Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Monday, September 30, 2013
ဘယ်သူကအခြားတစ်ယောက်လဲ
ဘယ်သူကအခြားတစ်ယောက်လဲ
ဝီလျံဝုဖ်ကို အမ်မီလီရာ ဂရင်းလိဖ် လာကြိုချိန် သူ့လိုပဲ ကလေးလာကြိုသည့် အသစ်ရောက်လာသည့် မိခင်အမျိုးသမီး တစ်ဦးနှင့်တွေ့ သည်။ ကလေးတွေကိုစောင့်ရင်း အပြန်အလှန်မိတ်ဆက် စကားတွေဆိုကြသည်။ လူတွေက ဘာလို့ စူးစမ်းတဲ့မျက်လုံး တွေနဲ့ ကြည့်နေကြပါလိမ့်။
            “အင်း ရှင်က အသစ်ရောက်လာတဲ့သူမို့ အားလုံးကစူးစမ်းနေကြတာ၊ ပြီးတော့ ရှင်နဲ့စကားပြောနေတဲ့ကျွန်မက ဒုတိယမယား ဖြစ်နေ လို့ပေါ့၊ ကျန်တဲ့မိခင်တွေက စကားတင်းဆိုကြတယ်၊ မိသားစုဖြိုခွဲသူဆိုပြီး.. ”
            “ အော်အော် ကယ်လီဖိုးနီုးယားမှာ ဒီလိုပဲလား”
“ ရှင်စိတ်ရှုပ်သွားလို့လား..”
အသစ်ရောက်လာတဲ့ကလေးရဲ့မိခင်က ခေါင်းယမ်းသည်။ ကလေးတွေကျောင်းဆင်းချိန်၊ ၀ီလျံဝုဖ် က ပြေးထွက်လာပေမဲ့ လာကြိုတဲ့မိထွေးဖြစ်သူ အမ်မီလီရာဆီ မလာ။ အနားမှာရပ်နေတဲ့ကလေးထိန်း ဆိုနီယာ့ကိုသာပြေးဖက်နှုတ်ဆက်သည်။ အမ်မီလီရာ သက်ပြင်းချမိသည်။ ဒီနေ့က ၀ီလျံလေးက မိထွေးအိမ်ကို လိုက်ပါရမည့်နေ့။ ဆိုနီယာက ကလေးကို ဆေးတိုက်ဖို့၊ အ၀တ်တွေ လျှော်ဖွတ်ပြင်ဆင်ပေးဖို့မှာတော့ အမ်မီလီရာ စိတ်ထဲစနိုးစနောင့်ဖြစ်ရသည်။ ငါက ဂရုမစိုက်လို့လား၊ သွား အပိုစကားလုံးတွေ။ ဆိုနီယာက ပြောသေးသည်။ အဲဒါ ၀ီလျံအမေက ပြောခိုင်းတာ၊ ကျွန်မ ပြောတာမဟုတ်ဘူးတဲ့။ ပြေလည်အောင် ဟုတ်ကဲ့ကျွန်မ ဂရုစိုက်ပါ့မယ်လို့ ကျိုးကျိုးနွံနံွံပုံစံနဲ့ အမ်မီလီရာပြောရသည်။ လူတစ်ယောက်ကိုချစ်မိမှတော့ သူ့ကလေးနဲ့အတူ အရာရာကို စိတ်ရှည် သည်းခံရတော့မပေါ့။
ကျောင်းအဆင်းမှာ မိုးရွာတော့ ၀ီလျံက “ ဘာလို့ဖုန်းဆက်ပြီး ကားမငှားတာလဲ အားလုံး ဒီလိုပဲလုပ်တဲ့ဟာ”တဲ့။ အားလုံးတော့ မငှားနိုင်ကြပါဘူးလို့ အမ်မီလီရာပြောပေမဲ့ ၀ီလျံကတစ်ဇွတ်ထိုး။ `ကျွန်တော့်အဖေငှားနိုင်တယ်´တဲ့။
“အခု ဒီနားမှာ မိခင်တွေပဲရှိတယ်။ သူတို့ကိုကြည့်လိုက် ငှားလို့လားကွဲ့”
အမ်မီလီရာ ဘယ်လောက်ပြောပြော ၀ီလျံက ရပုံမပေါ်။ `မိုးရွာရင် ဆိုနီယာကကတော့ အမြဲကားငှားတာပဲ´လို့ စောဒက တက်နေပြန်သည်။
“ ၈နှစ်သားကလေးက ကားငှားဖို့ကိစ္စပြောနေတာ ထပ်မကြားချင်တော့ဘူး”လို့ ပြောရသည်အထိ။ခေါင်းမာလှတဲ့ ဒီကလေးကို ပျော့ပျောင်းညွတ်နူးလာအောင် ဘယ်လိုပုံသွင်းပြုပြင်ယူရပါ့။ အမ်မီလီရာ နောက်ဆုံးတော့ ကားငှားရသည်။ ကားငှားဖို့ကိစ္စနှင့် အချေ အတင်စကားတွေဆိုရသလို အိမ်ရောက်တော့လည်း ပစ္စည်းဟောင်းတွေရောင်းဖို့ကိစ္စနဲ့ စကားထပ်များသည်။
ဖခင် ဂျက်ပြန်လာတော့ ၀ီလျံက ဦးအောင်တိုင်သည်။ ပစ္စည်းဟောင်းတွေ မသုံးတော့တဲ့ပစ္စည်းတွေ ရောင်းပစ်ဖို့ ၀ီလျံက ပြောခဲ့သည်။ သူရောင်းခိုင်းသည့်ပစ္စည်းတွေက အမ်မီလီရာ အသက်တမျှ မပစ်ရက်လို့သိမ်းထားခဲ့သည့် ပစ္စည်းတွေ ဖြစ်နေ သည်ကိုး။ ၈ရက်သားအရွယ်မှာ ဆုံးပါးသွားသည့်သမီးလေး အစ်ဇဘဲလ်၊ ဂျက်နဲ့ အမ်မီလီရာတို့ရဲ့ ကလေး၊ ဒီကလေးရဲ့ပုခက်၊ တွန်းလှည်း စတာတွေကို ပစ္စည်းဟောင်းရောင်းသည့် အီဘေးရပ်ကွက်မှာ သွားရောင်းပစ်ဖို့ ၀ီလျံက တိုက်တွန်းခဲ့သည်။ ၀ီလျံက ကလေးအတွေးနှင့် အပိုပစ္စည်းတွေလို့မြင်သည်။ ဂျက်က စကားကိုထိန်းပြောရသည်။ အမ်မီလီရာ့ခံစားချက်ကိုလည်းနားလည်သည်။ ၀ီလျံသဘောထား ကိုလည်း သိသည်။ ၀ီလျံပခုံးကို ဖေးမဆုပ်ကိုင်ကာ နားဝင်အောင်ပြောရသည်။
“အမ်မီလီရာက သူ့သမီးလေးနဲ့ပတ်သက်ပြီး အရမ်းဝမ်းနည်းနေတာ၊ သူဘယ်ရောင်းချင်မလဲသားရဲ့၊ သားဘက်ကလည်း မှန်ပါတယ်၊ အဖေတို့က ဒီပစ္စည်းတွေ သုံးမှမသုံးတော့တာ၊ ဒါပေမဲ့ အ အမ်မီလီရာ့ဘက်ကလည်း မှန်တာပဲ၊ ကလေးပစ္စည်းတွေ အဖေတို့ ရောင်းလို့မဖြစ်ဘူးနော် သား အိုကေတယ်နော်”
ဝီလျံက ဆောရီးအဖေ တဲ့။ ညအိပ်ရာဝင်ကြတော့ အမ်မီလီရာက ဂျက်ကို ရင်ဖွင့်သည်။
“ ကလေးရဲ့အခန်းကို ကျွန်မရှင်းသင့်ပြီလို့ သိပါတယ်၊ ဒါပေမဲ့ ဒါတွေရှင်းလင်းပစ်ဖို့ ခွန်အားမရှိသေးလို့ပါ၊ ကျွန်မ အကဲပိုတာ မဟုတ်ပါဘူး၊ စိတ်ထဲထိခိုက်လွန်းလို့ ၀ီ့လ်ကို ပါးစပ်ပိတ်ထားတော့လို့ အော်မိခဲ့တာ တောင်းပန်ပါတယ်”
စာအုပ်ဖတ်ဦးမယ်လို့ ပြောပြီး စာအုပ်ကိုမဖတ်နိုင်တော့။ အိပ်ပျော်သွားသည့် ဂျက်ကိုကြည့်ကာ ဂျက်နှင့်စတင်တွေ့ဆုံခဲ့သည့် အတိတ်ဆီသို့ စိတ်တွေ ရွက်လွှင့်မိတော့သည်။
xxxxx
တကယ်တော့ ဂျက်မှာ အိမ်ထောင်မိသားစုရှိနှင့်တာ အမ်မီလီရာသိခဲ့ပါသည်။ ဒါပေမဲ့ ဂျက်က ဇနီးဖြစ်သူ ကယ်ရိုလင်းနှင့် သဘောချင်းမတိုက်ဆိုင်လို့ အစွန်းနှစ်ဖက်လို ဝေးကွာနေခဲ့ပြီ။ ဒီအချိန်မှာပဲ အလုပ်ကိစ္စဖြင့် ခရီးတစ်ခုအတူထွက်ဖို့ကြုံသည်။ အိမ်ထောင်ရေးအဆင်မပြေသူ ဂျက်ကို အမ်မီလီရာက ကရုဏာကြီးစွာသက်ဝင်ကာ ဒီခရီးမှာပဲ ချစ်စခန်းဖွင့်မိခဲ့ကြသည်။ ခရီးက ပြန်လာ၊ အတော်လေးကြာတော့ အမ်မီလီရာက “ကျွန်မတို့အတူနေရအောင် ဂျက်၊ ကျွန်မ ရှင့်ကိုချစ်တယ်၊ ရှင်ကျွန်မကို ချစ်တာလည်း ကောင်းကောင်းသိတယ်”ဆိုပြီ။
“ဟုတ်တယ် ချစ်တယ် သိပ်ချစ်ပါတယ်အမ်မီလီ၊ ဒါပေမဲ့ ငါ့မှာ မိသားစုကရှိနေတယ်”
“ ရှင်ပဲပြောတယ်လေ၊ သားတစ်ယောက်ပဲရှိတာပါ၊ အိမ်ထောင်တစ်ခု ရှိတာမဟုတ်တော့ဘူးဆို”
“ ကောင်းပြီ ဒီသားလေးက အိမ်ထောင်တစ်ခုဆိုတာထက်ပိုတယ်၊ ပြီးတော့ သားလေးက အပျော်ရွှင်ရဆုံးကလေး မဖြစ်ခဲ့ရှာဘူး၊ သဘောချင်းမမျှတဲ့ ငါတို့မိဘတွေကြောင့် သူအထီးကျန်ခဲ့ရတယ်၊ ကလေးတစ်ယာက် အထီးကျန်တာထက် ဘ၀မှာ ဆိုးတာမရှိတော့ဘူး”
အထီးကျန်စိတ်ကြောင့် သိမ်မွေ့ခြင်းကင်းကာ တစ်ဇောက်ကန်းပုံစံပေါက်နေသည့် ၀ီလျံကို အမ်မီလီရာ အနွံအတာခံကာ ချဉ်းကပ်ရသည်။ ပထမဆုံးဆုံသည့်နေ့က ဒိုင်နိုဆောရုပ်လေး ၀ယ်ခဲ့ပေးတော့ အမ်မီလီရာ့လက်ထဲက အ၀ါရောင်အရုပ်ကိုကြည့်ကာ “ဒိုင်နိုဆောတွေမှာ အ၀ါရောင်ရှိမယ်လို့ ကျွန်တော်မထင်ပါဘူး”တဲ့၊ ပြီးတော့ အရုပ်ဝယ်ပေးရလောက်အောင် သူကလေးမဟုတ်တော့ ပါဘူးလို့ ပြောသေးသည်။
“မြို့တော်ပန်းခြံအကြောင်းရေးထားတဲ့စာအုပ်လည်းပါတယ်၊ အဲဒီနေရာက ငါမင်းအရွယ်လောက်တုန်းက သိပ်သဘောကျခဲ့တဲ့ နေရာပေါ့”
“ ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်”လို့တော့ ၀ီလျံက ပြောသည်။
xxxxxxx
စာအုပ်ကိုင်ရင်း ဂျက်ကို ငေးကာ အတိတ်ကို အမ်မီလီရာပြန်သွားနေမိသည်။ အခုတော့လည်း ဂျက်က ကယ်ရိုလင်းနှင့် ပြတ်စဲကာ သူမကို လက်ထပ်ခဲ့ပြီးပြီပဲ။ ၀ီလျံကတော့ မိခင်ဆီမှာ တစ်လှည့်၊ ဖခင်နှင့်မိထွေး အမ်မီလီရာဆီမှာ တစ်လှည့် နေသည်။ ၀ီလျံကို ကျောင်းသွားကြိုကာ ညစာအတူလုပ်စားကြသည်။ ၀ီလျံက တစ်နေ့ စကားအဆန်းပြောသည်။
“ ခင်ဗျားသိလား၊ အစ်ဇဘဲလ်က ဘယ်တုန်းကမှ လူတစ်ယောက် မဖြစ်ခဲ့ရဘူး၊ ဂျူးဥပဒေမှာ ကလေးတစ်ယောက် ၈ရက်မပြည့်သေးရင် လူလို့ မသတ်မှတ်ဘူးတဲ့၊ သူသေတော့ ၃ရက်ပဲ ရှိသေးတာ။ ဒီတော့ သူ လူမဖြစ်ခဲ့ဘူး”
အဲဒါဘယ်ကကြားလဲ အမ်မီလီရာမေးတော့ ၀ီလျံက အမေ့ဆီကတဲ့။
“ ကျွန်တော် အစ်ဇဘဲလ်အတွက် နည်းနည်းပဲ ၀မ်းနည်းတယ်၊ ကျွန်တော့်ညီမလေးအဖြစ် အချိန်အကြာကြီးအနားမှာရှိခဲ့တာ မဟုတ်တော့သိပ်ဝမ်းမနည်းမိဘူး၊ အဲဒီမှာ သူ လူမဖြစ်ခဲ့ဘူးဆိုတာ အမေက ပြောပြခဲ့တော့ ဒီတော့ ကျွန်တော်သူ့အတွက် ၀မ်းမနည်းမိတာ အပြစ်မရှိဘူးပေါ့”
“ မဟုတ်ဘူး၊ အစ်ဇဘဲလ်က လူတစ်ယောက်အဖြစ် လူ့လောကထဲ အသေအချာ ရောက်ခဲ့တယ်၊ မင်းလို လူတစ်ယောက်ပဲ”
စကားက မရည်ရွယ်ဘဲ အချေအတင်ပြောဖြစ်ပြန်ပြီ။ ၀ီလျံက ခေါင်းမာမာဖြင့် ထပ်ပြောလိုက်သေးသည်။
“ အမေကတော့ သူသေတုန်းက အသုဘလုပ်ခွင့်ပြုတာကိုပဲ အံ့သြမဆုံးဖြစ်နေတယ်တဲ့”
ဘာပဲဖြစ်ဖြစ် ဒီချာတိတ်ကလေး သူမအပေါ် အကောင်းမြင်ချစ်ခင်ရင်းနှီးလာစေဖို့ အမ်မီလီရာ မျှော်လင့်နေပ်ါသည်။
အမ်မီလီရာက ၀ီလျံ့မိခင်ရင်းထက် ၀ီလျံကို အချိန်ပိုပေးနိုင်သည်။ ဒီတော့လည်း မသိမသာ သံယောဇဉ်တွယ်လာပါပြီ။
“အမေနဲ့ အခုလို နေချင်တာ”တဲ့။ မညာဘဲပြောချလိုက်သည့် ကလေးတစ်ယောက်ရဲ့စကားက အမ်မီလီရာ့စိတ်ကို ချွတ်ချုံကျ စေသည်။ ကျောင်းအပြန်လမ်းမှာ သူမကို လက်တွဲလာသည့် ၀ီလျံအပြုအမူကြောင့် အမ်မီလီရာအံ့သြ၀မ်းသာရသည်။
ဝီလျံ့အတွက် ဂျက် နှင့် ကယ်ရိုလင်းတို့ကို ကျောင်းဆရာမက ခေါ်တွေ့သည်။ ကျောင်းခန်းနံရံမှာ ကလေးတွေရဲ့လက်ရာ ပန်းချီပုံတွေ ကပ်ထားသည်ကိုမြင်လျှင် ၀ီလျံဆွဲတဲ့ပုံကော လို့ ကယ်ရိုလင်းကမေးသည်။ ဆရာမက နံရံထက်က ဆွဲဖြုတ်ပြလာသည့် ပုံကိုကြည့်ကာ ကယ်ရိုလင်းက“ဒါသူ့မိသားစု မဟုတ်ဘူး”အော်ရင်း စာရွက်ကို စိတ်လိုက်မာန်ပါဆွဲဖြဲပစ်မိသည်။ “မင်းဒါဘာလုပ်တာ လဲကွ”ဂျက်က လုယူလိုက်လို့ အစိတ်စိတ်အမြွှာမြွှာတော့ဖြစ်မသွားခဲ့။
“ ကျွန်မကျောင်းအခန်းထဲက ပစ္စည်းတစ်ခုကို ဖျက်ဆီးတာ ကျွန်မလက်မခံဘူး”ဆရာမ စိတ်ဆိုးသွားသည်။ ဂျက်ကပဲ တောင်းပန်ကာ နှစ်ခြမ်းကွဲသွားသည့်စာရွက်ကို ပြန်ဆက်ပေးရသည်။ ၀ီလျံဆွဲသည့်ပုံထဲမှာ လူ ၅ယောက်၊ ဒယ်ဒီ မာမီရေးထိုးထားသည့် လူနှစ်ဦးပုံ ခြံရံကာ ၀ီလျံကအလယ်က တစ်ဖက်တစ်ချက် လက်တွေ ချိတ်ထားသည်။ မလှမ်းမကမ်းမှာ အမ်မီလီလို့ရေးထားသည့်ပုံ၊ အစ်ဇဘဲလ် ကိုတော့ နတ်သမီးလေးပုံစံ ကောင်းကင်မှာ အတောင်ပံ လေးတွေနှင့်။ ကယ်ရိုလင်းကို ဂျက်အကြီးအကျယ်စိတ်ပျက် သွားခဲ့ပြီ။ ဒါ ဒေါသထွက်စရာလား၊ ဒါမိသားစုဝင်တွေပဲဟာ၊ ၀ီလျံလို ကလေးကတောင် မိသားစုကို အတိအကျပုံဖော်နိုင်စွမ်းရှိပါလျက်နဲ့ ကယ်ရိုလင်းက ပစ်ပစ်ခါခါ ဘာဖြစ်ရတာလဲ။  ဂျက် မကျေနပ်။
တစ်ည အမ်မီလီရာ မအိပ်ဘဲ ဓာတ်ပုံတချို့ကို ထုတ်ကြည့်နေတာ ဂျက်မြင်သွားသည်။ အစ်ဇဘဲလ်လေးရဲ့ ပုံတွေ။
“အစ်ဇဘဲလ်ကို မွေးတဲ့နေ့နဲ့ ၀ီလျံကိုမွေးတဲ့နေ့တွေက ငါ့အတွက်အပျော်ဆုံးနေ့တွေပဲ”လို့ ဂျက်ကပြောသည်။ မနက်ဖြန် ၀ီလျံ့ကျောင်းကို လာခဲ့ဖို့ ဂျက်ကပြောသည်။ မျက်ရည်တွေနှင့် အမ်မီလီရာ ခေါင်းညိတ်ခဲ့သည်။
ကျောင်းဂိတ်မှာပဲ ကယ်ရိုလင်းနှင့်ဆုံသည်။ ကယ်ရိုလင်းက စက်သေနတ်နှင့်ပစ်သလို တရစပ် အပြစ်ဖို့သည်။
“ ဒီကို ဘာလာလုပ်တာလဲ၊ တန်းစီစောင့်လို့ရတဲ့စာရင်းမှာတောင် နင်မပါဘူး၊ နင့်ကြောင့် အားလုံးပျက်စီးခဲ့တာ၊ ငါ့သား ၀ီလျံ မှာ စိတ်ဒဏ်ရာရနေပြီ”
“ စိတ်ထိန်းစမ်းပါကယ်ရိုလင်း၊ ကမ္ဘာပျက်တော့မှာမှ မဟုတ်တာ”လို့ ဂျက်ဝင်ပြောမှ ပိုဆိုးပြီ။
“ အော်အော် ဟုတ်ပါ့ဟုတ်ပါ့၊ ရှင့်ကမ္ဘာပျက်တာမှ မဟုတ်တာပဲ”လို့ ကယ်ရိုလင်းက ပက်ခနဲတုံ့ပြန်သည်။
အခြေအနေက လုံးဝမလှ။ လူကြီးတွေမျက်နှာကို တစ်ယောက်ချင်း လိုက်ငေးကြည့်နေသည့် ၀ီလျံ့ကို ခေါ်ကာ “အရင်ပြန်နှင့် မယ်”ပြောရင်း ရှောင်ထွက်ရသည်။ အိမ်မပြန်ကြသေးဘဲ ရေခဲပြင်စကိတ် ၀င်စီးကြသည်။ ခဏနားချိန်မှာ ၀ီလျံက ပန်းခြံဘယ်လောက် ကျယ်ဆိုတာကို အတိအကျပြောပြလို့ အမ်မီလီရာအံ့သြရသည်။
“ ခင်ဗျားပေးခဲ့တဲ့ စာအုပ်ထဲမှာ ပါတာပဲလေ”
“ အို..ဒါဖြင့် ငါပေးတဲ့အဲဒီစာအုပ် မင်းဖတ်ခဲ့တယ်ပေါ့၊ ချောင်မထိုးခဲ့ဘူးပေါ့”အမ်မီလီရာ ပျော်သွားပြီ။
ဝီလျံ့မျက်နှာကရှုတည်တည်နှင့်။“ အမေ ကျွန်တော့်ကို ဒေါသထွက်နေတယ်”လို့ စကားလွှဲပြောင်းသည်။ “ အဲဒါ မင်းကို ထွက်တာမဟုတ်ဘူး၊ မင်းအဖေ ဂျက်နဲ့ ငါ့ကိုပဲ သူ ဒေါသထွက်တာပါ”လို့ နှစ်သိမ့်ရသည်။
            “သူဒုက္ခရောက်အောင်လုပ်ပါ့မလား၊ ကျွန်မ သူ့ကိုချစ်ပ်ါတယ်၊ ကျွန်မက သူ့မိထွေးပဲလေ”
            “ အဲဒါ ဘာလုပ်ရမှာလဲ၊ ဘာမှမဆိုင်ဘူး၊ နင်သူ့ကို ထိခိုက်အောင်ထပ်လုပ်မယ်ဆိုရင် တရားစွဲမယ်၊ နင် ငါ့သားနဲ့ ကင်းကင်း နေ”
စိတ်ဓာတ်ကျဆင်းနေသည့် အမ်မီလီရာ့ကို သူငယ်ချင်းတွေက အားပေးစကားပြောသည်။ ဒါတွေကို ကျော်ဖြတ်ဖို့အချိန်ပဲ လိုသည်တဲ့။ တက်တက်ကြွကြွနေဖို့၊ လမ်းလျှောက်ဆုတောင်းပွဲမှာပါဝင်ဖို့ ဖျောင်းဖျကြသည်။
“ မြို့တော်ပန်းခြံမှာ၊ ကလေးဆုံးရှုံးခဲ့ရတဲ့မိဘတွေ စုဝေးပြီး၊ ဖယောင်းတိုင်လေးတွေ ကိုယ်စီကိုင်ထွန်းညှိပြီး လမ်းလျှောက်ကြ တာ၊ ငါ့ဘ၀ကိုလည်း ဒီလမ်းလျှောက်ပွဲက ကယ်တင်ပေးခဲ့တာ၊ ငါ့စိတ်တွေပြန်လည်ထူမတ်လာနိုင်တာ၊ ဒီလမ်းလျှောက်ပွဲကြောင့်ပဲ၊ ဒဏ်ရာခံစားချက်တွေကို ဖြေဖျောက်နိုင်ခဲ့တယ်”စာနာမှုအပြည့်ုနှင့်ပြောလာသည့် သူငယ်ချင်းကို အမ်မီလီရာ ခပ်စိမ်းစိမ်းသာ ကြည့်နေခဲ့ သည်။
