မြင်နေတဲ့သူ မဖြစ်ရင်တောင် လူကောင်းတစ်ယောက်အဖြစ်တော့ အမြဲရှင်သန်နေထိုင်သွားပါမယ်လို့တော့ တိတ်တိတ်လေး ကတိပေးထားပါတယ်။
တိတ်တိတ်လေးပဲ သတိရပါတယ်။ သွားရေစာမုန့်လေးတွေစားတိုင်း ... ကော်ဖီသောက်ရင်း သကြားပိုထည့်မိသွားရင် တိတ်တိတ်လေး သတိရမိတယ်။
ဖရဲသီးသိပ်မချိုတဲ့အခါ သကြားထည့်စားမိရင် တိတ်တိတ်လေး လွမ်းသွားတယ်။
(ဖေဖေသ သကြား အချိုကြိုက်တတ်တဲ့သူမို့ သမီးတွေက စနောက်ပြီး ဖိုးသကြားလို့ ခေါ်ခဲ့ကြဖူးတယ်။)
မနက်စောစောထမှ ကြိုက်တတ်တဲ့သူ။ မနက်မိုးလင်းတာနဲ့ အိပ်ရာစောစောထ သနပ်ခါးလေးလူးထားမှသဘောကျသူ။ မျက်နှာပြောင်နဲ့နေရင် ဖေဖေကမကြိုက်ဘူး။
*********
ဘာလိုလိုနဲ့ ဖေဖေဆုံးခဲ့တာ (၈)လတောင် ဖြတ်သန်းသွားခဲ့ပြီးပြီ။
သတိရပါတယ်။
လွမ်းဆွတ်ပါတယ်။
Facebook သုံးရင်း တစ်ခါတစ်လေ ကိုယ့် wall ကိုကြည့်မိရင်း Photos ထဲဝင်ကြည့်မိရင်း ...
တိတ်တိတ်လေး ရင်ထဲ နင့်ခနဲ ...
ဖေဖေ တစ်နေ့ထက်တစ်နေ့၊ တစ်လထက် တစ်လ မြင့်မြတ်တဲ့ဘုံဘဝမှာ စံစားနိုင်ပါစေ။
Sunday, August 24, 2014
Ayer's rock
မေမေ့ရဲ့စာ
Ayer’s rock ဆိုတာက  သြစတြေးလျားတိုက်ရဲ့   အထင်ကရ ကျောက်တုံးကြီးပေါ့.သဲကျောက်တွေနဲ့ ဖွဲ့စည်းထားတဲ့ အဲဒီ ကျောက်တုံးကြီးကို တိုင်းရင်းသား အဘောရီးဂျင်း တွေက Uluru လို့  ခေါ်ပြီး ယခုအခါ A world Heritage site  စာရင်းဝင် ရှေးဟောင်းအမွေ အနှစ်  ပစ္စည်း တခု ဖြစ်နေပါပြီ။၁၈၇၀ ခုနှစ် တိုင် လူဖြူတွေ ၀င်ရောက်မလာခင်   ရှေး နှစ်တသောင်း ကတည်း က အဘောရီးဂျင်းတွေ အဲဒီဒေသမှာ နေခဲ့တာပါ။ဒေသခံ  Pitjantjatjara Aboriginals တို့  ပိုင်ဆိုင်တဲ့ နယ်မြေ ဒေသ ဖြစ်ပါတယ်။ 
ကင်ဂရူး။ ကြက်ဆင်။ အီးမူစတဲ့  ငှက် မျိုးစိတ်ပေါင်း၄၆မျိုးတို့  နေထိုင် ကြက်စား ပျော်မွေ့ ကြတယ်။ သဘာဝပေါက်ပင် သစ်ပင် ပန်းပင် များနှင့်လ ည်း စိမ်းစို လန်းဆန်းနေတယ်။၁၈၇၂ခုနှစ်လောက်မှာ အားနက် ဂီလီ နှင့် ၀ီလျှံ ဂို ဆီ တို့ ကနိုင်ငံရပ်ခြား  ကြေးနန်းဆက်သွယ်ရေး စံနစ် ကို အဲဒီဒေသမှာ စတင်ခဲ့တယ်။၁၉ရာစုနှစ် အနှောင်းပိုင်း မှာ သိုးအုပ်များအတွက် စားကျက်မြေကိစ္စနဲ့ ပတ်သက်ပြီး  ဌာနီ လူမျိုးစုများနဲ့  လူဖြူတို့ အကြား ပဋိပက္ခဖြစ် အချင်းများခဲ့ကြတယ်။မိုးခေါင်ပြီး ခြောက်သွေ့ လာတဲ့အတွက် အစာရေစာရှားပါးလာတာမျိုးလည်း ရှိလာတယ်။မကြာခဏ ခိုက်ရန် ဖြစ်ပွားကြတဲ့အတွက် ရဲတွေနဲ့ ရှင်းရ လင်းရ ဖြစ်လာတယ်။၁၉၃၀ ခုနှစ် နောက်ပိုင်းမှာ ဥရောပ က နေ ကုန်ပစ္စည်း တင်ပို့ မှု ရှိလာခဲ့တာပါ။အမှန်တော့ ၁၉၁၈ ၊၁၉၂၁ မှာကတည်းက  သြစတြေးလျား အနောက်ပိုင်း ။ သြစတြေးလျား တောင်ပိုင်းနဲ့ မြောက်ပိုင်းနယ် များ ကို အဘောရီးဂျင်း တို့  ဌာနီအဖြစ် သြစတြေးလီယဲန် အစိုးရက သီးသန့်  ပြဌာန့်း  ချမှတ် ခဲ့ပြီးပါ။ ၁၉၃၆ကစလို့   Uluru ဒေသကို ခရီးသွားဧည့်သည်များစတင် ၀င်ရောက်ခဲ့တယ်။ ၁၉၄၀ လောက်မှာတော့ ဥရောပသားတို့  အလုံးအရင်း ခြေချလာတယ်။     ၁၉၄၈ မှာတော့ ခရီးသွား ဘတ်စ် ကားကြီးများ အများအပြား ၀င်ရောက်လာတယ်။၁၉၈၅ အောက်တိုဘာလ ၂၆ရက်မှာ  Uluru ဒေသ ကို အဘောရီးဂျင်း တို့ လက် ၂၀၀၉ခုနှစ်မှာ  ပြန်လည် လွှဲအပ်ခဲ့ပါတယ်။၂၀၀၉ အောက်တိုဘာ၈ရက်နေ့ မှာ တော့ လူထုကို ဖွင့်လှစ် ပြသခဲ့တယ်။သုံးရက် တကြိမ် ၀င်ရောက်ကြည့်ရှုသူ လူတိုင်းကို  လူတယောက်လျှင် အော်စတီ ဒေါ်လာ ၂၅ အကုန်အကျခံ ၀င်ခွင့် ပြုခဲ့တယ်။ပန်းခြံ ထိန်းသိမ်းစောင့်ရှောက်သူတို့ က ဖြတ်သန်းသွားလာသူတို့ ကို စစ်ဆေးခဲ့ကြတယ်။
တောင်ပေါ်ကို တက်နိုင်ဖို့ ကတော့ လေထန်နေချိန်မျိုးမှာ ခွင့်မပြုပါဘူး။ချိန်းကြိုးတခုနှင့် ခိုင်ခိုင်မာမာ ဆုတ်ကိုင် တက် ရင် ရနိုင်ပါတယ်။
ဒေသခံ အဘောရီးဂျင်းတို့ က တော့ တောင်ပေါ်ကို တက်ရောက်လေ့ မရှိပါဘူးတဲ့။ ဘာဖြစ်လို့ လဲ ဆိုတော့ တောင်ပေါ်ကို တက်ရမဲ့ အလုပ်ဟာ စိတ္တဇ ဆန်လွန်းနေပါသတဲ့.။နေ့  ကြောင်တောင် ချောက်တီး ခြောက်တက် အိမ်မက် နေရသလို ယောင်လည်လည် ခံစားရလွန်းလို့  တက်လေ့ မရှိပါဘူး တဲ့။  သူတို့ ကပဲ အယူသီးနေတာလား။ သူတို့ ရဲ့  ဘိုးဘေးဘီဘင် တွေကများ ဒီကျောက်တုံးကြီးမှာ ပူးဝင် စွဲကပ် ဖမ်းစား နေသလား ဆိုတာ ကတော့ ဘုရားမှ  သိနိုင်ပါလိမ့်မယ်။ တစိမ်းဧည့်သည်များ တောင်တက်မယ် ဆိုရင်လည်း သူတို့ က အမြဲ သတိပေးလေ့ ရှိတယ်။ တက်ခဲ့ရင် တက်သွားသူ ခရီးသွားဧည့်သည်များရဲ့  လုံခြုံရေးကို ဒေသခံ တို့ က အာမမခံပါဘူး တဲ့။ ခရီးသွား ဧည့်လမ်းညွှန် ကိုယ်တိုင်ကလည်း  မတက်ပါနှင့် လို့  မတားမြစ်ချင်ပါဘူး ဒါပေမဲ့  ကျွန်တော်တို့ ရဲ့ ယဉ်ကျေးမှု ဓလေ့ ထုံးစံများကို လေးလေးစားစား လိုက်နာပြီး ယဉ်ကျေးသိမ်မွေ့ စေချင် ပါတယ် တဲ့။ Anangu နယ်မြေထဲကို ရောက်ရင် ဧည့်သည် တယောက်ရဲ့  လိုက်နာရမဲ့ စည်းကမ်းတွေကို မမေ့စေချင်ပါဘူး တဲ့။ ဒါတွေ မလိုက်နာနိုင်ရင် စောစောကတည်းက  မတက်ပဲ နေတာ အကောင်းဆုံးပဲ လို့  ဆိုတယ်။ အငြင်းပွားဖွယ်မတော်တဆ  ဖြစ်ရပ်များကတော့ ရှိခဲ့ဖူးပါ သတဲ့။ ရှိဆဲပါ တဲ့။
 ကျောက်တုံးကြီး တည်ရှိနေတဲ့ နေရာကတော့  Ulyru Katjuta national park  မှာ ဖြစ်ပါတယ်။ ပထ၀ီ မြေပြင် အနေအထားအရ အလယ်ပိုင်း သြစတြေးလျားတိုက်၏  မြောက်ပိုင်း နယ်မြေရဲ့တောင်ဘက်အတွင်း ပါဝင်ပြီး အမြင့်က  335km ( 208mi) ပါ။ သြစတြေးလျား အနောက်ပိုင်း Olgas နှင့်  Mount Augustus တို့ နှင့်လည်း နီးစပ် နေတာ ပါ။သြစတြေးလျား တောင်ပိုင်း အကြီးအကဲ ဟင်နရီ အေယာ ကို အစွဲပြုပြီး ဂုဏ်ပြုတဲ့အနေနဲ့  အေယာ တွင်သွားတာလို့ ဆိုပါတယ်။  နာမည်ကို Ayres, Ayes,Ares, Eyers< Eyres စသည် အမျိုးမျိုး ခေါ်တွင် ခဲ့ကြပါသေးတယ် ခု နောက်ဆုံး Ayer’s rock ရယ်လို့  တွင်နေခဲ့တာပါ။ အဘောရီးဂျင်း တို့ ကတော့ Ulu ru လို့  ခေါ်ကြတယ်။ပင်လယ်ရေမျက်နှာပြင်အထက် 83m ( 2.831ft )မြင့်ပါသတဲ့။ဒါ့အပြင် Alice Springs မြို့  အနောက်တောင်ဘက် ကီလို မီတာ၃၃၅ အကွာမှာ(208mi)  ရှိပြီးတော့ ကားလမ်းနဲ့ဆိုရင် Yulara အပန်းမြေ ရွာကလေး ကနေ ကီလိုမီတာ ၄၆၃ ပဲ ဝေးပါသတဲ့။ ၅နာရီလောက်တော့ ကြာနိုင်ပါတယ်။ သဘာဝအလျှောက် ဖြစ်တည် ဖွဲ့  စီးထားတဲ့ သဲကျောက် အစုအဝေး အတုံးအခဲကြီးဆိုလည်း မမှားဘူးပေါ့။ မီးတောင်ချော်ရည် ကနေ နှစ် ထောင်သောင်းကြာလာတဲ့အခါ ကျောက်နက် ဖြစ်သွာတာမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။ခရီးသွားဧည့်သည်များကတော့ ညအခါ အိပ်စက် နားနေခြင်းမပြုပဲ တညလုံး မိမိတို့  သိလိုသည်များကို ရှာဖွေ စူးစမ်းကြတယ်။ သုတေသနပြု လေ့လာကြတယ်။ကျောက်တောင်ကြီးပေါ်ကိုလည်း တက်ရောက် ကြည့်ရှုကြတယ်။ကျောက်တုံးကြီးကို ပတ်မိဖို့  လူ့ ခြေလှမ်းနဲ့  ဆိုရင် ၁၀ကီလိုမီတာလောက် လျှောက်ရမှာ ဖြစ်ပါတယ်။ထူးဆန်းတာတခုက နေ၀င် နေထွက် များမှာ အရောင်ပြောင်းလဲ တတ်ခြင်းပါပဲ။ အနီရောင် ကနေ ခရမ်းအပြာရောင် ကိုလည်း ပြောင်းလဲသွားတတ်ပါတယ်။
သင် ပြေးပြေးလွှားလွှား တက်မယ် ဆိုရင် မိနစ် ၂၀ ဒါမှမဟုတ် မိနစ် ၃၀ လောက်တော့ကြာနိုင်ပါတယ်။ာသီဥတုကတော့ အပူပိုင်း သဲကန္တာရ ဥတုမျိုးဖြစ်ပြီး နှစ်စဉ် ပျမ်းမျှ မိုးရေချိန်
၁၁.၂ လက္မ ရွာသွန်းလေ့ရှိပါသတဲ့. ။ရာသီ က တနှစ်မှာ ၅ ရာသီ သတ်မှတ် ထားရှိပါတယ်။
1/ ဧပြီ မေမှာ အေးသော ကာလ။( cooler weather)
2/ဇွန်  ဇူလိုင် နံနက်ခင်း နှင်း ထူသည့် ကာလ(Cold season )
3/သြဂတ်စ်  စက်တင်ဘာ   အောက်တိုဘာ ( တိရိစ္ဆာန်သားပေါက် ကာလAnimals breed and food ))
4/ နိုဝင်ဘာ ဒီဇင်ဘာ (အပူပိုင်း ကာလthe hot season )
5/ဇန်န၀ါရီ။ ဖေဖေါ်ဝါရီ ။မတ် လ ရံဖန်ရံခါ မုန်တိုင်းကျ (Sporadic storms ) တို့ ပါပဲ။
ရှေးဟောင်းသုတေသန ပညာရှင်တို့  အလိုအရ လူသားတို့ အခြေချ နေထိုင်မှု ကို စူစမ်းတဲ့အခါ ၁၁၈၇ ခုနှစ် ဆီလောက်မှာ ဥရောပ တိုက်သားတွေ သြစတြေးလျားအနောက် ပိုင်းသဲကန္တာရ နယ်မြေကို ရောက်ရှိလာခဲ့ကြသတဲ့။ ဒီအရင် အနှစ် တသောင်းလောက်ကတည်းက ဒေသခံ တိုင်းရင်းသားတွေကတော့ ရှိနေတာပါ။
