Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, February 01, 2012

ချစ်ရတဲ့ သားအမွှာ

မေမေပို့ပေးလို့ ဖတ်ကြည့်ပြီး ညက်ရေတွေပိုးပိုးပေါက်ပေါက်ကျတယ်။ ဘာဝမ်းနည်းမှန်းမသိ :'(
 အသက်အားဖြင့် ၂၉နှစ်သာ ရှိသေးတဲ့ “ကိတ်” ဟာ နယူးဆောက်သ်ဝေးလ် ပြည်နယ် သားဖွားဆေးခန်းတခုမှာ ရောက်နေပါတယ်။သူမ ဗိုက်ထဲမှာ လွယ်ထားတဲ့ အမွှာ မောင်နှမကို မွေးဖွားဖို့ နောက်ထပ်သီတင်း ဆယ့်လေးပတ်စောင့်ရအုံးမှာပါ။ ဒါနဲ့များ သူမ ဘာ့ကြောင့် ဗိုက်နာ နေရပါလိမ့်။ သူမခင်ပွန်း” ဒေးဗစ်” က သိပ်ကိုမှခလေးလိုချင်ရှာတာ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက သူတို့ တောင့်တောင့်တတ ကြိုးစားနေတာပါ။မကြာခဏ ဆေးခန်းကိုလည်းသွားရောက် စစ်ဆေးကြရတယ်။ ခုတော့ သူတို့ အောင်မြင်ပါပြီ။ ဒါပေမဲ့ အချိန်မတန်မီ ဗိုက်နာလာရတဲ့ အကြောင်းရင်းက ဘာပါလိမ့်။ သူမ ဆေးရုံကို အပြေးလေးရောက်လာခဲ့တာပါ။ သူမ သားအိမ်ခေါင်းဟာ နှစ်စင်တီမီတာလောက်တော့ ပွင့်နေတယ်တဲ့။ လိုအပ်သမျှ ပြုစုနိုင်ဖို့ဆရာဝန်က သူမကို ဆေးရုံမှာဘဲ သီတင်းတပတ်အကြာ အနားယူစေတယ်။ ဒါပေမဲ့ သူမကိုယ်ဝန်ဟာသီတင်း၂၇ပတ် အရမှာ တဖန်ပြန်ပြီး ဗိုက်နာလာပြန်ပါတယ်။
နောက်နေ့မနက်မှာဘဲ သူမသားအိမ်က၆.၅ စင်တီမီတာ ပွင့်လာပေမဲ့ ခလေးတွေကို ဆွဲယူဖို့က မလွယ်ပါဘူး။ “ဘရစ်ဘင်းမြို့”ကိုရောက်နေတဲ့” ဒေးဗစ်” ကို လှမ်းခေါ်ရတယ်။ အချိန်မတန် လမစေ့သေးပေမဲ့ လိုအပ်ရင် ဗိုက်ခွဲ မွေးဖို့ အခြေအနေ ရောက်နိုင်ပါတယ်။ ခလေးတွေရဲ့ အသက်ကို မိမိရရ ကယ်တင်ဖို့ ၂၄နာရီ စောင့်ကြည့်ရမဲ့  အနေအထားပါ။ “ဒေးဗစ်”ဟာ “ကိတ် “ အနားက မခွာဘူး။ လက်ဖျားလေးတွေ ကို ဆုတ်ကိုင်ပြီး အားပေးနေတယ်။” ကိတ် “နဲ့” ဒေးဗစ်”တို့ ဟာ စကားတခွန်းမှ မပြောနိုင်ကြပေမဲ့ “ဒေးဗစ်”မျက်နှာပေါ်က ထင်ရှားသိသာလွန်းတဲ့ အားပေးနှစ်သိမ့်မှုဟာ သူမကို ခွန်အားတွေ အများကြီးဖြစ်စေပါတယ်။သူမရင်မှာ “ဒေးဗစ်”အတွက် “ဒေးဗစ် “လိုချင်တဲ့ ကလေးကို မွေးပေးနိုင်တော့မယ် ဆိုတဲ့ အသိကသာ သူမအပေါ် လွှမ်းခြုံကြည်နူးပုံကလည်း “ ဒေးဗစ် “ ကို ပျော်မြူးစေပြန်တယ်။ ခုဆိုရင် “ကိတ်”ကိုခွဲခန်းသုံး အ၀တ်အစားတွေ ဆင်မြန်းပေးပြီးပါပြီ။ ခွဲခန်းအတွင်း ကိုလည်း တဖြည်းဖြည်း တွန်းလှည်းကလေးနှင့် သယ်ဆောင်သွားပါပြီ။ခွဲခန်းမှာ တာဝန်ယူမဲ့  သားဖွားမီးယပ်ပါရဂူနှင့် ဆရာဝန်က ၁၄ယောက်ပါ။ တာဝန်ကျ သူနာပြုဆရာမ တွေ သားဖွားအကူ ဆရာမတွေလည်းဝန်းရံထားရှိပါတယ်။ 

ပထမ ထုတ်ယူရရှိတဲ့ ကလေးက သားယောင်္ကျားလေးပါ။သူ့ဖေဖေက ခလေးကို တစိမ့်စိမ့်ကြည့်ရင်း “ဂျင်မီ” လို့ချစ်စနိုး နာမည်ပေးလိုက်တယ်။ မိခင်က ပီတိတွေနဲ့ ကြည်နူးပြုံးပျော်နေတယ်။သူမဟာ ပုံမှန်ထက် စောမွေးဖွားလိုက်ရတယ် ဆိုတာတောင် စိတ်မပူအားဘဲ ၀မ်းသာနေတာပါ။ ခလေးရဲ့ အသက်ရှူ လမ်းကြောင်းတွေ ဖြောင့်ဖြူးစေဖို့ ဆရာဝန် ဆရာမတွေက ပိုက်တွေနှင့် ခလေးအဆုတ်ကိုမပြတ် စေ့စပ်သေချာစွာ အောက်ဆီဂျင်ပေးပါတယ်။ ဒုတိယအကြိမ် သူမဗိုက်ထဲက ခလေးကို ထုတ်ယူလိုက်တဲ့အခါမတော့ မိန်းခလေး ဖြစ်နေတာကြောင့် သူမ မေမေက “အင်မီလီ “ လို့ နာမည်ပေးလိုက်ပြန်ပါတယ်။ဒီကလေးက အပြင်ရောက်တယ် ဆိုရင်ဘဲ လောကကြီးထဲ ကို “ငါရောက်ပီဟေ့ “လို့ ကြွေးကြော်သည့်အလား တ၀ါးဝါးနှင့် ငိုနေလိုက်ပုံများ ဆူညံပွက်လောရိုက်လို့။ အားလုံးအတွက်ကျေနပ်စရာဖြစ်နေတယ်။ သူမရဲ့ ကျန်းမာရေးက တော့ စိတ်ချရပါပြီ။ ငိုလိုက်တော့ ပါးကလေးနှစ်ဘက်က ရဲ တွတ်နေတယ်လေ။ ဒါပေမဲ့ .. ငိုသံ တချက်ကလေးမှ မကြားလိုက်ရသေးတဲ့  သားလေး “ဂျင်မီ”့အတွက် မိခင်က စိတ်ပူနေရပြီ။သူမက “ဂျင်မီ့” ငိုသံကို ကရုစိုက် နားထောင်နေတာ။ဆရာမတွေကလည်း “ဂျင့်မီ့”အနားမှာ ၀ိုင်းလို့နေတယ်။ 