ဂျက်ကလည်း သူငယ်ချင်းတွေလိုပဲ အမ်မီလီရာ့ကို ဖိအားပေးသည်။
“လမ်းလျှောက်ပွဲ မင်း ၀င်လျှောက်ရမယ်၊ ငါရောမင်းရော ၀ီလျံရော၊ အစ်ဇဘဲလ်က ငါတို့ရဲ့ကလေး၊ ၀ီလျံရဲ့ညီမလေးပဲ၊ မိသားစုဆိုတာ ဒါပဲလေ”
`         
            လမ်းလျှောက်ပွဲနေ့ရောက်ခဲ့ပြီ။ တာဝန်ခံအမျိုးသမီးကို “အွန်လိုင်းကနေ ကျွန်မတို့စာရင်း ပေးသွင်းပြီးပါပြီ၊ ဂျက်ဝုဖ်၊ ၀ီလျံဝုဖ်၊ အမ်မီလီရာဂရင်းလိဖ်”လို့ပြောသည်နှင့်တာဝန်ခံက “ နတ်သမီးလေးရဲ့အမည်ကရော”လို့ပြန်မေးသည်။ သေဆုံးသူရဲ့အမည်ပေါ့။
            “ အစ်ဇဘဲလ်ဂရင်းလိဖ်ဝုဖ်”
            “ ကောင်းပါပြီ၊ ဖယောင်းတိုင်နဲ့ မီးပုံးလေးတွေက ရေမှာမျှောဖို့ပါ၊ ဘယ်ချိန် မီးထွန်းညှိရမယ် ဆိုတာ ကျွန်မတို့ပြောပါမယ်၊ အတူတူထွန်းညှိကြမယ်”
            လမ်းလျှောက်ပွဲစတင်ပြီ။ လူတစ်ယောက်က နှုတ်ဆက်စကားပြောသည်။
“ မိသားစုတွေ အားလုံးကို လမ်းလျှောက်ပွဲက ကြိုဆိုပါတယ်၊ မိသားစုဝင် တစ်ယောက်ယောက်ကို ဘာကြောင့်ပဲဖြစ်ဖြစ် ဆုံး ရှုံးခဲ့ရင် ကျွန်မတို့ကို အချိန်မရွေး လာရောက်တွေ့ဆုံနိုင်ပါတယ်၊ ပန်းတိုင်ရောက်တဲ့အထိ တိတ်ဆိတ်စွာနဲ့ လမ်းလျှောက်ရမှာပါ၊ ခက်ခဲမယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ထိုက်တန်တဲ့ရလဒ် ခံစားရမှာပါ၊ သေခြင်းတရားဆိုတာ ဘာမှ မဆန်းပါဘူး၊ တခြားအခန်းတစ်ခု ထဲကို ရောက်ရှိသွားခြင်းပါပဲ၊ ကျွန်ုပ်က ကျွန်ုပ်၊ သင်က သင်၊ ဘာမှထူးခြားမသွားပါဘူး၊ အဲဒီအတွက် ၀မ်းနည်းပူ ဆွေးတာတွေ မဖြစ်ကြ ပါနဲ့၊ ပြုံးပါ၊ ရယ်ပါ၊ တက်တက်ကြွကြွနဲ့ ဘ၀ထဲက လုပ်စရာရှိတာတွေကို ဆက်လက်လုပ်ဆောင်သွားပါ”
`                                              xxxxxx
ဂျက်ရဲ့ ဇနီးဟောင်း ကယ်ရိုလင်းက အခြားယောက်ျားတစ်ယောက်နှင့်ဖူးစာဆုံသွားခဲ့ပြီ။ အဆုံးသတ်မှာ ဂျက်အတွက် ကယ်ရိုလင်းက အခြားမိန်းမတစ်ယောက် ဖြစ်သွားခဲ့သလား။ ဒါမှမဟုတ် အမ်မီလီရာက ဂျက်အတွက် ကယ်ရိုလင်းအပြင် ထပ်မံဆုံစည်းရတဲ့ အခြားမိန်းမတစ်ယောက်ပဲလား။ ၀ီလျံ့နေရာက ၀င်ကြည့်ပါဦး။ ၀ီလျံ့အတွက် မိခင်ရင်း ကယ်ရိုလင်းက အခြားမိန်းမ တစ်ယောက်ဖြစ်သွားမှာလား။ ဒါမှမဟုတ် အမ်မီလီရာကပဲ ၀ီလျံ့အတွက် အခြားမိန်းမတစ်ယောက်လား။ ဘယ်သူက ဘယ်သူ့အတွက် အခြားမိန်းမတစ်ယောက်လဲ။ သေဆုံးသူမိသားစုဝင်အတွက် ရည်ရွယ်ပြုလုပ်တဲ့ လမ်းလျှောက်ပွဲအခမ်းအနားမှာတော့ “ကျွန်ုပ်ကကျွန်ုပ်”၊ “သင်က သင်” လို့ ပြောသံ ကျွန်မကြားခဲ့သည်။
ကျွန်မက ကျွန်မ၊ ရှင်က ရှင်။
 ရှင်က ကျွန်မအတွက် အခြားယောက်ျားတစ်ယောက်လား၊ ကျွန်မက ရှင့်အတွက် အခြားမိန်းမတစ်ယောက်လား။ ဘယ်သူက ဘယ်သူ့အတွက် အခြားတစ်ယောက် ဖြစ်စေမှာလဲ…။
Movie : The Other Woman
Director –Don Roos
Casting – Natalie Portman as Emilia Greenleaf
Scott Cohen as Jack Woolf
Lisa Kudrow as Dr.Carolyn Sowle
Charlie Tahan as William Woolfဲ
ဂျူနီယို
(Family Magazine, October, 2013)
ညွှန်းတဲ့ ရုပ်ရှင်
Metallica: Through the Never
Action / Music
Picturehouse
ဒါရိုက်တာ - Nimród Antal
ထုတ်လုပ်သူ - Charlotte Huggins
ဇာတ်ညွှန်း - Nimród Antal
သရုပ်ဆောင်များ - Dane DeHaan, Metallica
“အလင်းကနေ ဆုတ်ခွာ၊ ညအမှောင်ထဲကို တိုးဝှေ့၊ ငါ့ရဲ့ လက်ကို ဆုပ်ကိုင်လိုက်ပါ။ ငါတို့ စိတ်ကူးယဉ်ကမ္ဘာဆီ သွားနေကြပြီ” သီချင်းသံတွေကြမ်းတမ်းပြင်းရှ၊ လူငယ်လေး Trip ရဲ့နားထဲ အပြေးဝင်လာခဲ့ပြီ။ သီချင်းသံတွေ လွတ်လပ်ပြန့်ကျဲ၊ လူတွေ မြူးတူးပျော်မွေ့နေလိုက်ကြတာများ Trip (Dane DeHaan) ဟာ သွေးကြွနေတဲ့သီချင်းတွေကြားထဲ မလူးသာမလွန့်သာ။ အမေရိကန် Heavy Metal အဖွဲ့ Metallica ရဲ့ ဖျော်ဖြေပွဲပြုလုပ်ရာခန်းမကြီးမှာ လူတွေ ဆူဝေအုံခဲနေကာ ကွင်းရှေ့လမ်းမကြီးပေါ် ပြည့်လျှံအန်ကျလာခဲ့တယ်။ Trip က Metallica အဖွဲ့ရဲ့ tour ခရီးမှာလိုအပ်တဲ့ ဂီတပစ္စည်းတွေကားမောင်းသယ်ပိုး၊ ပြင်ဆင်ပေးရတဲ့ လူငယ်လေးတစ်ဦးပါ။ အဲဒီနေ့က Metallical ရဲ့ live ဖျော်ဖြေနေတဲ့အချိန်ရောက်သွားတော့။ ပေါက်ကွဲဆူဝေသံတွေ လမ်းမပေါ်မှာ … Trip ရဲ့ တစ်ဘက်မှာ လက်နက်အပြည့်အစုံကိုင်ဆောင်ထားတဲ့ရဲတွေ၊ တစ်ဘက်ကတော့ ဂီတကို ပြင်းပြင်းထန်ထန်ပေါက်ကွဲရူးသွပ်သူတွေရဲ့ မကျေမလည်ဖြစ်မှု သူတို့တွေထိပ်တိုက်တွေ့ကြတဲ့အခါ Trip က ဒီပဋိပက္ခကြားထဲ ဘယ်နေရာကနေပါဝင်ခံစားမှာလဲ။ Metallica ရဲ့ ပထမဆုံးအယ်လ်ဘမ် Metallica ထဲက သီချင်း Enter Sandman သီချင်း Exit light ~ Enter night ~Take my hand ~ We're off to never never-land တဲ့။ သီချင်းသံတွေက အင်အားအပြည့်မြူးကြွလှုပ်ရှားနေတယ်။ အဲဒီသီချင်းဟာ ကလေးငယ်ရဲ့ အိပ်မက်ဆိုးတွေကိုစကားလုံးအဖြစ်ရေးချခဲ့တယ်လို့ Metallica အဖွဲ့သား Hetfield က ဆိုတယ်။ ဒါရိုက်တာက Predators နဲ့ Kontroll ရုပ်ရှင်တွေရိုက်ကူးခဲ့တဲ့ ဟန်ဂေရီယန်း-အမေရိကန်ဒါရိုက်တာ Nimród Antal ပါ။ Metallica အသည်းစွဲ Heavy Metal ဂီတပရိတ်သတ်တွေ လက်မလွှတ်သင့်တဲ့ရုပ်ရှင်ပါပဲ။
Runner Runner
Crime / Drama / Thriller
20th Century Fox
ဒါရိုက်တာ - Brad Furman
ထုတ်လုပ်သူ - Arnon Milchan, Jennifer Davisson Killoran, Leonardo DiCaprio, Michael Shamberg, Stacey Sher
ဇာတ်ညွှန်း - Brian Koppelman, David Levien
သရုပ်ဆောင်များ - Ben Affleck, Justin Timberlake, Gemma Arterton
လီယိုနာဒို ဒီကာပရီယို အပါအဝင် ရုပ်ရှင်ထုတ်လုပ်သူ အစ္စရေးလူမျိုး Arnon Milchan နဲ့ တခြား ထုတ်လုပ်သူတွေပူးပေါင်းထုတ်လုပ်ကြတဲ့ ရုပ်ရှင်ပါ။ ရစ်ချီဖာစ့် (Justin Timberlake) ဟာ နယူးဂျာစီ၊ ပရင်စီတန်တက္ကသိုလ်က ကျောင်းသားတစ်ဦးပါ။ အွန်လိုင်းပိုကာကစားနည်းကစားရင်း တစ်ယောက်ယောက်က သူ့ရဲ့ကျောင်းလခတွေကို လိမ်ညာလှည့်စားယူဆောင်သွားတယ်။ ရစ်ချီ အဲဒီအွန်လိုင်းလောင်းကစား site အကြောင်းစူးစမ်းရှာဖွေတယ်။ ဝေးလံခေါင်ဖျားတဲ့ကျွန်းတစ်ကျွန်းက host လုပ်/ လွှင့်တင်ထားမှန်းသိလိုက်ရပါတယ်။ အဲဒီ site ပိုင်ရှင်နဲ့ ရင်ဆိုင်တွေ့ဖို့ ရစ်ချီ အပူတပြင်းရှာဖွေတော့တယ်။ အဲဒီလူက အီဗန်ဘလောခ့် (Ben Affleck) တဲ့။ အကျင့်ပျက်ခြစားလွန်းသူအဖြစ် နာမည်ကြီးနေမှန်း ရစ်ချီသိလိုက်ရပြီ။ ဒါပေမဲ့ အီဗန်ရဲ့ ဖြားယောင်းသွေးဆောင်မှုနွံမှာ ရစ်ချီ နစ်သထက်နစ်သွားတယ်။ အီဗန့်ညာလက်ရုံးတစ်ဆူတပည့်ရင်းချာလိုပဲ အသွင်းပြောင်းခံလိုက်ရတယ်။ ရစ်ချီ ယူဆလိုက်တာက အကောင်းဆုံးအခွင့်အရေး၊ အပြစ်ဆိုဖွယ်မရှိတဲ့ မိတ်ဆွေဖြစ်တည်မှုတဲ့။ အပြည့်စုံဆုံး ဇာတ်လမ်းဇာတ်ကွက်ထဲမှာ ရစ်ချီ နဲ့ အီဗန်တို့ရဲ့ ဆက်နွယ်မှုခိုင်မြဲလာခဲ့ပြီ။ အဲဒီအချိန်မှာ FBI အေးဂျင့် ဇဘီစကို (Anthony Mackie) က ရစ်ချီကို အသုံးချဖို့ကြိုးစားလာတယ်။ အီဗန့်လို လှည့်စားဥာဏ်များတတ်တဲ့ စီးပွားရေးသမားကို ပြိုလဲကျစေဖို့ ရစ်ချီက စွမ်းဆောင်ပေးရမယ်တဲ့။ ဒီလိုနဲ့ ရစ်ချီ နဲ့ အီဗန်တို့ရဲ့ ဆက်နွယ်မှု ပွက်ပွက်ဆူအနေအထားရောက်လာခဲ့ရပြီ။
Gravity
Drama / Sci-Fi / Thriller
Warner Bros. Pictures
ဒါရိုက်တာ - Alfonso Cuarón
ထုတ်လုပ်သူ - Alfonso Cuarón, David Heyman
ဇာတ်ညွှန်း - Alfonso Cuarón, Jonás Cuarón
သရုပ်ဆောင်များ - Sandra Bullock, George Clooney, Eric Michels
Great Expectations နဲ့ Harry Potter and the Prisoner of Azkaban ရုပ်ရျင်တွေရိုက်ကူးခဲ့တဲ့ မက္ကဆီကန် ဒါရိုက်တာ Alfonso Cuarón ရဲ့ 3D techno-thriller ရုပ်ရှင်ပါ။ Cuarón ဟာ ဇာတ်ညွှန်းကို သားဖြစ်သူ Jonás နဲ့ ရေးနေခဲ့ပြီး ထုတ်လုပ်မယ့်သူရှာနေခဲ့တယ်။ Universal Pictures နဲ့ ရိုက်ကူးဖြစ်ဖို့ စီစဉ်ခဲ့ပေမယ့် Warner Bros. ဆီ ရောင်းချနိုင်ခဲ့တာပါ။ သရုပ်ဆောင်တွေကို အများကြီးပဲချဉ်းကပ်ခဲ့တယ်။ အင်ဂျလီနာဂျိုလီကို သရုပ်ဆောင်ဖို့ကမ်းလှမ်းခဲ့ပေမယ့် Wanted ရုပ်ရှင်ကို ရိုက်ကူးနေတဲ့ ဂျိုလီကငြင်းဆန်ပါတယ်။ အဲဒီ Wanted ရုပ်ရှင်ပြီးသွားခဲ့တော့လည်း စတူဒီယိုက ဂျီုလီရဲ့ သရုပ်ဆောင်ကြေး ဒေါ်လာ သန်း ၂၀ မပေးချင်ခဲ့ဘူး။ ဂျိုလီက The Tourist နဲ့ Salt မှာ ဒေါ်လာ ၁၉ သန်း နဲ့ သန်း ၂၀ ကျော်တောင်ရထားခဲ့တာပါ။ ဂျိုလီကလည်း အဲဒီအချိန်မှာ ပိုပြီးစိတ်အားထက်သန်နေခဲ့တာက ဘော့စနီးယားစစ်ပွဲရုပ်ရှင် In the Land of Blood and Honey ရိုက်ကူးဖို့ပါပဲ။ စကားလက်ဂျိုဟန်ဆန်၊ ဘလိတ်လိုက်ဖလီ၊ နာတာလီပို့ထ်မန်း တို့ကိုလည်း ရိုက်ကူးဖို့လျာထားခဲ့ပြီး နောက်ဆုံးမှာမှ ဆန်ဒရာဘူးလော့ခ် နဲ့ ရိုက်ကူးဖြစ်ကြတယ်။ ကမ္ဘာမြေကြီးရဲ့ ဆွဲအားအလွန်က အာကာသထဲမှာ အာကာသလွန်းပြန်ယာဉ် Explorer ရှိနေတယ်။ ဆေးပညာဆိုင်ရာအင်ဂျင်နီယာ ဒေါက်တာရိုင်ယန်စတုန်း (Sandra Bullock) ဟာ သူမရဲ့ ပထမဆုံးအာကာသခရီးအဖြစ် Explorer မှာရှိနေတယ်။ ဒေါက်တာရိုင်ယန်နဲ့ အတူ စစ်ပြန်အာကာသယဉ်မှုး မက်ထ်ကိုဝဲလ်စကီ (George Clooney) လိုက်ပါခဲ့တယ်။ အာကာသထဲ လမ်းလျှောက်တဲ့တစ်နေ့ ဂြိုဟ်တုဆီက အကျိုးအပဲ့၊ အစအနတွေဟာ Explorer ကို တိုးတိုက်ထိခိုက်မိခဲ့တယ်။ ကမ္ဘာကြီးနဲ့အဝေး၊ ကမ္ဘာကြီးရဲ့ ဆွဲအားနဲ့ အဝေးကြီးမှာ အကန့်အသတ်နဲ့ လေနည်းနည်းကိုရှုရှိုက်ရင်း ဒေါက်တာရိုင်ယန် ခိုကိုးရာမဲ့ လွင့်မျောနေခဲ့ပြီ။ ဒါပေမဲ့ သူတို့ ရှင်သန်လွတ်မြောက်ခဲ့ပါတယ်တဲ့။ Gravity ဟာ ၂၀၁၃ သြဂုတ်လက ကျင်းပခဲ့တဲ့ ၇၀ ကြိမ်မြောက် ဗင်းနစ်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ဖွင့်ပွဲရုပ်ရှင်တစ်ကားအဖြစ် ပြသခဲ့ပါတယ်။
The Fifth Estate
Biography / Drama
Walt Disney Studios, Motion Pictures (Domestic) / Mister Smith Entertainment (International)
ဒါရိုက်တာ - Bill Condon
ထုတ်လုပ်သူ - Steve Golin, Michael Sugar, Jeff Skoll, Jonathan King, Richard Sharkey
ဇာတ်ညွှန်း - Josh Singer
သရုပ်ဆောင်များ - Benedict Cumberbatch, Daniel Brühl, Carice van Houten, Anthony Mackie, David Thewlis, Alicia Vikander, Stanley Tucci, Laura Linney
၂၁ ရာစုမှာ ပြင်းပြင်းထန်ထန်ငြင်းခုံဆွေးနွေးမှုတွေ ဂယက်ထစေခဲ့တဲ့အဖွဲ့အစည်းတစ်ခုက WikiLeaks ပါ။ သတင်းတွေစီးမြောပေါက်ကြားမှုနဲ့အတူ ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေကိုပါ တုန်လှုပ်ချောက်ချားစေခဲ့တဲ့ WikiLeaks  ကို တည်ထောင်သူ သြစတြေးလျသား အယ်ဒီတာ/ တက်ကြွလှုပ်ရှားသူ/ စာနယ်ဇင်းသမား ဂျူလီယန်ပေါလ်အက်ဆန်းဂ် ရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိပုံစံ ရိုက်ကူးထားတဲ့ ရုပ်ရှင်ပါ။ WikiLeaks ရဲ့ ပြောရေးဆိုခွင့်ရှိသူဖြစ်ခဲ့တဲ့ နည်းပညာဆိုင်ရာတက်ကြွလှုပ်ရှားသူ ဂျာမန်လူမျိုး Daniel Domscheit-Berg ရေးသားခဲ့တဲ့ Inside WikiLeaks: My Time with Julian Assange at the World's Most Dangerous Website ကို အခြေခံရိုက်ကူးခဲ့ပါတယ်။ ၂၀၁၃ ဇန်နဝါရီ ၂၄ နေ့က ပြုလုပ်ခဲ့တဲ့ အောက်စဖို့ဒ်တက္ကသိုလ် Sam Adams ဆုပေးပွဲမှာ အက်ဆန်းဂ်က The Fifth Estate ရုပ်ရှင်ဇာတ်ညွှန်းကို ဖတ်ပြလိုက်တယ်။ ပြီးတော့ WikiLeaks ကို ပြင်းပြင်းထန်ထန်တိုက်ခိုက်ဝါဒဖြန့်တဲ့ ရုပ်ရှင်ပါလို့ဆိုပါတယ်။ “အလိမ်အညာကို ထပ်ဆင့်လိမ်ညာလိုက်သမျိုး” “အီရန်မှာ စစ်ပွဲပေါ် မီးတောက်မီးစတွေဖြန့်ကျဲ/ မီးလောင်ရာလေပင့်လိုက်သလိုမျိုး” လို့ မှတ်ချက်ပေးခဲ့တယ်။ ရုပ်ရှင်ရဲ့ အဖွင့်ပြကွက်မှာ အီရန်က စစ်ဌာနချုပ်လို့လူသိများတဲ့အဆောက်အဦ အတွင်းပိုင်းကိုပြတယ်။ ယူအက်စ်စစ်ထောက်လှမ်းရေးတွေရဲ့တွေ့ရှိချက်နဲ့ကွဲလွဲနေတဲ့ အီရန်မှာ နျူကလီးယားလက်နက်တည်ဆောက်နေပုံမျိုး ရိုက်ကူးပြထားတယ်လို့ အက်ဆန်းဂ်က ပြောပါတယ်။ ပြီးတော့ အက်ဆန်းဂ်ကပဲ The Fifth Estate ဟာ “ရန်လိုတဲ့ကြိုးပမ်းမှု” လို့ဆိုတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အက်ဆန်းဂ်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ အင်္ဂလိပ်မင်းသား Cumberbatch ကိုတော့ WikiLeaks ကို အထောက်အပံ့ပေးနိုင်သူ၊ အကောင်းဆုံးသရုပ်ဆောင်သွားနိုင်သူပါလို့ ချီးကျူးခဲ့ပါတယ်။
ဖြိုးဖြိုး
(Yati Magazine, October, 2013)
Wednesday, September 25, 2013
မွန်တို့ဌာနီရာမည သာစွနေပြည်
သုညမရှိတဲ့ မီးဖိုချောင်ကမ္ဘာ
Living Fashion Magazine, October, 2013
ကိုယ်တို့ရဲ့ မီးဖိုချောင်ထဲမှာ အမှိုက်ပုံးထဲကို တော်တော်များများလွှင့်ပြစ်နေရပြီဆိုရင် အလေအလွင့်တွေများနေပြီပေါ့။ အသုံးပြုလို့မရတဲ့သုညလေးတွေဟာ ငွေယိုပေါက်ကို ပိုပြီးကြီးမားအောင်ဖျက်ဆီးကြလိမ့်မယ်။ အလဟသဖြုန်းတီးမှုတွေနဲ့ မီးဖိုချောင်လေးကို မနစ်မွန်းစေသင့်ပါဘူး။ လျှော့သုံး / ပြန်သုံး အလေ့အကျင့်လေးတွေနဲ့ မီးဖိုချောင်ကမ္ဘာလေးကို ရှင်သန်သွားချင်တယ်ဆိုရင်တော့ ဒီလိုနည်းလမ်းလေးတွေက ကူညီပါလိမ့်မယ်။
၁. ဟင်းသီးဟင်းရွက်တွေ ပြန်လည်ရှင်သန်အောင်
ဒီလိုပြောရင် ထူးဆန်းသလိုဖြစ်နေမှာပဲ။ ဒါပေမဲ့ တကယ်ပါ။ ကြက်သွန်မိတ်တွေဟာ သူတို့ရဲ့ အဖြူသားအဆုံးနေရာကနေ ပြန်လည်ကြီးထွားလာတတ်ပါတယ်။ သူတို့ကို ရေတစ်ဖန်ခွက်ထဲမှာထည့်ထားပေးပါ။ ပြီးတော့ နေရောင်ပြထားပေးပေါ့။ အစိမ်းရောင်အပိုင်းနားအထိ ရက်အနည်းငယ်ကြာတိုင်းဖြတ်ပြီး စားသုံးနိုင်ပါတယ်။ အဲဒီနည်းနဲ့ သူတို့ရဲ့ရာသီကုန်ဆုံးချိန်အထိ ရှင်သန်လတ်ဆတ်စွာနေနိုင်ကြတယ်။
Poetry After Politics By Cathrine Traywick
Poetry After Politics By Cathrine Traywick, September-2013
မြေကြီးတွေ ဘယ်ရောက်ကုန်လဲ
မြေကြီးတွေဘယ်ရောက်ကုန်လဲ
တပြန့်တပြော စိမ်းစိုဝေဖြာနေတဲ့ မိသားစုဥယျာဉ်မြေမှာ
ငါ့ကို မွေးဖွားခဲ့တယ်။
အရာရာသင်ယူကျက်မှတ်ချိန်
ကလေးဘ၀ငါ့နှုတ်ဖျားက ဦးဆုံးပထမထွက်ကျလာတဲ့
စကားတစ်လုံးးက အများတကာ ကလေးတွေလို
`ဖေ´`မေ´`Dad´ `Mom´မဟုတ်
`အစိမ်း´ `green´ဆိုတဲ့စကားလုံးသာ။
မထူးဆန်းလိုက်ပါနဲ့၊ မအံ့သြလိုက်ကြပါနဲ့။
အမေ ငါ့ကိုချောမြှူချီပိုးထားတဲ့အချိန်ကာလပတ်လုံး
ပြတင်းဝကနေ ငါလှမ်းမြင်ဖူးတာ `အစိမ်း´ ပါ။
ငါတောက်တိတောက်တက် ပြေးလွှားတတ်ချိန်မှာ
အရင်ဆုံး တိုးဝင်ချဉ်းကပ် ရင်းနှီးကျွမ်းဝင်ရတာက
စိမ်းစိုလတ်ဆတ်တဲ့ အဖေ့ရဲ့ဥယျာဉ်မြေ။
အဖေ့ရဲ့ ချွေးတွေ၊ အချိန်တွေ၊ စိတ်ကူးတွေပေါ်မှာ
သူ့ရဲ့ ကြမ်းရှလှတဲ့လက်တွေနဲ့
ရောမွှေထုဆစ်လိုက်တဲ့အခါ အဲဒီဥယျာဉ်ဟာ
ကမ္ဘာမှာ တုနှိုင်းမမီတဲ့ ဥယျာဉ်ခြံမြေကြီးပေါ့။
ကမ္ဘာဦးအစ ဧဒင်ဥယျာဉ်ထက် သာတယ်လို့ ငါပြောရဲတယ်။
အဲဒီဥယျာဉ်မှာ အမေက အဖေ့ရဲ့ ချွေးတွေကို သုတ်ပေးခဲ့တယ်။
အဖေ့ရဲ့အချိန်တွေ တိုးပွားအောင် အမေက သူ့ဘ၀ကို ဖဲ့ချွေပေးတယ်။
အဖေ့ရဲ့စိတ်ကူးတွေ ကွန့်မြူးဆန်းကြယ်အောင်
အမေက သူ့လိုအင်ဆန္ဒတွေဝှက်သိုလို့ အဖေ့အနား ဖေးမ ကူတယ်။
မြေကြီးစော်နံနေတဲ့ လက်တစ်စုံကို တမက်တမောပွေ့ယူနမ်းရှိုက်နေခဲ့တာပေါ့။
ဒါကြောင့်ပဲ အဖေက လျှို့ဝှက်တဲ့စွမ်းအားတွေနဲ့ အလှဆုံးဥယျာဉ်ကို ဖန်တီးနိုင်တယ်။
အဖေဟာ တကယ့်ပါရမီရှင်ပေါ့။ ဧဒင်ကို ဖန်ဆင်းတဲ့ ဘုရားသခင်ထက် သာတယ် လို့ ငါပြောရဲတယ်။
အဖေ့ရဲ့ဥယျာဉ်စိမ်းစိမ်းမှာ တောက်တက်တောက်တက်ပြေးလွှားရင်း ငါကြီးပြင်းခဲ့တယ်။
အမေက နာမည်ပေးတော်တယ်။ ငါတို့ မောင်နှမတွေမှာ လှပတဲ့နာမည်တွေ ကိုယ်စီ ရှိသလို
ငါတို့ခြံမှာ လှပတဲ့နာမည်ရှိတယ်။ ခရမ်းပြာ…တဲ့။
အဖေ့ရဲ့ စိမ်းမြမြဥယျာဉ်မှာ နေထိုင်ကြီးပြင်းခဲ့တဲ့ ငါတို့ဟာ အစိမ်းရောင်ကို ကောင်းကောင်းသိသလို သူ့အပေါ် ချစ်မက်ရကောင်းမှန်းလည်း ကောင်းကောင်းသိခဲ့ကြတယ်။
အခုဆို
ငါ့အသက် လေးဆယ်ကျော်၊ အဖေက ရှစ်ဆယ်ကျော်၊ အမေက ခုနစ်ဆယ်ကျော်။
ဘ၀တွေ ပြိုးပြိုးပြက်ပြက်ဆိုသလို ကျော်လွန်ခဲ့ပြီ။ မေမေက မြေကြီးပေါ် မဆင်းနိုင်တော့ဘူး၊ အချိန်ပြည့် အွန်လိုင်းပေါ်မှာ။ မြေကြီးတွေထိုးဆွလို့ သစ်တစ်ပင်စိုက်ပျိုးဖို့ကိုလည်း မေမေ မေ့ခဲ့ပါပြီ။
မေ့ဆို …မေမေ့မှာ ထိုးဆွစရာ၊ စိုက်ပျိုးစရာ မြေကြီးတွေမှ မရှိတော့တာပဲ။
ညနေညနေတွေဆို အဖေက ခါးကလေး ကိုင်းကိုင်းကိုင်းကိုင်းနဲ့ လှုပ်စိလှုပ်စိ ရွေ့ရွေ့သွားရင်း
ပြတင်းမှာရပ်လို့ ဝေေ၀သီသီ မှုန်မှုန်ရီရီ မျက်လုံးတွေနဲ့ အပြင်ကို ငေးငေးကြည့်တယ်။
ဖေဖေ့မြင်ကွင်းထဲ ပေါ်လာတာက ကားဂိုဒေါင်တစ်လုံး၊ ရေကူးကန်တစ်ကန်၊ သုံးထပ်တိုက်တစ်လုံး၊ ခြံဝင်းအနှံ့ နေရာလွတ်မကျန်အောင် ခြယ်လှယ်ထားတဲ့ ကြွေရောင်ဖိတ်ဖိတ်တောက်အခင်းအကျင်းတွေ၊ ပြီးတော့ ရေလောင်းစရာမလိုဘဲ လှပငွားစွင့်နေတဲ့ ပလတ်စတစ်ပန်းပင်တချို့…၊
အဖေက ခါးလေးကိုင်းနေသလို နားလေး ထိုင်းနေခဲ့ပြီ။
ပြီးတော့ တစ်ချက်တစ်ချက် သူငယ်ပြန်ချင်နေသလိုပဲ..
မြေကြီးတွေ ဘယ်ရောက်ကုန်လဲလို့ ခဏခဏ သူမေးတယ်။
ခမ်းခမ်းနားနား မြင့်မြင့်မားမား နေရပေမဲ့ အတွေးထဲမှာ ငါလန့်လန့်နေတယ်။
အထူးသဖြင့် ဟော့ဒီ ၀ရန်တာထက်ကနေ ငုံ့ငုံ့ကြည့်မိလေတိုင်းပေါ့။
ငါတို့ဟာ အဖေပိုင်ဆိုင်သမျှမြေကြီးတွေကို တတိတိနဲ့ အသံတိတ် ခိုးယူခဲ့တာလား …..။
ပြီးတော့ ငါ့သားသမီးတွေကို ဖေ့ဖေ့တုန်းကလို စိမ်းမြမြဥယျာဉ်တစ်လုံး ဖန်ဆင်းပေးနိုင်ပါဦးမလား။
ငါကသာ စိုးထိတ်နေတာပါ ။
ငါ့ကလေးတွေကဖြင့် ကိန်းခန်းကြီးကြီးနဲ့ အ၀ါရောင်ပျော်ရွှင်မှုတွေကြားမှာ ငါချစ်ဖူးတဲ့ အစိမ်းရောင်ကို အမေ့ကြီးမေ့လို့……..။
ဖေဖေကတော့ တွေ့သမျှလူတွေကို လိုက်လိုက်မေးနေတုန်းပဲ။
မြေကြီးတွေ ဘယ်ရောက်ကုန်လဲ…
မြေကြီးတွေဘယ်ရောက်ကုန်လဲ
မြေကြီးတွေ ဘယ်ရောက်ကုန်လဲ…တဲ့။
စုမီအောင်
မန္တလေးကို ရန်ကုန်လို ရွေ့စေချင်သူ ပန်းချီ နေဇော်
၁၉၈၃၊ စက်တင်ဘာ ၁၄ရက်နေ့မှာ အဖ ဦးဖေသန်း၊ အမိ ဒေါ်ခင်အုန်းတို့က သူ့ကို မန္တလေးမြို့မှာ မွေးဖွားခဲ့တယ်။ သူ့အဖေက အထက်မြန်မာပြည်လက်ရွေးစင် ဘောလုံးသမားတစ်ဦးဖြစ်ပေမဲ့ သူက အဖေနဲ့မတူခဲ့ဘူး။ သူ့အဖိုး Commercial Art ပန်းချီဆရာကြီး ဦးဘရင်လိုပဲ ပန်းချီရေးဆွဲဖို့သာ ငယ်စဉ်ကတည်းက စိတ်အားထက်သန်ခဲ့တယ်။ ဘယ်လောက်စိတ်အားထက်သန်ခဲ့သလဲဆိုရင်…
            “ကျွန်တော် ငယ်ငယ်က မီးပျက်လည်းပဲ၊ ဖယောင်းတိုင်ထွန်းထွန်းပြီး ညစဉ်ညတိုင်း ပုံရေးဆွဲလေ့ရှိတယ်၊ အဲဒါကို အမေက အမြဲပဲ အမှတ်တရ ပြောပြောပြတတ်တယ်”လို့ ပန်းချီနေဇော်က သူ့ရဲ့ ငယ်ဘ၀ကောက်ကြောင်းကို စတင်ပြောပြခဲ့တယ်။
သူ့အဖိုးက သူ ငယ်ငယ်ကတည်းက အနီးကပ်မြင်တွေ့ရင်းနှီးလာသူမို့ သူ့ရဲ့ ပန်းချီရေးဟန်တွေက သူ့အဖိုး ပန်းချီဆရာကြီး ဦးဘရင်ဆီက ကူးလူးလာတာဖြစ်မှာပဲလို့ ကျွန်မက ကောက်ချက်ချလိုက်မိပေမဲ့ သူ့အဖြေစကားကြောင့် ကျွန်မအံ့အားသင့်သွားတယ်။
“ငယ်ငယ်ကတည်းက ကျွန်တော်တကယ်ကြိုက်တဲ့ ပန်းချီဆရာကြီး ဦးပေါ်ဦးသက်နဲ့ တွေ့ခဲ့တယ်၊ ဆရာပေါ်ဦးသက်က ကျွန်တော့်ဦးလေး ပန်းချီညွှန့်ဝေသစ်ဆီလာတတ်တယ်ဗျ။ အဲဒီမှာ ကျွန်တော် ဆရာပေါ်ဦးသက်ရဲ့ စကားပြောဟန်၊ ပန်းချီရေးဟန်၊ သူ့ရဲ့ဘ၀နေထိုင်မှု ဟန်ပန်ကို အနီးကပ်တွေ့လိုက်ရတော့တာပဲ။ အဲဒါ ကျွန်တော် ၁၀နှစ်သားအရွယ်ကပေါ့။ ကျွန်တော်ခုလို ရေးဆွဲနေ တဲ့ ပန်းချီဟန်တွေ၊ အရောင်တွေ၊ ပန်းချီကားဖွဲ့စည်းပုံတွေက ဆရာပေါ်ဦးသက်ဆီက ကူးလူးလာခဲ့တာ၊ အခုလို ကျွန်တော်ဖြစ်လာတဲ့ အတွက် ဆရာပေါ်ဦးသက်ကို ငယ်ဘ၀ကတည်းက မဖြစ်မနေတွေ့ရှိလိုက်တယ်၊ ကျွန်တော်ယုံကြည်တယ်။ ကျွန်တော်သူ့ရဲ့ ရေးဟန်၊ ကားဖွဲ့စည်းမှု၊ အရောင်တွေကို သိပ်ကိုနှစ်သက်ခဲ့တာ၊ အဖိုးရေးတာတွေကို နေ့စဉ်မြင်တွေ့မိပေမဲ့ အဲဒီအချိန် တုန်းကတော့ ကလေးဆို တော့။ သိပ်ပြီးတန်ဖိုးမထားတတ်ခဲ့ဘူ၊ ခုကျမှ နှမြောမိတယ်၊ အဖိုးက မင်း ဟိုလိုရေး၊ ဒီလိုဆွဲ လို့တော့ မသင်ခဲ့ဘူး။ ကျွန်တော်ကလည်း ငယ်သေးတော့ ဒီလောက်မရူးသွပ်ခဲ့ဘူး။ ကျွန်တော် ၁၀နှစ်သားအရွယ်လောက် ရူးစပြုချိန်မှာ ဆရာပေါ်ဦးသက်ကို အာရုံထဲ ငြိသွားတာ”
ပန်းချီကို ငြိတွယ် ရူးသွပ်သွားခဲ့သလို ဆယ်တန်းအောင်တဲ့အခါ သူ့ဆုံးဖြတ်ချက်က ပန်းချီကျောင်း တက်ဖို့ကလွဲပြီး တခြား ဘာမှမရှိခဲ့ဘူး။ အရင်က ယဉ်ကျေးမှုတက္ကသိုလ်၊ အခု “အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်”လို့ခေါ်တွင်တဲ့ ကျောင်းမှာ ၂၀၀၁ ခုနှစ်က စတက်ခဲ့ပြီး ၂၀၀၅ခုနှစ်မှာ ကျောင်းပြီးခဲ့တယ်။ ၄နှစ်တက်ပြီး ဘီအေပန်းချီဘွဲ့ကိုသူပိုင်ဆိုင်ခဲ့တယ်။ နောက် ထပ် ဒီပလိုမာ ဆက်တက်ပြီး ၂၀၀၆မှာ ဘွဲ့လွန်ဒီပလိုမာ(ပန်းချီ)ရခဲ့တယ်လို့ သိရတယ်။
“ ကျွန်တော်တို့အိမ် မျက်နှာချင်းဆိုင်က မဝေနှင်းခိုင်တိုးက ရန်ကုန်ပန်းချီကျောင်းတက်ပြီး ပြန်လာတယ်၊ သူက သူရေးထား တဲ့ ပုံတွေပြတယ်၊ တော်တော်ကောင်းတယ်ဗျ။ ဒီမှာပဲ ငါရေးနေတာတွေ ဘာမှမဟုတ်သေးပါလားလို့ မြင်လာတယ်၊ စနစ်တကျ သင်ယူဖို့လည်း လိုသေးတယ်လို့ သဘောပေါက်သွားတယ်၊ အဖိုးကလည်း သူ့အမွေကို ဆက်ခံသူ ဖြစ်စေချင်ပုံရတယ်။ ဒါနဲ့ပဲ တခြား ဘယ်တက္ကသိုလ်မှ မတက်တော့ဘဲ ယုံကြည်စွာနဲ့ပဲ ပန်းချီကျောင်းတက်ခဲ့တယ်။ အခုအချိန်ထိ ကျွန်တ်ာကျောင်းဆင်းခဲ့တဲ့ မန္တလေး ယဉ်ကျေးမှု တက္ကသိုလ်မှာပဲ နည်းပြဆရာဘ၀နဲ့ တာဝန်ထမ်းဆောင်ရင်း အနုပညာလောကထဲကို ခြေစုံပစ်ဝင်လိုက်တော့တယ်”
အနုပညာလောကထဲကို ခြေစုံပစ်ဝင်လိုက်သူ၊ သူဟာ အခုအချိန်မှာ မန္တလေးက ယဉ်ကျေးမှုကျောင်းမှာ နည်းပြဆရာတစ်ယောက်။ ဒါပေမဲ့ သူ့ကို အခြေခံကစလို့ ခက်ခဲနက်နဲတဲ့ ပန်းချီပညာတွေထိ အဆင့်ဆင့် နည်းပညာတွေ ဖြန့်ဝေ လက်ဆင့်ကမ်းပေးခဲ့သူ ဆရာများစွာကို သူ့ရင်မှာ နေ့ရက်အစဉ်အတိုင်း အမည်နာမနဲ့တကွ မှတ်မိသိရှိနေဆဲ။
“ကျွန်တော့်အဖိုး ဦးဘရင်ဆီက လေ့လာခဲ့တာတွေလည်းရှိသလို အခြား ဆရာတွေလည်း ကျွန်တော့်မှာ အများကြီးပဲ ရှိကြတယ်။ မန္တလေားယဉ်ကျေးမှုတက္ကသိုလ် က ဆရာဦးဇော်ဝင်း၊ ဦးကြည်သိန်း၊ ဦးမြတ်ထွန်းအောင်၊ ဦးစိုင်းမောင်မောင်၊ ဦးအောင်စည်သူလှိုင်၊ ဦးမင်းလွင်၊ ဒေါ်မြခက်၊ ဒေါ်လွင်လွင်လှိုင်ရွှေ၊ ဒေါ်နွယ်နီလေးဝင်း နဲ့ ဒေါ်စန္ဒာဝင်းထွန်း တို့ဆီကနေလည်း လေ့လာ သင်ယူခဲ့တယ်။ ကျွန်တာ့်ဦးလေး ပန်းချီညွန့်ဝေသစ် ဆီကလည်း သင်ယူခဲ့တယ်။ မော်ဒန် အတွေးအေခါ် အယူအဆတွေနဲ ပတ်သက်ပြီးတော့လည်း ဦးကျော်မိုးသာ၊ ဦးကြည်ဝင်း(မန္တလေးတို့ဆီကလည်း လေ့လာခဲ့တယ်။ ကျွန်တာ့်ဘ၀တစ်လျှောက်လုး ချန်ထားလို့ မရတဲ့ ဆရာတစ်ဦးလည်းရှိသေးတယ်။ သူကတော့ ကျွန်တော်က လေးလေးငြိမ်းလို့ခေးတဲ့ ပန်းချီဦးချစ်ငြိမ်းပါ။ ဆရာကြီးနဲ့ ကျွန်တော်က ၂၀၀၄ ကျောင်းမဆင်းခင်က စပြီး တွ့ခဲ့တာ၊ သူ့ဆီကို အစဉ်တစ်စိုက် သွားရောက်လေ့လာခဲ့တယ်။ ဆရာကြီးက ကျွန်တော့ကို ခေတ်သစ်ပန်းချိ/ရဲ့ အတွေးအခေါ်တွ၊ အယူအဆတွေကို စနစ်တကျ သင်ကြား၊ ပြောပြခဲ့တယ်။ ကျွန်တော့်ဘ၀အတွက် ခေတ်သစ်ပန်းချီလမ်းကြောင်းထဲရောက်အောင် သူက ပို့ဆောငသ်ပေးခဲ့တာလို့ ပြောလို့ရတယ်ဗျ ”
သူက ပြည်တွင်းကပန်းချီဆရာတွေမှာ ဦးဘသက်၊ ဦးခင်မောင်(ဘဏ်)၊ ဦးပေါ်ဦးသက်၊ ဦးစိန်မြင့် နှင့် ပန်းချီ ဦးချစ်ငြိမ်း (သူ့အခေါ်လေးလေးငြိမ်း)တို့ကို အားကျနှူစ်သက်သူ။ ပြည်ပအနုပညာရှင်တွမှာတော့ ကမ္ဘာကျော် ပန်းချီသမားကြီးတွေ ဖြစ်တဲ့ မားတီးစ်၊ ဗန်ဂိုး၊ ပီကာဆိုတို့ကို ရူးရူးမူးမူးသဘောကျတယ်လို့ပြောပြခဲ့တယ်။ လူတွေကတော့ ဟုတ်ပါပြီ။ ပန်းချီရေးတဲ့ မီဒီယမ်တွေထဲမှာရော သူ့အကြိုက်တွေက ဘယ်ဟာတွေလဲမသိ။
“ မဒီယမ်တွေ အမျိုးမျိုးအထွေထွေထဲမှာ ကျွန်တော်တော့ acrylic ရယ်၊ water colorရယ်၊  oil pastel ရယ် ပိုနှစ်သက်လို့ ဒတွေ ပဲ ခပ်များများေ/းဖြစ်တယ်။အခု လတ်တလောမှာ  oil pastel ကို ပိုပြီး အာရုံကျနေတယ်၊ ပိုပြီး ရေးဖြစ်တေယ်၊ စိတ်ထဲမှာ ရေးလိုက်ရင် တခြားဟာနဲ့မတူဘဲ ပိုပြိး လွတ်လပ်တယ်၊ ပိုပြီးပျော်တယ် လို့ ကိုယ့်ကိုယ်ကိုယ် ထူးထူးခြားခြား ခံစားမိတယ်”
သူ့ရဲ့ပန်းချှီကားတချို့မှာ အမြင်အာရုံကို လွတ်လပ်ပေါ့ပါးစွာ သိမ်းကြုံး ဖမ်းစားလိုက်သလို၊ အရသာတစ်မျိုး ပေးစွမ်းနိုင်တာကို သတိပြုမိခဲ့တယ။ အထူးဖြင့် ရွှေတိဂုံ ၊ တို့ကျောင်း၊ ဘယ်အချိနရှိပြီလဲ….ဆိုတဲ့ ပန်းချီကားတွေ။ ကြည့်မိသူဘက်ကနေ လွတ်လပ်ပေါ့ပါးစေတဲ့ space နေ/ာလွတ် ပြင်ကျယ် တွေကို ကားတချို့မှာ မြင်ရတယ်။ ဒီကားတွေကို သူဘယ်လို စတ်ကူးနဲ့ ဖန်တီးခဲ့တာပါလိမ့်။
“တကယ်တော့ အဲဒီလို space တွေ လွှတ်တာကလည်း ရိုးရိုးလေးပါ၊ ကျွန်တ်ာကိုယ်တိုင်ကလည်း လွတ်လွတ်လပ်လပ်နဲ့ အသက်ရှျူေချာင်ချောင် နေချင်မိတယ်၊ ကျွန်တ်ာတို့ကျင်လည်ရတဲ့ လက်/ရှိဘ၀က လူတွကို အသက်ရှူကျပ်စေတဲ့အရာတွေ ပြည့်နျက်နေတယ်မို့လား။လ အသက်ရှူချောင်ချောင်လညလည် နေချင်မိတဲ့ စိတ်ခံစားမှုက ကျွန်တော်ေ/းလိုက်တဲ့ ပန်းချီကားတွေထဲမှာ သွားပြီး ပုံရိပ်ထင်ကုန်တာဗျ။ ပန်ျးခှကားတွေမှာ ရောင်ပြန်ဟပ်လာတယ်ပေါ့။ ဒါကြောင့် ကြည့်သူကိုလည်း ကျွန်တော့်လို ဖြစ်စေချင်၊ ခံစားစေချင်၊ လွတ်လပ်စေချင်၊ အသက်ရှူချောင်စေချင်တယ်ပေါ့ဗျာ။ ရှိသေးတယ် ဈေးချိုတစ်ခေါက်၊ ကျုံးတော်ပတ်လည် နောက် တော်တော်များများပဲရှိတယ်။ ကျွန်တော်ပန်းချီေ/းတော့မယ်ဆိုရင် sketch တွေအရင်ထုတ်တယ်။ cropping လုပ်တယ်။ ကားဖွဲ့စည်းပုံမှာ စိတ်ကြိုက်ဖွဲ့စည်းတယ်၊ အရောင်တွေရော စိတ်ကြိုက်ဖွဲ့စည်းပြီးမှ ရေးဆွဲတယ်။ ဓာတ်ပုံအတိုင်း ဘယ်တော့မှ မရေးဘူး။ ကျွန်တ်ာက sketch ကို အားကိုးတယ်။ ဒါကလည်း ဒီဇိုင်းသမ်ားတွေရဲ့ အားသာချက်တစ်ခုပေါ့ဗျာ”
ပြောရရင် သုက ငယ်ရွယ်သေးတဲ့ ပန်းချီသမားတစ်ယောက်ပါ။ ငယ်ရွယ်ပေမဲ့ ပန်းချီအရာမှာ နေရာတစ်ခု စိုက်စိုက်မတ်မတ် ထူထောင်ပြီးခဲ့သူ။ အနုပညာလောကမှက ဟိုဟာကောင်းနိုး၊ ဒီဟာဟုတ်နိုးနဲ့ စမ်းတ၀ါးဝါး လျှောက်လှမ်းနေ သူတွေလည်း အပုံအပင်/ရှိနေတယ် ဆိုတော့…အဲဒီလို မျက်နှာသစ်ပန်းချီသမားနုနုနယ်နယ်တွေအတွက် သူ အကြံညဏ်ကောင်းတွေ ပေးနိုင်မယ်ထင်/ရဲ့။
“ တကယ်တော့ ကျွန်တ်ေလည်း အခုအချိန်ထိ ဘယ်အဆင့်မှ မရောက်သေးပါဘူး၊ ကိုယ်ယုံကြည်တာကိုပဲ တစိုက်မတ်မတ် လုပ်နေတဲ့သူပါ။ ဒါကြောင့် ကျွန်တာ့်လို ၀ါသနာပါသူ ညီအစ်ကို မောင်နှမအားလုံးကို ပန်းချီပညာရဲ့ အခြေခံ သေဘောတရားတွေ၊ ပန်းချီသီအိုရီတွေကို စနစ်တကျ လေ့လာပါ။ နောက်ပြီး ပန်းချီမှာလည်း ဂီတလိုပဲ အကိုင်းအရွက်အခက်တွေ အများကြီးပဲ။ ကိုယ်ဘာကို ယုံကြည်တာလဲ၊ အရငသ် /ရှာဖွေရမယ်၊ သိအောင်လုပ်/ရမယ်။ ကိုယ်ဘာကို ယုံကြည်တာလဲသိမှ ကိုယ်ယုံကြည်တာကို တစိုက်မတ်မတ်လုပ်နိုင်မယ်၊ ဒါကြောင့် ကိုယ်ယုံကြည်တာကို ခိုင်ခိုင်မာမာနဲ့ အစဉ်တစ်စိုက်လိုက်ပါ လို့ ပြောချင်တာပါပဲ။ နောုက်တစ်ခု ဆရာကြီး ဦးခင်မောင်သန်းစကားကို လက်ဆင့်ကမ်းရမယ်ဆိုရင် ဘာပဲလုပ်လုပ် အကောင်ဆုံးလုပ်ပါ၊ တံမြက်လှည်းရင်တောင် အပြောင်ဆုံး လှဉ်းကျင်းလိုက်ပါ ဆိုတာပါပဲ။ ကျွန်တော်ကတော့ ဒီလိုပဲ ခံယူထားတယ်ဗျာ… ”
ဘာပဲလုပ်လုပ်အကောင်းဆုံးလုပ်၊ တံမြက်စည်းလှည်းရင်တောင် အပြောင်ဆုံးလှည်း ဆိုတဲ့စကားက မှတ်သာစရာ ဖြစ်ခဲ့တယ်။ လူသားအားလုံး ဒီလိုစတ်ထားပြီး လုပ်ဆောင်ကြမယ်ဆိုရင် ဘယလောက်ကောင်းမှာပါလိမ့်လို့ အတွေးတွေ ဆန့်ထွက် နေမိတယ်။ ပိုကောင်းတာကို မမြင်တတ်သေးသရွေ့တော့ ကိုယ်လုပ်တာကိုပဲ အကောင်းဆုံးလို့ အထင်ရောက်နေမှာ အသေအါချာ။ ဒါကြောင့် ပိုကောင်းတာကို မြင်အောင်ကြည့်ဖို့ သင်ခန်းစာရလိုက်မိတယ်။ ရန်ကုန်နဲ့မန္တလေး မှာရော ဘယ်ဟာပိုကောင်းနေပြီလဲ။ ရန်ကုန်ပန်းချီလောက နဲ့ မန္တလေးပန်းချီလောက၊ ဘာက ပိုကောင်းလို့ ဘယ်ဟာက အကောင်းဆုံးဖြစ်နေပြိလဲ။သိချင်လာပြန်တယ်။
“ မန္တလးပန်းချီလောကို ပြောရမယ်ဆိုရင်တော့ သိပ်ပြီးတော့ ကျေနပ်မှုမရ/ှိလှဘူး။ ဘာလို့လဲ ဆိုတော့ ပြခန်းတွေ ကောင်ေးကောင်းမရှိဘူး။ နောက်ပြီး ၀ယ်ယူစုဆောင်းသူ၊ ကြည့်ရှုသူ သိပ်ကိုနည်းပါးတယ်။ပြောရမယ်ဆိုရင် လှုပ်ရှားမှုတော်တော်လေး နည်းတယ်(ကျွန်တ်ာတို့အပါအ၀င်ပေါ့) ရန်ကုန်မှာဆို ပြပွဲခန်းတွေ အများကြီးရျှိတယ်။ ပြခန်းတွေက အကြိုင်အဆိုင် ပြပွဲတွေ လုပ်ကြတယ်။ နှစ်ပတ်လည်ပွဲတို့၊ မြို့နယ်ပွံတို့၊ grouop ပွဲတို့ လုပ်ကြတယ်။ အသစ်တွေရှိလာတယ်၊ အမြဲတမ်းလှုပ်ရှားနေတာဆိုတော့ ရှေ့ကိုရောက်တာပေါ့ဗျာ။ မန္တလေးမှာက ပြန်ခန်းတေါကောင်းကောင်းမရှိလို့ မလှုပ်ရှားနိုင်ဘူး။ တချို့ မန္တလေးပန်းချီဆရာတွေကတော့ ရန်ကုန်ဆင်းပြီး ပြပွဲလုပ်ကြ လှုပ်ရျားကြတာတွေ့ရ/တယ်။ သူတို့လည်း ရှေ့ကို ရောက်သွားကြတယ်။ တကယ်ရောက်သွားကြတယ်။ ရန်ကုန်က အရာရပိုကျယ်ပြန့်တယ်လေ။ ဒီလိုမျိုး မန္တလေးပန်းချီလောကကို ဝေဖန်မိတာတော့ သိပ်မကောင်းလှဘူးပေါ့ဗျာ။ မင်းက ဘာကောင်လဲ မင်းကရော ဘာလုပ်ပေးနိုင်လို့လဲ ထင်သွားနိုင်တယ်။ ဒါကလည်း ကျွန်တာ် ပန်းချီမျိုးဆက်သူစ်တစ်ဦးအနေနဲ့ မြင်တဲ့အတိုင်း ပြောကြည့်လိုက်တာပါ။ ဆန္ဒအမှန်က မန္တလေးပန်းျီလောကကို ဒါ့ထက်ပိုတိုးတက်စေချင်တာပါပဲ။ အဘက်ဘက်ကပေါ့။ ပန်းချီဆရာတွေကိုလည်း လါတ်လပ်စွာဖန်တီးခွင့်နဲ့အတူ၊ အားလုံးကို လက်ရှိ အနေအထားထက် ပိုပြီး အဆင်ပြေစေချင်တယ်။ ရန်ကုန်လိုပဲ မန္တလေးပန်းချီေူလာကကိုလည်း ပြခန်းတွေ၊ အရောင်းအ၀ယ်တွေ၊ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ လှုပ်ရှားမှုတွေ အများကြီးနဲ့အသက်ဝင်ပြီး ရန်ကုန်လို ရွေ့နေစေချင်တယ်”
အားမလိုအားမရစိတ်၊ မန္တလေးကိုချစ်တဲ့စိတ်တွေနဲ့အတူ သူနေတဲ့မန္တလေးကို မြို့ပြရန်ကုန်လို ခပ်လှလှဖြစ်စေချင်တဲ့ သူ့သဘောကို စာနာနားလည်မိလိုက်တယ်။ မန္တလေးဟာ ရန်ကုန်လို ပန်းချီရေးရာလှုပ်ရှားမှုတွေနဲ့ လှလှပပဖြစ်ပါစေလိုအသံတိတ်ဆုတောင်းပေးလိုက်တယ်။ ပန်းချီလှုပ်ရှားမှုအပိုင်းမှာ ရန်ကုန်လောက် သိပ်မရွေ့တဲ့ မန္တလေး၊ အဲဒီမန္တလေှးာ သူကရော ဘယ်လိုဆက်ပြီး စီးမျောာသွားမှာလဲ…..။
“ကျွန်တော်ကတော့ ကျွန်တော်ယုံကြည်တဲ့ ရေးဟန်စတိုင်ကို ခိုင်ခိုင်မာမာ ယုံယုံကြည်ကြည်နဲ့ ဆက်ရေးသွာူးမယ်။ ဘ်ာပဲလုပ်လုပ်အကောင်းဆုံးလုပ်မယ် လို့စိတ်ထဲမှာထားပြီး လုပ်ကိုင်မယ်။ ကျွန်တော့်ပန်းချီကားတွေ ရောင်းရသည်ဖြစ်စေ၊ မရောင်းရဘဲ ကျန်နေသည်ဖြစ်စေ ကိုယ်ယုံကြည်တာကို အစဉ်တစ်စိုက် ရေးဆွဲသွားမယ်။ လွတ်လပ် သန့်ရှင်းတဲ့ စိတ်နဲ့ပဲ ပးန်းချီကို အားထုတ် ဖန်တီးသွားမယ်။ ကျွန်တော်က ဟိတ်ဟန်တွေထုတ်ပြီး မဖြတ်သန်းချင်ဘူး၊ ရိုးရိုးလေးပဲ ဖြတ်သန်းချင်တယ်”
Nay Zaw (Biography of Brief)
Born in 1983 Mandalay
Obtained B.A(Painting),University of Culture, Mandalay in 2005
2004 – New Grneration art exhibition Kuthodaw art gallery,Mandalay
2006 – Pan Zan art exhibition Kuthodaw art gallery ,Mandalay
2006 – New Generation 2 art exhibition Kuthodaw art gallery ,Mandalay
2006 – Tear’s Color art exhibition, Lawkanat art gallery,Mandalay
2006 – Five Series art exhibition,Kuthodaw art gallery,Mandalay
2006 – Classic and Conetmporary fine art show,Yadanapon art gallery,Yangon
2006 – All Myanmar art exhibition ,City Hall,Mandalay
2008 – Art for Help, donation art exhibition ,Panthusandar art gallery,Mandalay
2008 – Nargis donation art exhibition,Lawkanat art gallery,Yangon
2009 – Direction Three art exhibition, Mandalay
2010 – Unity art exhibition Kuthodaw art gallery,Mandalay
2010 – Kathain donation art exhibition, Sinphyudaw art gallery,Mandalay
2010 – My Friends Mandalay art exhibition, Yangon
2011 – The Seeder art exhibition ,Thiriwuttsa,Mandalay
2011 – Six Senses art exhibition,Yangon
2011 – Our Beloved Mandalay art exhibition, Damatharla Hall, Mandalay
2012 – Rhythm art exhibition ,Sinphyudaw art gallery,Mandalay
2013 – Winner Travel art exhibition, Myanmar Ink art gallery, Yangon
2013 – Feburary Dearum art exhibition,Kuthodaw art gallery, Mandalay
address – No.168/1 ,84th  Street, 32nd  s x 33rd  st,Mandalay,Myanmar
ph – 09 43003340, mail – nayzawartist@gmail.com
ဂျူနီယို
(Living Fashion-Oct'13)
Saturday, September 21, 2013
ရွှေဝါရောင်လွှမ်းခြုံခဲ့တဲ့ စက်တင်ဘာမိုးလမ်းမများ
Photo :
အနှစ်နှစ်ဆယ်အတွင်း မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်တွေကိုဆန့်ကျင်တဲ့ လမ်းမပေါ်က အကြီးဆုံးဆန္ဒပြပွဲတွေဟာ ၂၀၀၇ စက်တင်ဘာလ ၂၃၊ တနင်္ဂနွေနေ့မှာတော့ အရှိန်အဟုန်ရလာခဲ့တော့တယ်။ လမ်းမတွေရဲ့ တစ်ဘက်ဆီက စောင့်ကြည့်နေကြသူတွေရဲ့ အားပေးကြွေးကြော်သံများ ညံလာခဲ့ကြတယ်။ စက်တင်ဘာမိုးစက်တွေဖြန့်ကျဲနေတဲ့ လမ်းမထက်က ခြေဖဝါးဗလာကျင်း ဗုဒ္ဓဘာသာရဟန်းတော်တွေဟာ တည်ကြည်ငြိမ်သက်တဲ့မျက်နှာအမူအရာနဲ့အတူ လျှောက်လမ်းနေခဲ့ပါတယ်။ ကြည့်ရှုသူတွေရဲ့ ရင်ထဲမှာ စစ်အာဏာရှင်အစိုးရရဲ့ဖိနှိပ်မှုတွေ တစ်ခုချင်းဆီမှတ်မိသိရှိရင်းကပဲ နေအိမ်အကျယ်ချုပ်ချခံထားတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ပံ့အားပေးတဲ့အသံတွေနဲ့ ကြွေးကြော်ခဲ့ကြတာပါ။ ၆ ရက်လောက် မိုး အဆက်မပြတ်ရွာသွန်းခဲ့တော့ လမ်းမတွေမှာ စက်တင်ဘာမိုးရေစက်တွေဟာ ပြည့်လျှံလို့နေတယ်။ ဆန္ဒပြပွဲတွေမှာ ရန်ကုန်မြို့က သံဃာ ၁၀၀၀၀ ခန့် အထိ အင်အားများများပါဝင်လာခဲ့ကြတယ်။ မျက်မြင်သက်သေတွေ ပုန်းလျှိုးကွယ်လျှိုးရိုက်ကူး၊ ပြီးတော့ မှတ်တမ်းဗီဒီယိုတွေကို သတင်းဌာနတွေအထိ ရောက်ရှိသွားနိုင်အောင်ပေးပို့နိုင်ခဲ့ကြတယ်။ အဲဒီတော့ ဟိုးအရင်နှစ်တွေမှာ သီးခြားရပ်တည်နေခဲ့တဲ့နိုင်ငံတစ်ခုအတွင်းကအဖြစ်အပျက်တွေကို ကမ္ဘာကကြည့်ရှုသွားနိုင်ခဲ့ကြပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်တံခါးဝဆီကို ရာပေါင်းများစွာသော သံဃာတော်တွေသွားရောက်နှုတ်ဆက်ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူမနေအိမ်ပြင်ပက အဖြစ်အပျက်တွေကို ကိုယ်တိုင်ပဲမျက်ဝါးထင်ထင်တွေ့မြင်လိုက်ရတော့တယ်။ အိမ်တံခါးဝမှာ သူမကို မြင်တွေ့လိုက်ရတာဟာ ၄ နှစ်ကျော်ကာလမှာ အဲဒီတစ်ကြိမ်က ပထမဆုံးပါပဲ။ နိုင်ငံတစ်နိုင်ငံရဲ့ ဒီမိုကရေစီထောက်ခံအားပေးတဲ့ ခေါင်းဆောင်တစ်ဦးနဲ့ ဗုဒ္ဒဘာသာဝင်ဘုန်းတော်ကြီးတွေရဲ့ ဆက်သွယ်မှုဟာ ပြည်သူလူထုပမာဏများများကို ချီတက်လမ်းလျှောက်မှုတွေထဲ ပါဝင်လာနိုင်အောင် အစပျိုးခဲ့တာပါပဲ။ 
Tuesday, September 17, 2013
ဖျက်မရတဲ့နှလုံးသားအစွန်းအထင်းက မင်း
အလုပ်တွေမှာ coffee break ယူကြသလိုပဲ၊
ကိုယ်လည်း စိတ်ပင်ပမ်းလာတဲ့အခါ song break ယူရတာပါပဲ။
Backstreet back alright ပေါ့။ Backstreet Boys ရဲ့ Permanent Stain သီချင်းလေးက အစအဆုံး ခပ်ညံညံ ခပ်သောသောလေးဆိုသွားသလိုပဲ။ စာသားလေးတွေက ချိုချိုလေး။ နူးညံ့နေလိုက်တာ။
BSB သီချင်းနားထောင်ရင်းနဲ့ ဟိုးငယ်ငယ်က NKOTB -  New Kids on the Block အဖွဲ့ရဲ့ Please Don't go girl လေးကို ပြန်သတိရသွားတယ်။ ဒီနှစ်ဖွဲ့တောင် ရောသွားမိသေး။ Please don't go girl ကို BSB သီချင်းဆိုပြီး ပြန်သတိရသွားမိတာ။ အမှတ်တွေလည်း လွဲကုန်ပါပြီ။
Monday, September 16, 2013
မူဂါဘီ ရှက်ဖွယ်
Mugabe
ရိုးရိုးကလေးကြည့်မယ်ဆိုရင်  ရောဘတ်မူဂါဘီ  တယောက် နန်းစံသက် သုံးဆယ်နဲ့ သုံးနှစ် အလွန်မှာ တကယ့်ကို  သူ့ကိုယ်သူ ကူကယ်နိုင်ဖို့ လမ်းမမြင်နိုင်တော့ပါဘူး။ ဒါနဲ့တောင်  ဇူလိုင် ၃၁ရက်မှာ ကျင်းပခဲ့တဲ့  ရွေးကောက်ပွဲမှာ သူအနိုင်ရပုံက ပမာပြရရင် ကင်းမြီးကောက်နဲ့ ဖါးလိုပါပဲ။ရက်စက်မှုတွေ ခက်ထန်မာကြောမှုတွေ  အာဏာရှင်ဆန်မှုတွေ အဂတိလိုက်စားမှုတွေ သူ့ ပင်ကိုယ်စရိုက်အတိုင်း ပေါ်လွင် ထင်ရှားခဲ့တယ်။
ရှေးလွန်လေပြီးသော ၁၉၈၀ခုနှစ်များဆီက ဗြိတိသျှကိုလိုနီ ဖြစ်ခဲ့ပြီး ရိုဒီးရှား ( Rhodesia ) ရယ်လို့ နာမည်တွင်ခဲ့တာပါ။ မူဂါဘီ ဟာ ဇင်ဘာဘွေနိုင်ငံရဲ့ ပထမမြောက် တဦးတည်းသော သမ္မတပါပဲ။သက်ဦးဆံပိုင် ဘုရင် စံနစ်မျိုးနဲ့ သူ့နိုင်ငံကို အုပ်ချုပ်ခဲ့တယ်။ဖမ်းဆီး ထောင်ချမှုတွေ ဖိနှိပ်ချုပ်ချယ်မှုတွေ သုတ်သင်သတ်ဖြတ်မှုတွေ ပြည့်နက်ခဲ့တယ။် တချိန်က စီးပွားရေးကောင်းနေတဲ့ နိုင်ငံဟာ သူ့လက်ထက်မှာ လျောကျ ထိုးဆင်းသွားတယ်။ရွေးကောက်ပွဲ သုံးခုမှာ အားလုံး သူက အဂတိလိုက်စားပြီး  မဲခိုးခဲ့တာချည်းပါပဲ။တော်တော်လေးကို ကြေကွဲ ၀မ်းနည်းဖွယ် ဖြစ်ရပ်တွေနဲ့ ကြုံဆုံခဲ့ရတာပါ။ အဘက်ဘက်က ယိုယွင်းကျဆင်းသွားတာပါပဲ။ အမှန်တော့ ဒီဖြစ်ရပ်တွေအပေါ် မူဂါဘီကိုပဲ သက်သက်ကြိး  အပြစ်တင်လို့ မရပြန်ပါဘူး။ ဒီမိုကရေစီရဖို့ သာတူညီမျှ အခွင့်အရေးတွေ ရဖို့ ငြိမ်းချမ်းရေးရဖို့  စတဲ့ အိမ်မက်တွေကို မက်နေကြတဲ့ အာဖရိက သမဂ္ဂ (African Union)ရယ် တောင်အာဖရိက အစိုးရတွေရယ် ကြောင့်ပါ လို့ အပြစ်တင်ရင် ရနိုင်ပါတယ်။
အာရပ်ကမ္ဘာက နယ်လ်ဆင်မင်ဒဲလား
Morsy
ကျွန်မတို့  ဘာ့ကြောင့် ဒီမိုကရေစီ တိုက်ပွဲဝင် မူဆလင် ညီအကိုတစုကို အလုံးအရင်းနဲ့ ဒီမျှ ထောက်ခံနေကြတာလဲ။ အဖြေက ရှင်းပါတယ်။ အီဂျစ်သမ္မတ မိုဟာမက် မော်ဆီ ဟာ လူထုက မဲဆန္ဒ အများဆုံးနဲ့ ရွေးကောက်တင်မြှောက်လိုက်သူဖြစ်လို့ပါပဲ။
ခု ဒီမိုကရေစီကို တစာစာ တောင်းဆိုနေတဲ့ မူဆလင်ညီအကို တစုဟာ သူ့ လူများဖြစ်ပါတယ်။
မကြာမီက  သူ့ကို အီဂျစ်ထီးနန်ကနေ စစ်တပ်က  နန်းချဖယ်ရှားလိုက်တယ်။ 
 ကျွန်မအိမ်ရှိရာ ရီမင်နိုင်ငံ ဆန်နာ ကနေ ကိုင်ရိုမြို့ ရပ်ဘာ အယ်လ်-အဒါဝီယာ ရင်ပြင်မှာ စုဝေးဆန္ဒပြနေကြတဲ့ ဒီမိုကရေစီ ဘက်တော်သားများနဲ့ ပူးပေါင်းဖို့  ထွက်ခွာမယ်လို့  ကြေညာလိုက်တယ်။
အီဂျစ်မှာ ဘာတွေ ဖြစ်နေပြီလဲ။ မြင်ကွင်းတွေက တကယ့် ကြောက်ခမန်းလိလိ။
  အာရပ်နွေဦးမှာ ကျွန်မတို့ အားလုံး မျှော်လင့် ကြိုးစားခဲ့သမျှတွေ ဘယ်လောက် ဟန်ကျ ပန်ကျ နိုင်ခဲ့သလဲ။
ကို့စ်တာကွန်ကော့ဒ်ဒီးယား ကြုံတွေ့ခဲ့ရတဲ့အန္တရာယ်
အီတလီ သင်္ဘောကြီး ကို့စ်တာကွန်ကော့ဒ်ဒီးယား (Costaconcordia )ခရီးစတင် ထွက်ခွာလာစဉ်။ငါးမန်းဖြူကြီးတကောင်လို မြေထဲပင်လယ်တ၀ိုက် လှလှပပ လူးလွန့်် လှုပ်ရှားနေတာပါ။ဖြစ်ချင်တော့…………
သင်္ဘောသွားရာ ခရီးလမ်းကြောင်း
၂၀၁၂ခုနှစ် ဇန်န၀ါရီ ၁၃ရက် နေ့က သောင်တင်သွားသော အပျော်စီး သင်္ဘောကြီး ၏ အနီးကပ်မြင်ကွင်း 
ဘေးမှ အသက်ကယ်လှေများ ၀န်းရံနေစဉ် 
 ၇၀ ဒီကရီတိမ်းစောင်းနေသော သင်္ဘောကြီး
 ရှုဒေါင့်ပေါင်းစုံမှ သင်္ဘောကြီး သောင်တင် နစ်မြုပ်နေပုံ အနေအထား အမျိုးမျိုးကို ခုလို မြင်တွေ့နိုင်ပါတယ်။သင်္ဘောကို တာဝန်ယူ  မောင်းနှင်လာတဲ့ မာလိန်မှူးက  “ Francesco Schettino” ဖြစ်ပါတယ်။သင်္ဘောပေါ်မှာ လိုက်ပါသူပေါင်း 4,252 ယောက် ဖြစ်ပြီးခရီးသည်ပါစင်ဂျာချည်း  3,206 ယောက် ပါရှိပါတယ်။အီတလီနိုင်ငံ လာဇီယိုဒေသ( Lazio) ရှိ  စီဗွီတာဗက်ချီယာ(Civitavecchia) မြို့မှ စတင် ထွက်ခွာခဲ့တာဖြစ်တယ်။သင်္ဘောဟာ ရေအောက်ကျောက်ဆောင်တခုကို မတော်တဆ တိုက်မိရာကနေ တိမ်းစောင်းသွားတာပါ။ဒေသခံ ကျွန်းသူ ကျွန်းသားတွေကို တလေးတစား  ဦးတိုက်နေဟန်ပါပဲ။မာလိန်မှူးကတော့ သူဟာ ရေအောက်ကြမ်းပြင်နဲ့ (ပင်လယ်နဲ့) အကျွမ်းတ၀င်ရှိတဲ့အတွက် သူ့အပြစ်မဟုတ်ဘူး။ဒါဟာ သင်္ဘောမှာ ပါရှိတဲ့ ကွန်ပြူတာ ပရိုဂရမ်ရဲ့ လွဲချော်မှုသာ ဖြစ်တယ် လို့ အခိုင်အမာ ဆိုထားပါတယ်။သင်္ဘောဟာ ကျောက်ဆောင်နဲ့ တိုက်လိုက်တာကို သူကြားတော့ ရုတ်တရက်  ကျွန်တော်ဘာလုပ်ရမှန်းမသိ ဖြစ်သွားတယ်။ စက်ခန်းထဲ ရေတွေဝင်လာရော ကျွန်တော့ ခေါင်းထဲမှာ လဲဘာမှမရှိပဲ အသိဥာဏ်ပါ ကင်းမဲ့သွားတယ်။ လို့ ပြောပါတယ်။သင်္ဘောရေယဉ်မှူးဟာ သူ့သင်္ဘောကို မထိန်းချုပ်နိုင်ဘူး။နီးရာ ဆိပ်ကမ်းကို အကူအညီတောင်းပေမဲ့ အဆက်အသွယ်မရဘူး။  ဂီ၈လီယိုကျွန်းဆီကို  Uသဏ္ဍာန် နောက်ပြန်လှည့် မကွေ့ခင် (ဂငယ်ကွေ့) ပုံမှန်အနေအထားကို ပြန်ရောက်ဖို့ သူကြိုးစားပါတယ်။  ဒါပေမဲ့  သင်္ဘောကြီး တိမ်းစောင်းသွာပြီဆိုကတည်းက သင်္ဘောကို စွန့်ခွာ ထွက်သွားကြဖို့ သူ အမိန့်ပေးရုံပဲ တတ်နိုင်ခဲ့တာပါ.။ဆိပ်ကမ်းအာဏာပိုင်တို့ဟာ ခရီးသည်များရဲ့ အသက်အန္တရယ်ကို အထူးစိုးရိမ်ပြီး  သင်္ဘောဆီကို အကူအညီပေးမဲ့သက်ကယ်လှေများစေလွှတ်ခဲ့တယ်။   ကယ်တင်ချိန်ဟာ (၆)နာရီ ကြာခဲ့ပါတယ်။ ခရီးသည်အများစုကို ကယ်တင်နိုင်ပေမဲ့ ၃၂ယောက်က သေဆုံးခဲ့ပါတယ်။ဒါဏ်ရာ ရသူပေါင်းက (၆၄)ယောက်ပါ။နှစ်ယောက်က ပျောက်ဆုံးနေပြီးတော့ သေပြီလို့ မှတ်ယူရပါတယ်။
သင်္ဘောကြီးဟာ ပင်လယ်ကူးသင်္ဘောတွေအများအပြားထဲမှာ အကြီးဆုံးတခုဖြစ်ပါတယ်။ခုအခါ သူမကို စွန့်ပြစ်ထားဆဲဖြစ်ပါတယ်။မီဒီယာလောကမှာတော့ အခင်းဖြစ်ပွားပြီးကတည်းက သတင်းကြီးနေတာပါ။ သင်္ဘောပေါ်ပါသူ ခရီးသည်များကို သေစေလိုတဲ့ ဆန္ဒမပါ ပေမဲ့ ခုလို မိမိတာဝန်ယူထားရတဲ့ သင်္ဘောကို မိမိကိုယ်တိုင် မထိမ်းသိမ်းနိုင်ခြင်းဟာ အပြစ်ဖြစ်နေပါတယ်။ကျွန်းရဲ့ ကမ်းရိုးတမ်းတလျှောက် ဂီဂလီယိုကျွန်း သင်္ဘောဆိပ်ကမ်းအ၀င် တောင်ဘက်  မီတာ ၈၀၀အကွာမှာဖြစ်ပါတယ်။သင်္ဘောပဲ့ပိုင်းကိုယ်ထည်မှာ  သံအချွန်နဲ့ ခြစ်ဆွဲလိုက်သလို အက်ကွဲကြောင်းရှည်ကြီး နှစ်ခု နက်နက်ရှိုင်းရှိုင်း ကွဲထွက်ခဲ့တာပါ။ သင်္ဘောစက်ခန်း ဂျင်နရေတာ တွေ ရေမြုပ်ကုန်ပါတယ်။သင်္ဘောဟာ လင်္ကျာဘက်ကို ၂၀ ဒီကရီ တိမ်းစောင်းစပြုလာပါတယ်။သင်္ဘောရေယဥင်္မှူးဟာ အစွမ်းကုန် သူတတ်မြောက်ထားတဲ့ သေနင်္ဂဗျူဟာ နည်းပညာ အားလုံး ထုတ်သုံးသော်လည်း နောက်ဆုံးမှာ သူ လက်လျော့လိုက်ရပါတယ်။ ခရီးသည်များကို ထွက်ခွာသွားဖို့ သူအမိန့်ပေးပါတယ်။တချို့ကလည်း သင်္ဘောကပ္ပိတိန်ဟာ ကံအကြောင်းတရားပဲလို့ သဘောထားပြီး တစုံတရာ အားကြိုးမန်တက် ကြံစီအားထုတ် လုပ်ဆောင်မှုမရှိဘူးလို့ ခြားနားစွာ ပြောဆိုမှုလည်းရှိနေတာပါ။သတင်းထုတ်ပြန်ချက်တွေက ကွာဟမှုတွေ ရှိနေပါတယ်။  ဗြုံးဗြုံးစားစားကြီး အိမ်မက်ဆန်ဆန်  ရုတ်တရက် ဖြစ်ပွားပြီးနောက်  သင်္ဘောဟာ ဒီလိုနဲ့ပဲ  ရေမှာ တ၀က် နစ်မြုပ်ရင်း တဖြည်းတဖြည်း တစ တစ သိမ်မွေ့စွာ ရေနက်ထဲကို ထိုးဆင်းသွားပါတယ်။လေနှင့် ဒီရေတို့က သင်္ဘော ချက်ခြင်း ရေမြုပ်မသွားအောင် ကူညီ ပံ့ပိုးထားသလို  တားဆီးထားမှု ရှိနေပါတယ်။
ဖိတ်စင်ကုန်တဲ့ ရေနံတွေဟာ  ပတ်ဝန်းကျင်ကို ညစ်ညမ်းစေနိုင်ပါတယ်။ ရေနေသတ္တ၀ါ ငါးတွေကို အန္တရယ်ပေးနိုင်ပါတယ်။
(၂၀၁၂ မတ်လ၂၄ရက်မှာတော့ ရေနံယိုဖိတ်မှုကို  ထိမ်းချုပ်နိုင်ခဲ့တယ်။)
ကို့စ်တာ ကွန်ကော့ဒ်ဒီးယားက တည်ဆောက်ခဲ့ရသမျှ အားလုံး ရေစုန်မှာ မျောပါသွားပြီ လို့ အာမခံကုမ္မဏီကို ကိုးကားပြီး ကြေငြာခဲ့ပါတယ်။အကောင်းဆုံး လုပ်ဆောင်နိုင်သမျှ ဆယ်ယူ လုပ်ဆောင်ပေးခဲ့ပါတယ် တဲ့။၂၀၁၃ခုနှစ် စက်တင်္ဘာလ အစောဆုံးထားပြီး ပြီးစီးအောင် ဆယ်ယူနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။အပိုင်းပိုင်းဖြတ်တောက်ပြီးတော့ ကြိုးနဲ့ ဆွဲရပါလိမ့်မယ်။ဒီ ရေမျောကမ်းတင်ကိုယ်ထည်ကြီးကို ဘေးဖယ်ထားရတော့မှာပါ။ဒါပေမဲ့ အောက်မေ့ဖွယ် အမှတ်တရ ပစ္စည်းတခုအနေနဲ့ ထားရှိရမှာဖြစ်ပါတယ်။
သင်္ဘောကြီး သောင်တင်ပြီ ဆိုတာနဲ့  သင်္ဘောဝန်ထမ်းတွေ  ခရီးသည်တွေခမြာ  ဖြစ်တဲ့နည်းနဲ့ သင်္ဘောကို စွန့်ခွာ ထွက်သွားကြရတာပါ။ တချို့က အသက်ကယ်လှေတွေနဲ့ပါ။တချို့က ရေထဲခုန်ချပြီး  ကမ်းခြေအရောက် လက်ပြစ်ကူးကြသူတွေနဲ့။ တချို့က  ဟယ်လီကော့ပတာတွေ နဲ့ဆူညံပွက်လောရိုက်ပြီး ကစဉ့်ကရဲနဲ့  ပါသွားကြတယ်။အမျိုးအမျိုးပါပဲ။၄၀လောက်က ပျောက်ဆုံးနေပြီးတော့ နောက်နေ့များမှာ တ၀က်လောက်ပြန်ရှာတွေ့ပါတယ်။သင်္ဘောထဲမှာ ခိုကပ်နေကြတာပါ။သေဆုံးကုန်တာလည်းရှိတာပေါ့။
ကက်ပ္ပတိန်က “ ကွန်ပြူတာ ရေကြောင်း အချက်ပြတွေ နဲ့ သတိပေးတပ်လှန့်မှု လုပ်ပါတယ်။ပင်လယ်ကြမ်းပြင် အနေအထားကို ကောင်းကောင်း သိပါတယ်။သုံးလေးကြိမ် ကျွန်တော်ကြိုးစားပါတယ်။ရုတ်တရက် လှိုင်းလုံးကြီးတွေ ပုတ်ခတ် တိုက်ခိုက်မှုကြောင့် ကျောက်ဆောင်ပေါ်ကို သဘောင်္ ကိုယ်ထည် ဆွဲချလိုက်သလို  ရောက်သွားရတာပါ။ကျွန်တော့်မှာ တာဝန်လုံးလုံးရှိပါတယ်။ ကိုယ်တိုင်ပဲ တရားစီရင် မှာပါ “ လို့ ထုတ်ဖေါ် ပြောဆိုပါတယ်။
အစောပိုင် ကနဦးက သူပြောရာမှာ သင်္ဘောဟာ ကမ်းခြေနဲ့ မီတာ ၃၀၀ ပဲ ကွာတယ် တဲ့။(သင်္ဘောရဲ့ အရှည်လောက်ပါ)ကျောက်ဆောင်နဲ့ တိုက်မိတာကို သူ ကောင်းကောင်းအမှတ်ထားမိပုံ မပေါ်ပါဘူး။သင်္ဘောပထမအရာရှိCiro  Ambrosio က သူ့ ရေကြောင်းအရာရှိတွေကို ပြောကြားရာမှာ..ကက်ပ္ပိတိန်ဟာ အခန်းမှာ သူ့စာကြည့်မျက်မှန်ကျန်ရစ်ခဲ့လို့ Ambrosio ကို သူ့ကိုယ်စား ရေဒါ စစ်ဆေးခိုင်းခဲ့တယ် တဲ့။မာလိန်မှူးဟာ သင်္ဘောမန်နေဂျာများကို.ပြောရာမှာ ...”၂၀၁၁ခု က အလားတူ ခရီးမျိုး သွားခဲ့တယ်။ Le  Scoleကျွန်းအနီးကို မချဉ်းကပ်ခဲ့ဘူး။ကျွန်းပေါ်မှာ နေ့အချိန် ကျင်းပတဲ့ ပွဲတော်ကို ခရီးသည်တွေ ရောက်ခဲ့တယ်။ပုံမှန်အတိုင်းသင်္ဘောဟာ ၅မိုင်လောက်ပဲ ကမ်းကခွာမောင်းခဲ့တယ်။ခု ၂၀၁၂မှာလည်းအလားတူ ခွာမောင်းခဲ့တာပါပဲ “တဲ့။အဲဒီအချိန်မှာ မာလိန်မှူးဟာ အယင် မာလိန်မှူးဟောင်း မာရီယို ပေါ်လန်ဘို နဲ့ ဖုန်းပြောနေပါတယ်။တီဗွီချနယ်လိုင်း Canale 5မှာ  သင်္ဘော မတော်တဆမှု  အမေးအဖြေခန်းအကြောင်း ပြောခဲ့ကြတယ်တဲ့။
 အဲဒါကများ  သူ့စိတ်ကို ချောက်ချားမှု ဖြစ်စေခဲ့သလား။
 အခင်းဖြစ်ပွားစဉ် ခရီးသည်တစုဟာ ထမင်းစားခန်းမှာ ရှိနေကြခိုက်ပါ. ဘန်းကနဲ အသံကြီးကိုကြားရော သင်္ဘောဝန်ထမ်းတဦးက အင်တာကွန်ကနေ “ ဘာမှမဖြစ်ဘူး ဘာမှ မဖြစ်ဘူး ဒါက လျှပ်စစ်ပြတ်တောက်သွားလို့ပါလို့ “ အားလုံး အိုကေပါတယ်” တဲ့။လူတွေကို ငြိမ်သက်စေပါတယ်။ ဒါပေမဲ့  သင်္ဘောက လှုပ်ခါနေတယ်။သူတို့ရဲ့ ထိတ်လန့်မှုကို ကြိုးစားထိန်းချုပ်ဖို့ မလွယ်ဘူး။
သင်္ဘောတခုခုနဲ့ ဆောင့်မိပြီးနောက်မှာတော့  လျှပ်စစ်မီး ပြတ်တောက်သွားတယ်။  မီးတွေငြိမ်းကုန်ပြီ။တဲ့။ လူသံတွေ ဆူညံလာပြီ။ပြေးကြ လွှားကြ။လဲပြိုကြ။လှေခါးက လိမ့်ကျသွားလိုက်ကြ။ ပုဂံခွက်ယောက်တွေ ကျကွဲ ကုန်ကြ။ 
အလို.  ဒါဟာရုပ်ရှင် ရိုက်ကူးနေသလား။ 
.မဟုတ်ပါဘူး။ သင်္ဘောဟာ ညာဘက်ကို ၂၀ဒီကရီ တိမ်းစောင်းနေပါပြီ။
သင်္ဘောကပ္ပိတိန်  ရှက်တီနို က နာရီဝက်အတွင်း သင်္ဘောကို စွန့်ခွာသွားဖို့ အမိန့်ပေးနေပါပြီ။ ခရီးသည်တွေကို တစုတည်းနေဖို့ ညွှန်ကြားတယ်။အသက်ကယ်အင်္ကျီတွေ ၀တ်ထားကြဖို့ ဆော်သြပါတယ်။သက်ကယ်လှေတွေ ပြစ်ချစေတယ်။အီတာလျှံ ဆိပ်ကမ်းအရာရှိတွေနဲ့ ဆက်သွယ်ဖို့ ကြိုးစားနေစဉ် ကင်းလှည့်ရေယဉ်Guardia de fianza မှ ကို့စ်တာ သင်္ဘောကို ဆက်သွယ်ခေါ်ယူခဲ့ပေမဲ့ မရခဲ့ပါဘူးတဲ့။
 ကိုယ်ထည်တွင် ကွဲသွားသော အစင်းချောင်းမီတာ၅၀ (၁၆၄ပေ)ရှည်သည်။
အသက်၅၃နှစ်အရွယ်ရှိ နေပယ်လ်မြို့သားကြီး ကပ္ပိတိန် ရှက်တီနိုဟာ  သင်္ဘောကပ္ပိတိန်အဖြစ် (၁၁)နှစ် တာဝန်ထမ်းဆောင်ခဲ့ပီးဖြစ်ပါတယ်။ အခင်းဖြစ်ပွားစဉ်က သူဟာ AP သတင်းဌာန အဆိုအရ  မူးယစ်ဆေး သုံးစွဲထားတယ်လို့ သိရပါတယ်။
 ရေကြောင်းခရီးစဉ် 