ကင်ဂရူး။ ကြက်ဆင်။ အီးမူစတဲ့  ငှက် မျိုးစိတ်ပေါင်း၄၆မျိုးတို့  နေထိုင် ကြက်စား ပျော်မွေ့ ကြတယ်။ သဘာဝပေါက်ပင် သစ်ပင် ပန်းပင် များနှင့်လ ည်း စိမ်းစို လန်းဆန်းနေတယ်။၁၈၇၂ခုနှစ်လောက်မှာ အားနက် ဂီလီ နှင့် ၀ီလျှံ ဂို ဆီ တို့ ကနိုင်ငံရပ်ခြား  ကြေးနန်းဆက်သွယ်ရေး စံနစ် ကို အဲဒီဒေသမှာ စတင်ခဲ့တယ်။၁၉ရာစုနှစ် အနှောင်းပိုင်း မှာ သိုးအုပ်များအတွက် စားကျက်မြေကိစ္စနဲ့ ပတ်သက်ပြီး  ဌာနီ လူမျိုးစုများနဲ့  လူဖြူတို့ အကြား ပဋိပက္ခဖြစ် အချင်းများခဲ့ကြတယ်။မိုးခေါင်ပြီး ခြောက်သွေ့ လာတဲ့အတွက် အစာရေစာရှားပါးလာတာမျိုးလည်း ရှိလာတယ်။မကြာခဏ ခိုက်ရန် ဖြစ်ပွားကြတဲ့အတွက် ရဲတွေနဲ့ ရှင်းရ လင်းရ ဖြစ်လာတယ်။၁၉၃၀ ခုနှစ် နောက်ပိုင်းမှာ ဥရောပ က နေ ကုန်ပစ္စည်း တင်ပို့ မှု ရှိလာခဲ့တာပါ။အမှန်တော့ ၁၉၁၈ ၊၁၉၂၁ မှာကတည်းက  သြစတြေးလျား အနောက်ပိုင်း ။ သြစတြေးလျား တောင်ပိုင်းနဲ့ မြောက်ပိုင်းနယ် များ ကို အဘောရီးဂျင်း တို့  ဌာနီအဖြစ် သြစတြေးလီယဲန် အစိုးရက သီးသန့်  ပြဌာန့်း  ချမှတ် ခဲ့ပြီးပါ။ ၁၉၃၆ကစလို့   Uluru ဒေသကို ခရီးသွားဧည့်သည်များစတင် ၀င်ရောက်ခဲ့တယ်။ ၁၉၄၀ လောက်မှာတော့ ဥရောပသားတို့  အလုံးအရင်း ခြေချလာတယ်။     ၁၉၄၈ မှာတော့ ခရီးသွား ဘတ်စ် ကားကြီးများ အများအပြား ၀င်ရောက်လာတယ်။၁၉၈၅ အောက်တိုဘာလ ၂၆ရက်မှာ  Uluru ဒေသ ကို အဘောရီးဂျင်း တို့ လက် ၂၀၀၉ခုနှစ်မှာ  ပြန်လည် လွှဲအပ်ခဲ့ပါတယ်။၂၀၀၉ အောက်တိုဘာ၈ရက်နေ့ မှာ တော့ လူထုကို ဖွင့်လှစ် ပြသခဲ့တယ်။သုံးရက် တကြိမ် ၀င်ရောက်ကြည့်ရှုသူ လူတိုင်းကို  လူတယောက်လျှင် အော်စတီ ဒေါ်လာ ၂၅ အကုန်အကျခံ ၀င်ခွင့် ပြုခဲ့တယ်။ပန်းခြံ ထိန်းသိမ်းစောင့်ရှောက်သူတို့ က ဖြတ်သန်းသွားလာသူတို့ ကို စစ်ဆေးခဲ့ကြတယ်။
တောင်ပေါ်ကို တက်နိုင်ဖို့ ကတော့ လေထန်နေချိန်မျိုးမှာ ခွင့်မပြုပါဘူး။ချိန်းကြိုးတခုနှင့် ခိုင်ခိုင်မာမာ ဆုပ်ကိုင် တက် ရင် ရနိုင်ပါတယ်။
ဒေသခံ အဘောရီးဂျင်းတို့ က တော့ တောင်ပေါ်ကို တက်ရောက်လေ့ မရှိပါဘူးတဲ့။ ဘာဖြစ်လို့ လဲ ဆိုတော့ တောင်ပေါ်ကို တက်ရမဲ့ အလုပ်ဟာ စိတ္တဇ ဆန်လွန်းနေပါသတဲ့.။နေ့  ကြောင်တောင် ချောက်တီး ခြောက်တက် အိမ်မက် နေရသလို ယောင်လည်လည် ခံစားရလွန်းလို့  တက်လေ့ မရှိပါဘူး။တဲ့။  သူတို့ ကပဲ အယူသီးနေတာလား။ သူတို့ ရဲ့  ဘိုးဘေးဘီဘင် တွေကများ ဒီကျောက်တုံးကြီးမှာ ပူးဝင် စွဲကပ် ဖမ်းစား နေသလား ဆိုတာ ကတော့ ဘုရားမှ  သိနိုင်ပါလိမ့်မယ်။တစိမ်းဧည့်သည်များ တောင်တက်မယ် ဆိုရင်လည်း သူတို့ က အမြဲ သတိပေးလေ့ ရှိတယ်။တက်ခဲ့ရင် တက်သွားသူ ခရီးသွားဧည့်သည်များရဲ့  လုံခြုံရေးကို ဒေသခံ တို့ က အာမမခံပါဘူး တဲ့။ခရီးသွား ဧည့်လမ်းညွှန် ကိုယ်တိုင်ကလည်း  မတက်ပါနှင့် လို့  မတားမြစ်ချင်ပါဘူး ဒါပေမဲ့  ကျွန်တော်တို့ ရဲ့ ယဉ်ကျေးမှု ဓလေ့ ထုံးစံများကို လေးလေးစားစား လိုက်နာပြီး ယဉ်ကျေးသိမ်မွေ့ စေချင် ပါတယ် တဲ့။Anangu နယ်မြေထဲကို ရောက်ရင် ဧည့်သည် တယောက်ရဲ့  လိုက်နာရမဲ့ စည်းကမ်းတွေကို မမေ့စေချင်ပါဘူး တဲ့။ ဒါတွေ မလိုက်နာနိုင်ရင် စောစောကတည်းက  မတက်ပဲ နေတာ အကောင်းဆုံးပဲ လို့  ဆိုတယ်။အငြင်းပွားဖွယ်မတော်တဆ  ဖြစ်ရပ်များကတော့ ရှိခဲ့ဖူးပါ သတဲ့။ရှိဆဲပါ တဲ့။
ကမ္ဘာပေါ်မှာ ရှိတဲ့ တိုက်ကြီးတွေထဲက  သြစတြေးလျားတိုက် ဆိုတာ ဟို ရှေးရှေးတုံးကတော့ တိုင်းရင်းသား လူနီ လူရိုင်း Aborigin လူမျိုးစုတွေ ရဲ့  ဌာနီရယ်လို့  ထင်ရှားဖြစ်တည်နေခဲ့တာပါ။ ဗြိတိသျှ အစိုးရက တကျွန်းကျတဲ့ ရာဇ၀တ်သားတွေကို အကျဉ်းချ ပို့ ထားတဲ့ နေရာ ရယ်လို့ လည်း လူသိများခဲ့တာပါ။တစ တစ နဲ့ လူရိုင်းတွေကို နှင်ထုတ်လို့  လူဖြူတွေက သူတို့  နယ်မြေတွေကို ကျူးကျော် သိမ်းပိုက်လိုက်တယ်။
 ( ဒါ့အတွက် သြစတြေးလျား အစိုးရဟာ အဘောရီးဂျင်း တို့ ကို တောင်းပန် ၀န်ချပြီး သူတို့ ရဲ့  လူမှု ဘ၀အထွေထွေ ကို မြှင့်တင်ပေးခဲ့ပြီးပါပြီ။)
ပြီးတော့ အဘောရီးဂျင်းတို့ ရှေးရိုး စဉ်လာ ယုံကြည် စွဲလန်း  ကိုးကွယ် ခဲ့တဲ့ UluRu  Ayer’s  rock ဆိုတဲ့ ကျောက်တောင်ကြီးကလည်း အဘောရီးဂျင်းတို့ နဲ့အတူ ကျော်ကြားခဲ့ပါသေးတယ်။ဒီကျောက်တောင်ကြီးဟာ အလျား ၂.၅ ကီလိုမီတာ။အနံ ၁.၅ကီလိုမီတာ။အမြင့် ၃၅၅မီတာ။ရှိပြီး နေထွက်ချိန် နေမွန်းတည့်ချိန် နေ၀င်ချိန်များမှာ ထူးထူးဆန်းဆန်း အရောင် ပြောင်းလဲတတ်တယ် လို့  ဆိုပါတယ်။ကမ္ဘာအရပ်ရပ်က ခရီးသွားဧည့်သည် ပေါင်း သုံးသိန်းကျာ် ဟာ ရင်သပ်ရှုမောဖွယ်ရာ လှပ လွန်းနေတဲ့ ဒီ ကျောက်တောင်ကြီးကို နှစ်စဉ် လာရောက် ကြည့်ရှု လေ့လာကြသတဲ့။ နိုင်ငံပိုင် အစိုးရကတော့ Park Rangers ခေါ်တဲ့ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်သူ များကို အပ်နှံပြီး စောင့်ရှောက်စေပေမဲ့လည်း ပိုင်ရှင်   Mutiitjulu လူမျိုးစု ခေါင်းဆောင် Yami Lester ကတော့ ပြောပါတယ်။ 
လူဖြူတွေဟာ ဘာမဆို လက်တွေ့ ကျကျ သိရမှ လက်ခံ တတ်ကြတယ်။ ဒါပေမဲ့ ဘယ်သူမဆို ဒီတောင်ကြီးရဲ့ အနီးအနားဝန်းကျင် ကို ရောက်ပြီ ဆိုတာနဲ့ ကိုယ် စိတ် နှလုံး အပြောအဆို အပြုအမူ ကို သတိပြု ထိန်းချုပ်ဖို့  သင့်တယ်လို့  ဆိုပါတယ်။တချို့ က ခြေလက် မငြိမ်တာ နှုတ်ဆော့ တာ မျိုး ရှိတတ်ကြတယ်လေ။ တခုခု ခိုက်တတ်တာမျိုး ဖြစ်မှာ စိုးပါတယ် တဲ့။ ဒီအယူအဆနဲ့ ပတ်သက်ပြီး ထောက်ခံ အားဖြည့်လိုက်တာကတော့ သြစတြေးလျားဗဟိုစာတိုက်ကြီးကို ရောက်ရှိလာတဲ့ စာ အစောင်းပေါင်း ၁၅၀ ကျော်ပါပဲ။ပြီးတော့ ပါဆယ်ထုပ်ပေါင်း ၄၆၅ထုပ် ဒါ့အပြင် အလေးချိန် ကီလို ၈ရမ် ၄၀၀ကျော် ရှိတဲ့ Ayer ကျောက်တောင်ကြီးက ဖဲ့ယူထားတဲ့ အပိုင်းအစ တွေပါပဲ။ စာတိုက်ကြီးက လက်ခံ ရရှိနေတာပါ။ စာထဲမှာကတော့ ဆောရီးပါ ခွင့်လွှတ်ပါ။ နေရပ်ကို ပြန်ပို့ ပေးပါ။ ကျွန်တော် တို့  ဆက်လက် ထိမ်းသိမ်း မထားရဲ တော့ပါဘူး။ တခုခု ခိုက်နေတယ် လို့  ယုံကြည်လာတယ် ။ အလုပ်ပြုတ်တယ် နေထိုင်မကောင်းဖြစ်တယ် ။ကျွန်တော် ဒီ အပိုင်းအစကို အမြင့် ၃၅၅မီတာ ကနေ ဖဲ့ ယူ ခိုးဝှက် ခဲ့တာပါ ဆိုပြီး မြေပုံ နှင့်တကွ ဖေါ်ပြ ထားတယ်။ စကင် ဒီနေးဗီးယဲန် ခလေးမ နှစ်ယောက်ကတော့ ၁၉၇၆ ခုနှစ်က ခိုးယူခဲ့တာပါ သူ ရှိတဲ့ အချိန်းတိုင်းမှာ ဘာမှ အဆေင်မပြေခဲ့ဘူး။ အိမ်မွေး တိရိစ္ဆာန်လေးတွေ ခဏ ခဏ သေတယ် တခုခု လွဲချော်နေတယ် ။သိမ်းဆည်း မထားရဲတော့တဲ့အတွက် သူ့ နေရပ် သူ့ ဇာတိမြေကို ကျေးဇူးပြုပြီး ပြန်ပို့ ပေးပါတဲ့။ မသိလို့  မိုက်မဲ မိပါတယ် တဲ့။ တောင်းပန်ထားတယ်။ ဒီကနေ့ အထိ ကျောက်တောင်ပေါ်ကနေ ခြေလက်ချော်ကျတာမျိုးသာ မက အသက်ကိုတောင် နှုတ်ယူ နိုင်တဲ့အထိ လူပေါင်း ၂၃ယောက် အတိဒုက္ခေ၇ာက်ခဲ့ ဖူးပါသတဲ့။ စာတိုက်ဝန်ထမ်းတွေ တော်တော် ခေါင်းစားနေကြောင်း ၀န်ခံခဲ့ထားပါတယ်။လူမျိုး တိုင်း လူမျိုးတိုင်းမှာ ဒဏ္ဍာရီ ပုံပြင်တွေ ရှိတတ်သလို အဘောရီးဂျင်း တို့ မှာလည်း ယုံတမ်းပုံပြင် တွေ အများအပြားရှိနေတာပါ။ ဥပမာ Ayer’s rock နှင့် ဆက်နွယ်ပြီး Male ,ယုန်ကလေး ပုံပြင် ၊  ကူရာပါနာ ပုံပြင် ခွေးနက်ကြီး ပုံပြင် ကူနီယာ မြွေ ကြီး ပုံပြင်  စတာတို့ ဟာ အဘောရီးဂျင်းတို့ ရဲ့ မရိုးနိုင်အောင်  ထင်ရှားလှတဲ့ ပုံပြင် တွေပါပဲ။ ကဲ ကျေးဇူးပြုပြီး ဒီ ကျောက်တုံး အပိုင်းအစတွေကို သူ့ နေရပ် ဌာနီ အရောက် လက်ဆင့်ကမ်း ပေးပို့ ကြပါလို့  မေတ္တာ ရပ်ခံ ပန်ကြားလိုက်ပါတယ်။
Uluru Ayer ‘s rock,Australia 
Florist
(Living Fashion Magazine, September, 2014)
ဘရာဇီးနိုင်ငံမှ ပျော်ပျော်ပါးပါး ပျော်ပွဲရွှင်ပွဲတွေ
လူဦးရေ သန်း ၂၀၀ ကျော်ရှိနေတဲ့ ဘရာဇီးနိုင်ငံဟာ ကမ္ဘာ့ ငါးခုမြောက်အကြီးဆုံးနိုင်ငံဖြစ်ပါတယ်။ ဒေသခံတိုင်ရင်းသားတွေရယ်၊ ဥရောပက အခြေချနေထိုင်သူတွေ၊ အာဖရိကန်ငွေဝယ်ကျွန်တွေ ရောနှောနေထိုင်ခဲ့တဲ့ သမိုင်းကြောင်းတွေနဲ့အတူ အမျိုးမျိုးအထွေထွေကွဲပြားလှတဲ့ယဉ်ကျေးမှုတွေပေါင်းစပ်ပြီး ပျော်ပွဲရွှင်ပွဲတွေကျင်းပလေ့ရှိကြတယ်။ ဘရာဇီးနိုင်ငံရဲ့ ကျယ်ပြန့်လှတဲ့ရှုခင်းတွေ၊ ပေပေါင်း ၉၇၃၅ မြင့်တဲ့ Pico da Neblina (Myst's Peak) တောင်ထွတ်၊ သုခဘုံလို့တောင်တင်စားထားတဲ့ကျွန်းတွေရှိနေတဲ့ အတ္တလန်တစ်ကမ်းရိုးတန်းတစ်လျှောက်အလှအပတွေဟာ မဆုံးနိုင်အောင်ပြည့်နှက်နေတာပါ။ ကမ္ဘာ့အကြီးဆုံး၊ ကမ္ဘာ့ဒုတိယအရှည်ဆုံး အမေဇုံမြစ် ရဲ့အိမ်လည်း ဖြစ်နေလေတော့ အမှတ်တရအပမ်းဖြေခရီး/ လေ့လာရေးခရီးထွက်လိုတဲ့ ခရီးသွားတွေအတွက် အင်မတန်ဆွဲဆောင်မှုရှိလှတဲ့နိုင်ငံပါ။ (ဒါပေမဲ့ ဘရာဇီးနိုင်ငံခရီးစဉ်အတွက်စိတ်ဝင်စားတယ်ဆိုရင်တော့ State Department ရဲ့ ခရီးသွားအကြံပြုစာတွေကို ကြိုတင်စစ်ဆေးသင့်ပါတယ်။ လက်ရှိဘရာဇီးနိုင်ငံမှာက ပြစ်မှုဖြစ်ပွားနှုန်း အလွန်အမင်းမြင့်မားနေတယ်လို့ဆိုပါတယ်။ ခရီးသွားတွေအတွက် လုယက်မှု၊ တိုက်ခိုက်မှုတွေနဲ့ တခြားပြစ်မှုမျိုးတွေမကြုံတွေ့ရအောင် နိုးနိုးကြားကြားရှိသင့်တယ်ဆိုတဲ့ သတိပေးချက်တွေလည်းရှိကြတယ်။) 
ဘရာဇီးနိုင်ငံမှ စားချင်စဖွယ်ရိုးရာအစားအစာတွေ
ဘရာဇီးနိုင်ငံက ရိုးရာအစားအစာတွေမှာဆိုရင် ဒေသခံတွေ၊ ဥရောပစတိုင်လ်နဲ့ အာဖရိကန်စတိုင်လ်တွေ ရောယှက်နေပါတယ်။ တိုင်းပြည်မှာက ဒေသခံတိုင်းရင်းသားတွေရယ် အခြေချနေထိုင်သူတွေရဲ့ စားသောက်ပုံတွေအတိုင်းလွှမ်းမိုးသွားတာပါ။ ဘရာဇီးနိုင်ငံဟာ တောင်အမေရိက နဲ့ လက်တင်အမေရိကမှာ အကြီးဆုံးနိုင်ငံပါ။ ပထဝီဝင်မြေနေရာအနေအထားရော လူဦးရေအရပါ တစ်ကမ္ဘာလုံးမှာပါ ပဉ္စမမြောက်အကြီးဆုံးနိုင်ငံဖြစ်ပြီး လူဦးရေ ၂၀၂ သန်း ကျော်ရှိနေပါတယ်။ လူဦးရေထူထူ မြေနေရာကျယ်ကျယ်၊ ကမ်းခြေလှလှရှိနေတဲ့ ဘရာဇီးနိုင်ငံကို အလည်အပတ်ရောက်ဖြစ်ခဲ့တယ်ဆိုရင် ဒီရိုးရာအစားအစာလေးတွေ မြည်းစမ်းကြည့်ဖို့ မမေ့စေချင်ပါဘူး။