ဘုရား ဘုရား။ မိနစ်နှစ်ဆယ်လောက် သူတို့ ကြိုးစားပန်းစားပြုစု လှုပ်နိုး နေတာတောင်မှ ခလေးက လှုပ်မလာဘူး။ ဆရာဝန်တယောက်က လက်လျော့တဲ့ဟန်နဲ့ကိတ် ကို လှမ်းပြောတယ်။ “ငါတို့ ဂျင်မီ့ကို လက်လွှတ်ရတော့မယ် ထင်တယ်” တဲ့။ ခလေးကို အထုပ်လိုက်ကလေး မိခင့် အနားလာချပေးတယ်။ စက္ကန့်သုံးဆယ်အရမှာ ခလေးဟာအသက်ရှူဖို့ ကြိုးစားတဲ့ပုံနှင့် ပင့်သက်ရှိုက်မှု အလိုအလျောက်ပြုလာတယ်။ တခြားတော့ ဘာမှ သိသာထင်ရှားတဲ့ဟန်မျိုး မတွေ့ရဘူး။ ဒါဟာ ပင်စည် ဦးနှောက်ရဲ့ တုံပြန်မှုလို့ လဲဆိုနိုင်တယ်။ “ဒေးဗစ်” ဟာ ခလေးကို အသာအယာ မနာကျင်အောင် စောင်ကလေးနှင့် လွှမ်းးခြုံ ပြီး မိခင့်ကိုပါ ထွေးပိုက်လိုက်တယ် “ကိတ် “ကတော့ ဒီလို အလုံ လွှမ်းခြုံထားရင်း”သူ အဝေးကို ထွက်ခွာသွားမှာစိုး”တဲ့အတွက် လက်မခံဘူး။သူမရင်တွေ ကွဲကြေသွားမတတ်ပါဘဲ။စောင်တွေ ခွာချပြီး ကိုယ်လုံးတည်းကလေး သူမရင်ခွင်ထဲ ဆွဲပွေ့ ရင်ငွေ့နှင့်ကပ်ခါ အနွေး”ဓါတ်ရဖို့သူမကြိုးစားနေတယ်။ပါးနှင့်ကပ်ထားတယ်။ ဒီလို ခလေးကို ရင်ခွင်မှာအပ်ထားပြီး ချော့သိပ်နေရှာတဲ့” ကိတ် “ ကိုကြည့်ရတာ တကယ့်ကို ဆွေးမြေ့ကြေကွဲစရာကြီးပါဘဲ။ “ဒေးဗစ်” စိတ်တွေ ခပ်လေးလေးရယ်။ခေါင်းလဲ ကိုက်လာတယ်။ သူမကတော့ ခလေးကို ဘယ်မျှချစ်တယ် ။ဘယ်လောက်ခံစားနေရတယ် ဘယ်လောက်မျှော်လင့်ထားတယ် ဆိုတာ ခလေးသိအောင် ငိုပြောကလေးပြောနေတာပါ။ဒီလို သူမ ရှိုက်ရှိုက်ငိုနေတာကို ကြည့်ပြီး ဒေးဗစ်လဲ ငိုချင်လာတယ် ။နှစ်နဲချီတောင့်တခဲ့ရတဲ့ သားကလေး ရမဲ့ရလာတော့ ဒီလိုဖြစ်ရတယ်လို့။ဒါကို သူတို့ လက်မခံနိုင်သေးပါဘူး။ “ကိတ်”.ရဲ့ ပင်ကိုယ် စရိုက်မှာလဲ နူးညံ့သိမ်မွေ့ပြီး သံယောဇဉ် အလွန်ကြီးတတ်သူ ဖြစ်တယ်။ သူမဟာ နှစ်များစွာကတည်းက မီတာ ဂ၀၀ လမ်းလျှောက်ပွဲတွေမှာ နာမည်ကျော်ကြားခဲ့သူပါ။ “ဒေးဗစ် နဲ့ ကိတ်” တို့ဟာ တဦးကို တဦး မျက်ခြေမပြတ် စောင့်ကြည့် အားပေးတတ်ကြသူများလည်းဖြစ်တယ်။ တစ်ဦးရဲ့ အားနည်းချက်ကို တစ်ဦးက အားပေးဖြည့်စွက်ရင်း နွေးနွေးထွေးထွေးဆက်ဆံတတ်သူများပါ။ “ကိတ်”ဟာ သားကလေးကို ထွေးပွေ့ထားရတာ အားမရဘူး။ ပိုမို တင်းကြပ်စွာ မိမိရင်ခွင်နှင့်အနီးစပ်ဆုံးထားလိုက်ပြန်တယ်။ နှုတ်ကလည်း တတွတ်တွတ်နှင့် ။ ဂျင်မီကလေးရယ် .