Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, September 09, 2014

ခေတ်သစ် အိမ်ရှာသူများလိုအပ်သည့် အချက် (၉) ချက်

မိတ်ဆွေတစ်ယောက်ရဲ့စာပါ။

ရေးသားသူ - ကိုဆိုင်း

ယနေ့ခေတ်သစ် အိမ်ရှာသူများဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ တုန်းက အိမ်ခြံမြေရှာသည့် နည်းစနစ် သို့မဟုတ် လိုအပ်ချက်နဲ့  နှိုင်းယှဉ်လိုက်မယ်ဆိုရင် တဟုန်ထိုးပြောင်းလည်းနေပါပြီ။ Smartphones, Apps နှင့် Smarthomes တွေဝန်းရံနေတဲ့ ခေတ်မှာ အိမ်၊ တိုက်ခန်းရှာသူများမှာ အဓိကလိုအပ်ချက်ဖြစ်တဲ့ ၀န်ဆောင်မှု လျှင်မြန်ခြင်း၊ လိုအပ်သည့် သတင်းအပြည့်အစုံရခြင်းနဲ့ အကောင်းဆုံးမိမိဝယ်နိုင်သည့် Price Affordability ဈေးဘောင်အတွင်း ရနိုင်တဲ့အရာ ၃ ချက် ပေါ်မူတည်ပြီး ဆုံးဖြတ်တာဖြစ်ပါတယ်။ ယခုလိုပြောင်းလည်းလာတာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းကို အွန်လိုင်းမှတဆင့် ဦးထိပ်ရှာပေးသည့် House မှ ၂၀၁၄ အတွင်း အိမ်ခြံမြေရှာသူများရဲ့ လိုအပ်ချက် ၉ ချက် ကို မှတ်တမ်းတင်ပြလိုက်ပါတယ်။

၁။ လျှပ်စစ်စွမ်းအား သုံးသက်သာမှု 

အိမ်သုံးပစ္စည်းများနှင့်ု အထွေထွေသုံး ကုန်ကျစရိတ်များဟာ မိသားစုတစ်စု ရဲ့ အဓိကအရေးကြီးတဲ့ ကဏ္ဍမှာ ပါဝင်တဲ့အတိုင်း မထင်မှတ်ဘဲ ကုန်ကျသွားနိုင်တဲ့ လျှပ်စစ် စွမ်းအင် စရိတ်များဟာလည်း အိမ်၊ တိုက်ခန်းရှာသူများအတွက် စဉ်းစားစရာကဏ္ဍထဲမှာ ပါဝင်ရမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် မိမိဝယ်လိုသည့် တိုက်၊အိမ်ခန်း ဟာ အမှောင်၊ဆေးရောင်၊ သို့မဟုတ် လျှပ်စစ် အား ပုံမှန် သုံးရသည့် နေရာမျိုး မှာ ပါဝင် နေတာလား၊  သို့မဟုတ် တိုက်ခန်း၊ အိမ်အတွင်း တပ်ဆင်ထားတဲ့ လျှပ်စစ် ပစ္စည်းများဟာ စွမ်းအင်သုံးနည်း ပစ္စည်းများ လားဆိုတာ ကို သိထားဖို့လိုပါလိမ့်မယ်။ ယနေ့ ၂၁ ရာစု ကမ္ဘာ့သဘာဝ ပတ်ဝန်းကျင်နှင့် ပတ်သက်ပြီး လူတော်တော်များများ ဟာ ဘယ်လိုတာဝန် ရှိရှိ အသက်ရှင် နေထိုင်သွားမယ်ဆိုတာကို သိထားပြီဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာအတွင်း ယခုလို အတွေးနဲ့ အိမ်ခြံမြေတိုက်ခန်းရှာတဲ့ သတော်တော် များလာပါပြီ။