အရှည်ကြာဆုံးသောနေ့
မေမေ့ရဲ့စာ
(Family Magazine, August, 2014)
Directed by
Ken Annakin (British & French exteriors)
Andrew Marton (American exteriors)
Bernhard Wicki (German episodes)
Gerd Oswald (parachute drop)
Darryl F. Zanuck (uncredited)
Produced by
Darryl F. Zanuck
Screenplay by
Romain Gary
James Jones
David Pursall
Cornelius Ryan
Jack Seddon
Based on The Longest Day by Cornelius Ryan
တက်စီးနေတဲ့ခေတ်ကြီးပေါ်မှာ ထိုင်ခုံနေရာရခဲ့ရင်
စုမီအောင်
အလင်းတန်းဂျာနယ်၊ သြဂုတ် ၎
အလုပ်ဆင်းချိန်ဆို ကျား၊ မ၊ ကြီး၊ ငယ် မဟူ ၀န်ထမ်းလူတွေဟာ သုတ်သုတ်ပျာပျာခြေလှမ်းတွေနဲ့ ဘတ်စ်ကားဂိတ်ကို အပြေးအလွှား သွားကြရတယ်။ အဲဒီမှာ အားလုံးကိုကြည့်လိုက်ရင် လက်ဗလာနဲ့လူရယ်လို့ မတွေ့ရသလောက်ပဲ။ ထမင်းချိုင့်၊ ထမင်းဘူး၊ ရေဘူး၊ တစ်ရှူး၊ စာအုပ် ကားခပေးဖို့ ပိုက်ဆံအနုတ်၊ ထီး..အဲဒီလို ပစ္စည်းတွေ သိမ်းကျုံးထည့်ထားတဲ့ ခြင်းတွေ ဆွဲသူကဆွဲ၊ ကျောပိုးအိတ်တွေလွယ်သူလွယ်၊  စလင်းဘက်တစ်ဖက် ကြွပ်ကြွပ်အိတ်ထုပ်တစ်ဖက် ဆွဲသူဆွဲနဲ့ ကိုယ်စီ ပစ္စည်းပစ္စယတွေ ကိုင်စွဲလို့ သုတ်ခြေတင် သွားနေကြတယ်။ တချို့လူမိန်းမတွေမှာ တစ်ထုပ်ထက်ပိုတဲ့ အထုပ်အဆွဲတွေနဲ့ တွဲလောင်းကိုင်စွဲထားလိုက်ကြတာ။ လက်နှစ်ဖက်တည်း ရှိပေလို့သာပဲ။
တချို့အလုပ်ချိန်တွေက ညနေ ၄း၀၀နာရီမှာ ပိတ်သိမ်းတာကြောင့် ညနေ၄ နာရီထိုးပြီးတာနဲ့ ကားဂိတ်တွေမှာ လူတွေ ပြည့်နေတတ်တယ်။ တချို့ ၅ နာရီ၊ ၅ နာရီခွဲမှာ သိမ်းတဲ့အလုပ်လည်း ရှိတော့ ညနေတိုင်း ၄နာရီကနေ မိုးချုပ် ၇နာရီထိ ဘတ်စကားဂိတ်မှာ လူတွေစုပြုံနေတတ်တယ်။ ဘတ်စကားတစ်စီး ထိုးရပ်ပြီဆို တွန်းထိုး ပြေးတက် ထိုင်ခုံနေရာရဖို့ လှုပ်ရှားရ တတ်တယ်။ မိန်းမတွေကလည်း ယောက်ျားတွေနဲ့အပြိုင် ရင်ပေါင်တန်း၊ ယောက်ျားသားတွေကလည်း မိန်းမတွေမို့ အလျှော့ပေးလိုက် မယ်လို့ မတွေးကြစတမ်း လုယက်တက်ကြတယ်။ အဲဒီ လူတွေကြားထဲမှာ ကျွန်မလည်းပါတယ်။ ညနေ ၅း ၃၀နာရီ ဆိုတာနဲ့ ရုံးဆင်း လက်ဗွေနှိပ်၊ သုတ်သီးသုတ်ပျာနဲ့ လမ်း ၃၀ အောက်ဘလောက်ကို ပြေးရတတ်တယ်။ ၁၃၁၊ ၁၃၂၊ ၂၃၁၊ ၅၁၊ ၅၃ ၊၀ါယာလက်စ်၊ မှော်ဘီ၊ တိုက်ကြီး ပြည်လမ်းက သွားတဲ့ကား ဘယ်ဘတ်စကားမဆို ကျွန်မတက်စီးလို့ရတယ်။
ဘတ်စကားဂိတ်မှာ ကားတစ်စီး ထိုးရပ်လိုက်တာနဲ့ ဆင်းသူကိုတောင် မစောင့်နိုင်အားဘဲ အတင်းကာရော တွန်းထိုးလုတက် ကြတာဟာ နိစ္စဓူဝ အလုပ်လုပ်နေကြတဲ့ ၀န်ထမ်းပြည်သူတွေနဲ့အသားကျနေတဲ့ မြို့ပြမြင်ကွင်းတစ်ခု ဖြစ်နေပါပြီ။ တချို့က ပါလာတဲ့ဆွဲခြင်းတွေ အထုပ်တွေကို ကားပေါ်က ထိုင်နေသူဆီ လှမ်းထိုး တင်ပေးရင်း ထိုင်ခုံနေရာ ကြိုတင်ဦးကြတယ်။
အိမ်အပြန် ဘတ်စကားပေါ်က ထိုင်ခုံတစ်နေရာစာဟာ လူတိုင်းအတွက် (မရရင် ကမ္ဘာပျက်မတတ်) အာသာငမ်းငမ်း မက်မော စရာတစ်ခု ဖြစ်လာခဲ့တယ်။ `အလုပ်ထဲမှာ ငါတော့ တစ်နေကုန်ထိုင်ခုံတစ်လုံးပေါ် ထိုင်ခဲ့ရပြီးပြီ၊ ဘတ်စကားပေါ်မှာ မထိုင်လိုတော့ဘူး၊ သူများကို ဦးစားပေးလိုက်မယ်၊ ငါ မတ်တတ်ရပ်ပဲ စီးလိုက်မယ်´ ဆိုတဲ့လူ မရှိပါဘူး။ အလုပ်ချိန် ၈နာရီအတွင်း ဘယ်လောက်ပဲ ထိုင်ခုံမှာ ထိုင်ခဲ့ရစေဦးတော့ ဘတ်စကားပေါ်ရောက်လည်း ထိုင်ဖို့လိုပြန်တာကြောင့် ထိုင်ခုံမက်ကြရပြန်တာပါပဲ။ မှော်ဘီ တိုက်ကြီး လိုမျိုး ဝေးသူဆို ပိုမက်တော့တာပေါ့။
ကျွန်မလည်း အများနည်းတူ ထိုင်ခုံ မက်မိပါတယ်။ မာလာမှတ်တိုင်အထိပဲမို့ ဝေးတယ်မဆိုသာပေမဲ့ လူက ထိုင်ခုံရမယ့် ကားမှတက်ချင်တယ်။ ခြေထောက်က ပြောလောက်အောင် မညောင်းတတ်လို့ မတ်တတ်ရပ်စီးလိုက်လို့ရပေမဲ့ ကြမ်းကြမ်းရမ်းရမ်း မောင်းတဲ့ ကားတွေပေါ်မှာ မတ်တတ်ရပ်လိုက်ရတာ အရပ်ကပုပုနဲ့ ဟိုထိုးသည်ယိမ်းနဲ့ ဗရုန်းဗရင်းနိုင်လို့ ထိုင်ခုံမှာ က္ကုနြေ္ဒရရ ထိုင်လိုက်ချင်တဲ့စိတ်က ကိန်းတယ်။ ဒါကြောင့်ပဲ ကားပေါ်တက် ခြေချလိုက်တာနဲ့ `ဘယ်နားမှာထိုင်ခုံလွတ်ရှိ´ ဆိုတာကို မျက်လုံး ဝေ့ကြည့်နေရတတ်တယ်။ တစ်ဆက်တည်းမှာပဲ `ဘယ်နေရာ ဘယ်လိုခုံအနေအထားက ပိုကောင်း ´ဆိုတာလည်း စက္ကန့်ပိုင်းလေးမှာ ချိန်ထိုး ရွေးချယ်မိသေးတယ်။ သံဃာများ အတွက်သာ လို့ရေးထိုးထားတဲ့ ရှေ့ခုံတွေကို ရွေးလို့မဖြစ်ဘူး။ ဘုန်းကြီးတွေက အချိန်မရွေး တက်လာနိုင်တယ်။ အနောက်ဘက် နေ၀င်ချိန်ကို လှမ်းမြင်ရတဲ့ ပြတင်းပေါက်နေရာကိုတော့ ကျွန်မ အမြဲရွေးထိုင်လေ့ရှိတယ်။ သူများတွေက ခြေသွက်လက်သွက်နဲ့ ပြတင်းပေါက်နေရာတွေ ပြေးကပ်တက်ထိုင်နှင့်ကြပြီဆိုရင်တော့ အမျိုးသမီးချင်းအတူကပ်ထိုင်ရဖို့ နဲ့ အဲဒီအမျိုးသမီးဟာ ခပ်ပိန်ပိန်အစားလည်းဖြစ်ဖို့လည်း ရွေးရပြန်တယ်။ သာမန်ဘတ်စကားတွေရဲ့ထိုင်ခုံတွေဟာ ကျဉ်းကျဉ်းကျပ်ကျပ် လေးတွေမို့ ၀တဲ့အမျိုးသမီးဘေး ထိုင်ရပြီဆိုရင် ဘေးကျပ်နံကျပ် ဖြစ်တော့တာပဲ။ မတ်တတ်ရပ်လူတွေကလည်း ကိုယ့်အပေါ် ဘေးကကိုင်းဖိကျလာဦးမယ်။ ဒါကြောင့် ပြတင်းပေါက်နေရာရဖို့ အမြဲအားထုတ်မိတတ်တယ်။ များသောအားဖြင့်တော့ ဒီလိုရွေးချယ်ဖို့ အခွင့်မသာပါဘူး။ ရရာထိုင်ခုံ လှစ်ခနဲ ၀င်ထိုင်ရတာ များတယ်။ လှစ်ခနဲရလိုက်တဲ့ ထိုင်ခုံတောင် စံပြလိုနေရာမျိုှးမှာ လူတွေပြုံခဲ တက်လာပြန်ပြီဆို လူကြီးသူမတွေပါလာတတ်လို့ သူတို့အတွက်နေရာဖယ်ပေးလိုက်ရတာချည်းပါပဲ။ ဒီလို ဖယ်ပေးလိုက်ရတိုင်းလည်း စိတ်ထဲပျော်ရွှင်ကျေနပ်မိတယ်။ ကိုယ့်ထက် ပိုပြီး ထိုင်သင့်ထိုင်အပ်တဲ့လူစားမျိုး၊ ထိုင်ခုံတစ်လုံး လိုကိုလိုနေတဲ့လူစားမျိုးကို ဖယ်ပေးလိုက်ရမို့ အဓိပ္ပာယ်ရှိတယ် ကုသိုလ်လည်းရတယ်လို့ ခံစားရတယ်။
တစ်ခါတစ်ခါကျတော့လည်း အိမ်မြန်မြန်ပြန်ရောက်ချင်စိတ်ကြီးစိုးနေတဲ့အခါ `ထိုင်ခုံ´ဆိုတာကို မေ့သွားပြီး ကိုယ့်ရှေ့ထိုး ရပ်တဲ့ကားပေါ် တက်လိုက်တာပါပဲ။ အလုပ်ကအပြန် အဲဒီနေ့စိတ်အခြေအနေပေါ်မူတည် နေလိမ့်မယ် ထင်ပါရဲ့။ အလုပ်ထဲမှာ စိတ်ညစ်စရာတစ်ခုမှမပေါ်ဘဲ ပျော်တဲ့စိတ်တွေ ပွေ့ပိုက်ထုပ်ပိုးလာခဲ့ရင်တော့ ဘယ်လိုဘတ်စ်ကား၊ ဘယ်လိုအခြေအနေ၊ ဘယ်လို နေရာမျိုးပဲဖြစ်ဖြစ်၊ ထိုင်ခုံရရမရရ၊ ကြေးထူမနေဘဲ ပျော်ပျော်ကြီး အေးအေးလူလူကြီး တက်စီးလိုက် လာတာပါပဲ။ ပျော်ရွှင်မြူးထူး နေတဲ့စိတ်က အခက်အခဲတွေကို ဇာချဲ့မနေဘဲ သက်သောင့်သက်သာလေး ဖြတ်သန်းသွားဖို့ အင်အား ဖြည့်ပေးတယ် နဲ့တူပါရဲ့။ တစ်နေကုန် လူက ပင်ပန်းနွယ်နယ်ပြီး စိတ်ကလည်းညစ်ပွေနေခဲ့ရင်တော့ သက်သောင့်သက်သာထိုင်လိုက်စရာ ထိုင်ခုံလေး တစ်လုံး ကားပေါ်မှာ လိုကိုလိုနေခဲ့တယ်။
တစ်နေ့က  အပြန်မှာ ဘတ်စကားမှတ်တိုင်မှာ လူရှင်းနေပါတယ်။ အဲဒီမှာ ဘတ်စကားတစ်စီးထိုးရပ်တယ်။ ဘတ်စကားစီးခရီး သည်တွေဟာ သိပ်သနားဖို့ကောင်းတာပဲ။ မှတ်တိုင်မှာ ရပ်စောင့်နေသူ၊ တက်စီးမယ့်လူ ဘယ်လောက်ပဲနည်းစေဦးတော့ အမြဲတမ်း ကျိတ်ကျိတ်တိုး လုတက်နေကျ ခရီးသည်တွေမို့ တွန်းထိုးလုတက်ကျင့်ကြီးက အမြစ်စွဲနေပြီး ဆင်းသူမရှိ ရှင်းနေတဲ့ကားပေါ် သဲသဲမဲမဲ လုတက်နေကြတုန်းပဲ။ ကားပေါ်မှာ ထိုင်ခုံတွေ လွတ်တော့လည်းလွတ်တဲ့အလျောက် လူတချို့က ၀င်ထိုင်ပြီးကာမှ ဒီကဟို၊ ဟိုကနေ ဟိုးဘက် ကောင်းနိုးရာရာ သူတို့စိတ်ထဲ ပိုကောင်းမယ်ထင်တဲ့ထိုင်ခုံနေရာဆီကို ကူးပြောင်း ရွေးနေပြန်ပါတယ်။ လူနည်းတယ်ဆိုပြီး အေးအေးလူလူတက်လာခဲ့တာမို့ ကျွန်မအကြိုက်ပြတင်းနေရာတော့မရတော့ပါဘူး။ ခပ်ပိန်ပိန်မိန်းကလေးတစ်ယောက်ဘေးမှာ ၀င်ထိုင်လိုက်တယ်။ ထိုင်ခုံက ဆိုဖာနဲ့ တစ်ခုံနဲ့တစ်ခုံ ခပ်ကျဲကျဲမို့ ထိုင်ရတာလွတ်လပ်ပြီး အောက်ခြေက ခြေထောက်အချနဲ့အံကိုက်ပဲမို့  ထိုင်ရတာသက်သောင့်သက်သာရှိလှတယ်။ ဒီတစ်ခါလောက်စမတ်ကျကျထိုင်ရတာမရှိဘူးလို့ ပြောလို့ရတယ်။ ဘေးကမိန်းကလေးက စာအုပ်တစ်အုပ် ထုတ်ဖတ်နေတယ်။ နန္ဒာသိန်းဇံရဲ့ မိတ်ကောင်းဆွေကောင်းများနှင့်ခရီးသွားခြင်းစာအုပ်။ ကားပေါ်ရောက်တာနဲ့ ဒီနေ့လူငယ်အများစုဟာ(လူကြီးတွေလည်းပါနေတယ်)ဖုန်းကိုထုတ်ပြီး ဖြူဖြူပြာပြာ facebook စာမျက်နှာတွေထဲခေါင်းငုံ့တိုးဝင်သူ များပါတယ်။ ရှားရှားပါးပါးစာအုပ်ကို ဖတ်နေလို့ တွေ့ရခဲတဲ့မြင်ကွင်းလေးကို ငေးကြည့်လိုက်ပါခဲ့တယ်။