သင်္ဘောဝန်ထမ်းအားလုံးဟာ အန္တရယ်တခုခုနဲ့ ရင်ဆိုင်ရရင် ခုခံကာကွယ်နိုင်ဖို့ ကြိုတင် လေ့ကျင့်ခန်းများပြုလုပ်ကြရပြီး  အပတ်စဉ် သင်တန်းတက်ကြရပါတယ်။ဘယ်လိုပဲ သင်တန်း တက်ရောက်သည်ဖြစ်စေ မတော်တဆမှုတွေ ကတော့ ရှိနေမှာ အမှန်ပါပဲ။သင်္ဘောကပ္ပတိန် ရှက်တီနို ဟာ ဒီအကြပ်အတည်းမှာ စီမံအုပ်ချုပ်သူအရာရှိထံ သုံးကြိမ်ဖုန်းခေါ်ခဲ့ပေမဲ့မရရှိခဲ့ပါဘူး။တဲ့။ဆိပ်ကမ်းအာဏာပိုင်ထံကိုလည်း ကြိုးဆွဲ လှေကြီး (tug boat)စေလွှတ်ရန် တောင်းခံခဲ့ပေမဲ့  မရခဲ့ပါဘူး။တဲ့။ သင်္ဘောပေါ်မှာ ခရီးသည်အဖြစ် လိုက်ပါလာသူ ကပ္ပိတိန် “ရော်ဘတ်တို ဘော်ဆီယ” က သင်္ဘောကို စွန့်ခွာထွက်သွားဖို့  “ရှက်တီနို” အမိန့်မပေးခင်ကပင် သူ က ထွက်ခွာခဲ့ကြောင်းပြောပါတယ်။ရှက်တီနိုဟာ သူ့အရာရှိအချို့နဲ့ အတူ ၂၁း၄၅သင်္ဘောနစ်မြုပ်အပြီး ၂၃း၃၀ နာရီမှာ အသက်ကယ်လှေနဲ့ သင်္ဘောကို စွန့် ခွာ ထွက်သွားခဲ့တယ်။သူ့ရဲ့ တာဝန်မဲ့ လုပ်ရပ်ကို  စိတ်ဆိုးနေတဲ့ ကမ်းခြေစောင့် သူ့အထက်အရာရှိဟာ သင်္ဘောဆီ သူပြန်သွားရမယ်လို့ မဆိုင်းမတွ အမိန့်ပေးခေါ်ယူလိုက်တယ်။
သူက  သင်္ဘောဆီ ပြန်သွားဖို့ကို ငြင်းဆိုခဲ့ပါတယ်။
ဒါ့ကြောင့် သူ့ကို 
 (၁) သတ်ရန်ရည်ရွယ်မှုမရှိလင့်ကစား လူသေစေမှု
 (၂)ပေါ့လျော့လစ်ဟင်းမှု 
(၃) အမျှော်အမြင်မရှိမှု
(၄)မကျွမ်းကျင် ညံ့ဖျင်းမှု
 (၅) တာဝန်ပျက်ကွက်မှု
စတဲ့ စွဲချက်တွေနဲ့ အီတာလျှံ ပြစ်မှုဆိုင်ရာ ပင်လယ်ရေကြောင်းဥပဒေအရ တရားစွဲခဲ့ပါတယ်။
စွဲချက်အားလုံးကို စီရင်ချက်ချမယ်ဆိုရင် အနှစ် ၂၅၀၀ ပြစ်ဒါဏ် ခံရနိုင်ပါတယ်။ သို့သော်လည်း သူ့ကို အကျဉ်းထောင်ကနေ လွှတ်ပြီး နေအိမ်အကျယ်ချုပ်ဘ၀နှင့် လပေါင်းများစွာ ထားရှိခဲ့ပြီးနောက်၂၀၁၂ခု ဇူလိုင်လ ၅ရက်နေ့မှာ အပြီးသတ် စီရင်ချက်ချ ဆုံးဖြတ်လိုက်တာပါ။
  (၁) ခရီးသည်များကို စွန့်ခွာချန်ထားခြင်း။
(၂)သက်ဆိုင်ရာဌာနများကို အကြောင်းကြားမှု မရှိခြင်း 
စတဲ့  စွဲချက်နှစ်ခု ထပ်တိုးကာ  Meta di Sorrento မှာ အမြထာဝရ  နေထိုင်ရန် စီရင်ချက်ချခဲ့ပါတယ်။လူမှုဝန်းကျင် ဆက်သွယ်ခြင်းမရှိရ။ မိသားစု ထိတွေ့ခြင်းမရှိရ။စတဲ့ ပြစ်ဒါဏ်များလည်းပါရှိတာပါ။
ဒါပေမဲ့ ကပ္ပိတိန်ရဲ့ လျှောက်လဲ ထုခြေချက်တွေဟာ အတော်အသင့် အောင်မြင်ခဲ့တယ် ပြောရမှာပါ။
(ကမ္ဘာကျော် တိုင်တဲနစ်ကားမှာတော့ သင်္ဘောကပ္ပိတိန်ဟာ သူ့သင်္ဘောနှင့်အတူ ရှိနေခဲ့တာပါ။ ပြစ်ခွာ စွန့်ထားခြင်း မရှိဘူး။
၂၁၂ ဇန်န၀ါရီ ၃၁ရက်နေ့မှာ  UK ချာနယ် 4 မှနေ ကို့စတာကွန်ကော့ဒ်ဒီးယား ရေအောက် နစ်မြုပ်ခြင်းကို ပြသခဲ့တယ်။ခရီးသည်တယောက်က ဗွီဒီယို မှတိတမ်းရိုက်ကူးရာမှာ သင်္ဘောဝန်ထမ်းတဦးရဲ့ ပုံရိပ်နဲ့ “ အရာရာ ထိန်းချုပ်မှု အောက်မှာရှိနေပါတယ်။ခရီးသည်များ ကိုယ့်အခန်းကိုပြန်သွားကြပါ “လို့ ပြောဆိုနေတာ တွေ့ရပါတယ်။ခန့်မှန်း ခရီးသည် ၆၀၀ လောက်ကို ကယ်တင်နိုင်ခဲ့ပြီး လူ၃၀၀လောက်က အသက်ကယ်လှေ မရရှိပါဘူး။သက်ကယ်လှေများဟာလည်း စွန့်စွန့်စားစား ပြစ်ချပေးရတာပါ။
ခရီးသည်တွေ ရိုက်ကူးခဲ့တဲ့ (documentary) ဗွီဒီယို မှတ်တမ်းများကို အခြေခံပြီး ရုပ်မြင်သံကြားတွေက တမိနစ်ပြီးတမိနစ် ဆက်တိုက် ထုတ်လွှင့်ပြသခဲ့တယ်။ကမ်းခြေစောင့် အရာရှိနဲ့ သင်္ဘောကပ္ပိတိန်တို့ အပြန်အလှန်ပြောဆိုသံတို့ကို ဟယ်လီကော့ပတာမှ လေယာဉ်မှူးက အသံဖမ်းယူနိုင်ခဲ့တယ်။”ကြောက်စရာ့ ပင်လယ်တွင်း မြင်ကွင်း”” ကင်မရာ မြင်ကွင်း” “ကို့စ်တာ ကွန်ကော့ဒ်ဒီးယား နစ်မြုပ်ခြင်း “  “ ကြမ္မာငင်သော ည တည”  “ပျော်စရာတွေနဲ့ ရောထွေးနေတဲ့ ၀မ်းနည်းကြေကွဲခြင်း    “ကြေကွဲဖွယ် ပြဇတ်တပုဒ် ခင်းကျင်း ပြသခဲ့” စသဖြင့်အမျိုးမျိုး ခေါင်းစဉ်တပ်ပြီး  ရုပ်မြင်သံကြား တို့က မပြတ်ထုတ်လွှင့်ခဲ့တယ်။ဝေဖန်ချက်တွေလည်း အတော်လေးများပြားခဲ့ပါတယ်။မီဒီယာလောက မှာတော့ ကောင်းကောင်းကြီး ဂယက်ထသွားစေခဲ့တဲ့ သတင်းတပုဒ်ဖြစ်ကြောင်း မျှဝေ တင်ပြလိုက်ပါတယ်။       ။
Florist
Fefer: Wikipedia
Saturday, September 14, 2013
အိပ်မက်ထဲက ရှုတင်အိမ်
Family Magazine, March, 2014
အရင်ကတော့ အုတ်သားနီနီ၊
(မေမေ က ပြောတယ်။ အိပ်မက်ထဲက အိမ်က အနီရောင်မဟုတ်ဘူးလားတဲ့။ ဒီ ဓာတ်ပုံပို့ပေးတာနဲ့ တင်ထားလိုက်ရော။
တကယ်တော့ အိပ်မက်ထဲမှာ အိမ်အရောင်ထည့်မမက်တတ်ဘူး။ အိမ်အထဲက အက်ရှင်တွေပဲပါတယ် :D )
Thursday, September 12, 2013
ကျားမင်းသမီး
အင်းတော်ကြီး အင်း photo credit  (www.indawshan.com) : http://www.indawshan.com/2012/02/indawgyi-lake.html
ကျွန်မ အလယ်တန်းကျောင်းသူဘ၀တုံးက မဂ္ဂဇင်းတအုပ်ထဲမှာ “ကျားမင်းသမီး” ခေါင်းစဉ်နဲ့ ၀တ္ထုတပုဒ်ဖတ်ရတယ်။
ဝတ္ထုကြောင်းကလေးက စိတ်ဝင်စားဖို့ အလွန်ကောင်းပါတယ်။ အင်္ဂလိပ်ခေတ်က ထမံသီရွာမှာနေတဲ့  ရှမ်းလူမျိုးအချို့ဟာ လူအဖြစ်ကနေ ကျားဘ၀ကို ပြောင်းလဲနိုင်တဲ့ စွမ်းအင် ရှိကြောင်း အခြေခံပြီး အချစ်ဇတ်လမ်းကလေးတခု ဖန်တီးတင်ဆက်ထားတာပါ။ ရေးသူကို  မမှတ်မိတော့ဘူး။ မဂ္ဂဇင်းစာအုပ်ကိုလည်း မမှတ်မိတော့ဘူး။ အဲဒီဇတ်လမ်းကလေး  မှတ်မိသလောက် ဖြိုးဖြိုးကို ပြောပြချင်လို့။
(နာမည်တွေတော့ အကုန်မေ့ကုန်ပါပြီ။ ဇာတ်ကြောင်းကလေးနည်းနည်းပါးပါး ပဲ မှတ်မိတော့တာပါ။)
တနေ့တော့ သမိုင်းသုတေသီတယောက် သမိုင်းပြုစုဖို့ ဆိုပြီး ထမံသီ(ခု ဟုမ္မလင်းနားမှာ ရှိနေတုံးပဲ)ဆိုတဲ့ ရှမ်းရွာကလေးတရွာကို အခြေချ နေထိုင်ရင်း ရောက်ရှိလာတယ်။အဲဒီရွာက ခေတ်ပညာတတ်မိန်းခလေးတယောက်ရဲ့အိမ်မှာပဲ ငှားရမ်းနေထိုင်ရင်း သူ့အကူအညီကိုပါ ယူရတာပေါ့။ လိုအပ်တဲ့ အထောက်အထား အချက်အလက်တွေ ရှာဖွေစုဆောင်း ပေးရတာမျိုးပေါ့ကွယ်။အင်္ဂလိပ် မြန်မာ ကျမ်းကိုးစာအုပ်တွေအမျိုးမျိုပေါ့။ခုနှစ် သက္ကရာဇ် အတိအကျနဲ့ မှတ်တမ်းမှတ်ရာတွေ အဆင့်ဆင့်ကိုပေါ့။ဒီမိန်းခလေးက အဆန်းကွဲ့။ရုပ်ရည်ချောမောပြေပြစ်တယ်။ လှပ သိမ်မွေ့တယ်၊သွက်လက်ချက်ချာတယ်။အပြစ်ပြောစရာ ဘာမှမရှိဘူး။ ဒါပေမဲ့ နေ၀င်ရီ တရောအချိန်မျိုးမှာတော့ သူက အိမ်ကနေ ပျောက်ပျောက် သွားတတ်ပြီး ညသန်းခေါင်လောက်မှ ပြန်ပေါ်လာတတ်တာကို သုတေသီဆရာက သတိထားမိသွားသတဲ့။(ဒါကို သူက အစောပိုင်းမှာ စပ်စပ်စုစု မလုပ်ခဲ့ပါဘူး သူ့နာမည် မခင်ဖြူလို့ ဆိုကြပါစို့ကွယ် ။)
ပြီးတော့ သူ့အိမ်အောက်မှာ မြေတိုက်ခန်းကြီးရှိသတဲ့။ မြေတိုက်ခန်းထဲမှာက အနက်ရောင် ကျားရုပ်တု တကောင်နဲ့ အဖြူရောင် ကျားရုပ်တု တကောင် ရှိသတဲ့။ (ဒါပေမဲ့ စောစောပိုင်းက ဒါကို ဘယ်သူမှာ မသိကြဘူး။) ဧည့်ခန်းမှာလည်း အလှတင်ထားတဲ့ ကျားဖြူတကောင်နဲ့ ကျားနက်တစ်ကောင်ရှိသတဲ့။ဒါကိုတော့ လူတိုင်း မြင်ဖူးကြတာပေါ့ကွယ်။
တခြားအိမ်သားတွေလည်းဒီဇာတ်လမ်းမှာ ပါဝင်တာ သတိမထားမိဘူး။ အိမ်ဖေါ်အဒေါ်ကြီးတယောက်နဲ့ နေတာပဲရှိတယ်။
တနေ့တော့ (လာပြန်ဲပီ တနေ့တော့)ရန်ကုန်တက္ကသိုလ်က စာတမ်းပြုစုဖို့ အချက်အလက် ရှာဖွေဖို့ ဆိုပြီး နောက်ဆုံးနှစ် မဟာဝိဇ္ဇာ ကျောင်းသားတယောက်(ကိုစောနိုင်လို့ ဆိုကြပါစို့) ရောက်လာပြန်တယ်။ သူ့ စာတမ်းခေါင်းစဉ်က “ရှေးဟောင်းထမံသီ ယဉ်ကျေးမှု နှင့်ထမံသီလူမျိုးအကြောင်း ”ဆိုပါတော့လေ။
ထုံးစံအတိုင်း မျိုးတူရာ စုမိကြတော့ မခင်ဖြူတို့အိမ် ရောက်လာတယ်။ မခင်ဖြူဟာ ကိုစောနိုင်ကို  မြင်မြင်ချင်းပဲ ချစ်မိပါရောတဲ့။ ဒါပေမဲ့ ကိုစောနိုင်က  တည်ကြည်တယ်။ ပုံမှန်ဆက်ဆံတယ်။ ကိုစောနိုင်က တည်ကြည်လေ မခင်ဖြူက အားမရလေ။ာကာတော့ သူက စိတ်မရှည်ချင်ဘူး။ ကျားဖြူရုပ်ကလေးတရုပ်  ကိုစောနိုင်ရဲ့ အင်္ကျီ အိပ်ကပ်မှာ နေ့တိုင်းထည့်ပေးနေတာကိုး။ အဓိပ္ပါယ်က ချစ်တယ်ပေါ့။ ချစ်ရင် အဖြူရောင် ကျားရုပ်ကို လက်ဆောင်ပေးပြီး မုန်းရင် ကျားအနက်ကို မရောက် ရောက်အောင် ပို့တတ်သတဲ့။ ကျားရုပ်ပေးတဲ့သူဟာ ထမံသီလူမျိုးတို့ရဲ့ လူအဖြစ်ကနေ ကျားအဖြစ် ပြောင်းလဲနိုင်တဲ့ အတတ်ပညာကို တတ်မြောက်ကြသူများဖြစ်တယ်။ သူတို့ မုန်းပြီ ဆိုရင်လဲ ကျားနက်တကောင်ရောက်အောင်ပို့  သတိပေးပြီး ညအခါ ကိုက်သတ်ပြစ်လိုက်တာပဲတဲ့။  ကျားဘ၀ ပြောင်းလဲရာမှာလည်း ဂါထာရှိတယ်ကွဲ့။ ကိုစောနိုင်က ဘာမှ မတုံ့ပြန်ဘူး။ ထူးခြားဆန်းကျယ်မှုရှိတဲ့ မိန်းခလေးတယောက်မို့ စောင့်ကြည့် လေ့လာနေတာပါ။
ညနေစောင်းလို့ မှောင်လာတာနဲ့ တောထဲဝင်ပြီး ဂါထာရွတ် သမန်းမြက်ကို ပါစပ်းမှာကိုက် နောက်ဂျွမ်းသုံးကြိမ်ပြစ်လိုက်ရင် ကျားဖြစ်သွားတာပဲ။ပြီးတာ့ လရောင်အောက်မှာ ပျောက်သွားတယ်။တောထဲဝင်သွားတာပေါ့။သူတို့ ညအခါလည်း အစာရှာထွက်လေ့ရှိကြတယ်။ သမင် ဒရယ် ချေငယ် စိုင် ဆတ်တွေကို သတ်ဖြတ် စားသောက်တတ်လေ့ရှိတယ်တဲ့။ ဒါကို ကိုစောနိုင်က နောက်ရောင်ခံ လိုက်ကြည့်တော့ မြင်သွားတာပေါ့။ ဒီတော့ သူက ဘယ်ကြိုက်နိုင်မလဲ။ သူက မကြိုက်လေ ပိုကြမ်းလေပေါ့။ညသန်းခေါင်ယံအချိန်ဆို ကျား က သောင်းကျန်းတော့တာပဲ။ ကျားဟိန်းသံတွေ ကြားရတယ်။ ကျားက ပြတင်းပေါက်ကနေ ခုန်ကျော်ဝင်လာတယ်။ မြေတိုက်ခန်းထဲလိုက်စူးစမ်းသူတွေကို ခုန်အုပ်တယ်။ကိုက်သတ်ဖို့ ကြိုးစားတယ်။ သုတေသနဆရာကို ရန်မူနေတာလေ။ ဘယ်လိုပဲ ခွန်အားရှိတဲ့ ကျားဖြစ်ပေမဲ့ သေနတ်ကိုတော့ မတုပနိုင်ဖူးပေါ့။
အမှန်တော့ ခုလို သူတို့အကြောင်းကို လေ့လာနေတာ မကြိုက်ဘူး။ မုန်းနေတာ။ သူတို့အကြောင်းကို လူမသိစေချင်ဘူးလေ။ ဒါနဲ့ သုတေသီဆရာ့ အင်္ကျီအိပ်ကပ်မှာ 
(ဘလေဇာအင်္ကျီလို့ ဆိုတယ်။ ကုတ်အင်္ကျီ)
ကျားနက် တကောင် ထည့်ပေးလိုက်တယ်။ ဘယ်လိုမှ ဖယ်ရှားပြစ်လို့ မရဖူး တဲ့။ ပြန် ပြန်ရောက်နေရောတဲ့။ ဘယ်လိုရောက်နေမှန်းလည်း သူတို့ မသိကြဖူးတဲ့။ ကိုစောနိုင်က သေနတ်ရှိတယ်။အင်္ဂလိပ်အုပ်ချုပ်မှုအောက်မှာထင်တယ်။ ဇာတ်လမ်းက။ ဒီတုံးက လူတွေ  သေနတ်ကိုင်ခွင့်ရှိပုံရတယ်။
ကိုစောနိုင်က ကျားကို သေနတ်နဲ့ပြစ်ခတ်ရာမှာ ကျားသေသွားတယ်။ ကျားသေပြီးနောက်မှာ မျက်စိရှေ့မှာပဲ ကျားဟာ တဖြည်းဖြည်း လူအဖြစ် ပြောင်းလဲသွားပါတယ်။ ခြေထောက်ကလေးတွေကနေ စပြီး ပြောင်းလဲတာပါ။ လူမှ  လူမကလေးပါ။ မခင်ဖြူပါပဲ။ကိုစောနိုင်ဟာ အံ့သြပြီး ကြည့်နေရတော့တာပေါ့။ပြေးပွေ့လို့မဖြစ်နော်။
တချို့ စာတွေထဲမှာ တွေ့ရတာက ထမံသီ လူမျိုးဆိုတာ  BC184 လောက်က အဲဒီအရပ်ဒေသကို ထီးနန်းစိုက်ထူ မင်းလုပ်တော်မူခဲ့တဲ့  ရှမ်းလူမျို့း ဥတ္တရစောဖြူမင်း အဆက်အနွယ်တွေလို့ ဆိုပါတယ်။ ဥတ္တရ စောဖြူမင်းရဲ့ သားတော်ကြီးဟာ ထမံသီအတတ်ပညာကို ကျွမ်းကျင်စွာ တတ်မြောက်တာမို့ ရိုးရိုးကျားသာ မဟုတ်ပဲ ဖြူဆွတ်နေတဲ့ ကျားဖြူမျိုးကို ပြောင်းလွဲနိုင်တဲ့ အတတ်ပညာရှိတယ်လို့ ဆိုပါတယ်။ ဒါနဲ့ တဆက်တည်း ပြောရရင် ယခု ကချင်ပြည်နယ်က အင်းတော်ကြီးအင်းဟာရှေးယခင်က ဥတ္တရ စောဖြူမင်းရဲ့ ပိုင်နက်နယ်မြေတွေပါ။ ဧရာပတ္တရေနတ်နဂါးမျိုးတို့ ပြောင်းရွှေ့ ဖန်ဆင်း အခြေချလိုက်တာကြောင့် ဥတ္တရစောဖြူမင်းရဲ့ နယ်မြေတွေ ပျောက်ကွယ်သွားခဲ့တယ်လို့ ဆိုကြရဲ့။ နဂါးတွေက ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်းလာတဲ့သဘောပါ။ ဒါက ကျမ်းကိုးမရှိပါဘူးနော်။ ကြားဖူးနားဝရှိတာပြောပြရခြင်းပါ။ မယုံရင် ပုံပြင်လို့ပဲ မှတ်ယူရမှာ ဖြစ်ပါတယ်။
photo from wiki
ခင်မေသစ်
Saturday, September 07, 2013
မြက်တစ်ပင်တောင် မနှုတ်ချင်ဘူး သိလား
ညက night duty ၀င်အပြီး မနက်ခင်း ဒေါက်တာဖိုးလပြည့် အိမ်ပြန်လာတော့ ပုန်းညက်ပင်ကြီးက အရိုးပြိုင်းပြိုင်း ။ အရွက် တွေ ပြောင်သလင်းခါနေပြီ။
ဖိုးလပြည့် အံ့သြနေသည်။ သူငယ်ငယ်က အဖိုး သစ်ပင်ခုတ်လျှင် အော်အော် ပြေးတိုင်တတ်တာကို သူအမှတ်ရနေသည်။
ခု ဘယ်လိုစိတ်ကူးနဲ့များ အဖွား သစ်ပင်ခုတ်ပြစ်လိုက်တာပါလိမ့်။ အရွက်ကလေးတရွက်ကိုပင် ခူးပစ် ဆိတ်ပစ်ရမှာ အလွန်နှမြောတတ်တဲ့ ဖွားဖွား ။ ခု ဘယ်လိုဖြစ်လို့…။
ဒီမေးခွန်းကို သီရိကိုယ်တိုင်လည်း သီရိကိုယ်ကို  မေးနေမိပြီး ဘယ်လိုမျိုး ပြန်ဖြေရမည် မသိသေးသည့် မေးခွန်းပုစ္ဆာ ဖြစ်လို့ နေသည်။ဖြေရရင်လည်း  ရှည်ဝေးနေမည်မှာ အသေအချာ။
လွန်ခဲ့သည့် အနှစ် ၂၀ကျော်လောက်က  .ကျောင်းမနေသေးသည့် ၄နှစ်သားကလေး ဖိုးလပြည့် သူမ ရှိရာ မီးဖိုထဲ ပြေးလာတိုင်တန်းတတ်သည့်အဖြစ်ကို သတိရလို့နေသည်။ 
ဖိုးလပြည့် ၄နှစ်သားလောက်က… 
“ဖွားဖွားရေ …..ဖွားဖွားရေ..  ဖွားဖွားအပင်တွေ  အဖိုး ခုတ်နေပြီ.ကုန်ပီ..” 