 ၂။ နေရာယူသက်သာမှုနှင့် သိုလှောင်မှု ပိုပေးနိုင်မှု 
လိုရင်းတိုရှင်းပြောမယ်ဆိုရင် ယခုခေတ်အိမ်ရှာသူတော်တော်များဟာ အိမ်သုံးပစ္စည်း၊မီးဖိုချောင်၊ သိုလှောင်ကိရိယာများကို Built in လို့ခေါ်တဲ့ အတွင်း ပိုင်းသိမ်းပေးတဲ့ နေရာများကို ပိုပြီး ရှာတာများပါတယ်။ ဥပမာအားဖြင့် အ၀တ်စားထည့် ဗီရို ၁ခုကို Function အမျိုးမျိုးသို့မဟုတ် မီးဖိုချောင်းကို နည်းအမျိုးမျိုးဖြင့် အသွင်ပြောင်းနိုင်ခြင်းများဖြစ်ပါတယ်။ အဓိက ကတော့နေရာတစ်ခုထဲမှာ ပစ္စည်းတော်တော်များများကို အတွင်းပိုင်းထိန်းသိမ်းပေးနိုင်တဲ့ အရာလေးတွေဖြစ်ပါတယ်။ ဒီအရာလေးတွေဟာ တိုက်ခန်း၊ ကွန်ဒိုရှာသူများအတွက် အင်မတန်အရေးကြီးတဲ့ကဏ္ဍထဲမှာ ပါဝင်ပါတယ်။ 

၃။ နောက်ဆုံးပေါ်နည်းပညာသုံး အိမ်တွင်းပစ္စည်း 
လျှပ်စစ်သုံး နည်းပညာတိုးတက်လာတဲ့ခေတ်မှာ ကရိယာတော်တော်များဟာ မော်ဒန်အိမ်များအတွက် မရှိမဖြစ်လိုအပ်လာပါပြီ။ ဥပမာအားဖြင့် automated thermostats လို့ခေါ်တဲ့ အလိုအလျှောက် လျှပ်စစ်မီးအား နှင့် အိမ်တွင်းသုံးပစ္စည်းကိရိယာများကို Ipad, Iphone များ မှ Central Unit ပုံစံဖြင့် ထိန်းသိမ်းခြင်းဖြစ်ပါတယ်။ အိမ်တွင်းလုံခြုံမှု အတွက် တံခါး၊ ဗွီဒီယိုကင်မရာများကိုလည်း အဝေးမှ Ipad, Iphone, Computer များဖြင့် စောင့်ရှောက်ထိန်းသိမ်းခြင်းဖြစ်သည်။ရန်ကုန်မြို့အတွင်း ဤစနစ်ကို အများမသုံးသေးပေမယ့်လည်း လူကုန်ထံ သန်းကြွယ်သူဌေးတော်တော်များများကတော့ ၄င်းတို့ရဲ့ အိမ်တွေမှာ ဤစနစ်ကို သုံးနေပါပြီ။ 

၎။ နေရာကျယ်ဝန်းမှုပေးနိုင်ခြင်း 
 အချက် (၁) မှာ ဖော်ပြထားတဲ့အတိုင်း တိုက်ခန်းရှာသူတော်တော်များဟာ အသင့်အတင့် ကျယ်ဝန်းတဲ့နေရာများကိုပိုပြီး စိတ်ဝင်စားလာပါတယ်။ ဥပမာအားဖြင့် သီးသန့်ခွဲထားသည့်း မီးဖိုချောင်နှင့် ထမင်းစားခန်း များကို တစ်ခါတည်း ဆက်ထားသည့် မော်ဒန် အခန်းများဟာ အခုခေတ်မှာပိုပြီး ရေပန်းစား အသုံးဝင်လာပါတယ်။ ၂၀၁၂ လေ့လာသုံးသပ်ချက်အရ အင်္ဂလန်နိုင်ငံမှာလည်း မိသားစု ၃ စုမှာ ၂ စု ဟာ မီးဖိုချောင်းနဲ့ ထမင်းစားခန်း ပူးဆက်ထားသည့်အခန်းများကို ပိုပြီးကြိုက်နှစ်သက်ကြောင်းသိရှိရပါတယ်။ 
၅။ ခေတ်သစ် မီးဖိုချောင်
စက်မှု ပြောင်းလည်းမှု မြန်ဆန် တာနဲ့အမျှ ခေတ်သစ်မီးဖိုချောင်းတော်တော်များဟာလည်း ပြောင်းလဲမှု ရှိလာပြီး ဆွဲဆောင်လည်းပိုပြီးရှိလာပါတယ်။ ဈေးကွက်အတွင်း လျှပ်စစ် စွမ်းအားသက်သာတဲ့ မီးဖိုချောင်းသုံး brand များဖြစ်တဲ့ Bosch, GE, LG များဟာလည်း ဈေးကွက်မှာတော်တော်လေးကို ၀င်နေပါပြီ။ ဈေးသက်သာတဲ့ တံဆိပ်တော်တော်များကိုလည်း တွေ့နိုင်ပါတယ်။