စံပြရောက်တာနဲ့ လူတွေပြည့်သွားတယ်။ ဘယ်သူ့ကို ဘာကိုင်ကူညီပေးရမလဲ၊ ကျွန်မရဲ့ထိုင်ခုံနေရာ ဖယ်ပေးရမယ့် ထိုက်တန်တဲ့သူ လူကြီးသူမ၊ ကလေး တစ်ဦးတလေ ပါနိုးနိုး ကြည့်ပေမဲ့ ဘေးနား သန်သန်မာမာယောက်ျားတွေပဲ မြင်တယ်။ ခြင်းတခြင်း ဖိုင်တစ်အိတ်နဲ့တက်လာတဲ့မိန်းကလေးတစ်ယောက်က ရှေ့နားကို တိုးဝင်သွားလို့ ကူကိုင်ပေးဖို့အခွင့်မသာ လိုက်ဘူး။ ကားပြန်ထွက်ကတည်းက ကျွန်မသတိထားမိတာ၊ ဘေးကလူဟာ ထိုင်နေတဲ့ကျွန်မပခုံးကို အတင်းဖိတိုးနေခဲ့တယ် ဆိုတာပါပဲ။ ကျွန်မက နေရာတစ်ချက်ပြင်ထိုင်လိုက်ရင်း မော့ကြည့်လိုက်ပြီဆို အဲဒီလူဟာ တောင်ကြည့်မြောက်ကြည့်နဲ့လုပ်တယ်။ ပိုဆိုးတာက သူ့ကိုယ်ကို ရှေ့ကိုကိုင်းကိုင်းပြီး ပြတင်းပေါက်ကနေ အပြင်ကို ကြည့်သလိုလို တစ်ချိန်လုံးကြည့် နေတော့တာပဲ။ ပုံစံကမမှန်တော့လို့ ကျွန်မက စာအုပ်ဖတ်နေတဲ့မိန်းကလေးဘက်ကို တိုးကပ်နေရာပြင်ထိုင်လိုက်တဲ့အခါ ဒီအဖြစ်ကိုရိပ်စားမိပုံနဲ့ မိန်းကလေးက ရလားအစ်မ ဒီဘက်တိုး လို့ပြောရင်း ကိုယ်လေးကျုံ့ကာ ပြတင်းဘောင်ဘက် နေရာရွှေ့ကပ်ထိုင်ပေးတယ်။ တက်ညီလက်ညီနဲ့ ကျွန်မတို့နှစ်ယောက် နေရာပြင်ထိုင်လိုက်ကြတာကို သိပုံရတဲ့ ပုပျပ်ပျပ်မတ်တတ်လူက ပိုပြီးအတင့်ရဲပြတယ်။ ထပ်ထပ်ပြီး သူ့ကိုယ်ကို ကိုင်းချ၊ မျက်နှာကြီးက အပြင်ကိုတိုးကြည့်သလိုလို လုပ်ပြန်တယ်။ မြေနီကုန်းမီးပွိုင့်မှာ ကားတွေပိတ်တာကိုပဲ စိတ်မရှည်လို့ အပြင်ကိုတိုးတိုးကြည့်သလို သူ့ဗိုက်က ကျွန်မပခုံးပေါ်ပိပိကျလာ၊ သူ့ခေါင်းက ကျွန်မမျက်နှာရှေ့ဝဲ၀ဲကျနေတဲ့အခါ ကျွန်မသည်းမခံနိုင်တော့ဘူး။ “ ကျေးဇူးပြုပြီး ခင်ဗျားကိုယ်ကို တည့်တည့်မတ်မတ်ရပ်ပေးပါ၊ မတ်မတ်မရပ်နိုင်ရင် ဒီရှေ့ခုံက ကောင်လေးဘေးသွားမှီရပ်”လို့ ပြောလည်းပြော ရှေ့ခုံက ကောင်လေးကိုလည်းလက်ညှိုးထိုးပြလိုက်တယ်။ လူလည်းမကျပ်ဘဲနဲ့ တမင်ကြီးလာလာမှီနေတယ်လို့ ဘေးကမိန်းကလေးကိုပါ တစ်ဆက်တည်းလှည့်ပြောလိုက်တယ်။ ဒီတော့မှ အနေအထားပြင်သွားတယ်။
ဟံသာဝတီအ၀ိုင်းရောက်တော့ ကျွန်မစိတ်ထဲ ဗျာများသွားတယ်။ `စိုက်ပျိုးရေး´ မှတ်တိုင်ပြီး `မာလာ´ဆို ကျွန်မ ဆင်းရ တော့မယ်။ ကျွန်မ စိတ်ပူတာက ကျွန်မထိုင်ခုံကထလိုက်တာနဲ့ ဒီလူလာဝင်ထိုင်မှာပဲ၊ ဒီ ခပ်ညစ်ညစ်လူ ဘယ်ထိသွားမှာလဲ၊ ဘေးက အေးအေးလူလူစာဖတ်ရင်းလိုက်လာတဲ့မိန်းကလေးကို ဘာစိတ်အနှောက်ယှက်ပေးဦးမလဲ၊ အဲဒီမိန်း ကလေးက ကျွန်မလို မတုံ့ပြန်ရဲဘဲ ကြောက်တတ်တဲ့သူဆို သေပြီပဲ။ ပုံစံမမှန်တဲ့လူကြောင့် မိန်းကလေးအတွက် စိတ်ပူသွားတယ်။ ဒီလူ မထိုင်စေရဘူး ထိုင်လို့မဖြစ်ဘူး လို့တွေးပူနေမိတယ်။ `အဲဒီလူ လာထိုင်ရင် သတိထားနော်၊ ပုံစံမမှန်ဘူး´လို့ ဘေးကမိန်းကလေးကို တိုးတိုးပြောတော့ မိန်းကလေးက လေသံလေးနဲ့ဟုတ်ကဲ့ဟုတ်ကဲ့လို့ပြောရင်းခေါင်းညိတ်တယ်။ သူ့ဘာသာရိပ်စားမိပေမဲ့ ကျွန်မပြောလိုက်မှ ပိုကြောက်သွားသလိုပဲ မျက်လုံးလေးဝိုင်းပြူးသွားတယ်။ ထိုင်ခုံကထလိုက်တာနဲ့ ရှေ့နားမှာ ကျွန်မတို့ဘက်ကို ကျောခိုင်းပြီးရပ်နေတဲ့ မိန်းကလေး တစ်ယောက် ကို လှမ်းမြင်တော့ ကျွန်မ ၀မ်းသာသွားတယ်။ ဒါနဲ့ ထိုင်ရာကထ၊ ပုံစံမမှန်တဲ့လူ အတင်းဝင်ထိုင်မှာစိုးလို့ အိတ်နဲ့ပစ္စည်းတွေ ကို ထိုင်ခုံမှာ ခဏပြန်တင်လိုက်ပြီး ခပ်လှမ်းလှမ်းကမိန်းကလေးရဲ့နောက်ကျောကို လှမ်းပုတ်ရင်း“ ဟိတ် မှော်ဘီအိမ်ပဲပြန်မှာမို့လား၊ ဒီမှာပဲလာ ထိုင်လေ…စောစောကတည်းကခေါ်နေတာ.. ”ဆိုပြီး ခပ်တည်တည်နဲ့ သိတဲ့ပုံမျိုး လုပ်ပြီးခေါ်ရတယ်။ ခြင်းလေးဆွဲရပ်နေတဲ့ မိန်းကလေးက ၀မ်းသာအားရလှည့်ကြည့်ပြီး သွက်သွက်ပဲလာတယ်။ ဒီတော့မှ ခုံပေါ်က ကျွန်မအိတ်တွေဆွဲယူပြီး ကားပေါ်က ဆင်းခဲ့ တော့တယ်။ ဒီနေ့အဖို့ အဓိပ္ပာယ်ရှိတဲ့ကိစ္စလေးတစ်ခု လုပ်နိုင်ခဲ့ပြီလို့ ကျွန်မတိတ်တိတ်လေးဂုဏ်ယူနေမိတယ်။
လူကြီးမင်းတို့ရေ..နိစ္စဓူဝ ဘတ်စကားစီးတဲ့ခရီးတစ်ခုစာက တကယ်ဆို တိုတိုလေးပါ။ ရှင်တို့ကျွန်မတို့ တက်စီးနေတဲ့ ဘတ်စကားပေါ်မှာတောင် ကျွန်မတို့ ဘာသိဘာသာနေလို့မရဘူး ဆိုတာလေး ပြောပြချင်တာပါ။ ဘတ်စကားထိုင်ခုံလေးတစ် နေရာမှာတောင် ထိုင်သင့် ထိုင်အပ်တဲ့လူ ထိုင်ရဖို့ အခု ကျွန်မ ကြိုးစားမိသလိုပဲ ရှင်တို့ ထိုင်နေတဲ့ထိုင်ခုံတစ်လုံးစာကို ထိုင်သင့်ထိုင် အပ်တဲ့လူစားမျိုး ထိုင်ရအောင် လွှဲပြောင်းပေးဖို့လည်း ကျွန်မ မျှော်လင့်နေမိတယ်။ ဘတ်စကားတွေပရမ်းပတာမောင်းနှင်သလို ခေတ်က ခိုကိုးရာမဲ့ ပရမ်းပတာ ယမ်းခါနေလို့ ကျွန်မတို့ တစ်ယောက်ကတစ်ယောက်ကို လျစ်လျူမရှုဘဲ မျက်စိဖွင့်နားစွင့်ပြီး ခရီးနှင်ရမယ်။ ပုံစံမကျတဲ့လူတွေကလည်း သက်သောင့်သက်သာခရီးသွားနေတဲ့လူတွေကို အချိန်မရွေးနှောင့်ယှက်ဖို့ ချောင်းမြောင်းနေတယ်။ ပရမ်းပတာခေတ်ကြီးကို ကျွန်မတို့တက်စီးနေရပြီ။ တည်ငြိမ်အေးချမ်းနိုးနိုး အရာရာကို ထိုင်မျှော်ကိုးနေရုံနဲ့ မဖြစ်ဘူး။ အနည်းဆုံးတော့ လူကြီးမင်းတို့တက်စီးနေတဲ့ ဘတ်စကားပေါ်မှာ လူကြီးမင်းရဲ့အကူအညီကို လိုအပ်နေတဲ့ လူတစ်ယောက်ယောက်ရှိနေမှာပါ။ လူကြီးမင်းရဲ့ထိုင်ခုံတစ်နေရာစာကို ပေးမှဖြစ်မယ့် လူတစ်ယောက်ယောက် အနီးအနားမှာ ရှိနေမှာသေချာပါတယ်။
ဒါကြောင့်မို့ တကယ်လို့များ လူကြီးမင်း တို့ တက်စီးနေတဲ့ ဘတ်စ်ကားပေါ်မှာ ထိုင်ခုံနေရာရခဲ့ရင်……
စုမီအောင်
နေထိုင်ရှင်သန်ခြင်း "အစိမ်းရောင်"
အဆောက်အဦတည်ဆောက်ကတည်းက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းပေးနိုင်မယ့် green building တွေ ပုံစံထုတ်ပြင်ဆင်နိုင်ခြင်းမရှိခဲ့ရင်တောင် ကိုယ်လက်ရှိနေထိုင်တဲ့ အိမ်လေးမှာပဲ eco-friendly ဖြစ်မယ်။ ငွေကျေးကုန်ကျမှုကိုလည်း သက်သာထိန်းသိမ်းပေးနိုင်တဲ့ လွယ်လွယ်ကူကူနည်းလမ်းလေးတွေရှိနေပါတယ်။ 
ခဏခဏ နွှေးဖို့မလို
ပေါင်မုန့် ဒါမှမဟုတ် ဖုတ်ထားတဲ့အစားအစာမျိုးတွေဟာ အပူပေးနေဖို့မလိုဘူးမဟုတ်လား။ နောက်တစ်ခါ ညစာအတွက်ပြင်ဆင်ရင်လည်း ကြာမြင့်စွာနွှေးနေတာလည်း ပြုလုပ်ဖို့မလိုပါဘူး။ ဖန်သား၊ ကြွေထည်အိုး၊ ခွက်တွေအသုံးပြုတာပိုပြီးကောင်းပါတယ်။ ဖန်/ ကြွေအိုးတွေဟာ သတ္ထုအိုးတွေထက်အပူသိပ်တင်စရာမလိုဘဲ နဲ့ ချက်ပြုတ်/ နွှေးနိုင်တာကြောင့် လျှပ်စစ်ဓာတ်အားချွေတာမယ့် go green ပေါ့။
ပလပ်ကျွတ်နေပါစေ
ယူအက်စ်စွမ်းအင်ဌာနက ပြောတာက စွမ်းအင်အီလက်ထရောနစ်အဖြစ်အသုံးပြုနေတဲ့ လျှပ်စစ်ဓာတ်အား အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းခန့်ဟာ ပိတ်ထားတဲ့နေရာကနေပဲ စီးဆင်းနေတာပါလို့ ဆိုတယ်။ ကိရိယာအတွင်း ချိန်ကိုက်နာရီနဲ့ လျှပ်စီးဆက်သွယ်မှုရပ်တန့်ပြစ်တဲ့အသုံးအဆောင်မျိုးရှောင်ပါ။ ပလပ်တွေကို အချိန်ခဏလေးပေးပြီး ဖြုတ်ထားမယ်ဆိုရင် စွမ်းအင်ကို ချွေတာရာရောက်တယ် ဒါလည်း go green  ပါ။
ရေကျတာနည်းတဲ့ ရေပန်းအသုံးပြုပါ
နေ့တစ်နေ့မှာ ပမာဏများများကုန်လွန်သွားလွန်းတဲ့အရာဟာ အဲဒီ တစ်နေ့တစ်နေ့ ကိုယ်အသုံးပြုလိုက်တဲ့ရေပမာဏတွေပါ။ go green ဖြစ်အောင် ထိန်းချုပ်မှုလုပ်ချင်တဲ့သူတွေအတွက် ရေချိုးနေချိန်မှာ ရေဂါလံ (Gallon's per minute) အနည်းအများထိန်းညှိပေးတဲ့ GPM ရေပန်းကို အသုံးပြုပေးပါ။
အဝတ်လျှော်စက် lint filter ကို ဆေးကြောပါ
ပြည့်နေတဲ့ lint filter ဟာ အခြောက်ခံတဲ့အခါ ပိုပြီးအလုပ်လုပ်ရတယ်။ အပူတွေပိုပြီး ထွက်စေတယ်။ အဝတ်လျှော်အခြောက်ခံတဲ့အကြိမ်တိုင်းပြီးတဲ့အခါ filter ကို သန့်ရှင်းပေးပါ။ စွမ်းအင်သုံးစွဲမှုကိုလည်းလျှော့ချပေးနိုင်သလို အခြောက်ခံချိန်ပိုပြီး မြန်ဆန်လာစေတယ်။
ရေအေးနဲ့ပဲ အဝတ်လျှော်ပါ
ရေအေးနဲ့ပဲ လျှော်မယ်ဆိုတော့ bill ကိုလျှော့ချပေးနိုင်တာပေါ့။ setting မှာ ရေကို hot ကနေ warm အဆင့်ပြောင်းလဲပေးတာတောင်မှ စွမ်းအင်သုံးစွဲမှုတစ်ဝက်လောက်အထိ လျော့သွားစေတာကြောင့် ချွေတာရာရောက်သေးတယ်။
အွန်လိုင်းမှာပဲ bill တွေ ပေးချေနိုင်ရင်ပိုကောင်းမယ်
အွန်လိုင်းကနေပဲ bill ပေးချေတဲ့အခါ စက္ကူချွေတာနိုင်သလို၊ စာတိုက်ကို သွားရတဲ့အချိန်တွေလည်း သက်သာသွားမှာပါပဲ။ စီးပွားရေးလုပ်ငန်းအများစုဟာ အွန်လိုင်းကနေ ငွေပေးချေနိုင်စေဖို့ ဆွဲဆောင်မှုတွေလုပ်ချင်နေကြတယ်။
ဂါလံလိုက် ဒါမှမဟုတ် ချွေတာရေးအရွယ်အစား ခေါင်းလျှော်ရည်/ ဆံပင်ပျော့ဆေးသုံးပါ
ပလပ်စတစ်လွှင့်ပစ်ရတာ နည်းပါးစေရုံတင်မဟုတ်ဘဲ ပိုက်ဆံချွေတာရာရောက်တာပါပဲ။ မကြာခဏခရီးသွားရတဲ့သူတွေဟာ ခရီးသွားတဲ့အခါအသုံးပြုတဲ့အရွယ်အစား ပုလင်းတွေ one set ဝယ်ထားပြီး ခရီးစဉ်တိုင်းပြန်ပြီး အသုံးပြုပါ။
ပြန်ပြီးအသုံးပြုနိုင်တဲ့ ဈေးဝယ်အိတ်ဝယ်ပါ
ကုန်စုံဆိုင်တွေမှာ ပြန်ပြီးအသုံးပြုနိုင်တဲ့ ခပ်ငယ်ငယ် အိတ်လေးတွေပေးကြတယ်။ ပလပ်စတစ်အိတ်တွေ၊ စက္ကူအိတ်တွေလို စုတ်ပြဲမှာမပူပင်ရဘဲ  အဲဒီအိတ်လေးတွေနဲ့ ကြာရှည်အသုံးပြုနိုငပါတယ်။ ကုန်စုံဆိုင်တွေကနေ မပေးခဲ့ရင်တောင် re-useable အိတ်လေးတွေဝယ်ယူထားနိုင်ရင် အဲဒါလည်း go green ပါပဲ။
Source : 8 Ways to Go Green Without Even Noticing by Kyley Eagleson | Reader's Digest
ဖြိုးဖြိုး
(Living Fashion Magazine, September, 2014)
ခေတ်က အချစ်ကို ပစ်မယုံလိုက်ဖို့ သင်ပေးနေတဲ့အခါ
စုမီအောင်
Chillies journal
ခေတ်က အချစ်ကို ပစ်မယုံလိုက်ဖို့ သင်ပေးနေတဲ့အခါ ……..