မီးဖိုချောင်မှာ အလုပ်များနေသည့် သီရိထံ မြေးကလေး ဖိုးလပြည့်က ရေးကြီးသုတ်ပြာ ပြေးပြောလာသည်။ သီရိအပြေးကလေးထွက်ကြည့်တော့ အိမ်ရှေ့တံခါးပေါက် ပန်းဂုံးပေါ်က ခရမ်းရောင် ခေါင်းလောင်းပန်းအနွယ်တွေ တော်တော်ပြောင်နေပြီ။
သူက ဒီလိုပဲ။ မပြောမဆို မတိုင်မပင် အသိမပေး မဆွေးနွေး လုပ်ချင်ရာလုပ်တတ်သည့် လူ။ သီရိ အပင်တွေကို ချစ်တတ်မှန်းသိရက်နှင့် ဘယ်တော့မှ သီရိကို ကြိုတင်မပြော။အလစ်ဆို ထင်ရာစိုင်းတတ်သူ။
သူခုတ်ချင်လျှင် သီရိကို ဟို အကောင်နှင့်လည်း  ခြောက်တတ်သေးသည်။
ခြုံရှုပ်လျှင် အကောင်အောင်းတတ်သတဲ့။ သီရိကလည်း သီရိ အဲဒီအကောင် ခွေခွေဆို အသေကြောက်တတ်သူဆိုတော့  စိတ်လျော့လိုက်ရသည်။ သူလုပ်လိုရာလုပ်တော့ပေါ့။ဒါနှင့်ပဲ သူ့စိတ်ကြိုက် ခုတ်ပါလေတော့သည်။ ဇွန်ပန်းရုံဆို  တရုံလုံ့း ပြောင်သလင်းခါရော။ တကယ်ဆို အောက်ခြေလေးရှင်းပြီး စင်တင်ထားလိုက်ရင် ရရက်နှင့်။ 
ကျွန်မက မြက်ကလေး တပင်တောင် မနှုတ်ချင်ဘူးဆိုတာ သူသိရက်နှင့်။
ပန်းရံဆရာ အပြောကောင်းလျှင် ကောင်းသလို လုပ်တတ်သေး။ သီရိရန်ကုန်သွားနေတုံး  သူက မြေကြီးရှိသရွေ့ တလက္မမကျန် သမံတလင်းအပြည့် ခင်းပြစ်လိုက်သေးသ ည်။သူက အဲလိုလူ။ ဘာပင်မှ စိုက်လို့ မရတော့။” ခရမ်းပြာ “ဆိုသည့်  sign board သေးသေး ကလေးကိုပင် သူက ထိန်းသိမ်းမထားချင်။
သီရိလည်း အပင်စိုက်ရင် ပိုးသတ်ဆေးသုံးရ  အပင်ဆေးဖြန်းရ ပိုးမွှားရှာရ  ဒုက္ခများ သည်နှင့်စိတ်ကုန်သွားသည်။ အယင်လို အပင်စိုက်ရတာ စိတ်ချမ်းသာမှု မရတော့။ မပျော်ပိုက်တော့။အပင်တွေ အပွင့်တွေကို ချစ်တဲ့စိတ်က နည်းနည်းကလေးမှ လျော့ပါးမသွားပေမဲ့ ပြုစုပျိုးထောင်ပေးဖို့ ကိုတော့ ဆန္ဒမရှိ မလုပ်ချင်တော့ ။ 
“ကိုင်းတွေ ခုတ်ပြစ်လိုက်တော့ အပင်က တုံးတိတိကြီး ကျက်သရေ မရှိဘူး။ အကုန်ရင်လဲ ခုတ်ပြစ်လိုက် မေမေတို့က ရှင်းဆို အကုန်ပြောင်အောင် ရှင်းတာပဲ”။တဲ့။
 ဖြတ်ဆို သီရိ  အသံလာရာ လှမ်းကြည့်လိုက်သည်။ ဖိုးလပြည့်က အပင်ခုတ်တာကို ကြိုက်ပုံမရ။ 
“အဖွား ..အဖွား။”  တဲ့ သူ့အမေက သီရိကို လွဲချသည်။
ဟုတ်ပါပြီ။ အပင်ခုတ်တဲ့ကိစ္စက သီရိပြီးမှ ပြီးမဲ့ဟာပါပဲ။
“ခဏ  သည်းခံ စောင့်ပါ သားရယ် ဆောင်းကုန်သွားရင် အပင်ကလေးက အသစ်ပြန်ဖြစ်ပြီး စိုပြေလာမှာပါ။”
“အဖွားက မြက်တစ်ပင်တောင် နှုတ်ချင်တာမဟုတ်ဘူး။သိလား။ “
စိတ်ထဲက ပြောလိုက်ခြင်းဖြစ်သည်။
 ပုန်းညက်ပင်ကြီးကို သီရိ မချစ်တော့လို့ မဟုတ်ပါ။ နှစ် ၅၀နီးပါး အရိပ်ခိုခဲ့ရသည့် အပင်ကြီးမို့ သံယောဇဉ်ကလည်း မသေးပါ။ ပုန်းညက်ပင်ကြီး ခုတ်ရဖို့ အကြောင်းဖန်လာတာက အဓိက  မီးကြိုးတွေပေါ့။သီရိ တို့ အိမ်အနောက်ဘက်မှာ ရှိတဲ့ အိမ် ၄အိမ်က သီရိတို့ ခြံစည်းရိုးကို အရှည်လိုက် ဖြတ်ပြီး မီးကြိုးတွေသွယ်တန်းထားတာ ကြာလည်းကြာနေပြီ။အပင်တွေကလည်း ခြံစည်းရိုးတလျှောက် မာလကာပင်၊ သြဇာပင် ၊ သရက်ပင် တမာပင် ဓါတ်တိုင်နဲ့ ကပ်လျက်က ဘန်ဒါပင် စသည် မျိုးစုံ စီတန်းပေါက်ရောက်ရှင်သန်နေကြသည်မှာ အပြိုင်းပြိုင်း ။ဒီကြားထဲ သီရိ ပုန်းညက်ပင်ကြီးကလည်း နှစ်၅၀ကျော် သန်စွမ်းကျန်းမာလာတာဆိုတော့.မီးကြိုးတွေနှင့် ရှုပ်ရှက်ခတ်ပြီး ထွေးလား လုံးလားဖြစ်နေ။သိပ်သည်းထူပြစ် ကြပ်ညှပ်နေ။ပုန်းညက်ပင်ကြီး ဘယ်လောက် မိုးထိုးနေသလဲဆိုရင် မြောက်ဘက် ခြေရင်းအိမ်က နှစ်ထပ်အိမ်ခေါင်မိုးကိုတောင်  လူနှစ်ရပ်စာမက ကျော်လွန်နေပြီလေ။ ခုတ်တော့ ခုတ်ခဲ့ဖူးပါရဲ့။ မကြာခဏ အပင်ကြီးက အိမ်ခေါင်မိုးတွေနဲ့ တိုက်။ လေထန်ရင်  သွပ်တွေကိုပုတ်ခတ် ပေါက်ပြဲစေတာဆိုတော့ မကြာခဏ ခေါင်နှိမ်ရပါတယ်။  ရွက်ခြောက်တွေက နေ့စဉ်လှဲရ ကျင်းရတော့  လည်း တာဝန်ကြီးတခုလို ဖြစ်နေတယ်။ဒီအထဲ ကျီးကန်းတွေက လာလာအိပ်ကြတော့ မနက်မနက် ဆို တအအ နဲ့ မစင်တွေကိုလည်း ဗရပွ ပါပါချကြ၊နေ့စဉ် ဆေးရ ကြောရ။ အလုပ်ပိုပြန်ရော။စာကလေးတွေလည်း လာလာအိပ်ကြတယ်။ နေ့ခင်းဆို သီရိက စာကလေးတွေကို ဆန်စေ့တွေ ၀အောင် ချချကြွေးတာ ။ စာကလေးတွေက လူကို ဒုက္ခမပေးပါဘူး။
ဒီအထဲ  “ ကြိုးတွေက ဆွေးပြီး   ပေါက်ချင် ပေါက်နေမှာ။ မိုးရွာလို့ ရေစိုရင် အကုန်ဓါတ်လိုက် အသေပဲ ခဏ ခဏ သတင်းစာထဲ ပါနေတာ” တဲ့ ။ လပြည့်အမေက ခြောက်သည်။
အင်း အဲလိုဆိုရင် သီရိ တော့ လူမသိ သူမသိ တယောက်တည်း သေနေမှာ။ 
သီရိက အိမ်မြောက်ဘက် အစွန်မှာ အခန်းတခုတည်း သီးခြားနေသည်လေ။ သူများမာကလာပင် ကို ပြတင်းပေါက်က  လှမ်းခူးစားရင်း   ဓါတ်လိုက် သေနေမှ ဒုက္ခ။ ခြောက်သည့်လူကခြောက်တော့ ကြောက်လာသည်။
ဟို အကောင်ခွေခွေကလည်း သစ်ပင်တက်တတ်သတဲ့။ အမလေး လေ..ကြောက်ပါတယ်ဆိုမှ။ သစ်ကိုင်းတော်တော်များများက သီရိ အခန်း လေတိုက်တိုင်း..ခေါင်မိုးမှာ တရှဲရှဲ တဗြဲဗြဲ ။အကောင်တက်လာတာလား ဘာလား။ တယောက်တည်း အားငယ်။ 
သီရိအခန်းမှာ အပင်တွေက ၀န်းရံ ခနေတာ။ အနောက်ဘက် ရေစင်မှာဆို  ဒန့်သလွန်ပင် ပျဉ်တော်သိမ်ပင် ၊ ပိန်းနဲပင် အို အစုံခြံရံလို့ ။
 ကိုင်း..သွားပေရော့ အကုန်ဆွဲချ။
ကိုင်း လာလေရော့  အကုန်ခုတ်။
 မဆိုင်းမတွပင် သစ်ပင်ခုတ်မည့်သူ ခေါ်ခုတ်။ ခုတ်ခ က တသောင်းခွဲ ဆိုပါလား။ ဘုရား။
တတ်နိုင်ဘူးလေ။ ဘာပဲဖြစ်ဖြစ် စိတ်ရှင်းရှင်း သန့်သန့်ကလေး နေရမှ ကောင်းတာမို့လား။
သစ်ပင်ခုတ်နေတာ မြင်သူ တချို့က ဟင် နှမြောစရာကြီး ဆိုရင် “သီရိက ပို နှမျောသေး”လို့ ပြောပလိုက်တာပဲ။ (စိတ်ထဲက )
မြက်တပင်တောင် နှုတ်ချင်တာမဟုတ်ဘူး သိလား..၊
ပုံကိုကြည့် ..
တွေ့လား စိတ်တိုတိုနဲ့ ခုတ်ပလိုက်တာ ပြောင်းတလင်းကို ခါရော။ အိမ်ခေါင်မိုးတွေနဲ့လည်းအလွတ်ကြီး။ဘာအကောင်ပလောင်မှ ဘယ်လိုမှ ကူးလို့မရ။ ဘာဓါတ်ကြိုးနဲ့မှလည်းမထိ အဝေးကြီး။ ရှင်းကရော။ကိုင်း မယ်မင်းကြီးမ ။ ဖြောင့်ဖြောင့် အိပ်တော်မူ လို့ သီရိကိုယ် သီရီ ပြောပလိုက်သည်။
နှမျောတဲ့ စိတ်ကို အသေအချာ လုံအောင် ဖုံးဖိပြီး ခပ်တည်တည်ကြီး တရားရှိသလိုလို သင်္ခါရတွေ အနိစ္စတွေ တွင်တွင်ပြော အပြုံးမပျက် ။
တခြားအကြောင်းတခုက ရေတွင်းနဲ့ အပင်ကြီးက နီးကပ်နေတာမို့ သူ့အမြစ်တွေ ရေတွင်းကို ထိုးဖေါက်ဖြိုခွဲ ပြစ်မှာကိုလည်း စိုးရသေးသည် တဲ့။
ခါတိုင်းသီရိအခန်းက ပုန်းညက်ပင်ကွယ်နေလို့ နေရောင်မမြင်ရ လမ်းက လူသွားလူလာ မမြင်ရ ချောင်ကျနေတာ  ကို သီရိအလွန်ကြိုက်။ ကိုယ်တယောက်တည်း အေးအေးဆေးဆေး။ ဖတ်ချင်ဖတ်၊ရေးချင်ရေး။အိပ်ချင်အိပ်။ ဇိမ်ပဲ။ ခု ပုန်းညက်ပင် ခုတ်လိုက်တော့ အားလုံးဟာ ရှင်းရှင်းကြီး။ ကွင်းကနဲ လင်းကနဲ။ 
လင်းလင်းချင်းချင်းတော့ အရှိသား။ မိုးအကုန်ဆောင်းတွင်းများဆို ခါတိုင်း နေရောင်မရလို့ နေဇာမလှုံရ။ စောင်ခြုံ ကွေးအိပ်နေရသည်။
ဒီနှစ် တော့ ကောင်းကောင်း နေရောင်ရပြီ။ ဆိုပြီး ကြံဖန် ဖြေသိမ့်ရသည်။ ဆောင်းအကုန် နွေအကူးဆိုရင် တော့ ပုန်းညက်ပင်ကြီးက အရွက် တွေ ပြန်ဝေနေမှာ သေချာပါသည်။ သူက ခုတ်လေ သန်လေပါ။ 
ခုတ်ပြစ်မိတဲ့အတွက် လည်း သီရိ နောင်တမရပါ။ စာကလေးတွေ ဘယ်မှာ သွားအိပ်ကြပါလိမ့်လို့ စိတ်မကောင်းဖြစ်မိတာတော့ အမှန်ပါ။ဒါပေမဲ့လည်း တခြားအပင်ကြီးတွေ အများအပြားအနားမှ ရှိပါသေးသည်။လမ်းဘက် မှာ ဓါတ်ကြိုးနှင့် ကင်းလွှတ်ရာ ဘန်ဒါပင်တွေ  ရေတမာပင်တွေ စိန်ပန်းဝါပင်တွေ ပိတောက် ပင် တွေ။ တော်ပါသေး။
ရေတွင်းနဲ့ ပုန်းညက်ပင်ကြီး သိပ်နီးကပ်နေတာကလည်း စိုးရိမ်စရာပါ။သူ့အမြစ်တွေက  ရေတွင်း ကို အစိတ်စိတ်အမွှာမွှာ ထိုးဖေါက် ဖြိုခွဲ ပြစ်မှာ တထိတ်ထိတ် ဖြစ်နေရသေးတာပါ။ ဘာပဲဖြစ်ဖြစ် 
မကြာမီအချိန်အတွင်း ပုန်းညက်ပင်ကြီး အရွက်တွေ ဖြိုင်ဖြိုင်ဝေရင်း ပြန်လည်ရှင်သန် နုပျိုလာမဲ့နေ့ဆိုတာ မလွဲမသွေ   ရောက်လာရမှာပါ။ အဲဒီ နေ့ကိုရောက်ဖို့ စက္ကန့် တိုင်း မိနစ်တိုင်း နာရီတိုင်း  သီရိက တိတ်တခိုး လူမသိ သူမသိ မျှော်နေတယ်ဆိုတာ ကိုတော့  ဘယ်သူ သိလိမ့် မလဲ ကွယ်။ 
ခင်မေသစ်
စက်တင်ဘာလ ၆ရက် ၂၀၁၃
ဟိုသတင်း ဒီသတင်း
၁. Les Misérables စတား စမန်သာဘာ့ခ် Dracula ရုပ်ရှင်အသစ်မှာ သရုပ်ဆောင်မယ်
Victor Hugo ရဲ့ ဝတ္ထုကိုပုံဖော်ထားခဲ့တဲ့ အချစ်ဒရာမာရုပ်ရှင် Les Misérables မှာ Eponine အဖြစ် သရုပ်ဆောင်ခဲ့တဲ့ စမန်သာဘာ့ခ် (Samantha Barks) ဟာ Dracula ကို အသစ်ပြန်လည်ဖန်တီးမယ့် ယူနီဗာဆယ်ရဲ့ ရုပ်ရှင်အသစ်မှာပါဝင်သရုပ်ဆောင်ပါလိမ့်မယ်။ ဘာ့ခ်နဲ့ အတူ Icelandic စတား Thor Kristjansson ၊ Game of Thrones သရုပ်ဆောင် Art Parkinson ၊ The Devil’s Double သရုပ်ဆောင် Dominic Cooper နဲ့ A Dangerous Method သရုပ်ဆောင် Sarah Gadon တို့လည်း ပါဝင်ကြတယ်။ Boardwalk Empire သရုပ်ဆောင် Charlie Cox လည်း သရုပ်ဆောင်ဦးမယ်။ Luke Evans ကတော့ ဒဏ္ဍာရီဇာတ်လမ်းထဲကအတိုင်း တူရကီလူအုပ်ထဲက ဇနီးနဲ့သားကို ကယ်ဆယ်ဖို့ ကြိုးစားခဲ့တဲ့ အကျော်ကြားဆုံးသွေးစုပ်ဖုတ်ကောင် ထရန်ဆေးလ်ဗေးနီးယန်းမင်းသား (Prince of Darkness)အဖြစ်သရုပ်ဆောင်မှာပါ။ ဘာ့ခ်က ချောမောလှပတဲ့ မိန်းမပျိုလေး ဘာဘာရာဂါ အဖြစ်သရုပ်ဆောင်ပါလိမ့်မယ်။ ဘာဘာရာဂါဇာတ်ကောင်ဟာ ဆိုးသွမ်းကြမ်းတမ်းတဲ့စုန်းမတစ်ဦးအသွင်ပြောင်းလဲသွားခဲ့တဲ့သူပါ။ ခရစ်ဂျန်စ်စန်က Bright Eyes ဆိုတဲ့ အော်တမန်စစ်တပ်က လုပ်ကြံသတ်ဖြတ်သူ၊  ပါကင်စန်က ဒရက်ကူလာရဲ့ သားငယ် Ingeras အဖြစ်ပါဝင်ကြလိ့မ်မယ်။ ယူနီဗာဆယ်ရုပ်ရှင်ဟာ ဒရက်ကူလာမူရင်းဇာတ်လမ်းတွေကို အသေအချာလေ့လာနေပါတယ်။ တူရကီစစ်တပ်ရဲ့ ကျူးကျော်မှုကနေ သူ့ရဲ့ မိသားစုကို ကာကွယ်ကယ်ဆယ်နိုင်မယ့်နည်းလမ်းမျိုးစုံ ပြင်းပြင်းထန်ထန်ရှာဖွေခဲ့တဲ့ ထရန်ဆေးလ်ဗေးနီးယမ်းမင်းသားအကြောင်း ဦးတည်ရိုက်ကူးမယ်လို့ဆိုတယ်။ Dracula ရုပ်ရှင်အကြောင်းမကြားခဲ့ရတာ တော်တော်ကြာပါပြီ။ ဒရက်ကူလာဒဏ္ဍာရီကို ပြန်ပြီးလတ်ဆတ်အောင်ဖန်တီးမယ့်ရုပ်ရှင်ပုံစံမျိုးဖြစ်တဲ့အတွက် သွေးအလိမ်းလိမ်း၊ အစွယ်ဖွေးဖွေး သွေးစုတ်ဖုတ်ကောင်တွေကို သဘောကျတဲ့သူတွေအတွက်တော့ သတင်းကောင်းပါပဲလို့ ဆိုနေကြတယ်။ သွားစွယ်ဖွေးဖွေးမပါတဲ့ ခေတ်သစ်သွေးစုတ်ဖုတ်ကောင်ရှပ်ရှင် Twilight ထက်ပိုပြီးတော့ သမိုင်းထဲက သည်းထိတ်ရင်ဖိုစွန့်စားခန်းတွေပြည့်နေမှာပဲတဲ့။ ဒါရိုက်တာက Gary Shore ပါ။ The Draft ဆိုတဲ့ ထိတ်လန့်သည်းဖိုရုပ်ရှင်တိုလေးတစ်ကားပဲ ရိုက်ကူးခဲ့ဖူးတဲ့ ဒါရိုက်တာအသစ်တစ်ဦးကို ဒီလို သမိုင်းကြောင်းဇာတ်အိမ်ကြီးမားတဲ့ရုပ်ရှင်ဖန်တီးဖို့ ယူနီဗာဆယ်က ယုံကြည်မှုပေးခဲ့တာကလည်း စိတ်ဝင်စားစရာပါပဲ။ ဒါပေမဲ့ Gary ဟာ Adidas, EMI, Warner Brothers, Vogue, Nokia နဲ့ တခြားခရီးသွားကြော်ငြာတွေ စီးပွားဖြစ်ရိုက်ကူးအောင်မြင်ခဲ့တဲ့ ဒါရိုက်တာတစ်ဦးတော့ဖြစ်နေပါတယ်။ Dracula Year Zero လို့ ပထမနာမည်ပေးထားတဲ့ ဒီ Dracula ရုပ်ရှင်ကို ၂၀၁၄ သြဂုတ်လ ၈ ရက်နေ့မှာ ဖြန့်ချိပြသမှာပါ။ 
၂. စိန်လက်စွပ်ရယ် ရေမွှေးရယ် ပန်းရောင်ရက်ပ်သီချင်းတွေရယ်