 ၆။ ဖျော်ဖြေရေးကဏ္ဍ 
ခေတ်သစ် အိမ်တိုက်ခန်းများ ဟာ အိပ်၊ စား အနားယူတဲ့  နေရာသာမက ဖျော်ဖြေရေးကဏ္ဍကိုပါ လုပ်ဆောင်ပေးတဲ့ အပိုင်းကို ရောက်လာပါပြီ။ ဥပမာအားဖြင့် အားကစားခန်း၊  မိသားစု ဖျော်ဖြေရေး နှင့် အခြားလူမှုရေးဆိုင်ရာ ကဏ္ဍများအတွက်လုပ်ဆောင်ပေးတဲ့ ပုံပန်း သဏ္ဍာန် နဲ့ရှိနေပါတယ်။   

၇။ သင့်တော်သည့် အ၀တ်လျှော်၊ ရေချိုးခန်း
မိသားစုတစ်စု အတွက် အင်မတန် မှ အရေးကြီးတဲ့ ကဏ္ဍထဲမှာ ပါဝင်ပါတယ်။ လွန်ခဲ့တဲ့လအတွင်း အမေရိကန်နိုင်ငံရဲ့  National Association of Home Builders ရှင်းတမ်းကောက်ဆိုချက်အရ ၂၀၁၄ အတွင်း အမေရိကန်မိသားစုအားလုံးအတွက် နံပါတ် ၁ အရေးကြီး အရာဟာ အ၀တ်လျှော် ခန်းနဲ့ ရေချိုးခန်း ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ 

၈။ ခေတ်ဆန်ပြီး ဆွဲဆောင်မှု ရှိသောအိမ်ငယ်များ 
ယခုခေတ် အိမ်ဝယ်သူတော်တော်များဟာ အိမ်တန်ဖိုးဈေးနှုန်းကို အဓိကကြည့်သူများဖြစ်ပါတယ်။ ဒါ့ကြောင့် တန်ဖိုးကြီမားတဲ့ ဧရာမ အိမ်တွေကို သိပ်ပြီး မရှာတော့်ပါဘူး။ ဒီတော့် သူတို့အနေနဲ့ အိမ်ဂေဟာတွေအစား အလယ်တန်းစား အိမ်ကို ဦးစားပေးပြီး လိုအပ်တဲ့ အရေးကြီးပစ္စည်များ ဖြစ်တဲ့ အိမ်တွင်း သုံး ခေတ်မီ မီးဖိုချောင်၊ လုံခြုံရေး စနစ် သို့မဟုတ် မိမိကြိုက်နှစ်သက်ရာ Customize လုပ်နိုင်သည့် အိမ်ငယ်များကိုသာ ရှာကြပါတယ်။  

၉။ နေရာ၊ နေရာ၊ နေရာ 
နောက်ဆုံးအရေးကြီး အရာကတော့အချက်အခြာကျတဲ့ နေရာပါပဲ။ ဒါဟာဈေးနှုန်းပြီး ရင် ဒုတိယအရေးကြီး တဲ့ အချက်တစ်ခုဖြစ်ပါတယ်။ ယနေ့ရန်ကုန်နဲ့ မန္တလေးကဲ့သို့မြို့ ကြီးတွေမှာ အိမ်၊ခြံ၊မြေ၊တိုက်ခန်းရှာသူ တော်တော်များဟာ လမ်းပန်းဆက်သွယ်ရေး၊စီးပွားရေး၊ လူမှုကွန်ရက်နှင့် နီးသောနေရာများ နှင့် ရေဘူယအချက်အခြာကျတဲ့ နေရာတွေမှာ ရှာကြတာများပါတယ်။ သို့မဟုတ် လာမယ့် နှစ်ပေါင်း ၂၀၊ ၅၀၊ ၇၀ အတွင်း မြို့  ရဲ့ ချဲ့ထွင်လာနိုင်တဲ့ နေရာကို ခန့်မှန်းပြီး ၀ယ်ယူ ငှားရမ်းတာကို တွေ့ရပါတယ်။ 
ဒီ အချက် ၉ချက် ဟာ အိမ်ဝယ်ရှာသူများအတွက် အင်မတန် အရေးကြီးတဲ့ အချက်များဖြစ်ပါတယ်။

ရေးသားသူ - ကိုဆိုင်း

No comments: