Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, January 30, 2013

အချစ် လက်ထပ်ခြင်း နှင့် အိမ်ထောင်

ဧဗာသိပ်ပျော်နေသည်။ အိပ်မက်ထဲကသူရဲကောင်း ချာလီနှင့်လက်ထပ်ရလို့ပဲပေါ့။ ဧဗာ ဘာကလေမှာ စိတ်ပညာ ဒေါက်တာသင်တန်းတက်နေချိန် နာပါစပျစ်ခြံမှာအလုပ်လုပ်နေသည့် ချာလီနှင့်တွေ့သည်။ ချာလီက ဧဗာ့ကို ဆန်ဖရန်စစ္စကိုကပန်းချီပြပွဲတစ်ခုကို ခေါ်သွားသည်။ ဧဗာ့ရင်ကို လှုပ်ခတ်သွားစေသည့်ပန်းချီကားတစ်ချပ် ချာလီက လက်ဆောင်ပေးခဲ့သည်။ပထမတစ်ကြိမ်ချိန်းအတွေ့မှာပဲ ချာလီ့ကို ဧဗာ တအားချစ်သွားခဲ့သည်။ အဲဒီလိုတမ်းတမ်းစွဲချစ်ရသူနှင့် လက်ထပ်ခွင့်ရလို့ ဧဗာ သိပ်ပျော်သည်။ အလုပ်ကိုယ်စီနှင့်ဆိုတော့ ပျားရည်ဆမ်းခရီးသီးသန့်မထွက်နိုင်ကြ။အလုပ်သွားချိန် အနမ်းပေး နှုတ်ဆက်ခွဲခွာ အလုပ်ခွင်သွားကြရ။ ညနေအိမ်ပြန်ရောက်တော့မှသာ အေးအေးလူလူ တွေ့ရသည်။ 

“ဒီည ငါနဲ့အတူနေဖို့…..”လို့ ချာလီက တောင်းဆိုတော့အလုပ်သွားဟန်ပြင်နေသည့် ဧဗာက ချာလီ့ကို နှုတ်ဆက်အနမ်း ပေးရင်း “ကောင်းပြီလေ ဒါဆို နောက်ဆုံးတွေ့ဖို့ချိန်းထားတဲ့စုံတွဲကို ကျွန်မဖျက်လိုက်မှာပေါ၊့ ညနေ ၆နာရီမှာ တွေ့ကြမယ်”လို့ ကတိပေးလိုက်သည်။ ဧဗာ့အလုပ်က အိမ်ထောင်ရေးအကြံပေးအလုပ်။ ကွာရှင်းရန်တာစူနေသည့်အိမ်ထောင်များကို အဆင်ပြေပြေနှင့် ပြန်လည်ပေါင်းစည်းသွားဖို့၊ တစ်ဦးနှင့်တစ်ဦးထာဝရချစ်ခင်စုံမက်နေစေဖို့ အကောင်းဆုံး အကြံဥာဏ်ပေးရသည်။ အလုပ်ခန်းထဲမှာတော့ စုံတွဲတွေဆီက အပြန်အလှန်ငြင်းခုံသံများဖြင့် ဆူညံပွက်လောရိုက်နေတတ်သည်။ မထင်မှတ်ဘဲညနေပိုင်းမှာ ဧဗာ့ အဖေနှင့်အမေ ရောက်လာသည်။ ရိုးရိုးရောက်လာတာမဟုတ်၊ အော်ဟစ်ပေါက်ကွဲလျက်။ အမေက အဖေ့ကို ဒေါသထွက်နေသည်။ ဘုရားသခင်…။ အမေ့ပြောပြချက်အရ အဖေ့မှာ လွန်ခဲ့တဲ့ နှစ်အစိတ်လောက်ကမိန်းမတစ်ယောက်ရှိခဲ့ဖူးသည်တဲ့။

`ဒီယောက်ျားကို ဖြည့်ဆည်းပေးရင်းနဲ့ဘ၀ရဲ့အဖိုးတန်အချိန်ကောင်းတွေ ကုန်ဆုံးခဲ့ရပြီ
´လို့ အမေကနောင်တစကားဆိုနေပြီ။

“ဒီအသုံးမကျတဲ့ အိမ်ထောင်ကို ဖက်တွယ်နေမယ့်အစားပိုကောင်းမယ့်အရသာကို ရှာဇွေစားသုံးသင့်တယ်” လို့ အမေပြောသေးသည်။

အဆင်မပြေသည့် အိမ်ထောင်သည်တွေကို အကြံပေးရသည့်ဧဗာ အခုအခက်တွေ့ရပြီ။စိတ်ဆိုးနေသည့်အမေက သမီးကြီး ရှယ်ဘီ့အိမ်မှာ သွားနေမည်တဲ့။ညနေအိမ်ပြန်လာတော့ အီဗာ့စိတ်တွေမကြည်လင်။ ခေါင်းထဲမှာ မိဘနှစ်ပါး၏ပြဿနာကကြီးစိုးနေသည်။ ချာလီက အတူနေကြဖို့ ကလူကျီစယ် ပွတ်သီးပွတ်သပ်လုပ်နေသည်ကိုဧဗာ စိတ်မ၀င်စား။ ရုတ်တရက်ကြီး သူ့အနားကနေ ထထွက်သွား သည့် ဧဗာ့ကိုချာလီနားမလည်ဟန်နှင့်မေးသည်။
“ဘယ်လဲ ဧဗာ”
“ အမေ့ကို သွားတွေ့မလို့”
“ မနက်ကပြောခဲ့တဲ့ ညနေ ၆နာရီကိစ္စ ဘယ်လိုလဲ”
“ ခွဲခွာခြင်းရဲ့ ၂၄နာရီက ပိုအရေးပါတယ်ချာလီ”
သူ့အဖေအမေတို့ကိစ္စကိုဧဗာရည်ရွယ်ခြင်းဖြစ်သည်။
ချာလီ စိတ်ပျက်စွာ ကျန်ရစ်ခဲ့သည်။ ရှယ်ဘီ့အိမ်ရောက်တော့    ပစ္စည်းတွေနေရာချနေသည့် အမေ့ကိုမြင်သည်။

“အမေနဲ့အဖေ ပြန်အဆင်ပြေဖို့သမီးကူညီပါ့မယ်၊ ဒါပေမဲ့ အမေကိုယ်တိုင်ပါဝင်မှရမယ်၊ သမီးမေးစမ်းပါရစေဦး၊ အဖေ ဖောက်ပြန်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးအမေ တကယ်ပဲ ၀မ်းနည်းစိတ်ပျက်နေတာလား၊ အမေကိုယ်တိုင်က လမ်းခွဲချင်လို့အဲဒါကို ဆင်ခြေအဖြစ် အသုံးချနေတာလား”
“ဧဗာ မင်းငါ့သမီးအဖြစ်နဲ့ပဲနေပါ၊ ကုထုံးဆရာပုံစံကြီးနဲ့ လာတရားမဟောနဲ့”
“မဟုတ်ဘူး၊ အဖြစ်အပျက်တွေကို သမီးနားလည်ဖို့ ကြိုးစားနေတာပါ”
“ ဒါက ရှုပ်ထွေးတယ်ဧဗာ၊ မင်းကိုယ်တိုင်ကြုံဖူးမှ နားလည်မယ်၊ မင့်အဖေကျဘာလို့ သွားမမေးတာလဲ”
“အဖေ့ကိုလည်း မေးမှာပါ၊ သမီးကို ကုထုံးဆရာအဖြစ်လက်မခံရင်၊သမီးထက်ပိုတော်တဲ့ ကုထုံးဆရာဆီ ပို့ပေးမယ်” အစ်မ ရှယ်ဘီက မျက်ရည်များဝေ့သီလျက် ဧဗာ့ကို အားကိုးတကြီးပြောသည်။
“အဖေနဲ့အမေ အတူတူ ရှိမနေမှာကို ငါ စဉ်းစားလို့ကိုမရဘူး”
“အစ်မရာ၊ နင်ငါ့ကို ယုံစမ်းပါ၊ ငါရအောင် ကြိုးစားမယ်”ဧဗာ့ခေါင်းထဲမှာ အဖေနဲ့အမေ ပြန်လည်ပေါင်းစည်းရေးကိစ္စကကြီးစိုးနေသည်။ အိမ်မှာ ချာလီ ဘယ်လိုပုံစံနဲ့ ကျန်ရစ်ခဲ့ မလဲ မသိ။ အဖေ့အိမ်သွားတော့တစ်အိမ်လုံး အမှောင်ချထားသည်ကို တွေ့ရသည်။ ၀င်နေကျအတိုင်း အသာကလေး ၀င်လာတော့ အခန်းထဲက ရုတ်တရက်ထွက်လာသည့် လူတစ်ယောက်ကြောင့် ဧဗာလန့်သွားသည်။ ခပ်ငယ်ငယ်ကောင်လေး တစ်ယောက်။ အဖေက အိမ်ခန်းထဲက ထွက်လာကာလှမ်းပြောသည်။

"မလန့်ပါနဲ့၊ ဒါ အဖေ့အတွက် စားစရာလာပို့တဲ့ကောင်လေးပါ”
“ သမီး ဖုန်းဆက်တာ ဘာလို့မကိုင်တာလဲအဖေရာ…”
“ဒီနေ့ ဥပုဒ်နေ့လေ၊ ရှေးခရစ်ယာန်ရိုးရာမှာက ဥပုဒ်နေ့ဆိုဖုန်းကိုင်တာခွင့်မပြုဘူး၊ မီးတွေမထွန်းရဘူး” အဖေ ဘယ်တုန်းကများ ဘာသာတရားနဲ့လိုက်လျောညီထွေနေဖူးလို့လဲ၊ အင်းလေ အမေမရှိတော့ ကယောင်ချောက်ချား စိတ်နဲ့ ခုမှ ဘာသာတရားကိုသတိရတာဖြစ်မှာပေါ့။ ဒါလည်း ကောင်းတာပဲ ဟု ဧဗာတွေးသည်။ရှယ်ဘီပါ လိုက်လာသည်။ ရှယ်ဘီက စားစရာလာပို့သည့်ကောင်လေးကို ရိပ်ခနဲမြင်လိုက်ချိန်`အမိုက်စားလေးပဲ´ဟု မှတ်ချက်ချသည်။ အဖေကမလိုအပ်ဘဲနှင့် အဲဒါစားစရာလာပို့တဲ့ကောင်လေးဟု ထပ်ကာထပ်ကာ ဖြေရှင်းနေသည်။ ဘာသဘောပါလိမ့်။ ညခင်းကျ အဖေနှင့် အေးအေးဆေးဆေး စကားထိုင်ပြောသည်။ အဖေကအမေ့လို သွေးမဆူ။ အင်းလေ အပြစ်လုပ်ထားတဲ့ သူမို့ ဖြစ်မှာပေါ့၊ အခြားစုံတွဲတွေဆီက အပြစ်အမှားတွေကိုတောင် ဖေးမမျှကူ စာနာယူပြီးပြန်လည်သင့်မြတ်ဖို့ ကြိုးစားနိုင်သေးတာ၊ ဘာပဲဖြစ်ဖြစ်အဖေလုပ်ခဲ့သည့်အပြစ်တွေကို ဧဗာ နားလည်ဖို့ ကြိုးစားရပါမည်။

“သမီးတို့အတွက် ပြည့်စုံတဲ့အဖေ ဖြစ်ချင်တာပါ၊ ဒါပေမဲ့ အခု အဖေ့ကိုမင့်အမေကလည်း မလိုအပ်တော့ဘူးပေါ့၊ သမီးမှာလည်း ချာလီ ရှိနေပြီပဲ၊အားလုံးပြောင်းလဲကုန်ပြီ၊  ဒီအပြောင်းအလဲတွေအတွက် စိတ်မပူနဲ့၊ တစ်ခါတလေအပြောင်းအလဲ တွေက အပြုသဘောဆောင်ပါတယ်”
အမှောင်ထဲမှာအထီးကျန်ဆန်နေသည့် အဖေ့ကိုကြည့်ပြီး ဧဗာစိတ်မကောင်း။ အဖေ့ကိုအိမ်မှာခေါ်ထားမှဖြစ်မည်။ အိမ်ပြန်လာတော့ အဖေ့ကိုမြင်လျှင်ချာလီမျက်ခုံးတွေ ပင့်တက်သွားကာ တိုးတိုးလေးမေးသည်။

“ဟင် သူဒီကို ပြောင်းလာနေမှာလား”
“ခဏလေးပဲ နေမှာပါ”
ဟာ မဖြစ်ဘူးမဖြစ်ဘူး။ ချာလီစိတ်ပျက်သွားသည်။ မကြာခင်ကမှမင်္ဂလာပွဲဆင်နွှဲထားသည့် စုံတွဲအသစ်စက်စက်နေတဲ့ အိမ်လေ။ အလုပ်တွေကြောင့်ပျားရည်ဆမ်းခရီးမထွက်ဖြစ်လို့ ဒီအိမ်ကိုပဲ ပျားရည်ဆမ်းအိမ်လုပ်ပြီးနေနေရတာ။ နှစ်ကိုယ်တည်း လွတ်လွတ်လပ်လပ် နေချင်တာပေါ့။ ချစ်ခြင်းကြောင့်ယှက်နွှယ်ပေါ်ပေါက်လာသည့် လိင်မှုဆိုင်ရာသုခကိုလည်း အရသာအပြည့်လွတ်လပ်စွာခံယူစားသုံးချင်သေးတာပေါ့။ အိမ်ထဲမှာအခြားလူတစ်ယောက်ရှိနေလျှင် စိတ်နှလုံးတွေ ကျဉ်းကျပ်တော့မပေါ့။

“မင့်အဖေကို ခေါ်လာမယ့်ကိစ္စ၊ ဒါကို ကြိုတင်ပြောပြပြီး တို့အတူဆုံးဖြတ်သင့်တယ်မဟုတ်လား၊”
“အဖေတစ်ယောက်တည်း အမှောင်ထဲမှာ စိတ်ဓာတ်ကျနေရှာတာ၊ အို ချာလီရယ် ကျေးဇူးပြုပြီး….”

“ တကယ် ခဏလေးပဲနော်”ဧဗာခေါင်းညိတ်လိုက်သည်။
xxxxxx
လက်တွေ့ဖြတ်သန်းရတော့ ချာလီထင်သည့်အတိုင်းပါပဲ။ ညလူခြေတိတ်ချိန်ချစ်ရည်လူးရန် ဧဗာ့ကို ပွေ့ဖက်လိုက်သည် နှင့် ဧဗာက `ဘေးခန်းမှာအဖေရှိနေတယ်လေ´တဲ့။ ချာလီက မမှု၊ ဘာလို့မှုရမှာလဲ၊ ဒီလိုလိင်မှုအရသာကိုအချိန်မရွေး လွတ်လပ် ပျော်ရွှင်စွာ ခံစားချင်လို့ပဲ တရားဝင်လက်ထပ်ပွဲဆင်နွှဲခဲ့သည်ပဲ။ ဧဗာ့ကို တိုးကာတိုးကာ ပွေ့ဖက်လိုက်သည်။ ဧဗာ့ မျက်နှာက ပျော့ပျောင်းရမည့်အစား တင်းမာလာသည်။ ပြီး ဘေးခန်းကိုမေးထိုးပြသည်။ သဘောက အဖေရှိတယ်၊ အသံဗလံတွေ ကြားကုန်မယ်၊ မလုပ်နဲ့ပေါ့။ ချာလီ စိတ်ကသိကအောင့်ဖြစ်သွားကာ ဧဗာ့ကို ကျောခိုင်းလျက် တစ်ယောက်တည်းကျိတ်မှိတ် အိပ်ပစ်လိုက်သည်။ မိုးလင်းတော့ ပန်းချီကားတွေကို နံရံအပြည့်ချိတ်နေသည့် ယောက္ခမကြီးကိုမြင်သည်။ ဒီလို အပြည့်ချိတ်တာ ချာလီမကြိုက်။ ပြောလို့လည်း မဖြစ်။ သည်ကြားထဲ မြာပွေသည့် သူငယ်ချင်း ဂါဗာက ချာလီနှင့်ဧဗာကို အားကျကာ ငါလည်း တစ်ယောက်တည်းတည်တည်တံ့တံ့ထားတော့မယ်ဆိုခဲ့သည့်အတိုင်း အသစ်စက်စက်မိန်းမကို ခေါ်လာကာ မိတ်ဆက်ပေးသည်။ ပိုလစ်ရှ်လူမျိုး မိန်းမချောလေး ကယ်ရှာ။ တွေ့ရတာ ၀မ်းသာပါသည်။ ဒါပေမဲ့သူတို့က တော်တော်နှင့် အိမ်ကမပြန်၊ ကာရာအို ကေစက်ဖွင့်ကာ သီချင်းတွေအော်ဟစ်ဆိုကြသည်။ အဖေကပါ မိုက်ခရိုဖုန်းတစ်ခုဆွဲယူကာ သီချင်းဝင်ဆိုသည်။ အထီးကျန်နေသည့်အဖေ့ကို ဧဗာ ပျော်စေချင်ပါသည်။ နှစ်ကိုယ်တူဆိတ်ငြိမ်လွတ်လပ်စွာ ဖြတ်သန်းရမည့်အိမ်ထောင်မှာ ဆူညံပွက် လောရိုက်နေပြီပို့ ချာလီစိတ်ပျက်နေတာ ဧဗာနားလည်ပါသည်။။ ပိုဆိုးတာက အဖေက ဧဗာ့ကိုပါဆွဲခေါ်သီချင်းဆိုခိုင်းသည်။ စိတ်ပျက်လက် ပျက်ဖြစ်နေသည့် ချာလီ့ကိုငေးကြည့်ရင်း အဖေ့စိတ်ကြိုက် ဧဗာသီဆိုကခုန်နေရသည်။။ချာလီတွေးနေသည်က ဒီလိုညလေးမှာ ဧဗာနှင့် သူ နှစ်ယောက်တည်းသီချင်းသံတိုးတိုးလေး ကြားမှာ ချစ်ခြင်း၊ လက်ထပ်ခြင်းတွေရဲ့ အနှစ်သာရကိုပြည့်ပြည့်၀၀ ခံစားနေရမှာ။ လက်တွေ့ဘ၀က ဆိုးဝါးပြီးမြင်ပြင်းကပ်စရာကောင်းလှချည့်။ သက်ပြင်းချကာ ဒီကာလတွေမြန်မြန်ကျော်လွန်ဖို့ပဲ ချာလီဆုတောင်းရတော့မည်။
 xxxxx

ချာလီနှင့် ဧဗာ၊ ဂါဗာနှင့် ကယ်ရှာတို့ ဟိုတယ်မှာ ညစာအတူစားသောက်ကြရင်းစသလိုနောက်သလို စကားတွေ လွန်ကျွံမိကြသည်။ “မင်း ပထမမိန်းမ မင်းကိုဘာလို့ထားသွားလဲ ငါသိပြီ” ဂါဗာဆီက အမှတ်တမဲ့ထွက်ကျလာသည့် စကားကြောင့် ဧဗာမျက်လုံးပြူးသွားသည်။ “ဘယ်လို ပထမမိန်းမ?၊ သူ ဘာတွေပြောနေတာလဲ?” ဂါဗာကြောင်စီစီပုံစံနှင့် ဟာ ချာလီ၊ မင်း ဧဗာ့ကို ဒါမပြောရသေးဘူးလား' ဆိုကာမှ ပိုဆိုးပြီ။ ချာလီပျားတုပ်ပြီ။ ဧဗာလည်းအမှတ်တမဲ့သိလိုက်ရသည့် ချာလီ့အတိတ်ကြောင့် သေချင်သွားပြီ။ အိမ်ရောက်တော့ ဧဗာက ချာလီ့ကိုအကပ်မခံတော့။

“ဒီလောက်မိုက်မဲတဲ့အလုပ်ကို ဘယ်လိုလုပ်နိုင်ခဲ့တာလဲ” ဧဗာ အသည်းနာနာ မေးမိသည်။
“အဲဒီတုန်းက ငါ့အသက် ၂၂နှစ်ပဲ ရှိသေးတာ” ချာလီတောင်းပန်သည်။
“ဒါ ဘာကိုမဆို ကောင်းကောင်းသိနိုင် ဆုံးဖြတ်နိုင်တဲ့အရွယ်ပဲ”
“မဟုတ်ဘူး၊ အဲဒီတုန်းက လာ့ဗီးဂက်စ်မှာ ငါမူးနေတယ်” ဒီလိုပဲ ယောက်ျားတွေဟာ မူးလိုက်တာနဲ့ အမှားတွေ စတင်ကျူးလွန်တော့တာပဲ ဟုဧဗာနာကျင်စွာတွေးသည်။ “ကောင်မလေးကို နာမည်တောင် ကောင်းကောင်းမသိခဲ့ဘူး၊ ငါအိပ်ရာနိုးတော့သူ့ကိုယူဖို့ ငိုပြီးပြောတယ်၊ ငါကမယူရင် သူ မကောင်းတဲ့လူတွေနဲ့ပဲလျှောက်ပြီးတွဲခုတ်တော့မယ်တဲ့။ သူ့ဦးလေးတွေ၊ အစ်ကိုတွေလည်း ရှိနေတယ်၊နှမလေးတစ်ယောက် လမ်းမှား ရောက်သွားမှာစိုးစိတ်နဲ့ ငါ တာဝန်ယူလိုက်တယ်။ဒါပေမဲ့တကယ့်လက်ထပ်ပွဲလို အနှစ်သာရှိရှိ ငါမခံစားခဲ့ရဘူး၊ အနှစ်မရှိတဲ့အိမ်ထောင်က တစ်နှစ်လောက်ပဲခံတယ်၊ နောက်တော့ ငါ့ထက်ပိုကောင်းမယ့်လူနဲ့တွေ့ပြီး  သူ့အိမ်ထောင်နဲ့သူဖြစ်သွား ပြီ၊ ငါ့ကို ယုံပါ၊ ”

“အစကတည်းက ပြောပြခဲ့ပါလား”
“မင်းကို စိတ်မပျက်စေချင်လို့ပါကွာ”
“ရှင့်အသက် ၂၂အရွယ်မှာ ဘာပဲလုပ်ခဲ့လုပ်ခဲ့ ကျွန်မ ဂရုမစိုက်ဘူး၊ရှင်ကျွန်မကို လိမ်ညာခဲ့တာကိုပဲ ကျွန်မ ယူကျုံးမရ ဖြစ်တာ”
“ ငါမင်းကို မလိမ်ခဲ့ပါဘူး၊ မပြောဘဲ ထားခဲ့ရုံလေးပါ”
“အတူတူပဲလေ၊ ရှေ့ဆက် ဘယ်လို ယုံကြည်ရတော့မလဲ”
“ကိုယ် တကယ်ချစ်တာ မင်းပဲလေ၊ မင်းတစ်ယောက်တည်းပဲ ဧဗာ၊ မင်းခံစားချက်တွေကောင်းသွားအောင် ငါမင်းကို ဘာလုပ်ပေးရမလဲ”
“ကျွန်မ မိဘတွေရဲ့ပြဿနာကို ကူညီပေါ့”
စိတ်အချဉ်ပေါက်ပေါက်နှင့် ချာလီလုပ်မပေးချင်သည့်ကိစ္စကို တမင် ခိုင်းလိုက်သည်။
“ကွာရှင်းတယ်ဆိုတာ ချစ်ရတာထက်ပိုခက်ခဲတယ် မင်းသိလားဧဗာ၊ ကွာရှင်းထားတဲ့ငါ့မိဘတွေ အခုဆိုရင် ပိုပြီး ပျော်ရွှင်နေကြတာ၊မင်းမသိလို့”
“ဘာရယ်၊ ဒါဆို ကျွန်မမိဘတွေ ကွာရှင်းဖို့ကိုပဲ ရှင်မျှော်လင့်နေတယ်ပေါ့ ဟုတ်လား”
“မင်းမိဘတွေကြားထဲ မင်း ၀င်မပါသင့်တော့ဘူး”
“သမီးတစ်ယောက်အနေနဲ့ သူတို့လမ်းခွဲတော့မယ့်ကိစ္စကို ဒီတိုင်း ကျွန်မက လက်ပိုက်ကြည့်နေရမှာလား”
“ဒီ့အတွက် ငါတို့ကရော ဘာလို့နာကျင်ဝေဒနာခံစားနေရတာလဲ
ချစ်ခြင်းနှင့်စတင်၊ လက်ထပ်ခြင်းနှင့်ပတ်ရစ်ခဲ့သည့် အိမ်ထောင်အရသာကပိုမိုချိုမြိန်ရမည့်အစား ခါးသက်သယောင်ဖြစ် နေသည်ကို ချာလီ ဘ၀င်မကျတော့။လက်ထပ်ခြင်းရဲ့နောက်ကွယ်မှာ ခါးသက်သက်အရသာတွေ ကိန်းဝပ်နေမှာလား စိုးထိတ်နေရပါပြီ။

xxxxx

ရှယ်ဘီနှင့် ဧဗာ ညီအစ်မနှစ်ယောက် အမေ့အတွက်စိုးရိမ်နေရပြီ။ အမေကထိုင်းနိုင်ငံသွားလည်မည်တဲ့။ ရှယ်ဘီ့ပြော စကားကို နားထဲကြားယောင်သည်။ဘာတဲ့ ဘယ်လောက်ပဲပြည့်စုံပြည့်စုံ၊ ပြီးပြည့်စုံတဲ့အမျိုးသမီးတောင်လက်ထပ်ခြင်းရဲ့ နောက်ကွယ်မှာ လိင်မှုဆိုင်ရာပြဿနာရှိသည်ဆိုပဲ။ အဖေ့ကိုအမေခရီးသွားမည့်အကြောင်းပြောပြတော့ အဖေက အံ့သြသည်။
'ဟာ သူခရီးသွားရတာကြိုက်မှမကြိုက်ဘဲ´တဲ့။ `မဟုတ်ဘူး သူကြိုက်တယ်၊ အဖေတစ်ခါမှမလိုက်လို့ သူမကြိုက်သလိုနေခဲ့တာ၊ အခု သူ့စိတ်ရင်းအတိုင်း အမေ အကောင်အထည်ဖော်တော့မယ်´။ သားအဖနှစ်ယောက်အချေအတင်ပြောရပြီ။
“မဟုတ်တာပဲ၊ ခရီးသွားတာ ကြိုက်ရင်လည်း ကြိုက်တယ်ပြောမှပေါ့”
“အဖေကရော မေးခဲ့လို့လား၊ အမေ ဘာလိုချင်လဲ၊ ဘာလုပ်ချင်လဲ၊ ဒါမှမဟုတ်ငါနဲ့နေရတာ ပျော်ရွှင်ရဲ့လား ဆိုတာမျိုး အဖေ တစ်ခါလောက် မေးခဲ့ဖူးလို့လား”
“သမီးအမေက တစ်ခါမှ မညည်းညူခဲ့ဘူးလေ၊ ဒီတော့ ပျော်တယ်ပဲထင်ခဲ့တာပေါ့၊ခုတော့ ငါ့ကို သူတကယ်ထားသွားပြီ”
ငိုကြွေးနေသည့်အဖေ့ကို ကြည့်ကာ ဧဗာ့စိတ်ထဲ ငါကျရှုံးပြီဟု ခံစားနေရသည်။ နောက်ဆုံးအကြိမ် ကြိုးစားကြည့်ချင်သေးသည်။ အိပ်မပျော်နိုင်ဖြစ်နေသည့်အဖေ့ကို ချာလီ့အိပ်ဆေးပုလင်းထဲကအိပ်ဆေး၂ပြားထုတ်ပေးလိုက်သည်။

အိပ်ဆေးသောက်ကာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည့်အဖေ့ကိုကြည့်ရင်း အကြံရသွားသည်။ပုလင်းထဲကအိပ်ဆေးတွေအားလုံး လွှင့်ပစ်လိုက်သည်။ အဖေအိပ်ဆေးသောက်လွန်သွားလို့ဆိုကာ ဆေးရုံပို့လိုက်သည်။ ဆေးရုံခုတင်မှာအဖေက ချော်လဲရောထိုင်သည်။ အမှန်က အမေ့ကိုလွမ်းစိတ်နှင့်ယဲ့ယဲ့ကလေးဖြစ်နေသည့်အဖေပါ။  အမေက စိုးရိမ်တကြီး လာကြည့်ကာကရုဏာပြန်သက်သွားပြီ။ ဆေးရုံ ခုတင်ပေါ်မှာဆိုတာကိုတောင် သတိမမူမိတော့ဘဲအဖေ့ဘေးနား ခွေခွေကလေး တိုးကပ်ပြီး အဖေ့ကို စိတ်ပူစွာစောင့်အိပ်ပေးသည်။ဆေးရုံကို ကောင်လေးတစ်ယောက်လိုက်လာသည်။ အမေက ဖုန်းဆက်ခေါ်လို့တဲ့။ ဟင်ဟိုတစ်ခါ အဖေ့အိမ်မှာ တွေ့ဖူးခဲ့ သည့် စားစရာလာပို့သည့်ကောင်လေး။ လက်စသတ်တော့ သူက ရှယ်ဘီ့ထက် တစ်လလောက်ပဲ ပိုကြီးတဲ့၊ အဖေတူ အမေကွဲအစ်ကိုတဲ့။
“အမေက ဘာမှပြောမပြခဲ့ဘူး၊ အမေ မရှိတော့တဲ့နောက် ရသမျှ သဲလွန်စလေးနဲ့အဖေ့ကို ကျွန်တော်လာရှာတာ၊ တစ်ဦးတည်းသောသားလို့ကျွန်တော့်ကိုယ်ကျွန်တော်ထင်ခဲ့တာ၊ အခု….´ ညီအစ်မနှစ်ယောက်ကြားမှာယို့ယို့ကလေးထိုင်နေ သည့် အဖေတူအမေကွဲအစ်ကိုဖြစ်သူက၀မ်းသာဝမ်းနည်းရင်ဖွင့်သည်။ အမေက ဒါကို ပြုံးပြုံးလေးကြည့်နေခဲ့သည်။ အဖေ့အတိတ် ခါးခါးကို အမေလက်ခံသွားပြီ။ အဖေနှင့်အမေတို့၏အိမ်ထောင်ကဘယ်တော့မှ မပြိုကွဲနိုင်တော့ပြီဟု ဧဗာစိတ်ချသွားသည်။ လောလောဆယ်ဝမ်းနည်းစရာက လုပ်ဇာတ်ခင်းသည့် ဧဗာ့ကို ချာလီစိတ်ဆိုးသွားပြီးအိမ်ကိုပြန်မလာတော့တာပါပဲ။  စပျစ်ခြံ အလုပ်ထဲမှာနေသည်။ ညကျတော့ဂါဗာ့အိမ်သွားအိပ်သည်။ `ကျွန်မကရှင့်မိန်းမလေ၊အိမ်ကိုပြန်လာပါ´လို့ခေါ်တာကို ချာလီဂရု မစိုက်ဟန်ပြသည်။ ချာလီစွပ်စွဲလိုက်သည့် စကားလုံးတွေကပြင်းထန်သည်။

“မင်းက ငါ့ကိုချစ်လို့လက်ထပ်ခဲ့တာမှမဟုတ်တာပဲ၊ မိတ်ဆွေတွေကလက်ထပ်ပြီးပြီလားမေးရင် `အင်း´လို့ ၀င့်ဝင့်စားစား ဖြေနိုင်အောင်ငါ့ကိုယူတာ”ဧဗာ ဘယ်လိုပြောရပါ့။

“အိမ်ထောင်ရေးအကြံပေးပုဂ္ဂိုလ်ပီပီ မင်းတခြားသူတွေကို ပေးတဲ့အကြံတွေက အကောင်းဆုံးဖြစ်ချင်ဖြစ်မယ်၊ ဒါပေမဲ့ ငါ့အတွက်တော့ သိပ်ဆိုးတဲ့လုပ်ဇာတ်တွေပဲ” 

စိတ်ဆိုးမပြေသေးသည့် ချာလီတစ်ယောက် လက်လျှော့လှည့်ပြန်သွားသည့်ဧဗာ့ကျောပြင်ကို ငေးကြည့်ပြီး အလုပ် လည်း ဆက်လုပ်မရနိုင်တော့။ခံစားချက်တွေ ပွေလီရှုတ်ထွေးကုန်ပြီ။

xxxxxx

ချာလီလက်ဆောင်ပေးဖူးသည့် ၀ိုင်ပုလင်းကို ကိုင်ကာငေးငေးငိုင်ငိုင်ဖြစ်နေသည့် ဧဗာ့ကို အဖေက ပြောပြသည်။
“၀ိုင်ပုလင်းဘာလို့ ချာလီပေးလဲ သိလား၊ စပျစ်သီးတွေကြီးလာတုန်းကသူပြောဖူးတယ်၊ ၀ိုင်လုပ်သူတွေက လူတွေကို စိတ်ဖိစီးမှုလျော့နည်းအောင်ရည်ရွယ်ခဲ့တာတဲ့၊ စပျစ်သီးတွေကို ရေထဲမြှုပ် အလုံပိတ်ထားသိုရတယ်၊နေရောင်ခြည်ပေးရတယ်။ တစ်ပတ်ပြီးတစ်ပတ် အချိန်အများကြီးယူပြီးအကောင်းဆုံးကြံ့ခိုင်မှုရရှိအောင် ရှင်သန်နိုင်အောင် လုပ်ရတယ်တဲ့၊ အဖေပြောချင် တာက ဒီသဘောပဲ၊ အခမ်းနားဆုံးအချစ်ကလည်းအခက်ခဲဆုံးအခြေအနေတွေမှာ ရှင်သန်တယ်၊ ဒီလို ၀ရုန်းသုန်းကားအခြေ အနေတွေမှာရှင်သန်ရင်း အချစ်နဲ့အိမ်ထောင်ရေးကို ခိုင်မြဲအောင် လုပ်ကြရတာ”

ဧဗာက ချာလီစွပ်စွဲသလိုမှ မဟုတ်တာပဲ။ မိတ်ဆွေတွေကြားအိမ်ထောင်ရှိအမျိုးသမီးအဖြစ် တင့်တယ်အောင် လူတစ် ယောက်ကိုလက်ထပ်ခဲ့တာမှမဟုတ်တာပဲ။ ချာလီလည်း စိတ်လိုက်မာန်ပါစွပ်စွဲခဲ့သည့်သူ့စကားကိုသူ နောင်တကြီးစွာ ရသည်။ ဧဗာ့အဖေနှင့်အမေတို့၏နှစ်သုံးဆယ်မြောက်မင်္ဂလာနှစ်ပတ်လည်နေ့ဆင်နွှဲရန် အပြေးလာသည်။ စပျစ်ခြံကိုလိုက်လာသည့် ဧဗာနှင့် လမ်းမှာတွေ့သည်။ နှစ်ဦးသားကားပေါ်မှ အပြေးအလွှားဆင်းကာ ပြေးပွေ့မိကြသည်။ လက်ထပ်ခြင်း နောက်ကွယ် မှာခဏတာခြေရာဖျောက်နေသည့် ချစ်ခြင်း၏ချိုမြိန်စွဲမက်ဖွယ်အရသာကို ပြန်လည်ဖမ်းဆုပ်မိကြပြီ။   

ကြည်နူးဖွယ်မြင်ကွင်းလေးကို ကြည့်ကာ ကျွန်မ အတွေးကြွယ်နေမိသည်။ ဒီလိုကြည်နူးဖွယ်အချိန်နာရီလေးပြန်ရဖို့ သူတို့နှစ်ဦး၏ ရင်းနှီးပေးဆပ်မှုကိုပြန်မြင်ယောင်သည်။ မိဘတွေကိစ္စကိုဦးစားပေးရင်း ခင်ပွန်းသည်၏ အလိုဆန္ဒကိုဧဗာ လျစ်လျူရှုမိခဲ့သည်မှာ မှန်ကန်ပါသလား….။ ဒီဇာတ်ကားထဲမှာတော့ပျော်ရွှင်ဖွယ်ရာနှင့် အဆုံးသတ်ထားသည်။ ကျွန်မတို့၏ တကယ့်လက်တွေ့ဘ၀မှာဒီလို ပျော်ရွှင်ဖွယ်ရာနှင့်အဆုံးသတ်နိုင်ပါ့မလား။ ဘာပဲဖြစ်ဖြစ် “၀ရုန်းသုန်းကားအခြေအနေမှာ ရှင်သန်ရင်း အချစ်နဲ့ အိမ်ထောင်ရေးကို ခိုင်မြဲအောင်လုပ်ကြရတာ” ဆိုသည့် ရက်ဘက်တလာ၏စကားတစ်ခွန်းက ချစ်သူတိုင်းအတွက် အားဆေးတစ်ခွက်ဖြစ်မည်ထင်ပါသည်။
Valentine's Day ကိန်းဝပ်ရာ ဖေဖော်ဝါရီလမြတ်မှာ ချစ်သူတိုင်းရင်ခုန်ဖွယ်ချစ်ခြင်းနှင့်အစပြု၊ ပျော်ရွှင်စွာ လက်ထပ်မင်္ဂလာ ဆင်နွှဲပြီးသာယာခိုင်မြဲသည့်အိမ်ထောင်ရေးကို ပိုင်ဆိုင်နိုင်ကြပါစေ………

ဂျူနီယို
(Family မဂ္ဂဇင်း၊ ဖေဖော်ဝါရီ)
Film – Love,Wedding, Marriage
Cast – Mandy Moore as Ava, Kellan Lutz as Charlie

Tuesday, January 29, 2013

အုတ်သားနီနီအဆောက်အဦထဲ တစ်ယောက်တည်းမအိပ်ရဲသူ “အဒဲလ်”

အတွင်းက(ရင်ထဲက)လာတဲ့ စာတွေ ရေးချင်ပေမယ့် အခြေအနေ(အချိန်က အဓိကပေါ့)မပေးတဲ့အချိန် ကိုယ်လုပ်ရမယ့်အလုပ်တွေကိုပဲ အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားနေရတာပါပဲ။ အပြင်ကစာတွေကိုပဲ ရေးဖြစ်နေပါတယ်။ ကိုယ့်ဘာသာအားမရပေမယ့် ပိုပြီးကြိုးစားဖို့ပဲ သံပတ်တင်းမိတယ်။ အတွင်းကလာတဲ့ စာတွေက note စာအုပ်ထဲမှာပဲ to write အဆင့်က တက်မလာနိုင်သေးဘူး။ စာလာဖတ်တဲ့မိတ်ဆွေအားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေ။

မှတ်ချက် - ဒီနေ့အတွက် ပြောချင်နေတဲ့ "ရင်ထဲက"စကားပါ :D
******************

၂၁၁၂ ဂရမ်မီဆု ၆ခု ပိုင်ဆိုင်ထားခဲ့ပြီး ဂျိမ်းစ်ဘွန်းရုပ်ရှင် နောက်ခံသီချင်း Skyfall အတွက် အကောင်းဆုံး မူရင်းသီချင်းအတွက် ရွှေကမ္ဘာလုံးဆု(Golden Globe) (အကယ်ဒမီဆုဇကာတင်)ကိုပါ ၂၀၁၃ ခုနှစ် နှစ်ဦးပိုင်းမှာ အဒဲလ် ရရှိသွားခဲ့ပါတယ်။ အမေရိကရဲ့ ထိပ်တန်းစာရင်းမှာပါ ရပ်တည်နိုင်ခဲ့တဲ့ ဗြိတိသျှ Soul, R & B, Pop အဆိုတော်အဖြစ် ဆုတံဆိပ်၊ လက်ခုပ်သံတွေစတဲ့ အောင်မြင်မှုတွေ အများကြီးပဲ ပိုင်ဆိုင်နိုင်ခဲ့တာပါ။ ၂၀၁၂ နှစ်ဦးပိုင်းမှာ သူမရဲ့ အမျိုးသားမိတ်ဆွေဖြစ်လာမယ့် ဆိုင်မွန်ကော်နက်ကီ နဲ့ တွေ့ဆုံသိကျွမ်းခဲ့ပြီး ၂၀၁၂ ဇွန်လမှာ တော့ သူမနဲ့ ကော်နက်ကီတို့ဟာ ကလေးလေးတစ်ယောက် ရရှိတော့မှာပါ လို့ ကြေညာခဲ့ကြတယ်။ “ကျွန်မ မိခင်တစ်ယောက်တကယ်ပဲဖြစ်ချင်ပါတယ်။ ကျွန်မဘဝရဲ့ ကောင်းမွန်တဲ့အချိန်ရရှိနေပါပြီ။ ကျွန်မ အသက် ၃၀ မှာတော့ သားလေး သုံးယောက် ပိုင်ဆိုင်ချင်မိပါရဲ့ရှင်” လို့ အဒဲလ် ရဲ့ personal website မှာ ရေးသားဖော်ပြခဲ့တာပါ။ အောက်တိုဘာ ၁၉ ရက်နေ့မှာတော့ သူမရဲ့ သားငယ်လေးကို မွေးဖွားခဲ့ပါတယ်။

Saturday, January 26, 2013

ညွှန်းတဲ့ ရုပ်ရှင်


Beautiful Creatures
Drama / Fantasy
Warner Bros. Pictures
ဒါရိုက်တာ - Richard LaGravenese
ထုတ်လုပ်သူ - Andrew A. Kosove, Broderick Johnson, Erwin Stoff, David Valdes, Molly Mickler Smith
ဇာတ်ညွှန်း - Richard LaGravenese
ဝတ္ထု - Kami Garcia / Margaret Stohl
သရုပ်ဆောင်များ -
Alden Ehrenreich as Ethan Lawson Wate
Alice Englert as Lena Duchannes
Jeremy Irons as Macon Ravenwood
Viola Davis as Amma
Emmy Rossum as Ridley Duchannes
Thomas Mann as Link
Emma Thompson as Sarafine

New York Times သတင်းစာ အရောင်းရဆုံးလူငယ်လူကြီးဖတ် fantasyဝတ္ထုစာရင်းဝင်၊ စာရေးဆရာမ Kami Garcia နဲ့ စာရေးဆရာမ Magaret Stohl တို့ရဲ့ Caster Chronicles ဇာတ်လမ်းတွဲတွေထဲက ပထမဆုံးစာအုပ် Beautiful Creatures ကို ပုံဖော်ရိုက်ကူးထားတာပါ။ သဘာဝလွန်အဖြစ်အပျက်တွေ ထုံမွှန်းထားတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ပါ။ တောင်ကယ်ရိုလိုင်းနားက ထူးထူးဆန်းဆန်းမြို့လေး ဂါ့ထ်လင်မှာ ဖခင်စာရေးဆရာ၊ အိမ်တော်ထိန်းတို့နဲ့ အတူနေထိုင်တဲ့ အီသန်(Alden Ehrenreich)ဟာ အဲဒီမြို့လေးကို ရောက်လာတဲ့ လီနာ(Alice Englert)ကို မြင်မြင်ချင်းပဲစွဲလမ်းသွားတယ်။ တက္ကသိုလ်ကျောင်းပထမဆုံးဖွင့်တဲ့ရက်မှာ အီသန်မက်ခဲ့တဲ့အိပ်မက် အမှန်တကယ်ဖြစ်လာခဲ့တာပါ။ သူ အိပ်ရာနိုးတော့ အိပ်မွေ့ချခံရတော့မလောက်အောင် ကျောစိမ့်ချင်စရာသီချင်းတစ်ပုဒ်က သူ့ရဲ့ iPod ထဲမှာ ရောက်နေတယ်။ “ပင်လယ်နှင်းပန်း”ဆိုတဲ့ ပန်းတစ်မျိုးရဲ့ ရနံ့လိုလို၊ သင်းသင်းပျံ့ပျံ့သံပုရာနံ့ဆန်ဆန် မွှေးရနံ့တစ်မျိုးရနေတာကို အီသန်သတိထားလိုက်မိတာပေါ့။ ရနံ့ကချစ်ခင်နှစ်လိုဖွယ်ပါ။ ဒါပေမဲ့ အီသန် ဘာလို့များ ကျောထဲတွန့်ခနဲနေအောင် ကျဉ်တက်သွားရတာပါလိမ့်။ ဒါကို အီသန်မေ့ထားလိုက်တယ်။ ကျောင်းရောက်တော့ အီသန် ကျောင်းသူအသစ်လေးတစ်ယောက်တွေ့တယ်။ လီနာ တဲ့။ အီသန်ကတော့ လှိုက်ခနဲ ပျော်မြူးတာပဲ။ သူ့မြို့လေးမှာ ဘာမှစိတ်ဝင်စားစရာမရှိဘူး။ ပျင်းစရာအတိလို့ အီသန်ထင်နေခဲ့တာ။ အခုတော့တစ်မျိုးပြောင်းတော့မှာပါလားလို့ တွေးနေတယ်။ လီနာ နဲ့ အီသန် တို့ အမြဲတတွဲတွဲမခွဲကြတော့ဘူး။ ဒါပေမဲ့ သူတို့ရဲ့ အဖူးအငုံအချစ်ပန်းလေးကို နှောက်ယှက်မယ့်အန္တရာယ်တွေက ဝန်းရံလို့လာနေပြီ။ လီနာ့မိသားစုရဲ့ “အမှောင်တိုက်စွမ်းအား”တဲ့။ “နင် .. ငါ့အကြောင်းဘာမှမသိပါဘူးကွာ။ ငါ့မိသားစုက သာမန်မဟုတ်ဘူးနော်” လီနာက ပြောပါတယ်။ အီသန်ပြန်စဉ်းစားကြည့်တယ်။ သူတို့စတွေ့ကြတဲ့ပထမဆုံးရက် စာသင်ခန်းက မှန်တွေဝုန်းခနဲ အစိတ်အမွှာမွှာကွဲထွက်ကုန်တာ အီသန် ပြန်မြင်မိ၊ ဒါလား။ “နင်က စုန်းမများလား” အီသန်တကယ်လို့တော့ မထင်ပါဘူး။ မရဲတရဲမေးကြည့်လိုက်တာ။ ဒါပေမဲ့ လီနာ့ နောက်မှာ အရိပ်လိုလိုက်နေတဲ့ အမှောင်တိုက်စွမ်းအား၊ ကျိန်စာတစ်ခုအကြောင်း အတိအလင်းသိလိုက်ရပါပြီ။ “ငါ့ အသက် ၁၆ နှစ်ပြည့်တဲ့နေ့မှာ ငါ့ရဲ့ ဘဝအမှောင်တိုက်အပြီးတိုင်ဖုံးလွှမ်းသွားတော့မှာ”လို့ လီနာက ပြောတယ်။ အီသန်က လီနာ့ကိုချစ်တာကိုး။ လီနာ့မိသားစုနဲ့ လိုက်တွေ့ထဲအထိ စွန့်စားလိုက်တယ်။ လီနာ မိခင်၊ ဖခင်တို့က နွေးနွေးထွေးထွေးဧည့်ခံကြသားပဲ။ အီသန် တွေးတယ်။ အားလုံးပုံမှန်ပါပဲပေါ့။ လီနာ့မိခင်က သူမ တပ်ထားတဲ့ မျက်မှောင်အနက်ရောင်ကို ချွတ်ပြတယ်။ “ကဲ ကြည့်ပါဦး။ အခု ငါ ဘယ်လိုလူလဲ”တဲ့။ ကျိန်စာကပြီးသွားပြီဆိုပဲ။ အမှောင်တိုက်ထဲမှာ ပြီးဆုံးသွားခြင်းမျိုးလား။ လီနာ့မိခင်ရဲ့ မျက်လုံးတွေဟာ ဝါကျင့်ကျင့်အရောင် တလက်လက်နဲ့ချောက်ချားစရာ။

A Good Day to Die Hard
Action / Crime / Thriller
20th Century Fox
ဒါရိုက်တာ - John Moore
ထုတ်လုပ်သူ - Alex Young
ဇာတ်ညွှန်း - Skip Woods
သရုပ်ဆောင်များ -        
Bruce Willis as John McClane
Jai Courtney as John "Jack" McClane, Jr.
Cole Hauser as Collins
Sebastian Koch as Komorov
Yuliya Snigir as Irina
Mary Elizabeth Winstead as Lucy McClane
Amaury Nolasco  
Pavel Lychnikoff
Megalyn Echikunwoke  
Anne Vyalitsyna
Ivan Kamaras

Die Hard ရုပ်ရှင်ဇာတ်လမ်းတွဲတွေရဲ့ ၅ ခုမြောက် ဒါရိုက်တာ ဂျွန်မိုးရ် ရိုက်ကူးထားပါတယ်။ ဘရုစ်ဝီလစ်ရဲ့ ကိုယ်ပွားလို့ပြောရလောက်အောင် ပုံသဏ္ဍာန်၊ ဟန်ပန်အမူအရာ ထပ်တူကြခဲ့တဲ့ စုံထောက် ဂျွန်မက်ကလိန်းဟာ Die Hard ဇာတ်လမ်းတွဲတွေရဲ့ အဓိကဇာတ်ကောင်ပါ။ ဂျွန်မက်ကလိန်းက ရုရှားကို ခရီးထွက်ခဲ့တယ်။ မော်စကိုမှာရောက်နေတဲ့ သူ့ရဲ့ ကင်းကင်းပြတ်ပြတ်ဖြစ်နေခဲ့တဲ့သား ဂျက်ခ် (Jai Courtney) ကို ကူညီကယ်ဆယ်ဖို့ပါ။ ဂျက်ခ်က စီအိုင်အေအဖွဲ့သားတစ်ဦးအဖြစ်လှုပ်ရှားနေသူပါပဲ။ ထင်ရာစိုင်းတတ်တဲ့သားမျိုးတဲ့။ နျူကလီးယားလက်နက်တွေ ခိုးထုတ်ကြတော့မယ့်အကြမ်းဖက်အဖွဲ့ရဲ့ ထောင်ချောက်ထဲမှာ ဂျက်ခ် ရုန်းမထွက်နိုင်ပဲ ပိတ်မိတော့တယ်။ မြေဇာပင်လေး ကြေမွပျက်သုဉ်းမသွားအောင် ဖခင်က သေသေကြေကြေကာကွယ်မှာပါပဲ။ မော်စကိုမှာ ကြားခဲ့ရတဲ့ စကားလုံးတွေက … “အမေရိကန်တွေအကြောင်း ငါ ဘာမုန်းသလဲသိလား” လို့ မေးတယ်။  ပြီးတော့ ဖြေတယ်။ “အကုန်လုံးပဲ” တဲ့။ “အထူးသဖြင့် နွားကျောင်းသားတွေ” တဲ့။ ဂျွန်မက်ကလိန်း ပထမဆုံးရင်ဆိုင်ရတာကလည်း စကားလုံးတွေ။ တက္ကစီမောင်းတဲ့သူက “ခင်ဗျားက အမေရိကန်လား၊ နယူးယောက်ကလား” လို့ မေးတာပဲ။ “ခင်ဗျားက ရဲ လား” တဲ့။ တဲ့တိုးမေးတဲ့စကားကို ဂျွန်မက်ကလိန်းက “မဟုတ်ဘူး။ ရှေ့နေ့တစ်ဦးဖြစ်မှာပေါ့ကွ” လို့ဖြေလိုက်တယ်။ ကားမောင်းနေတဲ့ ရုရှားလူငယ်က ခပ်ဟဟရယ်မောတယ်။ “ခင်ဗျား ကြည့်ရတာ ရှေ့နေတစ်ဦးနဲ့ မတူပါဘူး” တဲ့။ စကားသံအဆုံး သူတို့ ကားတန်းကြီးရဲ့အနောက်ဘက် ခပ်လှမ်းလှမ်းမှာ ပေါက်ကွဲသံတွေ ဝုန်းဒိုင်းကြဲဆူညံကုန်တယ်။ ဆူညံသံတွေက ဂျွန်မက်ကလိန်းတို့ကားဆီ အင်မတန်လျှင်မြန်လှတဲ့ အရှိန်အဟုန်နဲ့ ခုန်ပေါက်ပြေးဝင်လာတယ်။ စကားလုံးတွေ၊ အသံတွေချည်းပဲ မဟုတ်တော့ဘူး။ ပြင်းထန်တဲ့ပေါက်ကွဲမှုကြီးတစ်ခုကနောက်က အပြေးလိုက်လာတော့တာ။ ဂျွန်မက်ကလိန်း ရှောင်ကာတိမ်းကာပြေးရတော့တယ်။ ကားတစ်စီး ဂျွန်မက်ကလိန်းဆီ တည့်တည့်ပြေးဝင်လာပြီ။ သူကတော့ တိုက်မိပြီလို့ပဲ တွေးလိုက်သေးရဲ့။ ကားဘရိတ်သံနဲ့အတူ ဂျွန်မက်ကလိန်းအသက်ရှင်ဆဲပဲ။ ကားပေါ်မှာက “ဂျက်ခ်” ပေါ့။ ဂျက်ခ်နဲ့ ဂျွန်မက်ကလိန်းတို့ အကြမ်းဖက်အဖွဲ့အစည်းရဲ့ ထောင်ချောက်ထဲ သေနတ်သံတွေ၊ ကျည်ဆံတွေ၊ သွေးစက်တွေအရင်းအနှီးပြုပြီး ရင်ဆိုင်တိုက်ခိုက်ကြပုံကို Dolby Atoms Surround Mixing အသံပြည့်ပြည့်ဝဝ IMAX ရုပ်ရှင်ရုံတွေမှာ အသည်းတထိတ်ထိတ် ကြည့်နိုင်ကြတော့မှာပါ။

Side Effects
Crime / Drama / Thriller
Open Road Films
ဒါရိုက်တာ - Steven Soderbergh
ထုတ်လုပ်သူ - Lorenzo di Bonaventura, Gregory Jacobs, Scott Z. Burns
ဇာတ်ညွှန်း - Scott Z. Burns
သရုပ်ဆောင်များ -        
Jude Law as a Dr. Jonathan Banks
 Rooney Mara as Emily Taylor
Catherine Zeta-Jones as Dr. Erica Siebert
Channing Tatum as Martin Taylor
Vinessa Shaw

“The bitter pill” လို့ မူလကနာမည်ပေးထားခဲ့တဲ့ အမေရိကန်ဒါရိုက်တာ၊ ပရိုဂျူဆာ၊ ဇာတ်ညွှန်းရေးဆရာ စတီဗင်ဆိုဒါးဘာ့ဂ် ရဲ့ စိတ္တဇဆန်ဆန် ရင်ဖိုစရာရုပ်ရှင်ပါ။ ထောင်ထဲက ခင်ပွန်းသည်ပြန်အလာကို သစ္စာရှိရှိစောင့်နေတဲ့ မိန်းကလေး အမ်မလီ (Rooney Mara) ဟာ စိတ်လှုပ်ရှားမှုတွေပြင်းထန်လိုက်၊ စိတ်ကျဆင်းလိုက်နဲ့ စိတ်တွေဂယောက်ဂယက်ဖြစ်နေတယ်။ ခင်ပွန်းမာတင်က ပြောဖူးပါတယ်။ “အမ်မလီ.. မင်း ဘယ်မှာပဲရှိရှိ ကိုယ်ရောက်အောင်လာတွေ့နိုင်ပါတယ်။ ကတိပေးတယ်” တဲ့။  အမ်မလီ ကျန်းမာရှင်သန်ချင်တယ်။ စိတ်ရောဂါကုဆရာဝန် ဒေါက်တာဂျွန်နသန်(Jude Law)နဲ့ ဆေးကုသမှု ခံယူရတော့တာပေါ့။ အမ်မလီက ခင်ပွန်းသည် မာတင်(Channing Tatum) နဲ့ပတ်သက်သမျှ စူးနစ်တွယ်ငြိချစ်မိသူပါ။ ဆရာဝန်ပေးတဲ့ဆေးလုံးကြောင့် အိပ်မပျော်နိုင်တဲ့ညတွေရပ်သွားတယ်။ အမ်မလီ အိပ်ပျော်နိုင်ခဲ့တယ်။ အမ်မလီ အားအင်ပြည့်ဖြိုးလာသလိုလည်း ခံစားလာရပါတယ်တဲ့။ ပြီးတော့ ထောင်ကလွတ်လာခါစ ခင်ပွန်း မာတင်နဲ့ ပွဲလမ်းသဘင်တွေတက်ရောက်နိုင်တယ်။ အမ်မလီ့ကိုကြည့်ရတာ နတ်သမီးလေးလိုပဲ လန်းလန်းဆန်းဆန်းနဲ့။ ဆရာဝန်နဲ့လည်း မပြတ်စစ်ဆေးမှုတွေလုပ်နေတယ်။ မာတင်က “သူမ နေကောင်းနေပါပြီ” လို့ မိတ်ဆွေတွေကိုပြောနေတယ်။ ဒါပေမဲ့ တစ်ကြိမ်တော့ အလွဲကြီးလွဲနေတဲ့ကိစ္စကြီးဖြစ်ခဲ့တယ်။ အမ်မလီရဲ့ ဓာတ်ပုံတစ်ပုံ မာတင်မမြင်ဖူးတဲ့ပုံ၊ သိပ်ပြီးလုံလုံခြုံခြုံရှိလှတဲ့ အဝတ်အစားမဟုတ်ပြန်ဘူး။ မာတင် ဒေါသအိုးပေါက်ကွဲရပြီ။ “အမ်မလီ ဘာတွေဖြစ်ကုန်တာလဲ” မေးရပြီ။ အမ်မလီက မျက်ရည်တွေ ကျရင်း “ကျွန်မ အရူးမဟုတ်တာရှင်သိပါတယ်” တဲ့။ “အမှန်တရားရဲ့ နောက်ကွယ်” က “လှို့ဝှက်ချက်ဟာ လုံခြုံစိတ်ချရမှုမရှိဘူး” ဆိုပဲ။ ဒေါက်တာ ဂျွန်နသန်က “ငါ့ဘဝကို ပြန်လိုချင်တယ်ကွ” လို့ ဒေါသတကြီးဟစ်အော်နေတယ်။ ဆေးတိုင်းဟာ ဘေးထွက်ဆိုးကျိုးဆိုတာရှိကြတာပါပဲ။ အမ်မလီ အတွက် ဒေါက်တာဂျွန်နသန်ပေးတဲ့ ဆေးညွှန်းကရော … ။ ဒေါက်တာဂျွန်နသန်ရဲ့ လုပ်ဖော်ကိုင်ဖက် ဒေါက်တာအဲရစ်ကာ(Catherine Zeta-Jones)က ရှင်းပြတယ်။ “ဒီဆေးရဲ့ ဘေးထွက်ဆိုးကျိုးကတော့ ဘာမဆို .. လုပ်နိုင်တာပါပဲ” တဲ့။

Parker
Crime / Thriller
ပြသချိန် - ၁၁၈ မိနစ်
FilmDistrict
ဒါရိုက်တာ - Taylor Hackford
ထုတ်လုပ်သူ - Les Alexander, Steven Chasman, Taylor Hackford, Sidney Kimmel, Jonathan Mitchell
ဇာတ်ညွှန်း - John J. McLaughlin
သရုပ်ဆောင်များ -        
Jason Statham as Parker
Jennifer Lopez as Leslie Rogers
Michael Chiklis as Melander
Bobby Cannavale as Jake Fernandez
Nick Nolte as Hurley