မင်းမှာ မိသားစုရှိတယ်။ ညီမလေးလည်းရှိတယ် ။ ဖေဖေ မေမေရှိတယ်။မင်းးကို ဘယ်လောက်ချစ်ကြသလဲ။ မင်းသိရဲ့လား စသဖြင့် တီတီတာတာပြောနေတာပါ။မိနစ်အနည်းငယ်အတွင်းမှာဘဲ သူမ လန့်ခုန်မိမလား စိတ်မှာမှတ်ထင်ရလောက်အောင်အတွေ့အကြုံတခုကသူမကို နိုးဆွလိုက်တယ်။ ဂျင်မီလေးကို ကြည့်လိုက်တော့ “ဂျင်မီံ့” ရင်ဘတ်ကလေးက နိမ့်တုံ မြင့်တုံ စီးချက်ညီညီ လှုပ်နေတာကလား။ “ဘယ်လိုပါလိမ့်” သူမဒေးဗစ်ကိုဆရာဝန် ဆီလွှတ်ပြီး ပြောတော့။ ဆရာဝန်ကပူဆွေးသောကရောက်နေတဲ့မိဘတွေကို လာရောက်ဖျောင်းဖျ နှစ်သိမ့်မှုပေးပြီး ပြန်လည်ထွက်ခွာသွားတယ်။
မိဘတွေကလည်းသူတို့သားကလေးသေဆုံးသွား ပြီဆိုတာ သိသိကြီးနဲ့ဘဲ ချက်ခြင်း လက်မခံနိုင်သေးပါဘူး။ သူတို့ သုံးယောက်စလုံးဟာအသဲနှလုံးချင်း တသားတည်းဆက်စပ် ပွေ့ပိုက်ပြီး ခေါင်းချင်းဆိုင်လို့သက်ရှိတယောက်ပမာ ခလေးကို အလယ်မှာထားပြီး စကားတွေဖေါင်ဖွဲ့ပြောမပြီးကြဘူး။လူကလေးရယ် မင်းကို “သိပ်ချစ်တာဘဲကွယ်။ငါတို့အားလုံး မင်းကို မျှော်လင့်နေကြတာ” တဲ့။မင်းဖေဖေကို ကြည့်လိုက်စမ်း။ မင်းကို တယုတယ ထွေးံပိုက်ထားတာ မင်း ခံစားမိရဲ့ မဟုတ်လား” “ ကိတ်” က သူမမွေးကင်းစ သားကလေးကို တီတီတာတာပြောဆို ငိုရှိုက်နေတာပါ။ နောက်ပိုင်းဖြစ်ပျက်သမျှကိုတော့” ကိတ်ရော ဒေးဗစ် “ပါ အားလုံးက ယုံကြည်နိုင်မှာ မဟုတ်ပါဘူး။ဘာကြောင့်လဲ ဆိုရင် .လမစေ့ ရက်မစေ့ မွေးထုတ်ခဲ့ရတဲ့ မွေးကင်းစ ကလေးသူငယ်ကလေးက မျက်စိပွင့်လာပါပြီ။ သူ့အဖေရဲ့ လက်ချောင်းတွေပေါ် ခေါင်းကလေးနှင့်တောင် တိုးဝှေ့ လာနေသတဲ့။ ဆရာဝန်က မယုံဘူး။ဒါဟာ စောစောကပြောသလို ထင်ယောင် ထင်မှားဖြစ်နိုင်ပါတယ်။ ဆရာဝန်က ကုလားထိုင်တလုံးဆွဲထိုင်ပြီးသေချာရှင်းပြတယ်။ “ဒါပေမဲ့  ..အလို ..ကြည့်ကြပါအုံး ” ကိတ် “်က အော်တယ်။ “ သူ ကျွန်မလက်ကို စုပ်တယ် ။ “ဆရာဝန်က ခလေးကို သူ့အမေ့ရင်ခွင်ထဲကနေ ဆွဲယူ ပွေ့ချီလိုက် တယ်။အဖြစ်က မယုံနိုင်စရာပါဘဲ။ ဒါကို ဘယ်သူယုံမတဲ့လဲ။

“ ဆရာမရေ.. . နားထောင်စမ်း။ “ သူငိုနေသလား။ ဟုတ်ပါတယ်။ ခလေးငိုသံအထင်အရှား ကြားနေရတယ်။ ဆရာဝန်လက်ထဲလဲရောက်ရော။ ကလေးက လန့်ဖြန့် အော်ငို လိုက်တယ်။ အဆုတ်ထဲမှာ လေတွေ ဖေါင်းပွလာပြီ။အသွေးအရောင်ကလေးကလဲ စိုပြည်ဝင်းမှည့်လို့။ ဘာလိုအုံးမလဲ။ လူတိုင်းက မယုံနိုင်ကြပါဘူး။ အမှန်တော့ မိခင်ရဲ့ရင်သားနှစ်မွှာဟာ အေးခဲနေတဲ့ သားငယ်အတွက် လုံခြုံစိတ်ချရတဲ့ အကောင်းဆုံး နွေးထွေးမှုကို အပြည့်အ၀ ပေးနိုင်ခဲ့တာလေ။ ဒါကို သဘောပေါက်မယ်ထင်ပါတယ်။ ဒါဟာ ရုပ်ဝတ္ထု သဘောတရားအရ..မိခင်ဟာ သားကို ချစ်ခြင်းဖြင့်ပွေ့ပိုက်ထားစဉ်သားမြတ်နှစ်မွှာရဲ့ အပူငွေ့ကအေးခဲနေတဲ့ ကလေးကိုယ်ကို လိုအပ်တဲ့ နွေးထွေးမှုပေးနိုင်ခဲ့လို့ပါ။ သြစတြေလျနိုင်ငံ မဲလ်ဘန်းမြို့ကတော်ဝင်အမျိုးသမီးများဆေးရုံမှ မွေးကင်းစ ကလေးသူငယ်များဆိုင်ရာ ရောဂါအထူးကုဆရာဝန်မကြီး “အက်ဘီအားလ်” က ပြောရာမှာ “ဒါဟာ ဒရာမာ ဆန်ကောင်းဆန်ပါလိမ့်မယ်။ ဒါပေမဲ့ ကင်ဂရူးမိခင် စောင့်ရှောက်မှု ကုထုံး Kangaroo mother careဆိုတာ “တကယ်ရှိပါတယ်“တဲ့။
“ကင်ဂရူးမိခင်စောင့်ရှောက်မှု“ကို ကမ္ဘာတ၀ှမ်းက “မိခင်နှင့်ကလေးဆေးရုံတွေ”သိကြပါတယ်။ ရိုးရာဓလေ့ပွဲတွေ့ဆေးနည်းတခုပါ။ ဆေးပညာမှာလည်းဖေါ်ပြပါရှိပါတယ်။ မိခင်နှင့်ကလေး အရေပြားခြင်းဆက်သွယ်ပေါင်းကူးပေးပြီး (skin -0n – skin contact ) စွမ်းရည်တန်ဘိုးမြှင့်တင်ပေးခြင်းဖြစ်ပါတယ်။ ကလေးအပေါ်ထားရှိတဲ့ မိခင်ရဲ့ ပြင်းပြတဲ့အာသီသအပေါ်မှာလည်းအခြေခံပါတယ်။ ဒါဟာ ခလေးအတွက် တခုတည်းသော မျှော်လင့်ချက်ဖြစ်ပါတယ်။ ပမာပြောရရင် သားပိုက်ကောင်ပေါက်စကလေးလိုပါဘဲ။ မိခင်ရဲ့ ဗိုက်ကပ်အိတ်ထဲမှာ လုံခြုံနွေးထွေးစွာ ခိုအောင်းရင်း မေတ္တာဓါတ်ခွန်အားတွေပေါင်းစုပြီး ရှင်သန်နေထိုင်ရသလိုပါဘဲ..