တစ်ယောက်ကတစ်ယောက်ကို ပစ်ပုံကာ မယုံလိုက်ဖို့ ခေတ်ကသင်ပေးနေတဲ့အခါ ဘ၀တွေက နိစ္စဓူဝ ကတောက် ကဆတ်ဖြစ်နေကြရတယ်။
xxxxxxx
The Eyes ကုမ္ပဏီရဲ့အစည်းအဝေးခန်းဟာ ကွာစေ့ချကျွေးရတော့မလို အသုဘအိမ်အလား တိတ်ဆိတ်နေတယ်။ ဒေါ်ဖြူပြာ စိုးဝေရဲ့အသံတစ်ခုက လွဲပြီးပေါ့။ ဇူးဇင်ဇော် က ကော်ဖီကို တစ်ကျိုက်ဆွဲယူသောက်လိုက်ရင်း သူ့ဘေးက ရည်ဝေေ၀ထူး ကို ငဲ့စောင်းကြည့်မိတယ်။ စိတ်ပျက်စရာပဲ၊ မိန်းကလေးဖြစ်ပြီး ဒူးနှန့်နေလိုက်တာ။ ဇူးဇင်ဇော်ရဲ့အဘွားကတော့ အမြဲတမ်းပဲ ဆုံးမသွန် သင်ခဲ့တယ်။ ဒူးတွေ ခြေတွေ ပေါင် တွေ လှုပ်ခါယမ်းတတ်တဲ့အကျင့်ရှိတာ မကောင်းဘူး၊ ဘယ်တော့မှမလုပ်မိစေနဲ့၊ ယောက်ျားတွေ ဆိုရင်တော့ အကြောင်း မဟုတ် ဘူးတဲ့။ မိန်းမတွေလုပ်ရင် ပေါ့ပျက်ပြီးစိတ်ထားယုတ်ညံ့တဲ့မိန်းမ လို့ အများက သမုတ်ကြတယ်တဲ့။ ပေါ့ပျက်လားတော့ မသိဘူး၊ အင်မတန် စိတ်ပျက်စရာ ကောင်းတယ်လို့တော့ထင်တယ်။ ကြည့်ဦးလေ တစ်ခုံနဲ့တစ်ခုံ ကပ်အောင် ထိုင်နေရတဲ့ စည်းဝေးခန်းမထဲမှာ ခြေတစ်ဖက် ချိတ်ထိုင်ပြီး ခြေကိုလှုပ်ခါယမ်းနေတယ်ဆိုမှတော့ သူ့ဖိနပ်ဖျားက ဇူးဇင်ရဲ့ ငြိမ်ငြိမ်လေးချထားတဲ့ ခြေထောက်ကို လာလာတိုက်မိနေ တာပေါ့။ ဒါ လည်း ဆောရီးလေး ဘာလေးပြော၊ ပြန်ပြင်ထိုင်ရ ကောင်း မှန်းမသိဘူး။
“ကဲ ဘာမှပြောစရာမရှိဘူးလား။ အလုပ်ကိစ္စကျရင်တော့ အသံမထွက်ကြဘူး၊ မဟုတ်တရုတ်စကားတွေကျတော့ ပြော လိုက်ကြတာ အခန်းထဲမှာ ညံနေတာပဲ၊ အော်ဟစ်ပြောတယ် လက်ခုပ်လက်ဝါးတီးပြောတယ်။ လမ်းလျှောက်ပြောတယ်။ လက်ဖက်ရည် ဆိုင်မှာလည်း ကိုးရိုးကားရားတွေပြောတယ်။ မကျေလည်တာရှိ ဒီလို စုံညီ စည်းဝေးချိန်မှာ ပြောကြပါဆိုတော့ မပြောတတ်ကြတော့ဘူး။ အဲကွန်းခန်းထဲ အစားမစားကြပါနဲ့ဆိုတာလည်း မီးမှိတ် လူမရှိချင် ယောင်ဆောင်ပြီး ခိုးခိုးစားတယ်၊ ကလေးတွေလည်းမဟုတ်ဘူး၊ ဘယ်လိုဆိုဆုံးမရမလဲ”
ဒေါ်ဖြူပြာစိုးဝေ ရဲ့ခပ်ထန်ထန်မျက်နှာနဲ့အသံကြောင့် ဇူးဇင်ဇော် စားပွဲအောက်ရောက်နေတဲ့အကြည့်တွေကို ပြန်ရုပ်သိမ်းပြီး သူဌေးရဲ့စကားလုံးတွေထဲ အာရုံပြန်စိုက်ရတယ်။ ၀န်ထမ်းတွေ ဘာလုပ်လုပ် ဘယ်လိုနေနေ ကွယ်ရာမှာ ဘာပြောပြော သူပြန်ပြန် သိနေတာတော့ အံ့သြစရာပဲ။
“ ဒီတစ်လ Review တွေအားလုံး ငါကြည့်ပြီးပြီ၊ ဒီမှာ ဇူးဇင်ဇော် တဲ့၊ ဘယ်သူလဲ..ကဲ အားလုံးလက်ခုပ်တီးကြပါ”
            ဇူးဇင် ရုတ်တရက်ကြောင်သွားပြီး လက်ခုပ်လိုက်တီးမိသွားတယ်။
“ ဇူးဇင်ဇော်ရေးတဲ့ Review က အကောင်းဆုံးပဲ၊ ကျန်တာ ဘာမှအသုံးမကျဘူး၊ ဒီကဏ္ဍကြိုက်ပါတယ်၊ မကြိုက်ပါဘူး ဆိုတာလောက်တော့ လမ်းဘေးက ကလေးသွားမေးတောင် ပြောတတ်တယ်။ ကျန်တဲ့လူတွေက ကြိုက်တယ်မကြိုက်ဘူးတွေပဲ ပြောထားတယ် သိပ်ဆိုးတာပဲ ”
ဒီတော့မှ တစ်ယောက်ပြီးတစ်ယောက် ဖျစ်ညှစ်ပြောသံတွေနဲ့ အခန်းဟာ သက်ဝင်လှုပ်ခတ်လာတယ်။ အမှန်က ဒေါ်ဖြူပြာစိုး ဝေက ထက်မြက်ပြီး ဘွင်းခနဲရှင်းခနဲ စိတ်မြန်လက်မြန်ပြောတတ်တဲ့အမျိုးသမီးတစ်ယောက်ဆိုတော့ ဒါကို ၀န်ထမ်းတွေက မကြိုက်ကြ ဘူး။ ဇူးဇင်ဇော်ကတော့ ကြိုက်တယ်။ သူက ကိစ္စတစ်ခုကို သိချင်စိတ်ပြင်းပြတယ်။ ချက်ချင်းactionယူတယ်။ ခက်တာက တိုက်ရိုက် ကျတဲ့ ပွင့်လင်းတဲ့အပြောဒဏ်ကို ၀န်ထမ်းတွေကမခံနိုင်ကြတာ။ ဇူးဇင်ဇော်ကတော့ စိတ်ကို ပုံမှန်ပဲထားတယ်။ အများကြီး ၀မ်းမြောက် မနေသလို အများကြီးလည်း ၀မ်းနည်းမနေမိအောင် ကိုယ့်စိတ်ကိုယ် လေ့ကျင့်ယူထားတယ်။ အစည်းအဝေးပြီးတော့ ဇူးဇင်စိတ်ထဲ ကျဉ်းကျပ်သလို ခံစားနေရတယ်။ ဖုန်းထဲမက်ဆေ့ခ်ျလေးဝင်လာတယ်။
            “My Babe …waiting for u at Rain tea shop…”
အိုး ပျော်လိုက်တာ။ မင်းယံခ ဆီက။ “I´ll come to u ” လို့ပြန်ရိုက်လိုက်တယ်။မိုး လက်ဖက်ရည်ဆိုင်လေးကို အပြေးတစ်ပိုင်း ထွက်လာခဲ့တယ်။ ဆိုင်ရောက်တော့ မင်းယံခက စက္ကူကတော့လေးနဲ့ ထုပ်ထားတဲ့ သစ်ချသီးတွေ ပေးတယ်။
“ မိုင်ဘေးဘီ ရှဥ့်မလေးအတွက်” “ အိုး Buddy…ရှင်သိပ်တော်တာပဲ ”
သစ်ချသီးလေးတွေက ဒါလောက်မိုးအေးအေးမှာတောင် ပူနွေးနေတုန်းပဲ။ ဇူးဇင်ကြိုက်မှန်းသိလို့ လှော်နေတာကို စောင့်ဝယ် လာပေးတာ ဖြစ်မယ်။ မင်းယံခရဲ့အချစ်တွေကလည်း သစ်ချသီးလေးတွေလိုနွေးမြနေတယ်။ မင်းယံခ က ဓာတ်ပုံသမားလူငယ် တစ်ယောက်။ မဂ္ဂဇင်းတွေအတွက် ဓာတ်ပုံတွေရိုက်ပေးသလို သူ့အိမ်မှာ ကိုယ်ပိုင်photo studio ရှိတယ်။ မင်းယံခ တင်ထားတဲ့ ဓာတ်ပုံ လေးတွေကို facebookမှာ like လုပ်၊ c-boxကနေစကားပြောမိရာကနေ ဇူးဇင်နဲ့ ချစ်သွားတာ။ ဇူးဇင်က တော်ရုံတန်ရုံpost တွေကို Like လုပ်လေ့မရှိဘူး။ မင်းယံခရဲ့လက်ရာ ဓာတ်ပုံတွေက အမြင်ဆန်းတယ်၊ အယူအဆကောင်းတယ်၊ များသောအားဖြင့် သဘာဝရှုခင်းပုံ တွေနဲ့ အကောင်ပလောင်လေးတွေကို စောင့်ရိုက်ထားတဲ့ပုံတွေပဲ။ တခြားဓာတ်ပုံသမားတွေလို မိန်းကလေးမော်ဒယ်ပုံတွေ တင်လေ့မရှိ ဘူး။ မဂ္ဂဇင်းတွေမှာ ဖက်ရှင်အလှအပတွေ ရိုက်ပေးရလွန်းလို့ ရိုးအီနေပါပြီတဲ့။ မော်ဒယ်တွေဘယ်လောက်လှလှ သူစိတ်မ၀င်စားဘူးတဲ့ အလုပ်သဘောအရ ကောင်းအောင်လုပ်ပေးပြီးတာနဲ့ ခေါင်းထဲကနေထုတ်ပစ်လိုက်တာချည်းပဲတဲ့။ ဒီလို တည်ကြည်တဲ့ စိတ်ထားလေး တွေကြောင့်ပဲ ဇူးဇင်ကြွေသွားခဲ့တာ။ အခု လာမယ့်ဝါဆိုလပြည့်နေ့ဆိုရင် ချစ်သူသက်တမ်း တစ်နှစ်ပြည့်ခဲ့ပြီ။
“ မိုင်ဘေးဘီ ရှဥ့်ကလေး ဒီနေ့ရောဘယ်လိုလဲ”     
            သူဌေးကချီးမွမ်းတဲ့အကြောင်းပြောပြမိမလိုလုပ်ပြီးမှ ဇူးဇင်မပြောတော့ဘူး။ သူတစ်ပါးက ကိုယ့်ကို ချီးမြှောက်ပြောဆိုတဲ့ စကားလုံးတွေကို ကိုယ်တိုင်နှုတ်ကပြန်ပြောရတာ ကြွားလုံးထုတ်သလိုအနေအထားကြီးတွေမို့ ဇူးဇင်မပြောမိအောင် ဆင်ခြင်တယ်။ မိန်းကလေးတော်တော်များများကတော့ အဲဒီလို တစ်ဆင့်ခံနေတဲ့ကိုယ်ရည်သွေးတီးလုံးတွေ ကိုယ်တိုင်ထထတီးနေတတ်ကြတာပါ။ အရင်ကတော့ ဇူးဇင် အလုပ်ထဲကဖြစ်ပျက်သမျှ ၀မ်းနည်း/၀မ်းသာခံစားချက်တွေ မင်းယံခ ကိုတွေ့တာနဲ့ပြောမိတတ်တာပေါ့။ အခုနောက်ပိုင်း မပြောပါဘူး။ ချစ်သူနဲ့အတူရှိနေချိန်လေးမှာ အလုပ်အကြောင်း စကားထဲထည့်ပြောရင်း အချိန်တွေကုန်မှာစိုးလှတယ်။
            “ ရှဥ့်ကလေး အတွက် ဖိတ်စာ”
            လက်ထဲရောက်လာတဲ့ MYK photo studio ၂နှစ်ပြည့်ပွဲဖိတ်စာလေးကိုကြည့်ပြီး ဇူးဇင်နှာကစ်သွားတယ်။ တကယ်ဆို အရင်းနှီးဆုံးလူကို ကြိုပြောသင့်တာပေါ့။
            “ အို ဘာလို့ ကြိုမပြောတာလဲ၊ မနက်ဖြန်လုပ်မယ့်ဟာ မဂ္ဂဇင်းတွေ ဖိတ်ရဦးမယ်လေ”
            “ အကုန်ဖိတ်ပြီးပြီ၊ ရှဥ့်ကလေးအံ့သြသွားအောင်လို့ နောက်ဆုံးမှပြောတာ”
            “ သြော် ဒီလိုလား….”လို့ ပြောပြီး ဇူးဇင်တွေးနေတာက မနက်ဖြန် ဘာအ၀တ်အစားလေး ၀တ်ရရင်ကောင်းမလဲ ဆိုတာပါပဲ။
xxxxx
ဇူးဇင်က လုံခြုံတဲ့အကျီလေးတွေပဲ ၀တ်နေကျဆိုတော့ ဒူးဖုံးရုံလေးရှည်တဲ့ဂါဝန်လေးပဲ ၀တ်လိုက်တယ်။ မြောက်ဥက္ကာပ သဇင်လမ်း၊ ပထမထပ်မှာရှိတဲ့ မင်းယံခရဲ့စတူဒီယိုကိုရောက်လာတော့ တော်တော်တောင်နေမြင့်သွားပြီ။
“ ဟင် ဘယ်သူမှလဲမရှိပါလား”
“ ပြန်ကုန်ကြပြီ ရှဥ့်ကလေးရဲ့…သိပ်မလာကြဘူး ဝေးလို့ထင်တယ်၊ ပြီးတော့ လပြည့်နေ့ဖြစ်နေတော့ ရုံးပိတ်သလို အိမ်မှာ နားသူများ သွားပုံရတယ်”
“ အင်းလေ Buddy ရှင်တော်တော်ညံ့တာပဲ တကယ်ဆို ဘယ်နေ့လုပ်မယ်ဆိုတာကအစ ကျမနဲ့အရင်တိုင်ပင်ရမှာ၊ ပြီးတော့ ဖိတ်စာတွေ ဖိတ်ဖို့လည်း အတူတိုင်ပင်ရမှာ ခုတော့ ပြီးစလွယ်ပဲ..”
ဇူးဇင်စိတ်ပျက်သွားတယ်။ ဘာလို့ဒီလိုလုပ်ရတာလဲ သံသယ၀င်လာတယ်။ ဇူးဇင်ကို တမင် သူ့အခန်းလာလည်အောင် တစ် ဖက်လှည့်လုပ်တဲ့လုပ်ရပ်တွေလားပဲ။ တစ်ခါက ပြောခဲ့ဖူးတာ သတိရမိသွားတယ်။ ရှဥ့်ကလေးက မလွယ်ဘူး၊ ကိုယ်တို့အေးအေး ဆေးဆေးလေး တွေ့ရအောင်ပါဆို ဘယ်တော့မှ လက်မခံဘူး၊ ညာခေါ်ရမယ့်ပုံပဲ…တဲ့။ ဘုရားရေ။ ဇူးဇင် လန့်သွားတယ်။ အခန်းကို အကဲခတ်လိုက်တော့ ဓာတ်ပုံရိုက်ရာမှာအသုံးပြုတဲ့ ပစ္စည်းပစ္စယတွေ ရယ်၊ သောက်ပြီး မသိမ်းရသေးတဲ့ ကော်ဖီခွက်တချို့၊ နံနက်ခင်း စာ ဒင်းဆမ်းမုန့်လေးတွေထည့်ထားတဲ့ စားလက်စပန်းကန်ပြားလေးတွေရယ် မြင်တယ်။ ဒါတွေက မပြောပလောက်ဘူး။ လျှောက်ကြံ စည်ထားတာဖြစ်နိုင်တယ်။ သံသယကြောင့် ဇူးဇင်မပျော်တော့ဘူး။ မင်းယံခကို အပြင်ကို ဘယ်လိုခေါ်ထုတ်ရင် ကောင်းမလဲပဲ စဉ်းစားနေတယ်။
“ ရှဥ့်ကလေးမုန့်စားလေ”
            ဒင်းဆမ်းအပြည့်အသိပ်ထည့်လာတဲ့ပန်းကန်ကို ဇူးဇင်ကိုလှမ်းပေးပြီး ဓာတ်ဘူးထဲက လက်ဖက်ရည်တွေခွက်ထဲ လောင်းငှဲ့ ထည့်ပေးနေတယ်။ မင်းယံခပုံစံကတော့ အေးအေးလူလူပါ။ စိတ်ချသွားပြန်တယ်။ ဖက်ထုပ်မုန့်လေးတစ်ခု ကောက်ဝါးလိုက်ပြီး လက်ဖက်ရည်ခွက်ယူသောက်လိုက်တယ်။
“ခဏခဏလေး ရှဥ့်ကလေးအဲ့တိုင်းနေဦး..”
ပြောပြောဆိုဆို အနောက်ခန်းထဲ မင်းယံခပြေးဝင်သွားတယ်။ ပြန်ထွက်လာတော့ ကင်မရာကြီးနဲ့။ ဇူးဇင်ကို ဟိုကသည်က ချိန်ပြီးဓာတ်ပုံတွေ တဖျပ်ဖျပ်ရိုက်ယူတယ်။ “ရတယ် ရှဥ့်ကလေး လက်ဖက်ရည်သောက်ချင်သောက် နေချင်သလိုနေ”လို့လည်းပြော တယ်။ တမင်လုပ်နေတာလားပဲ။  “ရှဥ့်ကလေးက မလွယ်ဘူး၊ ကိုယ်တို့အေးအေး ဆေးဆေးလေး တွေ့ရအောင်ပါဆို ဘယ်တော့မှ လက်မခံဘူး၊ ညာခေါ်ရမယ့်ပုံပဲ…”ဆိုတဲ့ပြောဖူးတဲ့စစနောက်နောက်စကားတွေက ခေါင်းထဲဝင်လာတယ်။ ဇူးဇင်လန့်ထိတ်လာတယ်။ အလိုက်သင့်နေရင်းနဲ့ အပြင်ကို ဘယ်လိုအကြောင်းရှာထွက်ရကောင်းမလဲ အကြံထုတ်နေတယ်။ မင်းယံခ က ကင်မရာကိုချပြီး ဇူးဇင်အနားကပ်လာတယ်။ ဇူးဇင်ကိုယ်လေးက မတ်သွားတယ် လာမိတာငါမှားပြီး သူ ငါ့အနားကပ်ပြီး………..
“ ချလွမ်း ”
ရုတ်တရက် ဇူးဇင်မတ်တတ်ထရပ်လိုက်ရာက လက်ဖက်ရည်ခွက်ဟာ မင်းယံခရဲ့လက်နဲ့တိုက်မိပြီးအောက်ကျကွဲသွားတယ်။
“ ဟင် ဘာဖြစ်ရတာလဲရှဥ့်ကလေး”
“ ပြန်တော့မယ် Buddy ကျမ မနေချင်တော့ဘူး”
“ ကိုယ်ဓာတ်ပုံရိုက်ပေးမလို့လေ”
“ ရိုက်လေ ဟိုဘက်ကနေရိုက်ပေါ့ ဘာလို့အနားကပ်လာတာလဲ”
“ ဟ မင်းဆံပင်တွန့်တွန့်လေးတွေ၊ ဒီဘက်ကို ချရင်ပိုကောင်းမှာမို့ လာလုပ်ပေးတာကွ...”
“ အဲဒါပြောလိုက်လေ ပြောပါလား ဆံပင်ကိုချလိုက်…လို့”
“ပြောလိုက်ရင် အနေအထားပျက်သွားမှာပေါ့၊ အခုကျနေတဲ့အလင်းအမှောင်ရယ် ခွက်ကိုင်ထားတဲ့ပုံစံရယ် အကုန်ပျက် ကုန်မှာပေါ့ မင်း…..ကွာ..တောက်…! လက်စသတ်တော့ …မင်း ငါ့ကို ဘလိုင်းကြီး သံသယ၀င်တာ ပဲ….အိမ်မှာ ဘယ်သူမှ မရှိဘူး…မင့်ကိုငါက မဟုတ်တရုတ်လုပ်မယ့်ကောင်စားပေါ့ ဟုတ်လား…..မင့်အတွေး တော်တော်သေးသိမ်တာပဲ”
ဇူးဇင်ငြိမ်ကျသွားတယ်။ မင်းယံခ စိတ်ဆိုးတာ တစ်ခါမှ မမြင်ဖူးဘူး။ တကယ်စိတ်ဆိုးသွားလို့သာ မင်းတွေ ငါတွေ ကွတွေနဲ့ ဖြစ်ကုန်တာ။ ဇူးဇင် ဘာပြောရမှန်းမသိတော့ဘူး။ ငိုပဲ ငိုချင်လာတယ်။ ဘာလို့ ဒီလိုအတွေးဆိုးကြီးတွေးမိခဲ့ပါလိမ့်။ ဘာလို့ ရုပ်ပျက် ဆင်းပျက် လန့်ထိတ်မိပါလိမ့်။ တကယ်ဆို မင်းယံခက ချစ်သူပဲ။ အနားတိုးလည်း တိုးချင်မှာပေါ့။ နမ်းရင်လည်းနမ်းချင်မှာပေါ့။ အို မဟုတ်ဘူး ဒါ့ထက် ပိုကဲလွန်ကျူးလာမှာစိုးတာ။ ဒါ့ထက် လွန်ကျွံလာရင်ကော ဇူးဇင် ဘယ်လိုတုံ့ပြန်ရပါ့။ လွန်ကျွံလာမှ တစ်စုံတစ်ရာ တုံ့ပြန်ဆက်ဆံရကောင်းသား။ ခု..ဘာလို့များ….။ ဇူးဇင် ငြိမ်နေမိတယ်။ မင်းယံခ ကို မျက်လုံးဝင့်ကြည့်တော့ မျက်နှာတွေနီမြန်း မေးကြောတွေထောင်ထလို့၊ လက်သီးနှစ်ဖက်ဆုပ်ကျစ်ထားပြီး တောင့်တောင့်ကြီးရပ်နေတယ်။ ပြီးတော့ တံခါးရှိရာစိတ်မြန်လက်မြန် သွားပြီး သံတံခါးကို ဂျိုင်းခနဲကပ်သွားအောင် ဆွဲဖွင့်ပစ်တယ်။
“ သွားတော့ ဇူးဇင်ဇော်..မင်းငါ့ကို ဒီလိုကောင်စားလို့ထင်မြင်ရင် အခု ပြန်သွားလိုက်တော့”
ဇူးဇင်ဇော် မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလာတယ်။ ဆိုဖာထိုင်ခုံမှာ ပြန်ထိုင်ချပြီး တအိအိနဲ့ ငိုမိတော့တယ်။
မင်းယံခ တကယ်ပဲစိတ်ဆိုးသွားပုံရတယ်။ ဇူးဇင်ကို မချော့ဘူး။ ဘယ်တတ်နိုင်မလဲ၊ တခြားလူတွေမရှိချိန်မှာ ဇူးဇင်လည်း ကြောက်လန့်တကြားလျှောက်တွေးမိတာပေါ့။ ဇူးဇင် အိတ်ကိုကောက်ကိုင်လိုက်တယ်။ မင်းယံခရှေ့ကပဲဖြတ်ပြီး `ဆောရီး´လို့ပြောပြီး ပြန်လာခဲ့တယ်။ မျက်ရည်တွေသုတ်ရင်း လှေကားထစ်လေးတွေကနေဆင်းလာလိုက်တယ်။ ကားလမ်းကူး၊ လမ်းလယ်ကောင်မှာ ကားအရှင်းစောင့်နေတုန်း လက်ကိုဖြည်းဖြည်းလေး ဆွဲကိုင်ဆုပ်တွဲလာတဲ့အထိအတွေ့လေးရတယ်။ ကားရှင်းချိန်မှာ ခြေလှမ်းညီညီ လှမ်းရင်း လမ်းအတူဖြတ်ကူးလိုက်ကြတယ်။ ပလက်ဖောင်းပေါ်ကို တက်လျှောက်လိုက်ကြတယ်။
            “ တောင်းပန်ပါတယ် Buddyရယ်…ကျမ ဘာလို့ သံသယ၀င်မိပါလိမ့်…….နော်”
“ခေတ်ကြောင့်ပေါ့….ဒီခေတ်ထဲမှာ မယုံနိုင်စရာ သမီးရည်းစားအခြေအနေတွေက ပွက်လောရိုက် ထကြွနေတာကိုး…၊ မျက်စိရှေ့မှာရော၊ အွန်လိုင်းပေါ်မှာတွေရော၊ ရပ်ကွက်ထဲမှာရော၊ စာအုပ်တွေထဲမှာရော၊ မြန်မာမှာရော၊ ကမ္ဘာမှာရော..နေရာအနှံ့ပဲ။ ရှဥ့်ကလေး မှန်ပါတယ်။ ကိုယ်တော်တော်ခံပြင်းသွားတယ်။ ကိုယ့်လိုလူစားကို မယုံလို့ တစ်လလောက်တော့ ပစ်ထားမလို့ …။ အခြေ အနေတွေ ပိုဆိုးကုန်ပြီး ဘာမဟုတ်တာလေးနဲ့ ဝေးသွားမှာစိုးလို့။ ချက်ချင်းလိုက်လာခဲ့တာ။ ကောင်းပြီလေ။ ကိုယ်မင်းကို ဘယ် တော့မှ ကိုယ့်စတူဒီယိုမခေါ်တော့ဘူး…. လို့ ဆုံးဖြတ်လိုက်ပြီ”
“ ကျမ လာမှာပါ တစ်နေ့နေ့ တစ်ချိန်ချိန် အပြီးအပိုင်လာနေမှာပါ….”
“ ကိုယ်စောင့်နိုင်သားပဲ ……..”
ကြည်လင်တဲ့ရယ်သံချိုချိုလေးတွေ ပလက်ဖောင်းပေါ် လွင့်စဉ်ပြုတ်ကျသွားတယ်။
စုမီအောင်
(ဓာတ်ပုံသမားလူငယ်လေးတစ်ယောက်ရဲ့တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်လေးတစ်ခုပါ)
Tuesday, August 05, 2014
ငါ ပိုင်တဲ့တစ်နေရာရာ
နားထဲဝင်လာတဲ့ Somewhere I belong  သီချင်း နားထောင်ရင်း ပြန်ကြိုက်သွားပြန်တယ်။ Chester ကို ကြိုက်တယ် Linkin Park ကိုကြိုက်တယ်။ "ငါ ပိုင်တဲ့တစ်နေရာရာ" ကိုလည်း ကြိုက်တယ်။
"Somewhere I Belong"
(When this began)
I had nothing to say
And I get lost in the nothingness inside of me
(I was confused)
And I let it all out to find
That I’m not the only person with these things in mind
(Inside of me)
But all that they can see the words revealed
Is the only real thing that I’ve got left to feel
(Nothing to lose)
Just stuck, hollow and alone
And the fault is my own, and the fault is my own
[Chorus]
I wanna heal, I wanna feel what I thought was never real
I wanna let go of the pain I’ve felt so long
(Erase all the pain till it’s gone)
I wanna heal, I wanna feel like I’m close to something real
I wanna find something I’ve wanted all along
Somewhere I belong
And I’ve got nothing to say
I can’t believe I didn’t fall right down on my face
(I was confused)
Looking everywhere only to find
That it’s not the way I had imagined it all in my mind
(So what am I)
What do I have but negativity
’Cause I can’t justify the way, everyone is looking at me
(Nothing to lose)
Nothing to gain, hollow and alone
And the fault is my own, and the fault is my own
[Repeat Chorus]
I will never know myself until I do this on my own
And I will never feel anything else, until my wounds are healed
I will never be anything till I break away from me
I will break away, I'll find myself today
[Repeat Chorus]
I wanna heal, I wanna feel like I’m somewhere I belong
I wanna heal, I wanna feel like I’m somewhere I belong
Somewhere I belong
Monday, August 04, 2014
လန်းလန်းဆန်းဆန်း သင်းရနံ့နဲ့အတူ
ရေမွှေး (perfume) ဆိုတာ မွှေးကြိုင်သင်းပျံ့တဲ့ ဆီမွှေးတွေ၊ သစ်ပင်တွေဆီကရတဲ့ aroma coumpound တွေ အရောအနှောပျော်ရည်တွေပေါင်းစပ်ပြီး လူ့ခန္ဓာကိုယ်၊ အစားအစာ၊ အသုံးအဆောင် စသည်တို့မှာ သင်းရနံ့ ရရှိနေအောင် အသုံးပြုကြတာပါ။ လက်တင်လို perfumum ကနေ per fume ဆင်းသက်လာခဲ့တယ်။ ရေမွှေးပြုလုပ်တဲ့အနုပညာဆိုတာဟာ ရှေးကျတဲ့ မက်ဆိုပိုတေးမီးယား နဲ့ အီဂျစ်တို့ကနေစတင်လာခဲ့ပြီး ရိုမန် နဲ့ ပါရှန်းတွေမှာ ဖန်တီးအသုံးပြုမှု ပိုလို့ထွန်းကားလာခဲ့ကြပါတယ်။ ကမ္ဘာ့ ပထမဆုံး ရေမွှေးထုတ်လုပ်သူ လို့ ခေါ်ဆိုနိုင်မယ့်သူဟာ Tapputi ဆိုတဲ့ ဓာတုဗေဒပညာရှင်အမျိုးသမီးတစ်ဦးပါ။ မက်ဆိုပိုတေးမီးယားမှာ BC ဒုတိယထောင်စုနှစ်ကနေစတင်ထုတ်လုပ်ခဲ့တယ်လို့ ဆိုကြတယ်။ ကမ္ဘာ့ရှေးအကျဆုံးရေမွှေးတွေဟာ ဆိုက်ပရပ်စ်နိုင်ငံ Pyrgos မှာ ထုတ်လုပ်ခဲ့တယ်ဆိုတာ ၂၀၀၅ ခုနှစ်မှာ ရှာဖွေတွေ့ရှိခဲ့ကြပြန်တယ်။ ရေမွှေးစတင်ပေါ်ပေါက်လာတဲ့ခေတ်ကို စူးစမ်းချင်တယ်ဆိုရင် နှစ်ပေါင်း ၄၀၀၀ ကျော်ခန့်ကာလအထိတိုင် ပြန်လှည့်ကြည့်ရမယ်ဆို့ ဆိုတယ်။ အဲဒီခေတ်ကတည်းက ပေါင်းအိုး အလုံး ၆၀အနည်းဆုံး၊ ရောနှောပေါင်းစပ်တဲ့ ဇလုံးတွေ၊ မီးခိုးခေါင်းတိုင်တွေနဲ့ ရေမွှေးပုလင်းတွေကို ၄၃၀၀၀ စတုရန်းမီတာ ရှိတဲ့ စက်ရုံနေရာမှာ တွေ့ရှိခဲ့ကြပါတယ်။ ရှေးကျတဲ့ခေတ်မှာ ရေမွှေးဖော်စပ်ကြတဲ့အခါ ဆေးဘက်ဝင်အပင်၊ ဟင်းခတ်အမွှေးအကြိုင်၊ မက်မွန်၊ နံနံပင်၊ myrtle ချုံပင်၊ ထင်းရှုးဆီ ပန်းပွင့်အမျိုးမျိုးပေါင်းစပ်အသုံးပြုကြတယ်။ 
ဒီနေ့ခေတ်မှာတော့ နည်းပညာတွေတိုးတက်လာသလို အမွှေးရနံ့အမျိုးမျိုးပေါင်းစပ်ဖန်တီးရောင်းချလာကြပါပြီ။ ရေမွှေး သင်းရနံ့အမျိုးမျိုးကို အမျိုးသမီး အမျိုးသား သီးသန့် သုံးစွဲလာကြပါတယ်။ လူကြိုက်များတဲ့ရေမွှေးအမျိုးအစားအမျိုးမျိုးအထွေထွေ ထဲကမှ ထိပ်တန်း ရေမွှေး ၂၀ ခန့် ဖော်ပြပေးလိုက်ပါတယ်။ 
Acqua Di Gio by Giorgio Armani
The One by Dolce & Gabbana 
BLV by Bvlgari
Chloe Perfume by Chloe
Davidoff Cool Water
L’Eau D’Issey by Issey Miyaki 
 Anais Anais by Cacharel 
Tresor by Lancôme 
DKNY by Donna Karan 
Gucci Rush
CK One
Angel by Thierry Mugler 
Opium by Yves Saint Laurent 
Youth Dew by Estee Lauder 
Classique by Jean Paul Gaultier
 Joy by Jean Patou
Shalimar by Guerlain 
J’Adore by Christian Dior
L’Air Du Temps by Nina Ricci 
Chanel No 5 တို့ဖြစ်ပါတယ်။ 
ရေမွှေးဖော်စပ်ရာမှာအသုံးပြုကြတဲ့ အမျိုးအစားတွေအများကြီးထဲမှာ လာဗင်ဒါ (Lavender) နဲ့ ပေါင်းခံထုတ်လုပ်ထားတဲ့ ရေမွှေးကိုလည်း စိတ်ဝင်စားသူများလှပါတယ်။ လာဗင်ဒါရဲ့ သင်းရနံ့ဟာ သင်းပျံ့ပျံ့သဘာဝဆန်တဲ့ ရနံ့မျိုးလို့ဆိုကြတယ်။ လာဗင်ဒါရေမွှေးတံဆိပ်တွေလည်း အများကြီးရှိနေတာပါပဲ။ Caldey ရဲ့ Island Lavender ဟာ အကောင်းဆုံးလာဗင်ဒါရေမွှေးတွေထဲကတစ်မျိုးလို့ ရေမွှေးဝါသနာရှင်တွေက သဘောတူကြတယ်။ ဒေါ်လာ ၂၀ ဝန်းကျင်ခန့်သာရှိပါတယ်။ Yardley က ထုတ်တဲံ English Lavender ကိုလည်း ကြိုက်နှစ်သက်ကြပါတယ်။ Parfums d'Orsay Arome 3, Parfums d'Nicolai Haute Provence, L'Occitane OAC Lavender edt, Guerlain Jicky, Serge Lutens Gris Clair, Serge Lutens Encen et Lavande, Caron Pour Un Homme နဲ့ Guerlain AA Lavande Velours စတဲ့ လာဗင်ဒါ ရေမွှေးတွေကလည်း လူသုံးများတဲ့အမျိုးအစားတွေပါ။ 
လာဗင်ဒါဆီ ပြုလုပ်တဲ့အခါ လာဗင်ဒါပန်းပင်ရဲ့ ပန်းပွင့်၊ ပန်းခိုင်တွေကို ပေါင်းခံထုတ်လုပ်ကြတာပါ။ ပေါင်းခံတဲ့အခါ လာဗင်ဒါပန်းဆီ နဲ့ လာဗင်ဒါပန်းခိုင်ဆီ ဆိုပြီး ပုံစံ ၂ မျိုးရှိနိုင်ပါတယ်။ လာဗင်ဒါဆီကို ရေမွှေးဖော်စပ်ထုတ်လုပ်ရေးမှာ အသုံးပြုကြသလို ရနံ့ကုထုံးတွေမှာလည်း အသုံးပြုကြတယ်။ လာဗင်ဒါရနံ့ဟာ တည်ငြိမ်အေးချမ်းစေတဲ့အစွမ်းသတ္တိရိုနေတာကြောင့် အနားယူအပမ်းဖြေလိုတဲ့အခါ၊ စိတ်လှုပ်ရှားမှု၊ စိတ်ဖိစီးမှုတွေလျှော့ချလိုတဲ့အခါ အဲဒီ လာဗင်ဒါရနံ့ပေးကုထုံးနဲ့ ကုသကြပါတယ်။ ဆေးဝါးအဖြစ်အသုံးပြုနိုင်ပါသေးတယ်။ ရောဂါပိုးသတ်ဆေး၊ နာကျင်မှုဝေဒနာသက်သာစေတဲ့ဆေး နဲ့ အပူလောင်နာ၊ နေလောင်တာ၊ အင်းဆက်ပိုးမွှားကိုက်ခဲတာနဲ့ အဆိပ်ဆူး ဆူးမိတာတွေမှာ သက်သာရာရစေနိုင်တယ်။ တခြားအသုံးပြုနိုင်သေးတာက ဆီဆေးပန်းချီဆွဲတဲ့အခါ ပျော်ရည်တစ်မျိုးအဖြစ်ပေါင်းစပ်ကြတယ်။ ဥပမာဆိုရရင် Francisco Pacheco ဟာ သူရေးတဲ့စာအုပ်မှာ လာဗင်ဒါပန်းခိုင်ဆီအသုံးပြုထားတယ်လို့ ညွှန်းဆိုဖော်ပြထားဖူးပါတယ်။ 