ပါ့ခ်ကာ(Jason Statham) ဆိုတဲ့ ပရော်ဖက်ရှင်နယ်သူခိုးဟာ သူကိုယ်တိုင်တိတိကျကျသတ်မှတ်ထားတဲ့ ကျင့်ဝတ်သိက္ခာကို လေးစားလိုက်နာတတ်တဲ့သူပါ။ ဆင်းရဲနွမ်းပါးသူတွေဆီက ဘယ်တော့မှ ခိုးယူခြင်းမရှိဘူး။ အပြစ်မရှိတဲ့သူတွေကိုလည်း ဘယ်တော့မှ ထိခိုက်နာကျင်အောင် လုပ်တတ်သူမဟုတ်ဘူး။ ပါ့ခ်ကာယုံကြည်ခဲ့တဲ့ မိတ်ဆွေတွေက သစ္စာဖောက်ကြပြီဆိုတာ သိလိုက်ရတော့ သစ္စာဖောက်တို့ရဲ့လမ်းဟာ သေရမှာပဲပေါ့ လို့ ပါ့ခ်ကာ က ပြောတယ်။ ဖလော်ရီဒါကမ်းခြေ Palm Beach ကို တိတ်တဆိတ်လေး လစ်ထွက်သွားကြတဲ့ သစ္စာဖောက်မိတ်ဆွေတွေနောက်ကိုလိုက်တယ်။ ပြီးတော့ ပြောတဲ့အတိုင်းပဲ သုတ်သင်သတ်ဖြတ်တယ်။ “ဒါ လက်စားချေတာ မဟုတ်ဘူး။ ဒါ ပြန်အမ်းတာ။ အမြဲတမ်းအတွက် ပြန်အမ်းလိုက်တာ” ဆိုတဲ့ စကားတစ်ခွန်းပါးလိုက်သေးတယ်။ ပြီးတော့ ရုပ်ဖျက်ပြီး လှုပ်ရှားတော့တယ်။ ပါ့ခ်ကာ ရှာဖွေရဦးမယ့်သူ ကျန်နေသေးတယ်တဲ့။ အဲဒီမှာ အိမ်အရောင်းအဝယ်အေးဂျင့်မိန်းကလေး လက်စလီရော်ဂျားစ်(Jennifer Lopez) ရဲ့ အကူအညီတချို့ရလိုက်တယ်။ ပါ့ခ်ကာရဲ့ သစ္စာဖောက်သုတ်သင်မယ့်အစီအစဉ်ထဲမှာရော လက်စလီက ကူညီပေးဦးမှာလားပဲ။

မဉ္ဇူရီ
Living Fashion Magazine, February, 2013

စွမ်းအင် အတင်းအဖျင်း

Living Fashion Magazine, February, 2013
မကောင်းသတင်းတွေက ပျားတွေလို တ၀ီဝီပျံ့လွင့်လို့ သေတ္တာနက်တွေထဲ စုပုံနေတယ်။

ကျွန်တော့ စားပွဲအံဆွဲတွေမှာတော့ အမှုတွဲ ဖိုင်တွေ စုပြုံနေတယ်။ စာအုပ်စင်မှာလဲ အပြည့်။ သူတို့ကို ထားဖို့ အခန်းမရှိဘူး။ စားပွဲ အံဆွဲမှာရော စာအုပ်စင်မှာရော နေရာကိုမရှိတော့တာပါ။ ဘဏ်စာရင်းအင်းတေ၊ွ ဖုန်းဘီလ်တွေ၊ လုပ်ငန်းပိုင်းဆိုင်ရာ ကုန်ကျစရိတ်တွက်ချက်မှု စာရင်းဇယားတွေ၊ ဇယားတွေ ရှုပ်လို့ ပွေလို့။ 

ဒါတင်မက ကျွန်တော့ အံဆွဲထဲမှာ ဘာတွေ ရှိသေးသလဲ။ ၀ါယာတွေလေ။ ဒါတွေက ဘာလုပ်မှာလဲ။ မီဒူဆာကြီးလို မြင်မြင်သမျှ မကောင်းဆိုးဝါးတွေဘဲပေါ့။ သူတို့က ဆက်သွယ်ရေး။အဒက်ပ်တာတွေလေ။ ဘက်ထရီ ချာ့ဂျာ လဲ သွင်းရမယ်။ အလွယ်ဆုံးသုံးနိုင်ပေမဲ့ ကြိုးရှုပ်တယ်မို့ လား။ CD ပလေယာ (4.5 volts)၊ကော့ဒ်လက်ဖုန်း(6v)၊ Latop(12V) ပီးတော့ အဖြေပေးမဲ့စက် (9V)I inkjet ပရင်တာ(18V)။ မိုဘိုင်းလ်ဖုန်း (4.3V)၊ ဒစ်ဂျစ်တယ်ကင်မရာ (4.5V) အိပ်က်စ်တာနယ်လ်ဟဒ်ဒရိုက်ဖ်(12V&5V) စတာတွေက လည်း  အမလေး လေ ..တပြိုင်နက် မလုပ်မဖြစ် အလုပ်လုပ်နေကြရတာကိုး။ နံရံကပ် ဆော့ကက်တွေကလည်း တမှောင့်။ တချို့ အသေးစား ကရိယာကလေးတွေဆိုရင်လဲ ရှုပ်ပွေနေတာပဲ။ သူတို့ တချိန်တုံးက နာမည်ရှိသလောက် ခု ခေတ်မရှိတော့ဘူး။ ပျက်စီးလွယ်တယ်။

အခုတော့ ဒါတွေ အသုံးလည်းမ၀င်တော့ပါဘူး။ ခေတ်မီ ပစ္စည်းတွေက တနေ့တခြား ဆန်းပြားထွန်းကားလာနေပြီ မဟုတ်လား။ ကော့ဒ်လက်ဖုန်းလေးခမြာလည်း လျှပ်စစ်မုန်တိုင်းနဲ့တိုးပြီး သားကောင်ဖြစ်လို့ကတော့ ပြီးပါလေရော။ လက်တော့ပ်ဟာ့ဒ်ဒရိုက်ဖ်လေးလဲ ဘာထူးလည်းသေတာပဲ။အိပ်က်စ်တာနယ်လ် ဟဒ်ဒရိုက်ဖ်ကဖြင့် အမျိုးအစားကောင်းရင် တော်ပါရဲ့။ စက်တွေနဲ့ အလုပ်လုပ်ရတာ ခေါင်းအတော်စားသား။ ကြာရင် အယ်ဇိုင်းမားရောဂါတောင် ရလောက်မယ်ထင်တယ်။

Inkjet  ပရင်တာကရော။ ကောင်းပြီ။ သူကလည်း စက္ကူကောင်းမှ။ မင်တောင့်ကောင်းမှလို့ ဆိုတယ်။ CD ပလေယာအတွက်ကတော့ MP3  အစားထိုးပြီးပေါ့။ အသေးစားကရိယာတွေက ခေတ်ကုန်ပြီ။သူတို့နဲ့တွဲဖက်သုံးရတဲ့ အဒက်ပ်တာတွေကတော့ ရှင်သန်နေဆဲပါ။ ဘယ်နည်းနဲ့မဆို ယိုယွင်းလာတဲ့ ပစ္စည်းကို ပေမသုံးသင့်တာအမှန်။ ဒါဖြင့် လွှင့်ပြစ်လိုက်ရမလား။ ဒီလိုလည်း မဟုတ်သေးပါဘူး။ ဘယ်လိုဘဲဖြစ်ဖြစ်  အပြည့်အ၀၀န်ဆောင်မှု မပေးနိုင်လို့ပြစ်လိုက်ရပီလို့ ထင်ရပေမယ့် ဘယ်နည်းနဲ့ရရ ပါဝါစွမ်းအင် ဆပ်ပလိုင်းလုပ်နိုင်အောင် မိမိက အသုံးချတတ်ရပါမယ်။ မဟုတ်လား။ ကောင်းပြီ။ အရည်အသွေးညံ့ဖျင်းသွားပေမယ့် ပလပ်ကောင်းရင် ဗို့အားကောင်းရင် လျှပ်စစ်ဓါတ်စီးဝင်မှု လုံလောက်ပါတယ်။ CD အဒက်ပ်တာနဲ့ ဒစ်ဂျစ်တယ်လ် ကင်မရာကို တွဲပြီး ဓါတ်အိုးအားပြန်သွင်းဖို့ ရနိုင်မလား။ မရနိုင်ပါဘူး။ ကျွန်တော် မလုပ်နိုင်ပါဘူး။ ကျွန်တော့ လက်တော့ပ်အသစ်ကလေးကို အဒက်ပ်တာ အဟောင်းကြီူးနဲ့ သင့်တော်မယ်ထင်ပါသလား။ မသင့်တော်ပါဘူးဗျာ။

ဘလက်ခ် ဘောက်က်စ်ကလေးကို တီထွင်သူတွေအကြားမှာလဲ  သဟဇာတမဖြစ်ဘူးဆိုတာ ကမ္ဘာတလွှားကသုံးစွဲသူတွေသိပါတယ်။ နိုင်ငံတကာ စံချိန် စံညွှန်းနဲ့ အညီ စွမ်းအင်တည်ဆောက်ထားရာမှာ အမေရိကန်ပြည်ထောင်စု တစ်ခုတည်းက ပါဝါ အဒက်ပ်တာ သုံးစွဲမှုမှာ ၁.၅ ဘီလီယံ သုံးစွဲလျက်ရှိကြောင်းသိရတယ်။ တစ်ယောက်ကို ပါဝါအဒက်ပ်တာ ပိုင်ဆိုင်မှု   ၅ခုနှုန်းနဲ့ တွက်ကြည့်ရာမှာ လူကြီးဦးရေက ကလေးဦးရေ ထက် ပိုများနိုင်တယ်လို့ ဆိုပါတယ်။ သြစတြေးလျနိုင်ငံမှာလဲ ပြဿနာပါပဲ။ အဒက်ပ်တာဖိစီးမှုက သိပ်ကို မြင့်မားနေတယ်တဲ့။ ပါဝါဘုတ်တီထွင်  နေရာချထားဖို့ လိုအပ်ချက်များကို တွေ့ရှိခဲ့ကြပြီးဖြစ်တဲ့အလျှောက် ပစ္စည်းထားသိုဖို့ ဂိုဒေါင် စသည် eBay မှာ စစ်ဆေး ကြည့်ရှု ပြင်ဆင်ကြတယ်။ စာရင်းအရပြောရရင် သြစတြေးလျဲန်ဆိုက် မှာ ရှိနေတာက အဒက်ပ်တာနှင့် အားဖြည့်ချာဂျာ ၂၀၀၀ လောက်ပါဘဲ။ရာသီဥတုက ပူတော့ အဒက်ပ်တာက စွမ်းအင်ဟာ ဖြုံးတီးသလိုဖြစ်ပြီး ကုန်ခန်းလွယ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က သူ့ကို လိုအပ်နေတာလေ။ အိမ်ထောင်စုအတွက်  လိုအပ်ချက်ပါ။နိုင်ငံအတွက် အဓိက လိုအပ်ချက်ပါ။ ဒါ့ကြောင့် အိမ်တွေ အိမ်တွေမှာ ဗို့အားနိမ့်တဲ့ ပါဝါဆော့ကက်တွေ အစား ပြည့်ဝတဲ့ ပစ္စည်းကောင်းကို သုံးစွဲ ရပါလိမ့်မယ်။ သင့်ရဲ့ DVD ပလေယာ ပလပ်ကို မိန်းပေါက်ထဲ ထိုးထည့်တယ်။ ဒါပေမဲ့ ဒါက ပြည်တွင်းသုံးအပေါစား အဒက်ပ်တာတခုနဲ့ ဆက်နွယ်နေတယ်။

သင့်ကားရဲ့ စည်းစံနစ်အရ  ၁၂ဗို့အားပြေးနေရင် ပြဿနာ မဖြစ်နိုင်ဘူး။ ဒါကို သင်စဉ်းစားမိပါလိမ့်မယ်။ ဒါ့ကြောင့် ကျွန်တော်တို့  ကားစတိုင် 12Vဆော့ကက် တွေ ကိုအိမ်မှာအင်စတောလုပ်သလို 12Vပလပ်များအစား အပေါစား ထုတ်လုပ်ထားတဲ့ ပစ္စည်းကရိယာများကို သုံးစွဲလိုက်ရတယ်။သူ့ရဲ့ အကျိုးဆက်က  ဘယ်လိုဘဲ ဗို့အားDC အောက်ထုတ်လုပ်နေပါစေ 12Vလျှပ်စီးပတ်ကြောင်းကို ဆိုလာပြားတွေကနေတိုက်ရိုက် ပါဝါရရှိသွားနိုင်တာပါပဲ။  ဒါ့ကြောင့်  ကျွန်တော်တို့ရဲ့ အဒက်ပ်တာကုန်သည်တွေကို အဆင့်မြင့်မြင့် စံချိန်မှီမှီ  ပစ္စည်းများဖြန့်ဖြူးပေးဖို့ တောင်းဆိုပါရစေ။ ပလပ်ကောင်းကောင်း။ ဗို့အားကောင်းကောင်းတွေကိုပေါ့။ အချိန်မရွေး ခေတ်ကုန်နေပြီဖြစ်တဲ့ Xbox power တွေ ရောင်းချနေခြင်းဖြင့် ကျွန်တော်တို့ရဲ့ ဦးနှောက်တွေကို လုပ်ကြံသတ်ဖြတ်ဖို့ရန် လူသတ်သမား မငှားရမ်းမိပါစေနဲ့လို့ ကျွန်တော်မျှော်လင့်ချင် ပါတယ်။ (အဲဒါတွေထဲက တခုကို သင်မြင်ဖူးပါသလား ဧရာမဟာကြီးတွေပေါ့)

ကျွန်တော်ကတော့  ပါဝါအဒက်ပ်တာ ထုတ်လုပ်သူများကို  “ခင်ဗျားတို့ရဲ့ တောက်ပတဲ့ အိုင်ဒီယာတွေကို ရေစုန်မျောတိုက်စားမသွားပါစေနဲ့။ အပါးခိုတဲ့ စွမ်းအင် အရိပ်မိတဲ့ စွမ်းအင်တွေ ကို မဖြန့်ဖြူးမိပါစေနဲ့။ အရည်အသွေးပြည့်ပြည့် ထုတ်လုပ်ကြပါ”လို့  ပြောချင်တာပါ။

Florist
Source : An Abuse of power by Jonathon Empson, Reader's Digest

Thursday, January 24, 2013

ပုတီးကုံးလေးဆွဲကြမယ်

ပုတီးစေ့ကလေးတွေက ငယ်ငယ်လေးသေးသေးလေးတွေပါ။ လက်မှုပညာရှင်တို့က သစ်သားတုံး ရွှံ့စေးကအစ ပင်လယ်ကရတဲ့   ခရုခွံ ကမာခွံ ကျောက်ဖြစ်ရုပ်ကြွင်း သဘာဝ အော်ဂဲနစ်ပစ္စည်း ဆင်စွယ်၊ ပယင်း၊ မှန်၊ ဖန် ပလပ်စတစ်သတ္တု၊ ငွေ ၂၀ရာခိုင်နှုန်းပါဝင်တဲ့ သတ္တုစပ်ပုလဲ စသည် အပေါက်ဖေါက်နန်းကြိုးကလေးနဲ့သီကာ လက်ရာမြောက် ထုဆစ်ဖန်တီးထားပါတယ်။ အနှစ်တစ်သိန်းလောက်သက်တမ်းရှိခဲ့ကြတဲ့ nassa ရွှံ့ခရု (ခရုအကြီးစား dog whelk) တွေရဲ့ အခွံမာလေးတွေနဲ့ ပုတီး စတင်သီကုံးဝတ်ဆင်ခဲ့ကြတဲ့ ယဉ်ကျေးမှုရှိခဲ့တယ်လို့ဆိုတယ်။
ပုတီးစေ့ကို လက်လှမ်းမှီရာ မာကြောသော အရာဝတ္ထုများ  သဘာဝ အော်ဂဲနစ်ပစ္စည်းများနှင့် ပြုလုပ်လာရာမှ နောင်အခါ တနေ့တခြား ထုတ်လုပ်မှု နည်းပညာ တိုးတက်ဖွံ့ဖြိုးလာသည်နှင့်အမျှ တဖြည်းဖြည်း ခေတ်မှီဆန်းပြားစွာ  ပုတီးစေ့ကလေးများကို ကြွေထည်၊ ဖန်၊ မှန်၊ ပလပ်စတစ် စသည် အရည်ဖျော်ပေါင်းစပ် ပြီးအရောင်စုံ  ပုံစံ အမျိုးမျိုးဆန်းသစ်တီထွင်လာခဲ့ကြတယ်။
ကျောက်မျက်ရတနာမှအစ  သက်မဲ့ ကျောက်တုံးများ တွင်းထွက်ကျောက်များ၊ ပယင်း၊ ကြေးနီ၊ ကြေးဝါ၊ ဂျက်ကျောက်၊ ဆင်စွယ် စသည် တိရိစ္ဆာန်တို့၏ ကျောက်ဖြစ်ရုပ်ကြွင်းများ  စသည် နည်းပညာတီထွင် ဆန်းသစ်လာသည်နှင့်အမျှ တစထက်တစ ယခုအခါ ဖန်တီးရှင်တို့ က တောက်ပ၀င်းလက်သောပုတီးစေ့များကို နာမည်အမျိုးစုံပေးပြီးအသွေးစုံ၊ အရောင်စုံ၊ ပုံစံမျိုးစုံ၊ အမယ်စုံ ထုတ်လုပ်လာခဲ့ကြတယ်။ ဂျီသြမေထရီနည်းဖြင့်လည်း ပညာသားပါပါ ပုံစံသစ်များ၊ လည်ဆွဲများ၊ ကီးချိန်းများ၊ လက်ကောက် လက်စွပ်များ၊ နားကပ်နားဆွဲ နားကွင်းများ စသည် မူလအခြေခံဝတ္ထုပစ္စည်း အပေါ်မူတည်ပြီး အသွင်အမျိုးမျိုးဓါတ်ပေါင်းပြုလုပ်ဖန်းတီလာတာမျိုးတွေလည်း ထွန်းကားလာတယ်။
ချက်သမတနှိင်ငံမှာ ၁၄ရာစုနှစ်က စတင်သုံးစွဲလာပြီး အမေရိကန်ပြည်ထောင်စုမှာတော့  အရွှေတောင်ဘက်ပိုင်းရှိ ဋ္ဌာနီလူရိုင်းတွေက စတင်သုံးစွဲကြောင်းသိရတယ်။ ကမ္ဘာတ၀ှမ်းမှာ သူ့နည်းသူ့ဟန်နှင့် သူ့ စတိုင်နှင့် သူ အမျိုးမျိုး တီထွင် ၀တ်ဆင်ကြတာ တွေ့ နိုင်တယ်။ ဗုဒ္မဘာသာဝင် ဟိန္ဒူလူမျိုးများက ဘာသာရေးအရ တရားကျင့်ကြံရန် စိပ်ပုတီးများကို အသုံးပြုကြတယ်။
မတူကွဲပြားသော ပုတီးစေ့များ
အလင်းဖေါက်၍ အရည်လည်နေသော ပုတီးစေ့များ
ယူဂန်ဒါနိုင်ငံမှ ပုတီးစေ့ဖြင့် ၀င်ငွေရှာနေကြသူများ
ယခုအခါ နာမည်ကြီး ကုန်တိုက်တွေမှာ ပုတီးစေ့ကလေးများကို ပုံစံအမျိုးမျိုး ဒီဇိုင်းအမျိုးမျိုး အသွင်သဏ္ဍန် မျိုးစုံ ငေးမော ကြည့်ရှု ရွေးချယ် ၀ယ်ယူဆင်မြန်းနိုင်ပါတယ်။ ဘယ်လို အ၀တ်အစားနှင့်ဖြစ်ဖြစ် လိုက်ဘက်တဲ့ ရတနာ ပုတီးစေ့များ ကို (ယခုအခါ ကျောက်မျက်ရိုင်းများ မှ အဖိုးတန်ရတနာများ စိန်ပွင့်များနှင့်လည်း တွဲဖက်လို့ လက်ဝတ်ရတနာမျိုးစုံ ပုံသစ်ပုံဆန်း ဖန်တီးထုတ်လုပ်ကြတယ်။) ယခုအခါ အာဖရိကတိုက် ယူဂန်ဒါ နိုင်ငံ မြောက်ပိုင်းက မိန်းခလေးများဟာ ခေတ်နှင့်အညီ နိုးကြားတက်ကြွနေပါပြီ။ သူတို့ တတွေ ဟာ မိမိတို့ ရဲ့  ဆင်းရဲ မွဲတေမှုကို တနည်းတဖုံ ခုခံ ကာကွယ် ပြီး ဆင်းရဲ ခြင်းမှ လွတ်ကင်းအောင် မိမိတို့ နည်း မိမိတို့  ဟန်နှင့် စည်းပွားရှာတတ်လာပါတယ်။ 
ကျောာင်းအားချိန်များမှာ သူတို့ဟာ ပုံတွေမှာ ပြသထားတဲ့ ပုတီးစေ့ ရောင်စုံကလေးများဖြစ်အောင် စွန့်ပစ်စက္ကူဟောင်းတွေ ကနေ အသစ်ထပ်မံ ဆန်းသစ်တီထွင်ခြင်းဖြင့် လှပတဲ့ပုတီးရောင်စုံကလေးများ လက်ဖြစ် ဖန်တီး လုပ်ကိုင် ရောင်းချကြပါတယ်။
ဘယ်လောက်လှပလိုက်ပါသလဲ။ 
မြင်ရုံနှင့်တင်  ဘယ်လောက် ကြည်နူးပျော်ရွင် ရပါသလဲ။ 
အဲဒီအဖွဲ့အစည်းကလေးများကို “Bead for life" လို့ အမည်ပေးထားပါတယ်။ မိမိတို့ရဲ့ ဘ၀ကို ပုတီးစေ့ကလေးများက ရှင်သန်ဖွံ့ ဖြိုးတိုးတက်စေအောင် ပြုလုပ်ပေးကြတယ်လို့ မျှော်လင့် ယုံကြည်နေကြတာပါ။ မျှော်လင့်သလိုလည်း အောင်မြင်မှု ရပါတယ်။

 အသားအရောင်မခွဲခြားဘဲ  “Bead for life"အသင်းအဖွဲ့များထူထောင်ပြီး ပုတီးစေ့လက်ဝတ်ရတနာများရောင်းချကာ ၇ံပုံငွေ စုဆောင်းကြတယ်။ ဆင်းရဲ မွဲတေသူတွေကို  လှူဒန်းကြပါတယ်။ ရလာတဲ့ ၀င်ငွေနှင့် အစားအစာ၊ ဆေးဝါး၊ စာသင်စရိတ် စသည် လိုအပ်သလိုဘ၀ကို ကူညီဖေးမ ထူထောင်နေကြတယ်။ မယုံကြည်နိုင်စရာပါပဲ။ အမှန်တော့ သူတို့ဟာ ယုံကြည်ချက်အပြည့်အ၀နှင့် ၀ီရိယထုတ်တယ်။ စိတ်လက်ပါပါ လုပ်ကိုင်ကြတယ်။ စေတနာပါတယ်။ ဆန္ဒပြင်းထန် စိတ်ထက်သန်တယ်ဆိုတော့  မအောင်မြင်သော အရာသည် အဘယ်မှာ ရှိပါ့မလဲ။ 

ကနေဒါနိုင်ငံ အွန်တို ရီယို မြို့က ပုတီးစေ့ ချစ်သူ “အိုင်ဗိုနီ စတားလင်း"  ပြောပြတာ နားထောင်လိုက်စမ်းပါ။
“ကျွန်မအလုပ်ဝန်ပိလို့ စိတ်အပန်းဖြေချင်တဲ့အခါ ပုတီးစေ့ကလေးတွေကို ပုံစံအမျိုးမျိုးထွင် ဓီဇိုင်းအသစ်လုပ်ကြည့်လိုက်တာပဲ။ ဒီလို လုပ်ခြင်းဖြင့် စိတ်ဖိစီးမှု လျော့ပါးသွားတဲ့အပြင် ငြိမ်အေးချမ်းသာမှုကိုလည်း ပုတီးလေးများက ပေးစွမ်းကြပါသေးတယ်။ ကျွန်မ ပုတီးစေ့လေးတွေကို သိပ်ချစ်ပါတယ် ” တဲ့။


Florist  မျှဝေသည်။

ငွေသောင်ယံဦး နှင့် အခြားကဗျာများ ( ၃ )

  • ကဗျာသင်တန်းဆောင်းပါးမှ တြိချိုးများ
  • ရွေးချယ်သီရာ အတွေးကဗျာများ
  • ဇင်ဝင်း(သလ္လာ)သို့ 
  • မြှော်
  • ရွှေညာသူ

Sunday, January 20, 2013

နွေမိန်တပေါင်း

အင်ကြင်းပန်းပေါ်မှ အင်းကြင်းပန်းပုံလေးပို့ပေးမယ်တဲ့။
ခုတော့ အိမ်ကပွင့်တဲ့ နှင်းဆီလေးပဲ မေမေက ပို့ပေးတယ်။
ရှေးရှေး စာဆိုတော်ကြီးတွေဟာ တပေါင်းလကို အထူး အသားပေး ဖွဲ့နွဲ့ကြ တယ်။ တပေါင်းသာခေါင် လများနောင် တဲ့။ ခေါင်ဆိုတာက အခေါင်အဖျား နောင် ဆိုတာက ကြီးမြင့်တာ။ လတကာထက် သာတာ အထက်တန်းကျတာပေါ့ကွယ်။

သိဒ္ဓတ္ထ မင်းသား ဘုရားအဖြစ်ရောက်တော်မူတာ ကြာပေမဲ့ ခမည်းတော် နေပြည် ကပ္ပိလ၀တ်စံဌာနီကို ချက်ခြင်းမသွားရောက်နိုင်ခဲ့ပါဘူး။ တောထွက်တော်မူလာစဉ်  ရာဇဂ္ဂြိုလ်ပြည့်ရှင် ဘုရင် ဗိဗ္ဗိသာရ က ငယ်ရွယ်တော်မူလွန်းပါသေးတယ် ထီးနန်းစိုးစံပြီး လောကီစည်းစိမ်ချမ်းသာ မှာပျော်ပါးပါအုံးလို့ ရာဇဂ္ဂြိုလ်ထီးနန်းကိုတောင် နှင်းအပ်သေးတာကလား။ 

သိဒ္ဓတ္ထက လက်မခံခဲ့ဘူး။ ဒါဆိုရင် ဘုရားဖြစ်တဲ့အခါ ဦးစွာ သူထံ ကြွလာပြီး တရားရေအေး အမြိုက်ဆေး တိုက်ကြွေးပါလှည့် လို့ ပင့်လျှောက်ထားပြီးဖြစ်လို့  မသွားရောက်နိုင်သေးတာပါ။ ခမည်းတော်နဲ့ဆွေတော် မျိုးတော်တွေကလဲ ဘုရားဖြစ်ပြီဆိုတော့ ဖူးချင်ကြတာပေါ့။ ကြွလာခဲ ကြွလာခဲ မျှော်နေကြရတာ လေ။ကြာတော့ မစောင့်နိုင်ကြဘူး။ ကာဠုဒါယီ အမတ်ကြီးကို ပင့်ဖိတ်ခိုင်းခဲ့တယ်။ ဒီအခါ အမတ်ကြီးက မြတ်စွာဘုရားကြွချင်တော်မူလာစိတ် ချက်ခြင်းပေါက်အောင်  လမ်းခရီးတလျှောက် တေင်တောတွေရဲ့ သာယာပုံ၊ ကျေးငှက်သာရကာတို့ တေးသီ ပျော်မြူး တွန်ကြူးနေကြပုံ ဘယ်သို့ ဘယ်ညာ စာစီကုံး ဖွဲ့နွဲ့လျှောက်ထားလိုက်တာ ဂါထာ(၆၀)တောင် ရှိသတဲ့။ရှင်အုံးညို ဆိုတဲ့ စာဆိုတော်က ရေးဖွဲ့ထားတာ ဂါထာခြောက်ဆယ်ပျို့ဆိုပြီး ခုထိထင်ရှားရှိနေပါတယ်။

နန်းတော်ရှေ့ ဆရာတင်ကလဲ အားကျမခံ “ရာသီတော်ဦး“တေးသီချင်းနဲ့ ခုလို ရေးဖွဲ့ ဖေါ်ကျူးခဲ့သေးတယ်။

တိမ်ပြာ မိလ္လာ ရီ…တပေါင်းလမီ လေညှင်းသွေးတော့ ..
မွှေးနံ့ကြည်..အင်ကြင်း သရဖီ ပွင့်လန်းကာ ပန်းရနံ့ချီ.. 
မိုင်မဟီ ..ရွက်သစ်လောင်းလို့  ..ရွက်ဟောင်းကြွေသည်..
ပျို့ ငယ်ပေါင်းနဲ့ ဆုတောင်းပါသည်..။
ဖူးစာတော်ရေးလို့ ..စီ..
ပြောလိုက်ပါ့ ..သော်တာ ..ယုံစန္ဒီ…
မှာလိုက်ပါရစီ..၊
နွေဦးပေါက်လို့ အောက်မေ့သည်..ပျိုချစ်သူဆီ..
.နေ့တိုင်းဘဲ..စွဲ လန်း…ပန်းရနံ့ ကြည်..။
အာကာယံထဲ မှာ ၀ဲကာ ပျံသန်းကြ သည်.
ကျေးဖိုမသည် ..မိုးတိမ်ဦးမှာ ပျော်မြူးကာ ဖူးစာဖက်သည်.။
တမ်းတကာ ရည်မှန်းလို့ လွမ်းသည်..
တူနှကိုယ်ကြင်မည် ..တပေါင်းလဆန်းမီ..။ 
ရာသီတော်ပွဲ 
သဲစေတီ စဉ်လာရှေးထုံး နွဲပျော်မည်
ထူးမြတ်တဲ့ ခါမီ..ဘေးမသန်း ..အေးချမ်းမဲ့ ဌာနီ..။

ဘိုဘိုဟန်ရဲ့ ဆရာမ သီချင်း အလိုက် ပါ ။ သံစဉ်လေးက နားဝင်ချို အေးမြလွန်းလို့.. ဆိုကြည့်နိုင်အောင် ရေးပေးလိုက်တာပါ။ သီချင်းထဲမှာ ပါတဲ့ စာသားအရ  ရာသီပန်းက အင်ကြင်းပန်း သရဖီပန်း တို့ ပွင့်တယ်။ရွက်ဟောင်းကြွေလို့ ရွက်သစ် ပြောင်းတဲ့အချိန်။စိမ်းဖန့်ဖန့် ပုရစ်ဖူးကလေးတွေ ပြူထွက်စ အချိန်  ဆိုတာလဲ သိရပါတယ်။ မိုးဝသန်ကုန်ဆုံးစ မြစ်တွေ ချောင်းတွေမှာ ရေအကျမို့ ခလေးလူကြီး သဲပုံစေတီကလေးတွေ တည်ကြတယ်ဆိုတာလဲ ပေါ်လွင်နေတယ်။ တီတီတာတာ ကြည်ကြည်သာသာ လူးလာတုံ့ခေါက် ပျော်မြူးနေတဲ့ ငှက်တွေရဲ့သဘာဝကိုလဲ မျက်မြင် တွေ့ရှိနိုင်ပါတယ်။ 
မဟာအတုလမင်းကြီး ရေးဖွဲ့ခဲ့တဲ့ ဆယ့်နှစ်လရာသီဖွဲ့ တွေထဲမှာ တပေါင်းလကို ခုလို ဖွဲ့နွဲ့ ခဲ့တယ်။

မြိုင်ခြေငယ်သင်းပါလို့ ၊အင်ကြင်းငယ် ရွှေဖီ၊၀တ်မှုံငယ်စီသည်။
မြစ်နဒီ သောင်တခိုက မောင်မယ်ညိုမြူးတဲ့လကိုလေး။
ရာသီမိန်ဝယ် ၊ဂိမာန်ရွက်ပြောင်း လတပေါင်းမို့၊
ရွက်ဟောင်းကြွေကာ ၊ဥတ္တရာနှင့်၊
ကြယ်ပုရပိုဒ်၊လေးချက်ချိန်ကို။
တိမ်ခြေစိုက်လို့၊စလိုက်ကယ်ဖွေရှာ၊
ကိုတံငါလဲ၊ဘာသာသောင်ခွင်၊ပျော်မြူးသာရွှင်တော့တယ်၊
သဘင်လ ခါမှီဝယ်၊ သဲစေတီ ငွေသောင်ကမ်းရယ်က ၊
လွမ်းလှတယ်လေး။      ။

ဒါကလွမ်းချင်းပါ။ သူ့စာထဲမှာ အင်ကြင်း သရဖီ က ရာသီပန်း။ ဆိုတာရယ်။
မြစ်ကမ်းခြေရေနဒီမှာ မယ်ညို မောင်နှံ မြူးပျော်တဲ့လ ဆိုတာရယ်။
နက္ခတ်က ဥတ္တရာ ဆိုတာရယ် ရေကျချိန်မို့ တံငါသည်တို့ဘာသာဘာဝ  ပျော်ပျော်ကြီးပိုက်ချကြတယ် ဆိုတာရယ်။
သဲပုံစေတီများတည်ဆောက်ကြတယ် ဆိုတာရယ် သိလာရတယ်။
အမြို့မြို့ အရွာရွာမှာ တပေါင်းလဘုရားပွဲတော်များစည်ကားသိုက်မြိုက်စွာ ခြိမ့်ခြိမ့်သဲ ကျင်းပကြတယ်။
ရှင်ပြုနားသ အလှူပွဲများ လှူကြ တမ်းကြ ကုသိုလ်ပြုကြတယ်။အလှူ ၀တ်ဆံ လှည့်ကြတယ်
ပျဉ်းမနားမှာလဲ လောကမာရဇိန် လောကရန်နှိမ် ဘုရားပွဲ တော်များ နှစ်စဉ်ကျင်းပပါတယ်။
အဖေကြီးဂိုဏ်းဆိုတာ မေမေတို့ ပျဉ်းမနားပြောင်းလာကာစက တော်တော် နာမည်ကြီး တယ်။ တပေါင်းပွဲတော်ကို ဦးစီးကျင်းပကြတာပါ။

ရှင်ပြုလည်းပါတော့ ကွမ်းတောင်ကိုင်တွေ ရှင်ဘုရင် မိဖုရား စည်တော်ယွန်း  ထွက်တော်မူ ၀င်းခင်းလှည့်တာတွေနဲ့ တော်တော်ကြည့်လို့ ကောင်းပါတယ်။  ခလေးလူကြီး ပျော်ကြတယ်။  ဘုရားပွဲတော်က  မိမိတို့ နဲ့ သက်ဆိုင်ရာ ပစ္စည်းတွေ ၀ယ်ကြ ချမ်းကြ ပျော်စရာပါဘဲ။ ကုန်ပစ္စည်းမျိုးစုံ မရှိတာ မရှိ  ခလေးကစားစရာ၊ မီးဖိုချောင်သုံးပစ္စည်း၊ အထည်အလိပ် ပုဂံခွက်ယောက်လိုချင်တာအကုန်ရနိုင်တယ်။

မျက်လှဲ့ ရုပ်ရှင် ဂျင်ဝိုင်း ဆပ်က စသည် ပါနေကျ ပြ့ပွဲ ပြိုင်ပွဲ (လက်ဝှေ့ပွဲ) တွေမကျန် အမျိုးစုံ ရပ်ဝေး ရပ်နီး လာရောက် ရောင်းချသူ ရောင်းချ။ ၀ယ်သူ ၀ယ်ကြ ပြားပန်းခတ်လျက်ရှိနေကြတယ်။
ဖြိုးဖြိုး ငယ်တုံးက အဖေနဲ့ မျက်လှဲ့ပွဲလဲကြည့်တယ်။
၃ကားပေါင်းရုပ်ရှင် ငါးမူးလား တကျပ်လား မမှတ်မိ ကြည့်ကြတယ်။ ပွဲတော်က တပတ် ဆယ်ရက် ကြာတာပါ။
အဲဒါကြောင့်လည်း တပေါင်းလဟာ လတကာထက် သာလွန်ထူးခြားတဲ့လ လို့ဆိုကြတာ ဖြစ်ပါလိမ့်မယ်။

ခင်မေသစ်

Saturday, January 19, 2013

မေ့မရတဲ့ လူ ( အပိုင်း ၂ )

၁၉၉၅ ခုနှစ်ဝန်းကျင်ကာလတွေ...
          ကျောင်းပြီးတော့ ရန်ကုန်ပင်မတက္ကသိုလ် အပန်းဖြေရိပ်သာ(Recreation Center )မှာ ဖွင့်လှစ်ထားတဲ့ ဖက်စပ်(၃)၊ စာရေးကိရိယာအရောင်းဆိုင်လေးမှာ ကျွန်မ၀င်လုပ်ခဲ့သေးတယ်။ အဲဒီမှာ ပါဝါမျက်မှန်ထူထူကြီးနဲ့ ပါးလျလျကျောင်းသားတွေကို မြင်မိတိုင်း “သူ”များလား ဆိုပြီး အယောင်ယောင် အမှားမှားနဲ့ လိုက်လိုက် ကြည့်မိခဲ့တယ်။ တစ်ခါမှကို မဆုံဖြစ်ခဲ့ပါဘူး။ သူ့သီချင်းတွေနဲ့တော့ ရင်းနှီးသထက် ရင်းနှီးခဲ့တယ်။ အဲဒီ စာရေး ကိရိယာဆိုင်လေးမှာ တစ်နှစ်ခန့်လုပ်ပြီးတဲ့အခါ ကျွန်မငြီးငွေ့လာတယ်။ ဗလာစာအုပ်တွေ၊ ဘောလ်ပင်တွေလို စာရေးကိရိယာပစ္စည်းတွေ စုပုံ ပြည့်ကျပ်နေတဲ့ အခန်းကျဉ်းလေးထဲမှာ နေ့စဉ်လှုပ်ရှားနေရတဲ့ ဘ၀ကို ရိုးအီလာတဲ့ သဘောပေါ့။ ဒါနဲ့ သတင်းစာထဲမှာ လျှောက်လွှာခေါ်တဲ့ ဟိုတယ်ဝန်ထမ်းအလုပ်ကို ၀င်လျှောက် တဲ့အခါ Andaman Club Hotel လို့ခေါ်တဲ့ သူဌေးကျွန်းဟိုတယ်မှာ Guest Relation Officer (G.R.O )အဖြစ် တာဝန်ထမ်းဆောင်ခွင့်ရခဲ့တယ်။ ရန်ကုန်ကို စွန့်ခွာပြီး ကော့သောင်းမြို့လေးမှာ သွားနေရတာ။ အဲဒီမှာ မြင်မြင်သမျှ မြင်ကွင်းတွေဟာ ကျွန်မအတွက် အသစ်အဆန်းတွေ ချည်းပဲဖြစ်နေပြီး ဘယ်နားကြည့်လိုက်ကြည့်လိုက် စိတ်ဝင်စားစရာကောင်းလွန်းနေတာမို့ အရင်က ရင်းနှီးကျွမ်းဝင်ခဲ့ဖူးသမျှ တွေကို မေ့ပစ်သွားနိုင်လောက်တဲ့ အထိပါပဲ။ ထူးဆန်းတာက ကျွန်မ သူ့ကို တစ်နေ့မှ မမေ့ခဲ့ဘူး။ လူချင်း တစ်ခါမှ မသိ၊ မမြင်ဖူးတဲ့လူတစ်ယောက်ကို လွမ်းလွမ်းနင့်နင့်ကြီး သတိရနေမိတဲ့အဖြစ်ဟာ  ဘယ်လောက်တောင်မှ အနေရခက်လှတယ်ဆိုတာ ကျွန်မ ပြောတောင် မပြောပြတတ်တော့ဘူးရှင်။ သူ့ကို သတိရလေလေ သူ့သီချင်းတွေကို ဆိုညည်းမိလေလေနဲ့။ဒါပေမဲ့ ဆိုသမျှ သီချင်းတွေက အရင်ကလို ပျော်မြူးစရာ မကောင်းတော့တာ ကျွန်မ သတိထားမိတယ်။ ဆွေးတာ လွမ်းတာ၊ တမ်းတတာ၊ သူစိမ်းဆန်တာ၊ အထီးကျန်တာ၊ မမျှော်လင့်ရဲတာ၊ ဝေးကွာတာ၊ အိပ်မက်မက်တာ၊ မျက်ရည်ဝဲတာ၊ အရိပ်မဲ့တာ၊  အခါလွန်တာ... ဒီလိုအဓိပ္ပာယ်တွေ တနင့်တပိုးကြီး ကိန်းအောင်းနေတဲ့ ကြေကွဲလှိုက်မောဖွယ်ရာ သူ့သီချင်းတွေကိုပဲ ကျွန်မ ဆိုတတ်ခဲ့ရပါပြီ။ တော်ရုံမိန်းကလေးတွေ တစ်ယောက်တည်းမသွားရဲကြတဲ့ ပါချန်မြစ်ကမ်းဘေးမှာ သွားထိုင်၊ ဂစ်တာတစ်လက်နဲ့ သီချင်းညည်း တတ်တဲ့ မိန်းကလေးဆိုလို့ ကျွန်မပဲ ရှိမယ်။ လက်ထဲမှာ ကျွန်မချစ်တဲ့ ဂစ်တာရှိတယ်၊ အတွေးထဲမှာ ကျွန်မသဘောကျတဲ့ “သူ”ရှိတယ်။ အို ဘယ်သူ့ကို  ဂရုစိုက်လို့ ဘာကိုကြောက်ရမှာလဲနော်...။

Wednesday, January 16, 2013

မောင့်အတွက် ချစ်ကတိ ( ဇာတ်သိမ်း)

စုမီအောင်
(ကျန်းမာရေးမဂ္ဂဇင်း အောက်တိုဘာ၊ ၂၀၁၂)

“အသက် ၂၇ နှစ်အရွယ်၊ ၁၈၉၀ ပြည့်နှစ်၊ ဧပြီလ ၁၁ ရက်နေ့မှာတော့ ဒီလူနာဟာ ဆေးရုံပေါ်မှာပဲ သေဆုံးသွားခဲ့တယ်။ ဒီရောဂါကို ကာကွယ်ကုသနိုင်တဲ့ အထောက်အထားမျိုးတော့ ဒီနေ့တိုင် မတွေ့ရှိရသေးဘူးလို့ပဲ သိရှိရပါတယ်”
အံ့ဘုန်းမြတ်၏ရှေ့ခုံမှ ဆေးကျောင်းသားဖြစ်ဟန်တူသည့် လူငယ်တစ်ဦးက လက်ထောင် ပြသည်။ မေးစရာရှိသည်ဆိုသည့်သဘော။

“ဆရာ..အဲဒီပထမဆုံး ဆင်လူသား ဂျိုးဇက်ကာမားရစ်ခ်ဖြစ်တဲ့ရောဂါဟာ စောစောက ဆရာမ ပြောသွားတဲ့ အမျိုးအစားတွေအရ ပြောမယ်ဆိုရင် ဘယ်အမျိုးအစားထဲမှာ ပါဝင်သလဲ သိချင်ပါတယ်”
ခန္ဓာဗေဒပညာရှင်တစ်ဦးဖြစ်သူ ဒေါက်တာလှမိုးက ခေါင်းညိတ်ပြကာ ဆက်လက်ရှင်းလင်း သွားသည်။

Tuesday, January 15, 2013

ဘယ်ရှေးကံငယ်

(မေမေပို့ပေးတဲ့ စာကို မေမေပို့ပေးတဲ့ နှင်းဆီလေးတွေနဲ့ပဲ အတူတွဲထားလိုက်တယ်)
ပါရဂူရေးတဲ့ “ဓမ္မ၀တ္ထုတိုများ" စာအုပ် ဒီကနေ့ မေမေ၀ယ်လာလို့ ဖတ်ကြည့်ရင်း  “အရိယာလမ်းစဉ်“ ဆိုတဲ့ ၀တ္ထုတိုလေးတစ်ပုဒ်ကို ဖြိုးဖြိုးဖတ်ဖို့ ပြောပြချင်စိတ်ပေါ်လာတယ်။

ဟို ရှေးရှေး ဘုရားရှင် ပွင့်တော်မူစဉ်ကာလမှာ အရိယာသူမြတ်တို့ဟာမိမိအသက် ဘယ်မျှ အဖိုးအနဂ္ဂ ထိုက်တန်ပါစေ အခြားသေးနုတ်သိမ်ဖျင်းတဲ့ မည်သို့သော သတ္တ၀ါတို့ရဲ့ အသက်အတွက်ပင်ဖြစ်ပါစေ စွန့်လွှ့တ်အနစ်နာခံဖို့ ၀န်မလေး မကြောက်ရွံ့ကြဘူး တဲ့။

ပုထုဇဉ်လူသားဆိုတာ မကြာခဏ အမျက်ဒေါသ ပေါက်ကွဲလွယ်တတ်ကြတယ်။တခါတရံ ကိုယ့်ပစ္စည်းဘယ်ထားမှန်းမသိ အထားမှားလို့ အလွယ်တကူ ရှာမတွေ့ရင် ဘယ်သူယူတယ် ဘယ်ဝါယူတယ်လုပ်တတ်ကြတယ်။သူပိုင်အိမ်ခန်းစသည် ဘီရို ကိုတောင် ကျူးကျူးကျော် ကျော် ပိုင်စိုးပိုင်နင်း ဖွင့်ရှာတဲ့အထိ လောဘဇောတွေ မွှန်တတ်ကြတယ်။ဒါဟာ လူ့ ဓမ္မတာပါဘဲ။ အခုပြောပြမဲ့ ၀တ္ထုက ၅၅၀ ဇတ်တော်မှာ မဟာသုတသောမဇတ်လို့ အမည်ရပါတယ်။ ပိဋကတ်ကျမ်းစာများမှာ  ”ဓမ္မအတွက်” အသက်ပေးသွားကြတဲ့ အရိယာသူတော်စဉ်တွေ အများအပြား ပေါ်ထွန်းခဲ့ပါတယ်။ဝတ္ထုဇတ်လမ်းလေးက တော်တော်လေး ကြေကွဲ ရင်နင့်စရာပါဘဲ။

Monday, January 14, 2013

နိုးထလာသော အာဖရိက၏ ဒဏ္ဍာရီပုံပြင်

အာဖရိကရဲ့ ကောလာဟလတွေကတော့ ပေါက်ကွဲ ဆူညံပွင့်အံလို့။ ချဲ့ကားပြောဆိုနေသလားတဲ့။ 
၂၀၁၃ ဇန်န၀ါရီ(၄)ရက်နေ့ထုတ် Foreign policy  Magazine မှာ Rick Rowden က   ရေးသားလိုက်တယ်။
မကြာမီအချိန်အတွင်းက အာဖရိကကို နိုင်ငံရပ်ခြား ငွေပင်ငွေရင်း စိုက်ထူမြုပ်နှံမှု တိုးပွားလာခြင်း ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး လောကကြီးထဲ ပြေးလမ်းတလျှောက် ပစ်ဝင်လာတဲ့ နေရာဒေသအဖြစ် ပေါ်လွင် ထင်ရှားစေတယ် လို့ Time မဂ္ဂဇင်းနဲ့  The Economist တို့က “အာဖရိက နိုးထလာခြင်း“ ဆိုပြီး မျက်နှာဖုံးဆောင်းပါးအဖြစ် အသားပေး ဖေါ်ပြလာကြတယ်။ တကယ်တော့ အာဖရိကရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ခွဲခြမ်းစိတ်ဖြာလေ့လာကြည့်ရင် အမျိုးသားစီးပွားရေး ဆိုတာ စိတ်မချရသေးတဲ့ အနေအထားမှာ ရှိနေသေးတာပါ။ သူတို့  ပုံနှိပ်ဖေါ်ပြသလိုမဟုတ်ပါဘူး။ မှားယွင်း နေတယ်။ ဆောင်းပါး နှစ်စောင်စလုံးက အာဖရိကရဲ့GDPတိုးတက်မှု တဦးချင်းဝင်ငွေ တိုးမြင့်ခံစားရမှု စံနှုံး မိုဘိုင်းဘဏ်လုပ်ငန်း ခရီးသွားလုပ်ငန်း၊လက်လီစိတ်ရောင်းချခြင်း လုပ်ငန်း၊အသစ်ထပ်မံတွေ့ရှိသည့် ရေနံနှင့် သဘာဝဓါတ်ငွေ့သယံဇာတပစ္စည်း တွေ့ရှိမှု စသည် အစိတ်အပိုင်းတော်တော်များများကို Timeက  ကိုးကားရေး သားပုံ၇တယ်။ Economist ကလဲ အာဖရိကန်ဘီလျှံနာများ တိုးပွားလာခြင်းကို ရည်ညွှန်းရေးသား လိုဟန်ရှိတယ်။

Sunday, January 13, 2013

မောင့်အတွက် ချစ်ကတိ ( အပိုင်း ၁ )

စုမီအောင်
(ကျန်းမာရေးမဂ္ဂဇင်း အောက်တိုဘာ၊ ၂၀၁၂)

အခန်း(၁)

ကွန်ပျူတာဖန်သားပြင်ပေါ်က ရုပ်ပုံများကိုကြည့်ရင်း မြလွန်းညို မျက်လုံးများပြာဝေသွားသည်။ ဂြိုလ်သား အီးတီလိုလို၊ ဆင်သတ္တ၀ါလိုလို လူသားရုပ်ပုံလွှာများက အာရုံအလုံးစုံကို ခြိမ်းခြောက်မင်းမူ နေလေသည်။
သွေးပျက်စရာရုပ်ပုံများ။
ကွန်ပျူတာခုံကနေ အလန့်တကြား ထရပ်စဉ် လူက ယိမ်းယိုင်လဲကျတော့မတတ် မိုက်ခနဲ ဖြစ်သွားသည်။ ထိုင်ခုံနောက်မှီကို ဖတ်ခနဲ ဖမ်းဆုတ်အားပြုလိုက်ရသေးသည်။ ကမ္ဘာမှာ ကံအဆိုးဆုံး လူသားသည် မိမိမှတစ်ပါး အခြားမရှိတော့ဟု ထင်မြင်လာကာ ၀မ်းပမ်းတနည်း ရှိုက်ငိုမိသည်။

``ခစ်ခစ်ခစ်ခစ် ခစ်ခစ်ခစ်´´
ရယ်သံလေးများ ထွက်ပေါ်လာသည့် မှန်တင်ခုံပေါ်က လက်ကိုင်ဖုန်းကို အပြေးအလွှား ကောက်ကိုင်ဖွင့်လိုက်ရသော်လည်း ထူးသံမပြုနိုင်သေး။

``မြ…မြ … နားထောင်နေလား..´´
ခင်ပွန်းသည်၏အသံ။ တိုးညင်းစွာ အသံပြုရတော့သည်။

``ဟုတ်ကဲ့ မောင်ရေ … ကျွန်မပါ´´
``ဆောရီးကွာ၊ မြ အလုပ်ရှုပ်နေလား´´

``ဟုတ်ကဲ့ အို . . . မဟုတ်ဘူး မရှုပ်ဘူး၊ နည်းနည်း အင်တာနက်ကြည့်ရုံကလေးပါ မောင်ရယ်´´
မညာစဖူး ညာလိုက်ရခြင်းကို လိပ်ပြာမလုံချင်။

Wednesday, January 09, 2013

အေးရိပ်ကို ဘယ်လိုရှာပါ့မယ် (အပိုင်း ၅)


(၁၇)

“ကေခိုင်ရေ..။ ငါတို့  Ivanhoe သွားကြည့်ရအောင်”

တနေ့ တန်းခွဲ (D)မှ ၀င်းဝင်းတင့် နှင့် ခင်မြတ်စုက ရုပ်ရှင်ကြည့်ဖို့ ခေါ်သည်။

“ဘာလဲ ကျောင်းလစ်ရမယ်ပေါ့လေ။ အဲလို ကြပ်ကြပ်လုပ် စာမေးပွဲ အောင်မယ် ..အားကြီး"

ဝင်းဝင်းတင့်နှင့် ခင်မြတ်စုမှာ တွဲဘက်ညီသည်။ ဘယ်သူမှ့ ဂရုမစိုက်. ။မကြာခဏ အထူးသဖြင့် ကုလားကားကောင်းတိုင်း နေ့ခင်းပိုင်း ကျောင်းလစ်ကြည့်တတ်သည်။ စာမေးပွဲလဲ နှစ်ကြိမ်ကျပြီးမို့သူတိုနှစ်ယောက်က တန်းခွဲ  D မှာနေရသည်။ ကျွန်မနှင့် သိပ်တွဲလေ့ မရှိပါ။ ဒါပေမဲ့ ဒီတခါတော့ အိုင်ဗင်ဟိုး က အင်္ဂလိပ်စာ ပြဋ္ဌာန်းစာအုပ်မို့  ပြီးတော့ ကျွန်မအကြိုက် Robert Taylor နှင့် Liz Taylor တို့  သရုပ်ဆောင်ထားတာမို့  ကျွန်မ ကြည့်ဖြစ်အောင် ကြည့်လိုက်ပါသည်။

ကျွန်မတို့ မဟာဝန် ရုပ်ရှင်ရုံ ရောက်လို့ အထဲဝင်တော့ Trailer ပြနေပါပြီ။ အံ့သြစရာက ကျွန်တို့ရဲ့ခုံတန်းအနောက်မှာ အိုင်ဗင်ဟိုး ကို သင်ပေးနေတဲ့ ကျွန်မတို့ရဲ့ဆရာ ဦးမောင်မောင်လေးကို တွေ့မြင်လိုက်ရလို့ပါပဲ။ နေ့ ပွဲ ဆိုတော့ ၂နာရီမှာ စပြတာပါ။ ဆရာ့ရဲ့ ဂျူတီချိန် အော့ဖ် ဖြစ်ရင် ဖြစ်နေနိုင်ပါသည်။ Once a thief, always a thief. စကားပုံရှိသည်။ အစရှိ အနောင်နောင်။ ကျွန်မ မကြာခဏ ကျောင်းလစ်တတ်လာသည်။ အရွယ်မရောက်ခင်ကမူ အကိုတွေက ရုပ်ရှင်ကြည့် ခေါ်သွားတတ်သဖြင့်  ချိန်တန်ပြီ။ ချစ်အမျှ။ မြဟေ၀န်။သည်ဆောင်းဟေမန်၊ ချစ်မုန်းမာန် စသည် အေ၀မ်းထွက် မြန်မာရုပ်ရှင်ကားများ ကြည့်ခဲ့ရသည်။ အကိုတွေက  အင်္ဂလိပ်ကားမကြည့်။နောက်ပိုင်း ကျွန်မကြီးလာတော့ ရုပ်ရှင် ကြည့်မခေါ်တော့။ ဖေဖေ မေမေတို့ ကလည်း ရုပ်ရှင် ကြည်လေ့ မရှိ. ။

ဒါ့ကြောင့် ကျွန်မနေ့ ခင်းပိုင်းကျောင်းပြန်တက်ချိန်များတွင် roll call ခေါ်ချိန်များမှာ  present sir ထူးပြီး ကျောင်းလစ်  ရုပ်ရှင်ရုံ ပြေးတော့သည်။ မုံရွာမြို့ တွင် မဟာဝန် နှင့် မြဟေ၀န် ရုပ်ရှင်ရုံ နှစ်ရုံရှိရာ မဟာဝန်က အင်္ဂလိပ်ကားများပြပါသည်။ Knights of the Round Table, The Sword and the Rose, Romeo and Juliet, Prisoner of Zinder, Robin Hood တို့ သာမက  အက၊ အလှ ဝေဆာထုံမွှန်းနေသည့် စိတ်ကူးယဉ် တေးသံသာကုလားကားများလည်း ကြည့်တတ်လာသည်။
အမြဲ ကျောင်းပြေးလေ့ရှိသည့် ၀င်းဝင်းတင့်တို့ နှင့် တွဲ မိသွားတာပါ။
တနေ့ တွင် Anna kali  ကုလားကားကြည့်အပြီး  အတူလာသူ ခင်မြစု က ..
“ဟေ့.. ခိုင် ..ယူ့ အတန်းက မြမြစန်းအမ မြမြသန်းကို သိလား"

"သိသားပဲ။ ဘာဖြစ်လဲ။”

“သူပြောတာပြန်ပြောမလို့။ ယူ့ တက္ကသိုလ်ကျောင်းတော်ာသားကြီး က ခင်မြကြည်နဲ့အတွဲ များနေသတဲ့ “

“ဘယ်သူလဲ ခင်မြကြည် ဆိုတာ”

“မနှစ်က စတိတ် တူး ကနေ အောင်သွားတဲ့ fresher  လေ ကွာ ။”

“ဟင့်အင်း ဟုတ်နိုင်ပါဘူး"

“မြင်တဲ့ သူတိုင်းကတော့ နေနှင့်လ ရွှေနှင့်မြ တဲ့ကွ။ လိုက်ဘက်ညီ သတဲ့။ ကျောင်းမှာ သိပ်နာမည်ကြီးတာဆိုပဲ“

ကျွန်မ သူများပြောတိုင်း မယုံချင်ပါ ။ ဒါပေမဲ့ စာမလာတာကြာပီဆိုတော့.. ။
ဟို..မိုးကောင်းကင်မှာ ထိန်ထိန်သာနေတဲ့ ဖိုးလမင်းကြီးဆီ ကျွန်မရဲ့  စာလွှာကလေးကို ပါးလိုက်ပါရစေအုံး။

“လွှာသ၀ဏ်”
ဝေးရပ်မြေ တနယ်ခြားဆီက  ၊
ရောက်လာငြား မောင့်သ၀ဏ် ၊
မျှော်မိတယ်ရှင်။
 လမင်းကိုပင် ၊ စေချင်ရဲ့  ပျိုတပါး။
သော်တာဆွေ ဖြူငွေ လဲ့ ရယ် ၊
ခွန်းဖွဲ့ မှာလား။      ။

နှမပျို လက်ကို တွက်ပါလို့  ၊
ရက်ဆက်ပ မောင့်စာမျှော်၊
လွမ်းလှလို့ နော်၊
မျှော်သာမျှော် .၊
အို ..ပေါ်လာဘု သွေရှောင်ထင့်၊
မောင့်သက်ဝေ အနေကြုံ့ သူလို့  ၊
 ခွန်းတုံ့ ကြူဆင့်။     ။

ဒီကဗျာလေးကိုလည်း မြ၀တီ မဂ္ဂဇင်းမှာဘဲ ကိုကို ဖတ်ရှု နိုင်ပါလိမ့်မည်။

(၁၈)

ကျွန်မနှင့် အိမ်က လူကြီးတွေ တခုပြီး တခု အဆင်မပြေ ဖြစ်လာပုံက များများလာသည်။ ကျောင်းသားသမဂ္ဂတွင် ကျွန်မတစ်နှစ် ဘဏ္ဍာရေးမှူးတာဝန်ယူထားစဉ် DSO ကျောင်းသားများနှင့် ပဋိပက္ခ ဖြစ်ခဲ့သည်။ှ ဆန္ဒပြ လှည့်လည်ရာတွင် ကျွန်မက ခွပ်ဒေါင်းအလံ ကိုင် ပြီး ရှေ့ ဆုံးမှ ချီတက်ခဲ့သဖြင့် အကိုကျော်နှင့် ထိပ်တိုက်တိုးခဲ့ရပြီး ကျောင်းထုတ်မည် လုပ်သည်။ ဟိုစပ်စပ် ဒီစပ်စပ် နေရာတကာပါသည်ဟု သူက စွပ်စွဲ သည်။ အမြင်ချင်း မတူသည်ကို ၀န်မခံ။ ကျွန်မကိုပဲ အပြစ်ပုံချနေတာလို့  ထင်သည်။

တစ်ခါ ကျောင်းသားသမဂ္ဂမှ ကြီးမှူးကျင်းပသည့် တန်းမြင့်မောင်မယ်ရွေးပွဲ နှင့် ပဒေသာကပွဲ တင်ဆက်ကြသည် အတန်းပိုင်ဆရာမက ကျွန်မကို တပင်တိုင်အကနှင့် ပဏာမ ကန်တာ့ခန်းတင်ဆက်ပေးရန် တာဝန်ပေးသည်။ ကျွန်မတာဝန်မယူနိုင်လျှင်လည်း တာဝန်ယူ ကချင်တဲ့သူတွေ တစ်ပုံကြီး ရှိသည်။ ဒါပေမဲ့ ကျွန်မက ကချင်သည်။  ဆရာမကလည်း အိမ်တိုင်ယာရောက် ခွင့်တောင်းပေးမည်ဟု ကိုကျော်နှင့် ကျောင်းနေဘက် သူငယ်ချင်းဘဲ သူပြောရင် ရမည်လို့ ယူဆကာ အိမ်လာပြောတော့သည်။ တကယ်တန်း ဆရာမ ရောက်လာချိန်၌ ကိုကိုကျော်က သူပြီးရင် ပြီးသည်ကို ထမင်းရေပူ လျှာလွဲသည်။

“ဆရာမရယ် ..။ ကျွန်တော်က ဆိုင်သာဆိုင် မပိုင်ဘူး ခင်ဗျာ့။ မေမေ့ကို ခေါ်ပေးပါရစေ” တဲ့။ စကားကိုလှအောင်သုံးပြီးပေါ်မလာတော့။
မေမေထွက်လာပြောပုံက ..
“ကျွန်မတို့ မျိုးရိုးထဲမှာ သဘင်သည်ဖက်ခွက်စားမရှိပါဘူး။ ၀ါသနာပါရင် ဆရာမကိုယ်တိုင် ကလိုက်ပါလား” တဲ့ ။

မျက်နှာရဲတွတ်လာပြီး ထပြန်သွားရတဲ့  ဆရာမကို မိခိုင် မျက်နှာချင်း မဆိုင်ရဲခဲ့ပါ။

“ကိုယ်တော်မြတ်မွန်၊ မယ့်ဖြစ်ဟန်ကို ၊ ရွှေဥာဏ်တော်စက်၊ မဖြန့်ကျက်၍၊နေ့ရက်ရှည်လျှင်၊မြင်လည်းမသိ၊
ထွန်းညှိဥာဏ်စက်၊ ဖြန့်ပေလျက်တည့်။ဝိပက်ဝါသနာ၊
 ကြမ္မာအလျောက်၊ ခါထောက်ချိန်သင့်၊ လင့်လည်းမသိ၊
ယခုပြီ့ဝယ်၊ မယ်ရှိလေရာ၊ ရွှေနန်းသာသို့ ၊
စကြာဖြန့် ယူ။ဘုရားဟူသည်။ ရောင်ဖြူပရွှန်း၊
 လပြည့်ဝန်းသို့ ၊ ပေါ်ထွန်းစိစိ၊လင်းပါလှည့်.။"


“ကိုကိုရယ် .."
မလ္လိကာဒေ၀ီ ဘုရားတသလို တလိုက်ချင်ပါရဲ့  ။
သပြေတစ်ခက်နဲ့ေ၇ပက်ပါရစေဆို၊ ခိုင်မမြင်မိပါလားကွယ်။
ကိုကို ပြောပြဖူးတဲ့  ချစ်နန်းဗိမာန်လေးက ဘယ်မှာတဲ့လဲ..။
ကိုကို့ကို ယုံချင်ပေမဲ့ ကံကြမ္မာကို ခိုင်မယုံဘူး။ နှောင့်နှေးကြန့်ကြာ နေခြင်းဟာ အန္တရာယ်ကို ဖိတ်ခေါ်နေတာဆိုပဲ။ Delays are dangerous ဆို ကိုကိုရဲ့။ အချိန်အခါဆိုတာ စောင့်တိုင်းကောင်းတာမဟုတ်ဘူး။ ခုဆို သူငယ်ချင်းတွေက ခိုင့်ကို လှောင်ချင်နေပြီ။
ကိုကိုနဲ့  မမမြမြကြည် သိပ်လိုက်တယ်တဲ့။ သူတို့ ကပြောနေကြပြီ။ ဘယ်လိုလဲ ကွယ်၊ ခိုင့်ကို ပြောပါအုံး။ခုတလော ခိုင်စိတ်လေနေတယ်။ စာကို ဟန်ဆောင်ကြည့်နေတာ။
ခိုင်မို့  ဘာလုပ်လုပ် အိမ်က အကောင်းမမြင်ဘူး။
ဟိုဟာလုပ် လုပ်ပြန်ပြီ။ ဒီဟာလုပ် လုပ်ပြန်ပြီနဲ့  ဘာမှလုပ်ပိုင်ခွင့် မရှိဘူး။
စာ စာ နဲ့ တစ်ချိန်လုံးစာဘဲ ပြောနေကြတာ။ နားခါးလာပြီ။
ခိုင်လေ စိတ်ညစ်လာရင် ရုပ်ရှင်ရုံဘက်  ရောက်သွားတော့တာပဲ။
အော်..ညက အိမ်မက် မက်တယ်ကိုကိုရဲ့။ ပြောပြအုံးမယ်။ အိမ်မက်ထဲမှာ ကိုကိုနဲ့ခိုင် မြေညီလမ်းလေးတခုမှာ လမ်းလျှောက်နေတုံး ဗြုံးဆို ဘာမပြော ညာမပြော ကိုကိုက ခိုင့်လက်ကို ဖြုတ်ချပြီးထွက်သွားခဲ့တယ် တဲ့။ကိုကိုရေ..လို့ တစာစာခေါ်ပေမဲ့ ကိုကိုက လှည့်မကြည့်ခဲ့ဘူး။ ဒီမှာတင် ..လူကြီးတယောက်ပေါ်လာပြီး ခိုင်လက်ကို မလွှတ်တမ်းဆွဲခေါ်သွားလိုက်တာ.အမလေး လေ့...ဟို အဝေး..အဝေးကြီးကို ရောက်ကရော တဲ့။ ငယ်ငယ်တုံးက တစ်ခါ ဒီလိုဘဲ အိမ်မက်ထဲမှာ ဆွဲခေါ်သွားတာ ခံရဖူးတယ်။ အဲဒီလူက ဖေဖေလေခု လူကြီးကတော့..
ကိုကိုရယ် ..ခိုင့်ကို ဒီအိမ်ြကီးနဲ့ ဝေးရာ ခေါ်သွားပါလားဟင်၊ ရတနာတွေ စိန်ကျောက်တွေ မလိုပါဘူး ကိုကို။ပိုးဖဲကတ္တီပါတွေမလိုပါဘူး။ အိမ်ကလေး တစ်လုံးရယ် တောအုပ်စိမ်းစိမ်းလေးရယ်။ စမ်းချောင်းလေးတစ်ခုရယ်။တောပန်း တောင်ပန်းလေးတွေရယ်၊ပြီးတော့  ..စာအုပ်တွေကတော့ မရှိမဖြစ်ပေါ့နော်။ အို..ခိုင်သိပ်ပျော်မှာပဲကွယ်။ပျော်ချင်လိုက်တာ။ ခိုင်လေ..သီချင်းတွေ အော်ဆိုပြစ်လိုက်မယ်။.ကိုကိုကပဲ့တင်ပြန်လာတဲ့အသံကို နားထောင်ကြည့်ပေါ့။
ပြီးရင် တူတူ ရယ်မောကြမယ်။
ညရောက်ရင် မီးပုံဘေးမှာ ၀န်းပတ်ကခုန်ကြမယ်။ လူရိုင်းတွေလိုလေ..လွတ်လွတ်လပ်လပ်ပေါ့။
ပျော်တယ်နော်.။
ချစ်တဲ့ခိုင်

“ကိုကိုရေ..”
ခိုင့်စာရပြီလား။ ခု ကိုကို့ ကို ပြောစရာရှိလို့  ။ ပြီးခဲ့တဲ့  ဆန်းဒေး က state 2 နဲ့ state1 ချစ်ကြည်ရေး မိတ်ဆက် debate ပွဲကလေးတခု ကျင်းပဖြစ်တယ်။ အရှုံးအနိုင်မရှိ ဆရာကြီး ဦးမောင်မောင်စိုးတင့်က ဆုချီးမြင့်တယ်။သူ့ကျောင်းမှာကိုး။ ခိုင်ရတဲ့စာအုပ်တွေက ခုံတော်မောင်ကျဘမ်း။ သခင်ကိုယ်တော်မှိုင်းရဲ့ လေးချိုးပေါင်းချုပ်။Gorke ရေးတဲ့ Articles and Pamphlets ဆိုတဲ့ စာအုပ်တွေပေါ့။ ခိုင်တော့ ဖတ်စရာ ကောင်းကောင်းရပြီ။
လာမဲ့ စာဆိုတော်နေ့မှာလည်း “အမျိုးသမီးများသည် အမျိုးသားများထက် တိုင်းပြည်ထူထောင်ရာ၌ သာလွန်စွမ်းဆောင်နိုင်သည်”ဆိုတဲ့ ခေါင်းစဉ်နဲ့  စကားရည်လုပွဲ တခုမှာ ခိုင်ကစလို့ အဆိုတင်သွင်းရမယ်။မြဟေ၀န်ရုပ်ရှင်ရုံမှာာ ကျင်းပဖြစ်မယ်။ ကိုကိုပြန်လာ နားထောင်ရင် ကောင်းမှာပဲ ကွယ်။
ကိုကိုရေ..ဒီနေ့ လေ..ကျောင်းမှာ ဆရာကြီး ဦးသာဒင်ရယ် .အရမ်းရယ်ရတာဘဲ။ သိလား ကိုကို။
သူက ပြဋ္ဌာန်းစာအုပ် ”She Stood to Conquer" ပြဇတ်မှာပါတဲ့ ..ဇတ်လိုက် Marlow ရှက်နေပုံ သရုပ်ဖေါ်ပြတာ ကိုကိုရာ တခန်းလုံး ဝေါကနဲ ပွဲ ကျသွားတယ်။ ဟိုတနေ့ကလည်း Revenge ကဗျာထဲက နပိုလီယဲန်စတိုင် လက်နှစ်ဘက်နောက်ပစ် ခြေနှစ်ချောင်းကားရပ် ခေါင်းကြီးရှေ့ထွက်လို့ ခြေမြန်တော်လေး လာမယ့်လမ်းကို ရင်တထိတ်ထိတ်မျှော်လင့်စောင့်စားနေဟန် သရုပ်ဖေါ်ပြခဲ့သေးတာ ကိုကိုရဲ့။ ခိုင်တို့ ဆရာကြီးကတော့ စံပါဘဲ ကိုကို။ တကယ်စေတနာပါတယ်။ ကျောင်းသားတွေရော ဆရာတွေအားလုံးကပါ ချစ်ကြတယ်။
အော် ကိုကိုေ၇..ခိုင် ကဗျာတစ်ပုဒ် အကြိုက်တွေ့ ထားတယ်။ သေခြင်းရဲ့ အခြားတဘက်မှာ ဘာတွေ ရှိနေမလဲ ခိုင်သိချင်လိုက်တာ..။
အဲဒီ Song ကဗျာလေးကို ခိုင် မြန်မာမှုပြုထားတာ ကိုကို ဖတ်ကြည့်ပါဦး။ 

“ငါသေသောခါ “

ငါသေသောခါ၊သက်မြညှာရယ်၊
သဲဘွှာနုတွင်း၊လွမ်းတေးချင်းကို၊
ပူပြင်းလျက်သာ၊ မဆိုပါနှင့်။

ငါသေသောခါ၊ လွန်စွာပျံ့ လှိုင်၊
ရနံ့ ကြိုင်သည့်၊ပန်းခိုင်နှင်းဆီ ၊
ပွင့်နီနီကို၊ ဤသည်ခေါင်းဘက် ၊ 
မြေပုံထက်၌၊နှစ်ချိုက်ဖွယ်ရာ၊
 မစိုက်လာနှင့်။

ရိပ်ခိုစရာ၊အေးရိပ်သာမည့် ၊
ဘဇာပင်မျှ၊မစိုက်ချနှင့်၊
သဘာဝအလျင်း၊မြက်ခင်းစိမ်းစိမ်း၊
နှင်းဖြင့်လိမ်းကာ၊မိုးဖွဲရွာစေ၊ 
ဘာသာဓလေ့ ရှိစေမည်။ 

သည်ကတလီ၊ပြီတီတီနှင့်၊ 
သာသည်တေးချင်း၊နိုက်တင်းဂေးလ်ခေါ်၊
ညငှက်တော်၏၊သာပျော်ချိုအေး၊
လွမ်းသံတေးလဲ။ ခင်လေးမကြားနိုင်တော့ပါ။

ဆည်းဆာနေခြည်၊အိမ်မက်ပြည်၌၊
အတည်မကျ၊ ငါ့ဘ၀ကို၊
နိုးထနိုင်စွမ်းမရှိပါ။      ။
“ချစ်တဲ့ ခိုင်”

ခင်မေသစ်

Monday, January 07, 2013

မေ့မရတဲ့ လူ (အပိုင်း ၁)

(မစုမီအောင်စာပါ။ ကျွန်မ မဖတ်ရသေးတာနဲ့ ဖတ်ဖြစ်အောင်လို့လည်း ဒီမှာတင်လိုက်တာပါ။ အကုန်တင်လိုက်ရင် တော်တော်ရှည်တာမို့ အပိုင်း ခွဲတင်လိုက်ပါတယ်။)
၂၀၁၂ ခုနှစ်
       လူတိုင်းမှာ မေ့မရတဲ့လူတွေ ကိုယ်စီကိုယ်င ရှိကြတယ်။ ကျွန်မမှာ မေ့ မရတဲ့လူတစ်ယောက်ရှိခဲ့တယ်။ မေ့မရခြင်းဟာ လှပတဲ့သတိရခြင်း ဖြစ်ခဲ့မယ်ဆိုရင် အဲဒီလူဆီ ကျွန်မ သတိရခြင်းတွေအစဉ်တစိုက် စေလွှတ်မိ မှာ အသေအချာပဲပေါ့။ ဒါပေမဲ့ သူက ဘယ်နည်းနဲ့မှ မသိနိုင်တော့ဘူး။ ပျောက်သောသူ ရှာလျှင်တွေ့၊ သေ သောသူ ကြာလျှင်မေ့ ဆိုတဲ့စကားအရဆိုရင် အဲဒီလူကို ကျွန်မ မေ့ပစ်ခဲ့ဖို့ ကောင်းတာ၊  သူက သေဆုံးခဲ့ ပြီ လေ။ ကမ္ဘာရဲ့အဝေးကြီးတစ်နေရာကို လွင့်သွားခဲ့ရပြီ။ ဒါပေမဲ့ ကျွန်မ သူ့ကို တစ်စက္ကန့်လေးမှ မေ့မရခဲ့ဘူး။ သေသောသူ ကြာလျှင်မေ့ ဆိုတဲ့ စကားကြီးက ရှိနေတော့ “ကြာရင်မေ့”ဆိုတဲ့စကားလို ကျွန်မသူ့ကို အချိန်တွေ ကြာရင် တကယ်ပဲမေ့သွားမှာလား...။ အခု မကြာလှသေးလို့ မမေ့သေးတာပဲလား။ ကြာရင်ဆိုတာ အချိန် ကာလအားဖြင့် ဘယ်လောက်ကာလကို ဆိုလိုတာလဲ။ အခုနှစ် ၂၀၁၂၊ သြဂုတ်လ ဆိုရင်တော့ သူ အဝေးကြီး ကို ထွက်သွားတာ၊ ရှစ်နှစ်တိတိပြည့်ခဲ့ပါပြီ။ လအားဖြင့် ၉၆ လ၊ ရက်အားဖြင့် ၂၉၂၀ ရက်၊ နာရီအားဖြင့် ၇၀၀၈၀ နာရီ ကြာမြင့်ခဲ့ပြီ။ ဒီအချိန်၊ ဒီကာလဟာ လူတစ်ယောက်ကိုမေ့ဖို့ လုံလောက်တဲ့ အချိန်ပဲလား။ မလုံလောက်သေးဘူးလား။

       သေချာတာတစ်ခုက ကျွန်မသူ့ကို မေ့မရသေးဘူး။ ဟင့်အင်း မေ့မရသေးတာမဟုတ်ဘူး။ တကယ်ပဲ မေ့မရတာ...ဟုတ်တယ် မေ့မရတာပါ။ မေ့မရတာ...မေ့မရတာ...မေ့မရတာ...မေ့မရတာ...။
                                     

Sunday, January 06, 2013

ငွေသောင်ယံဦး နှင့် အခြားကဗျာများ ( ၂ )


  • ငါသေသောခါ
  • မယ့်လွမ်းကဗျာ
  • ရှိစေဦး
  • ကိုဘာ့ကြောင့်မလာ

ဘူတန်သတို့သမီး

ပြီးခဲ့တဲ့ နှစ်က မင်းသားဝီလျှံ နဲ့ ကိတ်၊ မိုနာကိုရဲ့ အဲလ်ဘတ်မင်းသားနဲ့ တောင်အာဖရိကရေကူးချန်ပီယံ ချာလီနီ စသည်တို့ရဲ့ လက်ထပ်ပွဲအခမ်းအနားသတင်းတွေကဖြင့် မီဒီယာအကြိုက် သဲသဲလှုပ်ရေပန်းအစားဆုံးပါပဲ။ 

Saturday, January 05, 2013

စံအိမ်တွေထဲမှာ ဗျာများ ချောက်ချားစွာနေချင်တဲ့ “နီကိုလပ်စ်ကေခ်ျ့”

အမေရိကန်ရုပ်ရှင်မင်းသား၊ ပရိုဂျူဆာ၊ ဒါရိုက်တာလည်းဖြစ်တဲ့ နီကိုလပ်စ်ကေ့ခ်ျဟာ ဟောလိဝုဒ်ရဲ့ သရုပ်ဆောင်ကြေးအမြင့်ဆုံးတွေထဲက တစ်ယောက်ပါ။ ဝင်ငွေကောင်းလှသလို အသုံးအစွဲမှာလည်းအားကောင်းလှသူပါပဲ။ ကေ့ခ်ျရဲ့ ပိုင်ဆိုင်မှုတွေထဲမှာ စံအိမ်တွေအများကြီးပဲ ပိုင်ဆိုင်ထားတာကလည်း နာမည်ကြီးလှပါတယ်။ အဲဒီ ပိုင်ဆိုင်မှုတွေအများကြီးနောက်မှာ ကေ့ခ်ျတစ်ယောက် အခွန်ပြဿနာတွေနဲ့ လုံးထွေးသတ်ပုတ်နေရတော့တာပေါ့။ လက်ရှိဇနီး အားလစ်ကင်မ် နဲ့ အတူနေထိုင်ခဲ့တဲ့ မာလီဘူးအိမ်ကို ဒေါ်လာ ၁၀ သန်းနဲ့ ၂၀၀၅ ခုနှစ်မှာ ရောင်းချခဲ့တယ်။ ဇနီးအားလစ်ကင်မ်နဲ့ ကေ့ခ်ျ်တို့ တွေ့ခဲ့ကြတာကတော့ ဆူရှီဘားတစ်ခုမှာပါ။ အားလစ်က ဆူရှီဘားက စားပွဲထိုးမလေးဖြစ်ပြီး သူတို့ ၂၀၀၄ ခုနှစ်မှာ လက်ထပ်ခဲ့ကြပါတယ်။ အားလစ်နဲ့ ကေ့ခ်ျတို့ရဲ့ သား Kal-el Coppola Cage ကို ၂၀၀၅ခုနှစ်မှာမွေးဖွားခဲ့တယ်။ သူတို့သားငယ်ရဲ့ အမည်ကို စူပါမန်းရဲ့ နာမည်ရင်းအတိုင်း ပေးခဲ့တာလို့ ဆိုပါတယ်။

Thursday, January 03, 2013

ညွှန်းတဲ့ ရုပ်ရှင်

Zero Dark Thirty
Action / Drama / History
ပြသချိန် - ၁၅၇ မိနစ်
Columbia Pictures
ဒါရိုက်တာ - Kathryn Bigelow
ထုတ်လုပ်သူ - Kathryn Bigelow
ဇာတ်ညွှန်း - Mark Boal
သရုပ်ဆောင်များ - Chris Pratt, Jessica Chastain, Joel Edgerton

အီရတ်စစ်ပွဲအတွင်းက မိုင်းရှင်းတပ်သားလေးသုံးဦးအကြောင်းရုပ်ရှင် The Hurt Locker ကို ရိုက်ကူးထုတ်လုပ်၊ ဇာတ်ညွှန်းရေးခဲ့ကြတဲ့ Kathryn Bigelow နဲ့ Mark Boal တို့ရဲ့ နောက်ထပ်စစ်ပွဲနောက်ခံရုပ်ရှင်ပါ။ အကြီးကျယ်ဆုံး လိုက်လံရှာဖွေသုတ်သင်ခံခဲ့ရသူ သမိုင်းထဲကရာဇဝတ်ကောင် ပြီးတော့ ကမ္ဘာ့အန္တရာယ်အကြီးဆုံးလူသားလို့ သတ်မှတ်ခံရတဲ့ “အိုစမာဘင်လာဒင်”ကို ဖမ်းဆီး သတ်ဖြတ်ကြတဲ့မှတ်တမ်းရုပ်ရှင်ကားပါ။ The Hurt Locker ရုပ်ရှင်ဟာ အကောင်းဆုံးဓာတ်ပုံဆု၊ အကောင်ဆုံးဇာတ်ညွှန်းဆုအပါအဝင် အော်စကာဆုငါးဆု ရရှိခဲ့တာပါ။ အဲဒီရုပ်ရှင်ဒါရိုက်တာ ကက်သရင်းဘစ်ဂလိုဟာ Titanic နဲ့ Avatar ဖန်တီးရှင် ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်း ရဲ့ ဇနီးပါပဲ။ ကက်သရင်းကတော့ ခင်ပွန်းသည် ပုံဖော်ဖန်တီးလိုတဲ့အရသာနဲ့ ကွဲပြားတဲ့ သမိုင်းထဲကစစ်ပွဲတွေ၊ စစ်ပွဲတွေထဲက သမိုင်းဝင်အဖြစ်အပျက်တွေကို အမြဲစိတ်ဝင်စားနေခဲ့သူပါ။ “စစ်ပွဲဆိုတာ ခွန်အားတစ်ခုပါ။ အဲဒီအရာက ရည်မှန်းချက်အဓိပ္ပါယ် ဒါတွေကိုပေးပါတယ်” တဲ့။ ပူလစ်ဇာဆုရ အမေရိကန်နိုင်ငံရေးစာနယ်ဇင်းသမား ခရစ်ဟက်ဒ်ဂျက်စ် ရဲ့ ကျော်ကြားတဲ့စာတစ်အုပ်ရဲ့ ခေါင်းစဉ်ပါ။ အဲဒီစာသားကိုပဲ ဘစ်ဂလိုက သူမရဲ့ ရုပ်ရှင် The Hurt Locker အဖွင့်မှာ ဖော်ပြခဲ့ပါသေးတယ်။ “ထောက်လှမ်းရေးအုပ်စုအတွင်းမှာ ချီးကျုးဂုဏ်ပြုခြင်းမခံရတဲ့သူရဲကောင်းကြီးတွေကို ဘယ်လိုကိုင်တွယ်ကြသလဲ ဆိုတဲ့အကြောင်းလူတွေသိကြတာ အင်မတန်နည်းပါတယ်။ ဒီရုပ်ရှင်မှာအဲဒီရှားရှားပါးပါးအခွင့်အရေးကိုရနိုင်မှာပါ” တဲ့။ ရုပ်ရှင်ခေါင်းစဉ်မှာ “ဘုရားသခင်နဲ့ တိုင်းပြည်အတွက်” လို့ ရေးထားတယ်။ သန်းခေါင်အလွန် မိနစ် ၃၀ဆိုတာ စစ်တပ်တွင်းအသုံးအနှုံး။ အမှောင်ထု နဲ့ လှို့ဝှက်မှုကို ရည်ညွှန်းတာပါ  လို့ ဘစ်ဂလိုက ပြောပါတယ်။ သိပ်သည်းမည်နက်တဲ့ည သန်းခေါင်အလွန် မိနစ် ၃၀ အချိန်မှာ … လှို့ဝှက်ချက်တစ်ခုပေါ်ထွက်လာပုံကို…ဘစ်ဂလိုရဲ့ စိတ်လှုပ်ရှားတုန်ခိုက်စရာ ရိုက်ချက်တွေနဲ့ အသည်းတထိတ်ထိတ်ကြည့်ရဦးမှာပါ။

The Impossible
Action / Drama / Thriller
ပြသချိန် - ၁၁၄ မိနစ်
Warner Bros. (Spain), Summit Entertainment
ဒါရိုက်တာ - J.A. Bayona
ထုတ်လုပ်သူ - Álvaro Augustin, Belen Atienza, Enrique López Lavigne
ဇာတ်ညွှန်း - Sergio G. Sánchez
သရုပ်ဆောင်များ - Naomi Watts, Ewan McGregor and Tom Holland

၂၀၀၄ ခုနှစ်က လင်းလက်တောက်ပတဲ့ နေရောင်နွေနွေးနေ့လေးတစ်နေ့မှာ .. လူထောင်ပေါင်း ရာပေါင်းများစွာတို့ ရဲ့ အသက်ခန္ဓာဝိညာဉ်တွေ။ ၈ ..၇ …၆ …၅ … ၄.. ၃ ..၂… ၁ ..သူတို့အားလုံးရွေရွတ်ကြတယ်။ သူတို့ လွှတ်တင်လိုက်ကြတဲ့ မီးပုံးလေးတွေ နိမ့်ချည်မြင့်ချည် လှုပ်ကာယိမ်းကာနဲ့။ ကောင်းကင်ပေါ်ဆီတက်သွားကြပြီ။ အသက်ခန္ဓာဝိညာဉ်တွေဟာ ပြောင်းလဲကုန်ပြီ။ ပြိုလဲကွဲရှ ကြေမွပျက်စီးကုန်တာများ ဝန်းကျင်တစ်ခုလုံး ကြည့်မြင်စရာမကောင်းကြတော့ဘူး။ “သားတို့ လာကြည့်ပါဦး” တဲ့။ ဖခင်ရဲ့ ခေါ်သံနောက်က။ ကမ်းခြေဆီ ရှုမျှော်ငေးမောလိုက်ကြတဲ့ မိသားစုလေးရဲ့ နွေးထွေးကြည်မြတဲ့ အပျော်တွေဟာ ဆတ်ခနဲရပ်တန့်။ အကြည့်တွေဟာ ဟိုးအမြင့်ဆီ ခုန်ပေါက်ဝုန်းဒိုင်းကြဲ။ ပင်လယ်ကမ်းစပ်က အုန်းပင်တွေပေါ် ဗြောင်းခနဲရိုက်ချပြေးဝင်လာတဲ့ ရေလုံးကြီးတွေ အောက်မှာ သူတို့ ပြားပြားဝပ်ခဲ့ကြရပြီ။ “ကျွန်တော် ကြောက်တယ်” ကလေးက ငိုရှိုက်ညီးတွားရင်းပြောတယ်။ “မေမေလည်း သားလိုပဲ” မာရီယာလည်း ကြောက်လိုက်တာမှ။ ဟန်မဆောင်နိုင်အောင် တုန်တုန်ရီရီ သူလည်း ငိုကြွေးနေမိတာပဲ။ သူတို့ ရှင်သန်နိုင်ပါ့မလား။ ပင်လယ်ရေနဲ့ နူးနေကြတဲ့လက်မောင်း၊ လက်ဝါးပြင်ကအသားတွေ လန်ထွက်ပေါက်ပြဲကုန်ပြီထင်ရဲ့။ ဒီအုန်းပင်မှာ မာရီယာနဲ့ သူမရဲ့ သား ဘယ်လောက်ကြာအောင် ကုတ်ဖက်တွယ်ကပ်ထားနိုင်ပါ့မလဲ။ ဟန်နရီရော …
၂၀၀၄ ဒီဇင်ဘာ ၂၆ ရက်နေ့မနက်ခင်းမှာ ထိုင်းနိုင်ငံကမ်းရိုးတန်းတွေကို ရိုက်ခတ်ခဲ့တဲ့ ဆူနာမီဘေးကြုံခဲ့ရတဲ့ မိသားစုတစ်စုရဲ့ ကိုယ်တွေ့အဖြစ်အပျက်ကို ရိုက်ကူးထားတာပါ။ ခရစ်စမတ်အားလပ်ရက် ထိုင်းနိုင်ငံမှာရောက်ရှိနေကြတဲ့ စပိန်လူမျိုး မာရီယာ၊ ဟန်နရီနဲ့ သားသုံးယောက် လူးကပ်စ်၊ သောမတ်စ် နဲ့ ဆိုင်မွန်တို့ ပြန်ပြီးပြောပြခဲ့တဲ့အတိုင်း အဖြစ်အပျက်တွေဟာ စိတ်ချောက်ချားတုန်လှုပ်စရာတွေကြီးပါပဲ။ “မဖြစ်နိုင်ဘူးလို့” လို့ သူတို့ ခုထက်ထိ ထင်မြင်နေကြတုန်းပဲ တဲ့။

Les Misérables
Drama / Musical / Romance
ပြသချိန် - ၁၅၇ မိနစ်
Universal Pictures
ဒါရိုက်တာ - Tom Hooper
ထုတ်လုပ်သူ - Tim Bevan, Eric Fellner, Debra Hayward, Cameron Mackintosh
ဇာတ်ညွှန်း - William Nicholson
သရုပ်ဆောင်များ - Hugh Jackman, Russell Crowe, Anne Hathaway, Amanda Seyfried

အကျော်ကြားဆုံး ပြင်သစ်အချစ်စိတ်ကူးယဉ်စာရေးဆရာ Victor Hugo ရဲ့ ၁၈၆၂ ခုနှစ်က Les Misérables ဝတ္ထုကို အခြေခံထားပါတယ်။ ဂီတဒရာမာရုပ်ရှင်ကားဖြစ်ပြီး ၁၉၈၀ခုနှစ်နောက်ပိုင်း ပြင်သစ်နိုင်ငံမြို့လေးတစ်မြို့မှာ အကျဉ်းသားဘဝကနေ မြို့တော်ဝန်ဖြစ်လာတဲ့ ရန်ဗာလ်ရန်(Huge Jackman)က အဓိကဇာတ်ကောင်နေရာက ပါဝင်နေပါတယ်။ ငယ်ငယ်လေးကတည်းက မိဘနှစ်ပါးဆုံးပါးခဲ့ပြီး အစ်မရဲ့ကြည့်ရှုစောင့်ရှောက်မှုအောက်မှာ ဆင်းရဲနွမ်းပါးမှုနဲ့ အလူးလူးအလိမ့်လိမ့်ဖြတ်သန်းခဲ့ရတယ်။ ဗာလ်ရန်အတွက် ပေါင်မုန့်တစ်လုံးစားရတဲ့နေ့ဟာ ကံကြီးလှတဲ့နေ့တစ်နေ့ပါပဲ။ ကံကြီးလှတဲ့နေ့တစ်နေ့ဖြစ်လိမ့်နိုးနဲ့ ပေါင်မုန့်တစ်လုံး မုန့်ဖုတ်နေတဲ့လူကြီးဆီက ခိုးဝှက်ယူလိုက်တယ်။ ဗာလ်ရန်ရဲ့ကံက နုံချာမွဲတေလှတယ်။ အဲဒီနေ့မှာပဲ ကံဆိုးမိုးမှောင်ကျတဲ့တစ်နေ့ဖြစ်သွားပြီး ဗာလ်ရန်ရဲ့ နေ့တွေ နစ်နစ်နဲနဲ မှောင်မိုက်သွားတော့တယ်။ ပေါင်မုန့်တစ်လုံးခိုးယူမှုအတွက်ပြစ်ဒဏ်က ထောင်ဒဏ် ၅ နှစ်တဲ့။ အကျဉ်းသားနံပါတ်က အမှတ် ၂၄၆၀၁။ ဗာလ်ရန် ဒီနံပတ်ကိုင်ဆောင်ထားဖို့ လက်မခံနိုင်ပါဘူး။ ဒီတော့ သူ ထွက်ပြေးဖို့ ကြိုးစားတယ်။ ၄ ကြိမ်တောင်မှပဲ။ တစ်ကြိမ်ကြိုးစားတိုင်း သူ့ရဲ့ မှောင်မိုက်တဲ့နေ့ရက်ပြစ်ဒဏ်တွေသာ ပိုပိုပြီး တိုးလာတယ်။ အဲဒါတွေပဲ သူ ထပ်ထပ်ပြီး ရလာတယ်။ ၁၉နှစ်ဆိုတဲ့ပြစ်ဒဏ်ကုန်ဆုံးသွားပြီးတော့ ဗာလ်ရန်လွတ်မြောက်လာခဲ့ပါပြီ။ အကျဉ်းထောင်ထဲမှာတော့ သူ အသည်းနာလှတဲ့ နံပါတ်ကြီးတစ်ခု ကိုယ်နဲ့ မကွာယူရတယ်။ အကျဉ်းသားဘဝက လွတ်မြောက်လို့ အပြင်လောကမှာဆိုရင်ကော။ ကိုင်ဆောင်ရမယ့်နိုင်ငံကူးလက်မှတ်-သက်သေခံကတ်ပြားက အကျဉ်းသားဖြစ်ဖူးသူ ဗာလ်ရန်အတွက် အဝါရောင်တဲ့။ ဒီအဝါရောင်ကတ်ပြားနဲ့ လစာကောင်းမယ့်အလုပ်မရနိုင်ဘူး။ ဗာလ်ရန်သိတာပေါ့။ သူရှာသမျှလစာတစ်ဝက်ကို အဝါရောင်ကတ်ပြားကဝါးမြိုသွားမှာပဲလေ။  ဘုန်းတော်ကြီးတစ်ပါးဆီရောက်သွားတဲ့ ဗာလ်ရန် ပေါင်မုန့်တစ်လုံးကောင်းမွန်တဲ့အစားသောက်တွေ ညလယ်စာအဖြစ် ဖောဖောသီသီစားလိုက်ရတယ်။ ဘုန်းတော်ကြီးက ဗာလ်ရန်ကို ယုံကြည်ပါတယ်။ ဗာလ်ရန်ကသာ သူ့ကံကိုမယုံတော့ဘူး။ ဘုန်းတော်ကြီးဆီက ငွေထည်ပစ္စည်းတွေခိုးယူလိုက်တယ်။ ဗာလ်ရန်ကို အရိပ်လိုလိုက်နေတဲ့သူက ရဲသားတစ်ဦး ရာဗဲထ်(Russell Crowe) ရဲ့ ရှေ့မှောက်ရောက်ရပြန်ပြီ။ ဗာလ်ရန်နဲ့ သူဟာ အမြဲဆန့်ကျင်ဘက်ပဲ။ ဘယ်တော့မှတစ်ဦးနဲ့တစ်ဦး မလိုလားကြသူတွေ။ ဘုန်းတော်ကြီးက သူ့ရဲ့ဖယောင်းတိုင်ငွေထည်မီးခုံတွေဟာ ဘာမှမဖြစ်ပါဘူးတဲ့။ ရှိနေသားပဲလို့ ငြင်းဆန်တယ်။ ဘုန်းတော်ကြီးက ငွေထည်ပစ္စည်းတွေ အသာတကြည်ပေးပြီး သူ့ရဲ့ ယုံကြည်မှုကို သက်သေပြစေချင်တယ်။ ဗာလ်ရန်ကလည်း သွေးထဲကကို ဆိုးသွမ်းမိုက်မဲချင်နေတဲ့သူမှ မဟုတ်တာပဲ။ သက်သေခံမယ့်တစ်နေ့အတွက် ဘုန်းတော်ကြီးကို ဗာလ်ရန် တောင်းပန်တိုးလျှိုးလိုက်တော့တယ်။

Lay the Favorite
Comedy
ပြသချိန် - ၉၄ မိနစ်
Cheetah Vision, Random House Films, The Weinstein Company
ဒါရိုက်တာ - Stephen Frears
ထုတ်လုပ်သူ - Randall Emmett, George Furla, Paul Trijbits
ဇာတ်ညွှန်း - D.V. DeVincentis
သရုပ်ဆောင်များ - Bruce Willis, Rebecca Hall, Catherine Zeta-Jones, Joshua Jackson

အမေရိကန် စာရေးဆရာမ၊ စာနယ်ဇင်းသမား Beth Raymer ရဲ့ ကိုယ်တွေ့အဖြစ်အပျက်အတွေ့အကြုံတွေကို အခြေခံပြီး ရေးထားတဲ့ စာအုပ် Lay the Favorite ကို ရုပ်ရှင်ရိုက်ကူးထားတာပါ။ ဘက်သ်ဟာ လိင်ကုန်ကူးမှု၊ အပျော်တမ်းလက်ဝှေ့ နဲ့ အားကစားစတဲ့ လောင်းကစားလောကထဲက ဘဝတွေအကြောင်းကို ကိုစတာရီကာ၊ နီဂါရာကွာ နဲ့ ပနားမားလို နိုင်ငံတွေပါသွားပြီး လေ့လာရေးသားခဲ့တာပါ။ ဘက်သ်(Rebecca Hall) လာစ့်ဗေးဂက်စ်ကို ရောက်လာပါတယ်။ အပြောင်းအလဲတချို့၊ ပြီးတော့ စိတ်လှုပ်ရှားစရာလေးတွေလုပ်ဖို့  ဒီကိုရောက်လာတာပါတဲ့။ အလုပ်ရှာတယ်။ ကော့တေးဆိုင်မှာ စားပွဲထိုးအလုပ်ရပါတယ်။ ပြီးတော့ သောက်ရင်းစားရင်းနဲ့ ပဲ ဒင့်ခ်(Bruce Willis) နဲ့ အဖွဲ့ကျသွားတော့တယ်။ ဒင့်ခ် က အားကစားလောင်းကစားလောကက ဆရာတစ်ဆူပဲ။ ဒင့်ခ်က ဘက်သ်ကို လောင်းကစားနည်းတွေ သင်ပေးပါတယ်။ လောင်းကစားဆိုတာ ဘာလဲသိရဲ့လားလို့ မေးတော့ ဘက်သ်က သက်သေပြဖို့ တစ်စုံတစ်ခုပြင်ဆင်ဖို့လိုပြီလေ။ ဘက်သ်လောင်းကစားနဲ့  ကနဦးဝင်ငွေရှာလိုက်နိုင်တာက  ဒင့်ခ်ရဲ့ ဇနီး ကျူးလစ်ဆီကပါ။ ဒင့်ခ် တစ်ယောက် ကိုယ့်အတတ်နဲ့ကိုယ် စူးတာပါပဲ။ ကျူးလစ်ကလည်း အရိပ်အခြေကြည့်နေပါပြီ။ 

မဉ္ဇူရီ
Living Fashion Magazine, January, 2013