တောင်အမေရိကမြောက်ပိုင်းစွန်းက ထရီနီဒက် ကျွန်းနိုင်ငံဖွား အမေရိကန် ရက်ပ်အဆိုတော်မလေး Nicki Minaj ဟာ Housewives of Atlanta တီဗီစတား NeNe Leakes နဲ့ အတူ လော့စ်အိန်ဂျယ်လိစ် ညစာစားပွဲတစ်ခုတက်ရောက်ခဲ့တယ်။ ညစာစားပွဲကအပြန် သက်တော်စောင့်တွေဝန်းရံပြီးတွေ့လိုက်ရတဲ့အချိန်မှာ အားလုံးရဲ့ မျက်လုံးတွေဟာ ဂရမ်မီ ၄ ဆုရှင် နစ်ကီရဲ့ စိန်လက်စွပ်ဆီ အာရုံစိုက်ကုန်ကြတယ်။ အမှတ်တံဆိပ်တစ်ခုလို့ပြောရလောက်အောင် ပန်းနုရောင်အမြဲလိုလိုဆင်မြန်းလေ့ရှိတဲ့ နစ်ကီမီနပ်ခ်ျကို အခုတစ်ခါလည်း ပန်းနုရောင်ခပ်စူးစူးတီရှပ်၊ ဦးထုပ်နဲ့ အတူ၊ တဖျတ်ဖျတ်လက်နေတဲ့ စိန်လက်စွပ်ဝတ်ဆင်ထားတာတွေ့ခဲ့ရတယ်။ ပြီးတော့ ပုံမှန်မြင်တွေ့နေကြမဟုတ်တဲ့ မိတ်ဆွေနှစ်ဦးတို့ရဲ့တွေ့ဆုံမှုကြောင့်ပဲ ထူးခြားတဲ့ညစာစားပွဲဖြစ်နိုင်တယ်လို့ ပရိတ်သတ်တွေက ပြောနေကြတယ်။ သူတို့စူးစမ်းတာက DJ သမား Khaled က နစ်ကီကို လူသိရှင်ကြားလက်ထပ်ခွင့်တောင်းခဲ့တာကြောင့်ပါ။ ပြီးခဲ့တဲ့ ရက်သတ္တပတ်က Khaled ဟာ MTV သတင်းအမေးအဖြေတစ်ခုမှာ “နစ်ကီမီနပ်ခ်ျ ရေ၊ ငါ အခု MTV မှာပါ။ ငါ မင်းကို ချစ်တယ်။ ငါမင်းကို ကြိုက်နှစ်သက်တယ်။ ငါ မင်းကို ရယူချင်တယ်။ မင်းဟာ ငါ့အတွက်ဖြစ်စေချင်လိုက်တာ။ ငါအခု MTV မှာ ပြောလိုက်ရတာက ဒါဟာ ကမ္ဘာတစ်ဝှမ်းလုံးသိနိုင်တဲ့ကွန်ယက်ကြီးဖြစ်နေလို့ပါ” လို့ ရုတ်တရက်ပြောလိုက်တယ်။ နစ်ကီအတွက် ပျှမ်းမျှ ဒေါ်လာ ၅၀၀ ၀၀၀ ခန့်တန်ကြေးရှိမယ့် ၁၀ ကာရက်စိန်လက်စွပ်နဲ့ အတူ လက်ထပ်ခွင့်တောင်းခံခဲ့တာပါ။ နစ်ကီကတော့ လက်ထပ်ခွင့်တောင်းခံတာနဲ့ပတ်သက်ပြီး ဘာမှတ်ချက်မှမပေးသေးပါဘူး။ ဒါပေမဲ့ Khaled ရဲ့ MTV ဗီဒီယိုကိုတော့ သူမရဲ့ Twitter အကောင့်မှာ “DJ Khaled ရဲ့ Nicki Minaj အတွက် အထူးစပယ်ရှယ်ကမ်းလှမ်းမှု” ဆိုပြီး တင်ထားလိုက်ပါတယ်။ အဲဒါဟာ Khaled အတွက် ကောင်းတဲ့လက္ခဏာပဲလို့ မိတ်ဆွေတွေကတော့ ပြောနေကြတယ်။ ညစာစားပွဲမှာ နစ်ကီဝတ်ဆင်ထားခဲ့တဲ့ လက်စွပ်ကစိန်ပွင့်တွေရဲ့ အဆင်ဒီဇိုင်းဟာ မတူပါဘူးလို့လည်းဆိုကြပြန်တယ်။ တချိန်တည်းမှာပဲ နစ်ကီမီနပ်ခ်ျရဲ့ သုံးခုမြောက် ရေမွှေး Minajesty ကို ဒီနှစ်ဆောင်းဦးပေါက်မှာ ရေမွှေးကောင်တာတွေဆီ အရောက်တင်ထားနိုင်အောင်စီစဉ်နေပါတယ်လို့ နစ်ကီကကြေညာထားတယ်။ ကြေညာပြီးနောက် ရက်အနည်းငယ်အတွင်း ယူကေ အရောင်းဈေးကွက်တစ်ခုထဲမှာပဲ ပေါင် ၁.၁ သန်းအမှာစာရခဲ့ပြီးပါပြီ။ ပန်းရောင်ပုလင်းဒီဇိုင်းနဲ့ရေမွှေးသစ် ကို Twitter မှာ မိတ်ဆက်ခဲ့တယ်။ အဲဒီနေ့က ပန်းရောင်ရက်ပ်အဆိုတော်မလေးဟာ ရိုးတွင်းချဉ်ဆီအစားထိုးဖို့ရံပုံငွေရှာဖွေတဲ့ သတင်းတွေလည်း ဆက်တိုက်တင်နေခဲ့ပါတယ်။ သူမကိုယ်တိုင် အဲဒီအလှူအတွက် ပါဝင်လှူဒါန်းခဲ့တယ်။
၃.  ဂီတသံတွေရဲ့ အမှတ်တရတွေ
၁၉၆၅ ခုနှစ်က ဂန္တဝင်ဂီတရုပ်ရှင် The Sound of Music မှာ ဝတ်ဆင်ခဲ့တဲ့ဇာတ်ဝင်ခန်းဝတ်စုံတွေကို ကယ်လီဖိုးနီးယားက ဟောလိဝုဒ်အမှတ်တရပစ္စည်းလေလံတင်ပွဲမှာ လေလံတင်ရောင်းချခဲ့တဲ့အခါ ဒေါ်လာ ၁.၃ သန်း (ပေါင် ၈၄၅ ၀၀၀) ရရှိခဲ့ပါတယ်။ လေလံတင်ပွဲကဖော်ပြတာက သြစတြီးယန်းစတိုင် လက်ဖြစ် အညိုရောင်နဲ့ ဂျုံစေ့ရောင် လေးလေးလံလံ ဘလောက်စ်ရယ်၊ Von Trapp မိသားစုဝင် ယောက်ျားလေးတွေဝတ်ဆင်ခဲ့တဲ့ ဆိုင်းကြိုးပါ ပန်းပွင့်ဒီဇိုင်းကျဲပက်ထားတဲ့ဝတ်စုံတွေလည်း ပါဝင်တယ်လို့ဆိုတယ်။ ဒုတိယကမ္ဘာစစ်အတွင်း နာဇီတွေရဲ့ အန္တရာယ်ကနေလွတ်မြောက်အောင်ကြိုးစားခဲ့ကြတဲ့ သြစတြီးယန်း သီချင်းသည်မိသားစုရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ The Sound of Music ဟာ ၁၉၆၆ ခုနှစ် အော်စကာ ၅ ဆု ရရှိခဲ့တယ်။ ၂၀၁၂ ခုနှစ်က အိုပရာဝင်းဖရေးပြုလုပ်တဲ့ အမေးအဖြေမှာ ဗြတိသျှအင်ပါယာ ဂုဏ်ထူးဆောင် DBE ဘွဲ့ရခဲ့တဲ့ The Sound of Music ရဲ့ သရုပ်ဆောင် ဂျူလီအန်ဒရူးဟာ သူမ သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်အကြောင်းပြောပြခဲ့တယ်။ ပထမ ရုပ်ရှင်ပြသခဲ့တုန်းက အဲဒီလောက်အောက်မြင်သွားခဲ့မယ်လို့ သူမ မထင်ခဲ့မိဘူးတဲ့။ “ကျွန်မရဲ့ ပန်းတိုင်ကို ပုံဖော်သွန်းလောင်းပေးခဲ့တဲ့ ရုပ်ရှင်ဖြစ်ခဲ့တယ်။ သိပ်ကို ကြီးကျယ်ခမ်းနားတဲ့ရုပ်ရှင်ပါ”လို့ ဂျူလီက ပြောပါတယ်။ အဲဒီလေလံပွဲမှာ Gone with the Wind ရုပ်ရှင်အဖွင့်ခန်း အသုံးပြုခဲ့တဲ့ တာရာရဲ့ ပန်းချီကားလည်း ပါဝင်ခဲ့တယ်။ အဲဒီပန်းချီကားကိုတော့ ဒေါ်လာ ၂၇၀ ၀၀၀ (ပေါင် ၁၇၅ ၀၀၀) နဲ့ရောင်းချနိုင်ခဲ့တယ်။ Walt Disney ရဲ့ ပထမဆုံး သိပ္ပံဆန်းကြယ်ရုပ်ရှင်ဖြစ်တဲ့ (ကာ့ခ်ဒေါက်ဂလပ်စ် ပါဝင်ခဲ့တဲ့) 20 000 Leages Under the Sea ထဲက ရေငုပ်ခေါင်းဆောင်းက ဒေါ်လာ ၇၅ ၀၀၀ ( ပေါင် ၄၅ ၀၀၀) နဲ့ The Sopranos ရဲ့ နောက်ဆုံးအခန်းမှာ တိုနီဆိုပရာနို(James Gandolfini)ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံက ဒေါ်လာ ၂၂ ၀၀၀ (ပေါင် ၁၄ ၂၀၀) စသဖြင့် လေလံတင်ရောင်းချခဲ့နိုင်ခဲ့ကြပါတယ်။
၎. ချစ်စရာမိခင်လောင်း ဖာဂီရဲ့ ဘေဘီ မိတ်ဆက်ပွဲ
The Black Eyed Peas ဟစ်ပ်ဟော့ပ်အဖွဲ့ရဲ့ အဆိုတော် ဖာဂီဟာ သူမရဲ့ ပထမဆုံး ကလေးကို ကြိုဆိုတဲ့ပွဲ၊ ဖာဂီရဲ့ ခင်ပွန်း ဂျိုစ့်ဒူဟာမဲလ်က ဇနီး မိခင်လောင်း ဖာဂီကို ဂုဏ်ပြုတဲ့ပွဲကို အရင်းနှီးဆုံး၊ အချစ်ခင်ဆုံးမိတ်ဆွေတွေနဲ့ လော့စ်အိန်ဂျယ်လိစ်၊ SLS ဟိုတယ်မှာ သြဂုတ်လကုန်ပိုင်းကပြုလုပ်ခဲ့ပါတယ်။ “ဒီနေ့က သားလေးကို ကြိုဆိုတဲ့ပွဲပါ။ သူ စကားပြောဖို့ ကြိုးစားနေပါတယ်”လို့ ဖာဂီက ပြောပါတယ်။ Say My Name လို့ ရေးထားတဲ့ ပူဖောင်းလေးကို ကိုင်ထားရင်း သူမရဲ့ အသွေးအရောင်စုံဝတ်စုံကျပ်အောက်က ကလေးငယ်ရဲ့ လှုပ်ရှားခုန်ပေါက်နေပုံကို ပြသရင်းနဲ့ ကြည်ကြည်နူးနူးပြောသွားခဲ့တာပါ။ အဲဒီပွဲမှာ ကယ်လီအော့စ်ဘွန်း၊ အဒမ်လမ်းဘာ့ထ်၊ လန့်စ်ဘေစ့်၊ ဂျူလီယန်ဟာ့ဖ် နဲ့ ဂါဘရီယလ်အော်ဘရီ တို့တက်ရောက်ခဲ့ပါတယ်။ ပွဲကျင်းပပေးခဲ့သူက ဖာဂီရဲ့ အေးဂျင့် ရှောင်န်ပက်တန်ဆန်၊ Dsquared ဖက်ရှင်ဒီဇိုင်နာ ဒီးန် နဲ့ ဒန်ကာတန်၊ ဆံပင်အလှဆင်သူ အန်ဒီလက်ကွမ်ပ်တဲ တို့ပါ။ အနက်၊ အဖြူ နဲ့ အပြာရောင်တွေနဲ့ လေးလွှာကိတ်မုန့်ထဲက တစ်လွှာမှာ “BABY” လို့ရေးထားတဲ့ ဂုဏ်ပြုကိတ်မုန့်ကိုတော့ ဒိုင်လန်ကန်ဒီဘားက ဒိုင်လန်လောရန်က ဒီဇိုင်းလုပ်ပေးခဲ့တယ်။ ကော့တေးလ်ပွဲအတွက် Cuca Fresca Organic Cachaca, Tallarico Vodka နဲ့ ဖာဂီရဲ့ ကိုယ်ပိုင်လုပ်ငန်းဖြစ်တဲ့ Ferguson Crest ဝိုင်နဲ့လည်း ဧည့်ခံခဲ့တယ်။ တိရစ္ဆာန်အရုပ်လေးတွေပုံစံပြုလုပ်ထားတဲ့ပူဖောင်းလေးတွေကိုတော့ ကလေးတွေအတွက်လက်ဆောင်ဖြစ်ပြီး အဖြူနဲ့ အပြာရောင်သကြာလုံးတွေကို ကလေးငယ်တွေ အိမ်အပြန်လက်ဆောင်ထည့်ပေးလိုက်ကြတယ်။ ဖာဂီနဲ့ သရုပ်ဆောင် ဂျိုစ့်ဒူဟာမဲလ်တို့ဟာ ၂၀၀၉ ခုနှစ်က မာလီဘူးမှာ မင်္ဂလာပွဲကျင်းပခဲ့ကြပါတယ်။
၅.သက်ရှိ Barbie မလေးရဲ့ တကယ့်ဘဝ
Barbie အရုပ်မလေးနဲ့တူအောင် ခွဲစိတ်ကုသမှုတွေအကြိမ်ကြိမ်ပြုလုပ်၊ မိတ်ကပ်တွေအလွန်အကျွံအသုံးပြုလာခဲ့တဲ့ ယူကရိန်းမော်ဒယ်လေး Valeria Lukyanova ရဲ့ မိနစ် ၂၀ စာ Barbie တကယ့်ဘဝ မှတ်တမ်းရုပ်ရှင်ကားကို ရိုက်ကူးပြသခဲ့ပါတယ်။ Space Barbie လို့ နာမည်ပေးထားတဲ့အဲဒီမှတ်တမ်းကားထဲမှာ ဗာလဲရီရာက “သူမဟာ တကယ်တော့ အာကာသအပြင်ဘက်က ဂြိုဟ်သားတစ်ဦးဖြစ်တယ်”လို့ ဆိုတယ်။ Space Barbie ထဲမှာ ဖတ်သွားတာက“ဗာလဲရီရာဟာ တကယ့်မိန်းကလေးအစစ်မဟုတ်ဘူးဆိုတာ ကမ္ဘာကမသိခဲ့ကြပါဘူးတဲ့။ ဒါပေမဲ့ အချိန်ခရီးသွားဂုရုတစ်ပါးရဲ့ စေစားခြင်းနဲ့ အပေါ်ယံ/ ဆန့်ကျင်ဘက်စွမ်းအားတွေကနေ ကမ္ဘာကို ကယ်ဆယ်ဖို့ရောက်ရှိနေရတယ်” တဲ့။ Barbie ရဲ့ တကယ့်ဘဝ မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးခဲ့သူက ဒါရိုက်တာ Will Fairman ပါ။ ဗာလဲရီရာ ရဲ့ဓာတ်ပုံတွေကိုတွေ့ရှိသွားခဲ့ပြီး ၂၃ နှစ်အရွယ် အဲဒီမိန်းကလေးရဲ့ မယုံကြည်နိုင်လောက်အောင် သေးငယ်တဲ့ ခါးကျဉ်ကျဉ်လေးရယ်၊ ပြူးကျယ်ဝိုင်းစက်တဲ့ မျက်ဝန်းတွေရယ်၊ ပလပ်စတစ်သား မျက်နှာကြည်ကြည်လေးရယ်ကြောင့် ဒီလို မှတ်တမ်းကား ရိုက်ကူးဖို့ စိတ်ကူးရသွားခဲ့တာလို့ဆိုပါတယ်။ “သူများတွေတွေ့မြင်သလိုပဲ ကျွန်တော်လည်း သူမရဲ့ စိတ်ရှုပ်ထွေးစရာလည်းကောင်း၊ ပြီးတော့ အသည်းယားစရာ ကို့ရို့ကားယားနိုင်လှတဲ့ ဓာတ်ပုံလေးတွေ၊ ဗီဒီယိုတွေကြည့်ခဲ့ရတာပါပဲ။ ကျွန်တော်တွေးမိတယ်။ ဒီ ထူးခြားတဲ့အသွင်အပြင်နောက်ကွယ်မှာ တစ်စုံတစ်ရာတော့ရှိနေမှာပဲ” Fairman က Daily Mail သတင်းစာကိုဖြေခဲ့တာပါ။ ဗာလဲရီရာဟာ သူမယုံကြည်ရာကို မီးမောင်းထိုးပြဖို့အတွက် Barbie ပုံစံရအောင်ခွဲစိတ်မှုတွေလုပ်ခဲ့သူပါပဲ။ “ခန္ဓာကိုယ်ပြင်ပ အချိန်ခရီးသွားလာမှု ဘာသာရပ်မှာ ကျွန်မက သရုပ်ပြသူပါ။ ကျွန်မသာ သီလရှင်တစ်ပါးဖြစ်ပြီး နာမ်လောကအကြောင်း၊ ကမ္ဘာအပြင်ဘက်က ဂြိုဟ်သားအကြောင်း ရှင်းလင်းပြောပြနေမယ်ဆို ဘယ်သူကများ သတိထားမိမလဲ” လို့ ဗာလဲရီရာက ဆိုတယ်။ Fairman ပြောတာက ဗာလဲရီရာဟာ အတုအယောင်မဟုတ်ပါဘူး။ သူမဟာ တခြားဂြိုဟ်က ဂြိုဟ်သားတစ်ဦးဖြစ်တယ်လို့ ၁၀၀ ရာခိုင်နှုန်းယုံကြည်ထားပါသတဲ့။ Space Barbie မှတ်တမ်းရုပ်ရှင်မှာ ဗာလဲရီရာရဲ့ ခွဲစိတ်မှုတွေအကြောင်း အဓိကရိုက်ကူးမထားပါဘူး။ ဗာလဲရီရာရဲ့ seminar တစ်ခုအတွက် ၇၅ ဒေါ်လာကောက်ခံတယ်လို့သတင်းတချို့မှာရေးပါတယ်။ သက်ရှိအရုပ်မလေး ဗာလဲရီရာရဲ့ Facebook အကောင့်ကနေ လတ်တလောတင်လိုက်တဲ့ ဓာတ်ပုံတွေမှာ သူမရဲ့ ခါးလေးဟာ ပိုလို့တောင်သေးကျဉ်လာပြီး ပိုပြီး ပိန်သွယ်လာတာကို အများက သတိထားမိခဲ့ကြတယ်။ ဒီ အင်တာနက်ပေါ်ကကျော်ကြားသူလေးဟာ ရောဂါဝေဒနာခံစားနေရသူနဲ့ တူနေပါပြီ လို့ မှတ်ချက်ပေးနေကြပါတယ်။
၆. နှစ် ၃၀ မြောက် အားလပ်ရက်ထဲက တကယ့်မိသားစုလေး
Vacation ဆိုတဲ့မိသားစုဖျော်ဖြေရေရုပ်ရှင်ပြသခဲ့တာ ၁၉၈၃ ဇူလိုင် ၂၉ ရက်နေ့ကဆိုတော့ နှစ် ၃၀ ပြည့်ခဲ့ပါပြီ။ နှစ် ၃ဝ ပြည့်တဲ့အချိန်မှာပဲ အဲဒီရုပ်ရှင်ထဲက မိသားစုလေးလို တကယ့်ဘဝထဲက မိသားစု ရှိလာခဲ့ပါပြီ။ ရုပ်ရှင်ထဲက Clark Griswold ဟာ ပြည့်စုံတဲ့မိသားစုအပမ်းဖြေခရီးတစ်ခုဖန်တီးဖို့ ကြိုးစားခဲ့တာပါ။ ရုပ်ရှင်ထဲကလိုပဲ စတိဗ်ကလည်း ဇနီး လီစာ နဲ့  အမ်ဘာ, ဘရွတ်ခ် သမီးလေးနှစ်ဦးအပါအဝင် သူတို့နေထိုင်ရာ ဂျော်ဂျီယာ Canton မြိုနေအိမ်ကနေ Walt Disney World Resort ရှိရာ ဖလော်ရီဒါအထိ ရုပ်ရှင်ထဲကအတိုင်း ပြုပြင်ထားကြတဲ့ Wagon Queen Family Truckster ကားကိုမောင်းနှင်ပြီး မိသားစုလိုက်ခရီးထွက်ကြမှာပါ။ Griswold မိသားစုဟာ သူတို့ပိုင်ဆိုင်တဲ့ အညိုရောင် station wagon ကားလေးကို ဂျော်ဂျီယာက ကားဝပ်ရှော့တစ်ခုမှာ ရက်သတ္တနှစ်ပတ်ခန့်အချိန်ယူပြီး ပြုပြင်လိုက်ပါတယ်။ Vacation ရုပ်ရှင်ထဲကအတိုင်း ဘေးဘက်နံရံတွေမှာ သစ်သားဘောင်ကွပ်ထားပြီး အရောင်ကိုလည်း ရုပ်ရှင်ထဲကအရောင်အတိအကျ metallic pea အရောင်ပြောင်းလဲခဲ့တယ်။ ရွှေရောင်သရဖူလေးကိုလည်း နံရံဘေးဘက်မှာ မပါမဖြစ်တပ်ဆင်ထားလိုက်သေးတယ်။ ခေတ်မှီပစ္စည်း DVD ဖွင့်စက်တွေနဲ့ Bluetooth ကြိုးမဲ့စနစ်တွေလည်းတပ်ဆင်ထားပါတယ်။ စတိဗ် အွန်လိုင်းကနေ ဝယ်ယူစုဆောင်းထားတဲ့ ရုပ်ရှင်ထဲက ခရီးဆောင်အိတ်တင်တဲ့စင်မျိုးကိုလည်းပြင်ဆင်ခဲ့တယ်။ စတိဗ်နဲ့ လီစာ တို့ဟာ ဂျော်ဂျီယာမှာ ခရီးသွားအေဂျင်စီတစ်ခုကို ပိုင်ဆိုင်ဦးဆောင်နေကြသူတွေဖြစ်ပြီး Walt Disney World Resort နဲ့ မစိမ်းကြတဲ့သူတွေပါ။ သမီးလေးတွေနဲ့ မကြာခဏသွားရောက်လည်ပတ်လေ့ရှိကြတယ်။ Disney World College Program အဖွဲ့ဝင်တွေလည်းဖြစ်ကြတယ်။ Disney Cruise Line သင်္ဘောခရီးစဉ်နဲ့လည်း ရွက်လွှင့်ခဲ့ကြသေးတာပါပဲ။ Walt Diney World ရဲ့ တကယ့်အမာခံ ပရိသတ်တွေဖြစ်နေကြပြီး Vacation ရုပ်ရှင်ထဲက မိသားစုနာမည်အတိုင်း Griswold ဆိုတဲ့ နာမည်ကိုတောင် ပြောင်းလဲခဲ့သေးတာပါ။ လီစာက ပြောပါတယ် “ကျွန်မတို့ အတွက် ပျော်ရွှင်နှစ်သက်စရာ အားလပ်ရက်တစ်ခု အတွေ့အကြုံတွေ ပျော်ပျော်ရွှင်ရွှင်ရယူချင်လို့ပါ။ အပြည့်စုံဆုံး Vacation တစ်ခု မိသားစုနဲ့အတူပိုင်ဆိုင်ချင်လို့ပါ” တဲ့။ Vacation ရုပ်ရှင်ထဲမှာ ဖခင် Clark Griswold ဟာ ချီကာဂိုကနေ လော့စ်အင်ဂျလိစ်အပမ်းဖြေကစားကွင်း Walley World ရှိရာ မိသားစုပိုင် Wagon ကားလေးကို ပြင်ဆင်ပြီးမိသားစုနဲ့အတူသွားခဲ့ကြတယ်။ လမ်းတလျှောက်တွေ့ကြုံရတဲ့အခက်အခဲတွေ၊ ထူးခြားတဲ့ ပျော်ရွှင်ကြည်နူးစရာတွေကို သွက်သက်လက်လက်ပြသခဲ့တဲ့ ဇာတ်မြူးရုပ်ရှင်ပါ။ ဒေါ်လာ ၁၅သန်းအကုန်အကျခံရိုက်ကူးခဲ့ပါတယ်။ Vacation ရဲ့ အောင်မြင်မှုကြောင့် ဒေါ်လာ ၆၁ သန်းကျော် ရရှိခဲ့တယ်။         ။
 ဖြိုးဖြိုး
(Yati Magazine, September, 2013)