ကိုယ့်ရဲ့ပန်းခြံထဲမှာ လာဗင်ဒါ ပန်းပွင့်တွေနဲ့ နှင်းဆီပန်းတွေရှိနေခဲ့မယ်ဆိုရင် ကိုယ်ပိုင်ရေမွှေးထုတ်လုပ်နိုင်တဲ့ နည်းလမ်းလေးတွေ ပေါ့ပေါ့ပါးပါး စမ်းသပ်ပြုလုပ်ကြည့်နိုင်ပါတယ်။ ကိုယ်တိုင်လိုက်မလုပ်ဖြစ်ရင်တောင်မှ စိတ်ဝင်စားစရာကောင်းနေတာမို့ ဒီအဆင့်လေးတွေ ဖတ်ကြည့်ပါဦးနော်။
၁. ပန်းခြံထဲက လတ်လတ်ဆတ်ဆတ် ရနံ့မွှေးကြိုင်နေတဲ့ စွင့်စွင့်ကားကား နှင်းဆီတစ်ပွင့်ရယ်၊ လာဗင်ဒါပန်း ၃ ခိုင်ခန့် ရွေးပြီးခူးပါ။
၂.  နှင်းဆီပွင့်မှ ပွင့်ချပ်တွေအားလုံးနဲ့ လာဗင်ဒါပန်းခိုင်မှ အဖူးတွေအားလုံး ဖယ်ရှားပါ။ နှင်းဆီပွင့်ချပ် ပွင့်ဖတ်လေးတွေရယ်၊ လာဗင်ဒါအဖူးလေးတွေရယ် ဇလုံးတစ်ခုထဲထည့်ပြီး ရေဆေးဖို့ အသင့်ပြင်ပါ။
၃. ဖုန်အညစ်အကြေးနဲ့ မြေကြီးအမှုန်အမွှားတွေ ကင်းစင်သွားအောင် ရေနဲ့ ဆေးကြောလိုက်ပါ။ သင်းရနံ့လတ်လတ်ဆတ်ဆတ်ကျန်ရှိနေပါလိမ့်မယ်။
၎. ဒယ်အိုး ဒါမှမဟုတ် လက်ကိုင်ပါအိုးတစ်ခုထဲ ရေနှစ်ခွက်ခန့်ထည့်ပြီး ဆူပွက်လာအောင် မီးအပူပေးပါ။
၅. ဆူပွက်နေတဲ့ရေထဲ ပွင့်ချပ်လေးတွေနဲ့ အဖူးလေးတွေကိုအပူဓာတ်မလျော့သွားခင်မှာ ဂရုစိုက်ပြီးထည့်ပေးပါ။ ပြီးရင်တော့ မီးအေးအေးမှာပဲ နှပ်ထားပေးဖို့ပါ။
၆.  ၁၅ မိနစ်ကြာပြီးတဲ့အခါ ကရားထဲမှာရေလောင်းထည့်ပြီး ပွင့်ဖတ်၊ အဖူးလေးတွေ အေးသွားပါစေ။ ပွင့်ဖတ်နဲ့အဖူးလေးတွေဆီက သင်းရနံ့၊ အသွေးအရောင်တို့ဟာ အဲဒီရေထဲကို စိမ့်ဝင်လာပါလိမ့်မယ်။ နာရီအနည်းငယ်ကြာစိမ်ထားလိုက်ပါ။
၇.  မွှေးပျံ့သင်းကြိုင်နေတဲ့ ရေ၊ ပွင့်ဖတ်၊ အဖူးလေးတွေ စစ်ယူရပါတော့မယ်။ ဇလုံတစ်ခုပေါ်မှာ ဇကာတင်ထားပြီး ကရားထဲမှရေတွေလောင်းချစစ်ယူလိုက်ပါ။ ပွင့်ဖတ်နဲ့ အဖူးလေးတွေတော့ ဆန်ခါ(ဇကာ)ထဲမှာပဲ ကျန်ရှိနေပါစေ။ 
၈.  သင်းရနံ့ပြည့်ဝနေတဲ့ "ရေ" ကို လှလှပပ ဗူးလေးတစ်ခုထဲကိုထည့်လိုက်ရင်တော့ homemade flower perfume ကို ရပြီပေါ့။
၉. အရေပြားပေါ်(အထူးသဖြင့် သွေးခုန်နှုန်းရှိတဲ့နေရာမှာ အကောင်းဆုံးပါ) ပါးပါးလေး တို့ပြီး ဆွတ်ပေးခြင်းအားဖြင့် ချစ်စရာကောင်းလှတဲ့ နှင်းဆီ၊ လာဗင်ဒါတို့ရဲ့ လန်းလန်းဆန်းဆန်း သင်းရနံ့နဲ့အတူ မွှေးပျံ့တဲ့အချိန်လေးတွေပိုင်ဆိုင်နိုင်ပါပြီ။        ။
ဖြိုးဖြိုး
(Living Fashion Magazine, April, 1014)
ခရမ်းရောင်ကမ္ဘာ
Living Fashion Magazine, April, 2014
လာဗင်ဒါ ပန်းကလေးတွေကို သင်မြင်ဖူးပါသလား။သူ့ရနံ့ကိုရော သင် အာရုံ ခံစားဖူးပါသလား။
စာရေးသူက  ခရမ်းရောင်ကို ရူးသွပ်သူမို့ခရမ်းရောင် အဆင်းရှိတဲ့ လာဗင်ဒါ ပန်းကို ချစ်ပါတယ်။ သို့ပေမဲ့ ပန်းကိုမမြင်ဘူးပါ ရနံ့ကိုလည်း မခံစားဖူးပါ။ဂျူး ရေးတဲ့ ဆုံနေရက်နဲ့ လွမ်းလေခြင်း  ကို ဖတ်ပြီး ပြင်သစ်က လာဗင်ဒါပန်းခင်းကြီးကို မြင်ဖူးချင်တာနဲ့ အင်တာနက်မှာ ရှာကြည့်ပါတယ်။ အို..ရက်ရက်စက်စက် လှလိုက်တဲ့ ပန်းခင်းကြီးတွေ တမျှော်တခေါ်ကြီးပါလား။
နိုင်ငံတကာဆက်ဆံရေး - International Relations
မင်းမဲ့ဝါဒကို စိန်ခေါ်ခြင်း
ကမ္ဘာ့နိုင်ငံရေးကိစ္စတွေ တည်ဆောက်ခြင်း
(Building World Politics)
Myanmar Knowledge Society က ထုတ်ဝေတဲ့စာအုပ်ပါ။ ကျွန်မရေးဖြစ်တဲ့ အခန်းက မင်းမဲ့ဝါဒကို စိန်ခေါ်ခြင်းပါ။ စာအုပ်ထွက်တာတော့ ကြာနေပါပြီ။ 
ဒီစာအုပ်ရဲ့ အခန်း ၁ ကနေ ၄ အထိမှာ “နိုင်ငံတကာဆက်ဆံရေး-IR” ရဲ့ အယူအဆပိုင်းဆိုင်တဲ့အကြောင်းရင်းကို ဈည်းမျဉ်းစည်းကမ်းတစ်ခုလို ရှင်းလင်းမိတ်ဆက်ပေးခဲ့ပါတယ်။ IR ကို သရုပ်မှန်ဝါဒနဲ့ အရှိကိုအရှိအတိုင်း ရှုထောင့်တစ်မျိုးနဲ့ဆွေးနွေးအကြံပြုတာကတော့ IR ကို လေ့လာခြင်းဟာ ပညာရေးအသိုင်းအဝိုင်းဖြစ်တဲ့တက္ကသိုလ်တွေ နဲ့ မူဝါဒပိုင်းပိုပြီးအသားပေးကြတဲ့ စစ်ရေးသရုပ်ခွဲလေ့လာသူတွေ၊ စစ်တပ်နည်းဗျူဟာကျွမ်းကျင်သူတွေနဲ့ နိုင်ငံခြားရေးမူဝါဒ ချမှတ်သူတွေကြားမှာ လွှမ်းမိုးလာတဲ့ စံနမူနာ-ပါရာဒိုင်းဖြစ်လာနေပါတယ်လို့ဆိုတယ်။ အရှိကိုအရှိအတိုင်း သဘာဝကျကျဆိုတာမှာ နည်းလမ်းအများကြီးနဲ့သုံးသပ်ကြတဲ့အခါ နိုင်ငံတကာနိုင်ငံရေးရဲ့ရှေ့ကိုဖြောင့်ဖြောင့်သွားနေတဲ့အမြင်တစ်ခုလို ပေါ်ထွက်လာခဲ့ပါတယ်။ အပြိုင်အဆိုင်ရှိကြတဲ့ကမ္ဘာ့နိုင်ငံအချင်းချင်းမှာ IR မှာ ဖြောင့်ဖြောင့်သွားသူတွေဟာ နိုင်ငံတကာသတင်းစာမျက်နှာတွေနဲ့ တီဗီသတင်းတွေမှာ စိုးမိုးခြယ်လှယ်နိုင်ကြတယ်။ ဒါပေမဲ့ သရုပ်မှန်ဝါဒ(Liberalism)မှာလည်း အဓိကဝေဖန်ခံရတဲ့အချက်တွေရှိတယ်။ အဲဒီထဲကတစ်ခုမှာဆိုရင် ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်တဲ့ အဖွဲ့အစည်း/ အားကြီးနိုင်ငံတွေ(active actor) အဓိကပါဝင်ကိုင်တွယ်တဲ့ IR ကိုင်တွယ်ဖြေရှင်းနည်းသီအိုရီဟာ မင်းမဲ့ဝါဒတည်ရှိနေမှုကို စိန်ခေါ်တွန်းလှန်နေရဆဲဖြစ်တဲ့ အဖွဲ့အစည်းအမျိုးမျိုးရဲ့ကဏ္ဍတစ်ခုလုံးကို လျစ်လျူရှုတဲ့မူဝါဒမျိုးဖြစ်နေပါတယ်တဲ့။
လွတ်လပ်ပျော်ရွှင်ခြင်း ဘဝမှတ်တမ်းရေးရအောင်
လူတိုင်းမှာ ပြောပြစရာဘဝဇာတ်ကြောင်း ပုံပြင်တစ်ပုဒ်စီတော့ရှိနေကြမှာပါပဲ။ ဘာကြောင့်များ အဲဒီ ပုံပြင်တစ်ပုဒ်ကို စာလုံးလေးတွေအဖြစ် စီကာစဉ်ကာချရေးသင့်ပါသလဲ။ ဒီအချက်လေးတွေကို ဖတ်ကြည့်ရင် အခုပဲ စာတစ်ပုဒ်ရေးဖြစ်သွားတော့မှာပါ။
ကိုယ်ရေးကိုယ်တာအချက်အလက်တွေဟာ ချိတ်ဆက်မှုတွေကိုဖန်တီးတာပေါ့
သင့်ဘဝအကြောင်းကို ချရေးဖို့ အချိန်ယူလိုက်ပြီဆိုတာနဲ့၊ တခြားလူတွေကို သင့်အကြောင်းသိစေ၊ ခွင့်ပြုပေးလိုက်တာပါ။ အိမ်နီးချင်း၊ မိတ်ဆွေသူငယ်ချင်း နဲ့ မိသားစုဝင်တွေဟာ ကိုယ့်အကြောင်းဆိုတာ သင်နဲ့ထိတွေ့ဆက်ဆံဖူးတာလောက်ပဲ သိထားမှာပါ။ သူတို့မျှော်လင့်မထားတဲ့ သင့်အကြောင်း ရှုထောင့်မျိုးစုံက အမြင်အမျိုးမျိုးနဲ့ လေ့လာနိုင်တော့ သင်ဟာ ပိုပြီးစိတ်ဝင်စားစရာဖြစ်ရတယ်။
မိသားစုက ကျေးဇူးတင်ကြမယ်
သားသမီးတွေ၊ မြေးမြစ်၊ တူ/ တူမလေးတွေ အားလုံးဟာ သူတို့ ဒီနေ့သိကျွမ်းရင်းနှီးနေတဲ့သင် ဘယ်လိုဖြစ်တည်လာသလဲ သိခွင့်ပေးဖို့ ထိုက်တန်တဲ့သူတွေပါ။ ပိုပြီး အိုမင်းလာလေလေ တချိန်ကသင့်ကို ဘယ်လိုအခြေအနေတွေက ဒီလိုပုံဖော်ခဲ့သလဲဆိုတာ သူတို့ပိုပြီးစပ်စုချင်စိတ်ဖြစ်လာလေလေပဲတဲ့။ သင်ကျော်ဖြတ်နိုင်ခဲ့တဲ့ဘဝထဲက အတားအဆီးတွေကို ပြောပြတဲ့အခါ သူတို့အတွက် အကျိုးကျေးဇူးရနိုင်သေးတယ်။ အဲဒီအကျပ်အတည်း၊ အခက်အခဲတွေကို ဘယ်လိုနည်းဗျူဟာတွေအသုံးပြုပြီး အနိုင်ယူခဲ့တာလည်း သိခွင့်ရနိုင်တယ်။ အသိဥာဏ်ပညာတွေ လက်ကမ်းမျှဝေပါ။ သူတို့ရှာဖွေနေတဲ့ စံနမူနာယူထိုက်သူ သင် ဖြစ်သွားနိုင်ပါတယ်။
ရှေ့ဆက်ဖို့ အားယူနိုင်ဦးမယ်
ဘဝအတွေ့အကြုံတွေစီကာစဉ်ကာ စုစည်းကြည့်လိုက်တာဟာ တကယ်တော့ ပျောက်ကင်းသွားတဲ့ကုသမှုကို သေချာစေလိုက်တာပါပဲ။ ဆေးပညာဆိုင်ရာစမ်းသပ်စစ်ဆေးမှုတွေမှာ သက်သေပြခဲ့ကြတယ်။ အောက်မေ့ဖွယ်အမှတ်တရလေးတွေ၊ စိတ်ခံစားမှုလေးတွေ တစ်ခုချင်းစီကို စကားလုံးအဖြစ်ဖန်တီးခဲ့ရင် သင့်ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေး ပိုလို့တိုးတက်သတဲ့။ အဖြစ်အပျက်ဟောင်းတွေကို ပြန်ပြီးစူးစမ်းမယ်။ ပြီးတော့ ရေးချမယ်။ အထူးသဖြင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတဲ့အခြေအနေတွေကို ရေးပါ။ အဲဒါဟာ နေ့စဉ်စိတ်ဖိစီးမှုအဆင့်တွေကိုလည်း လျှော့ချပေးတယ်။ အိပ်ရေးဝဝအိပ်ပျော်နိုင်ဖို့လည်းကူညီပေးတယ်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျဦးမယ်။ ပြီးတော့ စိတ်ခံစားမှုအပြည့်နဲ့ ကျန်းမာတဲ့ဘဝအနေအထားမှာ သာသာယာယာ၊ ကြည်နူးရွှင်မြူးနိုင်လိမ့်မယ်တဲ့။
ပိုပြီးတော့ ရှင်းရှင်းလင်းလင်းသိမြင်လာလိမ့်မယ်
ပြီးခဲ့တဲ့နှစ်တွေတုန်းက အဆိုးမြင်အတွေးတွေနဲ့ စိတ်ဗလာကျင်းနေခဲ့ပေမဲ့ သင့်ရဲ့ သိမြင်စွမ်းအား တိုးတက်လာလိမ့်မယ်။ အတွေးတွေဟာ မှုန်ဝါးထွေပြားမနေတော့ဘဲ ပြတ်သားလာတာကိုလည်း သတိပြုမိပါလိမ့်မယ်။ ပြီးခဲ့တဲ့ တရားမမျှတမှုတွေ၊ ပြဿနာတွေအကြောင်း တသသနောက်ကြောင်းပြန်တွေးနေတော့မှာမဟုတ်ဘူး။ စိတ်ထဲမှာ မှတ်မှတ်သားသားစွဲထင်နေတဲ့အရာတွေ မှေးမှိန်ပျောက်ကွယ်သွားလိမ့်မယ်။ ပြီးတော့ ကိုယ့်ရဲ့စိတ်ထဲဖြည့်တင်းရမယ့် စိတ်ဝင်စားဖွယ်ရာအသစ်အသစ်တွေ၊ သတင်းအချက်အလက်တွေအတွက် အခန်းသစ်ပေးနိုင်လာလိမ့်မယ်။ သင့်ဘဝအကြောင်းစာရေးခြင်းဟာ အသိဥာဏ်ပညာကို တက်ကြွလာစေပါတယ်။
ပိုပြီးနေသာထိုင်သာရှိလာမယ်
ပြင်းထန်တဲ့ခံစားချက်တွေနဲ့ လှို့ဝှက်အဖြစ်အပျက်လေးတွေကိုမထိခိုက်စေဘဲ ထုတ်ဖော်ရေးသားလိုက်တာဟာ သင့်ရဲ့ကျန်းမာရေးကိုလည်းတိုးတက်စေပါတယ်လို့ ဆေးပညာနဲ့ဆိုင်တဲ့သုတေသနတွေကဆိုတယ်။ အတိတ်ကို စူးစမ်းစစ်ဆေးတဲ့အခါသင့်ရဲ့ ကိုယ်ခံအားစနစ် အမှန်တကယ်ပိုပြီး သန်စွမ်းလာမယ်။ ပြီးတော့ သင့်ရဲ့မှတ်ဥာဏ်ထဲမှာ ရှာဖွေတွေ့လာတဲ့ အဖြစ်မှန်လေးတွေရေးချလိုက်ပါ။
လက်ရှိအချိန်ထဲ ပိုပြီးရပ်တည်မိလာမယ်
လေ့လာစမ်းသပ်မှုတွေအများကြီးမှာ ဖော်ပြထားကြတယ်။ လူတွေဟာ သူတို့ဘဝအကြောင်း ရေးသားကြတဲ့အခါ ဖြစ်နိုင်ဖွယ်ရှိတဲ့အသစ်တွေကိုလည်း ရှာဖွေနိုင်လာကြတယ်။ ပြီးခဲ့တဲ့နှစ်တွေကထိခိုက်နာကျင်မှုတွေရဲ့ အကြောင်း၊ အကျိုး အဲဒါလေးတွေကိုပြန်ပြီးဆင်ခြင်မိလာတယ်။ စိတ်/လူ ဖျားနာခဲ့တဲ့နေ့ရက်တွေ လျှော့ချနိုင်လာတယ်။ အလုပ်မှာ သင်တန်းတွေမှာ မှန်မှန်ရပ်တည်နိုင်လာပြီး grade တွေတောင် မြင့်တက်လာကြသတဲ့။ အဲဒါဟာ အသက်အရွယ်၊ ယဉ်ကျေးမှုတွေနဲ့ မဆိုင်လှပါဘူး။ အမျိုးသား/ အမျိုးသမီး အတူတူပါပဲ။ 
အတိတ်နဲ့လည်း ငြိမ်းချမ်းရေးရသွားဦးမယ်
စာရေးခြင်းဟာ တသသစွဲထင်နေခဲ့တဲ့ ခပ်ဝေးဝေးက ပြဿနာတွေထဲကနေ သင့်ကို တသီးတခြားဆီဖြစ်သွားစေတယ်။ ဒီနေ့အခြေအနေအတွက် အသုံးဝင်တဲ့အဖြေဟာထင်ရှားလာပြီး အတိတ်ဟာ အရေးမကြီးတော့တာ ပိုလို့ သိသာလာလိမ့်မယ်။ စဉ်းစားဆင်ခြင်မှု နဲ့ စာရေးခြင်းဟာ သင့်ရဲ့ အမြင်ကိုလည်း ပြောင်းလဲစေတယ်။
ဘယ်တော့မှ ပျင်းရိမှာ မဟုတ်တော့ဘူး
စာရေးခြင်းစီမံကိန်းဟာ သင့်ကို တစ်ခုခုလုပ်နေစေဖို့ အမြဲတမ်းပဲ ညွှန်ကြားစီစဉ်နေမှာပါ။ စာရေးခြင်းဟာ သင့်ဘဝရဲ့ ပုံမှန်လုပ်ငန်းစဉ်ဖြစ်လာမယ်။ ဒါမှမဟုတ် မိသားစုတွေ သူငယ်ချင်းတွေနဲ့လည်း ရင်းရင်းနှီးနှီးတွေ့ဆုံစကားပြောဖို့ တွန်းအားပေးလာပါလိမ့်မယ်။
အမွေအနှစ်တစ်ခုပေါ့
သင့်ရဲ့ ဘဝအကြောင်းစာရေးပြီးရင်တော့ ပျောက်ပျက်မသွားနိုင်တဲ့ စာအုပ်ပုံစံကိုယ်တွေမှတ်တမ်းလေးရှိလာပြီ။ အဲဒီမှတ်တမ်းလေးကို ကိုယ်ချစ်တဲ့သူတွေကို ပြသနိုင်တယ်။ စာအုပ်ထုတ်ဝေနိုင်တယ်။ အွန်လိုင်းမှာ/ စာအုပ်ဆိုင်တွေမှာ ရောင်းချနိုင်သေးတယ်။ ဘဝမှတ်တမ်းတိုင်းဟာ စိတ်ဝင်စားဖွယ်ကောင်းလှတာကိုး။ ဒါမှမဟုတ်ခဲ့ရင် ရိုးရိုးရှင်းရှင်းလေးပဲ သင့်ဘဝထဲက ပြီးစီးခဲ့တဲ့သတိပေးစာတမ်းလေးအဖြစ် သင့်လက်ထဲမှာ သိမ်းဆည်းထားနိုင်ပါတယ်။ သင့်ရဲ့မှတ်တမ်းလေးအပြီး အရေးအကြီးဆုံးတစ်ခု သင်ပိုင်ဆိုင်လိုက်တာကတော့ "လွတ်လပ်တဲ့ပျော်ရွှင်ခြင်း" ပါ။
Source : 10 Compelling Reasons Why You Should Write Your Life Story By Roberta Temes | Reader's Digest  
ဖြိုးဖြိုး(Living Fashion Magazine, August, 2014)
စာဖတ်ခြင်းနှင့်အတူ
စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေမှာ ချက်ချာပါးနပ်တယ်၊ ပိန်သွယ်တယ်၊ ကျန်းမာတယ်၊ အမြဲပျော်ရွှင်နေတော့တယ် ဆိုတဲ့ ကျန်းမာရေးအလှအပနဲ့ ဆိုင်တဲ့အချက်လေးတွေပါ ရှိနေတယ်ဆိုတော့ ပိုပြီးစိတ်ဝင်စားစရာပါပဲ။ စာဖတ်ခြင်းကို ချစ်မြတ်နိုးတာဟာ သင့်ရဲ့ ဦးနှောက်လေးကို အယ်လ်ဇိုင်းမားရောဂါမတိုက်ခိုက်နိုင်အောင် ကာကွယ်ထားနိုင်တယ်တဲ့။ ပူပင်ကြောင့်ကြစိတ်တွေကို လွင့်ပါးစေတယ်။ အကောင်းမြင်စိတ်ထားနိုင်အောင် တွန်းအားပေးတယ်။ မိတ်ဆွေသူငယ်ချင်းရင်းနှီးခင်မင်မှုတွေကို ခိုင်မာစေသေးတယ်။ စာတစ်အုပ်ကို ဖွင့် ပြီးတော့ ဖတ်လိုက်တဲ့ တခဏ သင့်ရဲ့ ဦးနှောက်နဲ့ ကိုယ်ခန္ဓာမှာ ရရှိသွားနိုင်တဲ့ အကျိုးကျေးဇူးလေးတွေ ကြည့်ရအောင်နော်။
စာဖတ်ခြင်းဟာ မှတ်ဥာဏ်အတွက် ကြွက်သားတွေပေးစွမ်းတယ်
စာဖတ်ခြင်းဟာ ရေဒီယိုနားထောင်တာ၊ တီဗီကြည့်တာထက် သင့်ရဲ့ဦးနှောက်အတွက် ကွဲပြားတဲ့ကာယလေ့ကျင့်ခန်းမျိုးပေးတယ်။ ဖတ်နေတဲ့ စာမျက်နှာတစ်ရွက်စာထဲ စိတ်ဝင်စားမှု ဘယ်လောက်ပဲ နက်ရှိုင်း/ လျော့ပါးနေပါစေ ဥပမာ ကော်ဖီဖျော်စက်မှာပါတဲ့ အညွှန်းစာသားတွေလေးတွေ ရိုးရိုးပဲ ဖတ်နေပါစေဦး "ဦးနှောက်ရဲ့ အစိတ်အပိုင်းတွေအားလုံးဟာ စာဖတ်ခြင်းနဲ့ဆက်စပ်ပြီး အမြင်၊ ဘာသာစကား နဲ့ ဆက်စပ်နေတဲ့လေ့လာသင်ကြားမှုအလုပ်တွေအားလုံးမှာ ပါဝင်လုပ်ဆောင်နေကြတယ်။ အဲဒါ အင်မတန် စိတ်ဝင်စားဖို့ကောင်းတဲ့စိန်ခေါ်မှုပါ" လို့ Haskins Laboratories သုတေသန ဒါရိုက်တာ ဒေါက်တာ Ken Pugh က Oprah မဂ္ဂဇင်းမှာဖြေကြားခဲ့ပါတယ်။ စာဖတ်ခြင်းအလေ့အကျင့်ဟာ သင့်ရဲ့ဦးနှောက်ရဲ့ အတွေးနဲ့ အာရုံစုစည်းနိုင်မှုကို လှုံ့ဆော်ပေးပါတယ် တဲ့
စာဖတ်ခြင်းဟာ ကာယလေ့ကျင့်ခန်းလိုပဲ စွမ်းအားပေးနိုင်တယ်
လေဒီဂါဂါရဲ့ single အသစ် ဒါမှမဟုတ် Real Housewives ဇာတ်လမ်းတွဲတွေလိုပဲ စာအုပ်တွေဟာလည်း ကာယလေ့ကျင့်ခန်းလုပ်နေတဲ့အချိန်မှာ  အကောင်းဆုံးအပေါင်းအသင်းပါပဲ။ စိတ်ဝင်စားဖွယ်ကောင်းလှတဲ့ စာအုပ်ထဲက အခန်းတစ်ခန်းဟာ အပြေးလေ့ကျင့်စက်ပေါ်မှာ အချိန်ကြာကြာလေ့ကျင့်ဖို့ ဖမ်းစားထားနိုင်တယ်လို့ Weight Watchers မဂ္ဂဇင်းကဖော်ပြပါတယ်။ Auburn University မှ ဇီဝကမ္မလေ့ကျင့်ခန်း ပရော်ဖက်ဆာ ဒေါက်တာ Michele Olson က မဂ္ဂဇင်းမှာပြောထားတယ်။ လည်ပင်း/ ပခုံးနာကျင်မှုတွေကို ရှောင်ကြဉ်ဖို့ကတော့ စက်မှာပါတဲ့ စာအုပ်ချိတ်တဲ့ stand လေးကို အသုံးပြုသင့်တယ်။ အဲဒီ book ledge လေးမှာ စာအုပ်ကိုချိတ်ထားပြီး လေ့ကျင့်ခန်းယူရင်း စာအုပ်ဖတ်နိုင်တယ်။ လေ့ကျင့်ခန်းယူချိန်မှာ ပခုံးတွေကိုဝိုင်းပတ်ပြီး မလှုပ်ရှားဘဲ အလိုက်သင့်အပြေးလေ့ကျင့်ရင်း စာအုပ်ဖတ်နိုင်တယ် လို့ ဆိုတာပါ။
စာဖတ်ခြင်းဟာ ဦးနှောက်ကို နုပျိုစေတယ်
စာအုပ်ကောင်းတစ်အုပ်ကို တူးဆွဖတ်ရှုခြင်းဟာ သင့်ရဲ့ စိတ်ကို နုပျိုစေနိုင်တာ အသေအချာပါ လို့ Rush University Medical စင်တာမှပြုလုပ်ခဲ့တဲ့ လတ်တလောလေ့လာချက်တစ်ရပ်မှာ ဖော်ပြထားပါတယ်။ လူကြီးတွေဟာ အကျပိုင်းအရွယ်မှာ စာဖတ်ခြင်းလို ဖန်တီးတီထွင်နိုင်စွမ်းနဲ့ အသိဥာဏ်ဆိုင်ရာလှုပ်ရှားမှုတွေပြုလုပ်နေသေးရင် အဲဒီလိုအလေ့အကျင့်မရှိကြတဲ့လူကြီးတွေထက် သက်ကြီးပိုင်းပြဿနာမျိုး(သိမြင်နိုင်စွမ်းငြင်းဆန်မှုနှုန်း) ၃၂ရာခိုင်နှုန်းနှေးကွေးစေတယ်။ သိမြင်နိုင်စွမ်းဆက်လက်မြင့်မားနေနိုင်တဲ့သဘောပါ။ "သက်ကြီးပိုင်းမှာပေးကြတဲ့ အာရုံကြောဆိုင်ရာဆေးတွေထက် ဥာဏ်ထက်စေတဲ့အလေ့အကျင့်တွေဟာ ပိုပြီးအကျိုးကျေးဇူးများပါတယ်။ ဦးနှောက်ရဲ့လုပ်ငန်းတွေ သင့်တော်သလိုဆက်လက်ဆောင်ရွက်နေစေတယ်" လို့ Rush University Medical စင်တာမှ အာရုံကြောစိတ်ပညာဌာန ပရော်ဖက်ဆာ ဒေါက်တာ Robert S. Wilson က ပြောပါတယ်။ တခြားလတ်တလောလေ့လာမှုတစ်ခုမှာလည်း ပုံမှန် စာဖတ်တဲ့သူ၊၊ ဦးနှောက်/ စိတ်ပိုင်းဆိုင်ရာကစားနည်းလေးတွေကစားတဲ့ လူကြီးတွေဟာ အယ်လ်ဇိုင်းမားရောဂါသက်ရောက်မှု နည်းပါးစေတာ တွေ့ရှိထားတယ်လို့ ABC News မှာဖော်ပြခဲ့တယ်။
စာဖတ်ခြင်းဟာ စိတ်ဖိစီးမှုတွေကို ဝေးဝေးပြေးစေတယ်
ကောင်းတဲ့စာဖတ်ခြင်းဟာ Cortisol ဟော်မုန်းလို မကျန်းမာတဲ့စိတ်ဖိစီးစေတဲ့ဟော်မုန်းအဆင့်တွေကို လျှော့ချပေးတယ် လို့ Weight Watchers ရဲ့ မှတ်တမ်းမှာဖော်ပြထားပါတယ်။ British Study တစ်ခုမှာ စိတ်ဖိစီးမှုရှိနေတဲ့ သူတွေကို မိနစ်အနည်းငယ် အုပ်စုခွဲပြီး စာဖတ်ခိုင်းတယ်။ သီချင်းနားထောင်စေတယ်။ ဗီဒီယိုဂိမ်းကစားစေတယ်။ တခြားအုပ်စုနှစ်စုထက် စာဖတ်တဲ့သူတွေပါဝင်တဲ့အုပ်စုဟာ စိတ်ဖိစီးမှု ၆၇ ရာခိုင်နှုန်း လျော့ကျသွားစေခဲ့ပါတယ် တဲ့။
စာဖတ်ခြင်းဟာ ဝေါဟာရလည်း ကြွယ်ဝစေသေးတယ်
ကိုယ်လေ့လာသိရှိထားတဲ့ ဝေါဟာရတွေအားလုံးရဲ့ ၅ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းခန့်ဟာ စာဖတ်ခြင်းက သိရှိလာခဲ့တာပါ လို့ Scholastic မှတ်တမ်းတစ်ခုမှာ သုတေသနပညာရှင်တွေက ဖော်ပြထားတယ်။ အဲဒါက ကလေးတွေအတွက် အရေးကြီးပါတယ်။ သူတို့ဖတ်ရှုတဲ့ စာအုပ်တွေကနေ ဝေါဟာရတွေ တိုက်ရိုက်ရရှိလာခဲ့တာကြောင့်ပါ။
စာဖတ်ခြင်းဟာ စာနာနားလည်နိုင်စွမ်းတိုးတက်စေတယ်
ဘဝကို တွေးမြင်တဲ့ရှုထောင့်ပြောင်းလဲစေတယ်လို့ York University သုတေသနပညာရှင်တွေကပြောပါတယ်။ တခြားသူတွေရဲ့ ခံစားချက်တွေကို မျှဝေခံစားနိုင်စွမ်းမြင့်လာပြီး စိတ်ခွန်အားသန်မာလာစေတယ်။ Charlotte Brontë ရဲ့ Jane Eyre စာအုပ်နဲ့ ကမ္ဘာကြီးကို ဖတ်ရှုကြည့်လိုက်တာနဲ့ ဥပမာဆိုရရင် ယောင်းမရှိနေတဲ့ မိန်းကလေးတွေဆိုရင် အဲဒီယောင်းမလေးအပေါ် အမြင်ပြောင်းလဲသွားနိုင်တယ်။ သင့်ရဲ့ ယောင်းမအမြင်နဲ့ ဆက်စပ်ပြီး သူ့အပေါ် စာနာ နားလည်နိုင်ဖို့ ပိုပြီး လွယ်ကူသွားစေတာပေါ့။
စာဖတ်ခြင်းဟာ ဘဝရဲ့ ပန်းတိုင်တွေရဲ့ တွန်းအားပါ
အတားအဆီးတွေကို ဖြတ်ကျော်နိုင်ခဲ့သူတစ်ဦးအကြောင်း စာဖတ်ရတဲ့အခါ သင့်ရဲ့ ပန်းတိုင်ဆီအရောက်သွားနိုင်ဖို့ တက်ကြွသွားတတ်တယ် လို့ Ohio State University သုတေသနပညာရှင်တွေက ဆိုတယ်။ 
စာဖတ်ခြင်းဟာ ပိုပြီး အချိတ်အဆက်မိစေတယ်
စာဖတ်ခြင်းဟာ ကောင်းမွန်တာမှန်ပေမဲ့ စာအုပ်ကောင်းဖတ်ခြင်းကသာ ပိုလို့ကောင်းမွန်စေတယ်။ စာအုပ်ထဲကဇာတ်ကောင်တွေလို အပြင်မှာ ပုံတူပွားဖြစ်တဲ့အခါ တကယ့်ပြင်ပဘဝဆက်ဆံရေးမျိုးတွေ့ကြုံလာမယ်။ သင့်ရဲ့အာရုံခံစားမှု တိုးမြှင့်လာနိုင်မယ် လို့  University of Buffalo မှ စိတ်ကျန်းမာရေးပညာရှင်တွေက ဆိုတယ်။ ဥပမာ နယူးယောက်တိုင်းမ်စ်ရဲ့ အရောင်းရဆုံးစာရင်းဝင် ကိုယ်ရေးအတ္ထုပတ္တိစာအုပ်(အမေရိကန်စာရေးဆရာ John Grogan ရဲ့ Marley & Me : Life and Love with the World's Worst Dog) ကို ဖတ်ခဲ့ရင် ပန်းခြံတွေသွားတဲ့အခါ ခွေးပိုင်ရှင်တွေကို နားလည်သိကျွမ်းနိုင်ပြီး သူတို့နဲ့ အဖွဲ့ကျနိုင်တယ်။ သူတို့ရဲ့ အတွေ့အကြုံတွေကို ပြင်ပမှာ ကိုယ်တိုင် ပါဝင်စူးစမ်းချင်စိတ်ဖြစ်လာမှာပါပဲ။
စာဖတ်ခြင်းဟာ သင့်ရဲ့နေ့တွေကို တောက်ပလင်းလက်အောင်ဖန်တီးဦးမယ်
ဇာတ်သိမ်းခန်းကောင်းတဲ့ စာတစ်ပုဒ်ဆိုရင် သင့်ရဲ့ စိတ်ဝိညာဉ်ဟာ ကြည်နူးတက်ကြွနိုင်တယ်။ ဒါပေမဲ့ ကိုယ်ရွေးချယ်ဖတ်ရှုတဲ့ဝတ္ထုတွေဟာ အပြုသဘောဆောင်တဲ့အတွေးအမြင်ရင့်သန်ဖို့ ကြိုးပမ်းတဲ့စာမျိုး၊ သိမ်မွေ့တဲ့နည်းလမ်းတွေဖော်ပြထားတဲ့စာမျိုးကသာ သင့်ရဲ့နေ့တွေလင်းလက်စေမှာပါ။ ဝတ္ထုထဲက နွေးထွေးတဲ့အမှတ်ရစရာလေးတွေ ဥပမာ ကမ်းခြေတစ်ခုက ကစားပွဲလေးအကြောင်းရေးဖွဲ့ထားတဲ့အဖြစ်အပျက်လေးကို ပြန်ပြီး အမှတ်ရရင်း ကိုယ်တိုင် ကမ်းခြေသဲလွလွတွေပေါ်မှာ ဆော့ကစားနေသလို ပျော်ရွှင်သွားနိုင်တယ်။ စာအုပ်ကောင်း/ ဝတ္ထုကောင်းမဟုတ်ခဲ့ရင်တော့ သင့်ရဲ့နေ့တွေက အုံ့ဆိုင်းမှုန်မှိုင်းကုန်မှာပါပဲ။ စာအုပ်ကောင်းတွေ ရွေးချယ်တတ်ဖို့ကတော့ အရေးအကြီးဆုံးပါ။ အချိန်ဟာ အင်မတန်ကို နှမြောစရာကောင်းလွန်းလှတယ်။ စာအုပ်ကောင်းဖတ်ရှုပြီးတော့သာ အဖိုးတန်တဲ့အချိန်တွေအသုံးပြုလိုက်တာပဲ အထိုက်တန်ဆုံးပါ။
အရေးအကြီးဆုံးတစ်ခုလို့လည်း ပြောနိုင်ဦးမယ့် စာဖတ်ခြင်းဟာ သင်ပိုင်ဆိုင်တဲ့ငွေကို ချွေတာပေးတယ်
ဝတ္ထုစာအုပ်ပျမ်းမျှတန်ဖိုးဟာ e-book ဆိုရင် ၈ ဒေါ်လာ - paperback ဆိုရင် ၁၃ ဒေါ်လာကြားကုန်ကျနိုင်တယ်။ ဖတ်ရှုဖို့ ၆ နာရီခန့်အချိန်ယူရမယ်။ အဲဒီ ၆ နာရီစာအချိန်အတွက် ရုပ်ရှင်တချို့၊ အပမ်းဖြေပန်းခြံတွေမှာ၊ ပြီးတော့ စားသောက်ဆိုင်တွေမှာ သွားစားကြည့်ကြမယ်ဆိုပါစို့။ အဲဒီလို နှိုင်းယှဉ်ကြည့်လိုက်ရင် စာဖတ်ခြင်းဟာ သင့်ရဲ့ ဒေါ်လာတွေကို အနည်းဆုံးပဲ ကုန်ကျစေတာသိသာစေတယ်။ 
ပြီးတော့ စာကြည့်တိုက်လေးတွေမှာ စာအုပ်တွေသွားရှာဖို့လည်း မမေ့လိုက်နဲ့နော်။
Source : Benefits of Reading: Getting Smart, Thin, Healthy, Happy By Lauren Gelman | Reader's Digest
ဖြိုးဖြိုး