မွေးမွေးချင်း မိခင့် ဗိုက်ကပ်အိတ်ထဲမှာ ခိုအောင်း ကြီးထွား ဖွံ့ဖြိုးလာတာပါ။ မိခင်ရဲ့ရင်ခွင်ထဲမှာအသားချင်းထိစပ်ခိုလှုံရတဲ့ အကျိုးကျေးဇူးဟာ ဘာနှင့်မှနှိုင်းယှဉ်လို့မရပါဘူး တဲ့။ သေအံ့မူးမူးအခြေအနေပင် ဖြစ်ပေမဲ့ မိခင့်မေတ္တာငွေ့ကို ခိုလှုံရတဲ့ အတွက် အသက်ဘေးက လွတ်မြောက်ခဲ့တာလို့ ဆိုပါတယ်။ ဒါဟာအိမ်မက်ဆန်ကောင်းဆန်ပါလိမ့်မယ်။ (ဆွီဒင်နိုင်ငံUpprala ယူနီဘာစီတီက လည်း ဒါကို ထောက်ခံလိုက်ပါတယ်။ မွေးကင်းစကလေးသူငယ်များကို မိခင်နှင့် ခွဲခြားမထားဘဲ နီးနီးကပ်ကပ်ထားရှိပေးဖို့သင့်ကြောင်းအကြံပေးဖူးပါတယ်) အဲဒီလို စိတ်အားထက်သန်တက်ကြွမှုကြောင့် (မိခင်ရင်ငွေ့ ခိုလှုံမှုကနေ ) အရေပြားချင်းထိစပ်ပေါင်းကူးမှုပြုစေပြီးရှင်သန်နိုင်ကြောင်း တိတိကျကျ မသိနီုင်သေးတဲ့ ၁၉၇၀ ခုနှစ်တွေက ဘိုဂိုဒါ နှင့် ကိုလံဘီယာ နိုင်ငံတို့မှာ ရာခိုင်နှုံး (၇၀) အထိ လမစေ့မွေးကင်းစကလေးသူငယ်များသေကြေပျက်စီးခဲ့ရတယ်တဲ့။
ယနေ့အခါမှာတော့ ကင်ဂရူးတွေရဲ့မိခင်စိတ်ဟာအလွန်ထူးခြားဆန်းကြယ်ပြီးမှတ်သားထိုက်ကြောင်း အဆိုပြုလာနေပြီဖြစ်တယ်။ ကိတ် တို့ မိသားစုကလေးဟာ သီတင်း ဆယ့်တစ်ပတ်အရမှာ အိမ်ကို ပြန်လာနိုင်ကြအပြီး ၁ဂလ အကြာမှာတော့ ပုံမှန်အတိုင်း ဂျင်မီနှင့် အင်မီလီ တို့ပျော်ပျော်ရွှင်ရွှင် သွားလာ နေထိုင် နိုင်ကြပါပြီ။ သူတို့အကြောင်းကိုတော့ အားလုံးက ပြောမဆုံးပေါင်တောသုံးထောင်ပါဘဲ တဲ့။ နောက်တနှစ်မှာ “ကိတ်” တို့ မိသားစုထဲ“ချာလီ” ဆိုတဲ့ သားငယ်လေးတယောက် ထပ်မံဝင်ရောက်ခဲ့ပါတယ်။ “ကိတ်”အဖို့တော့ မိခင့် မေတ္တာ စန်းရေ ကြည်တွေ ခြောက်ခန်းသွားတယ်မရှိတသွင်သွင်စီးဆင်းနေဆဲပါလို့ပြောပါတယ်။          ။

Florist
RD Feb 2012 “The Baby Who Was Loved Back To Life by Helen Signy
Living Fashion Magazine,
December, 2012

10 comments:

သက်တန့်ချို said...

အရမ်းကောင်းပါတယ် စိတ်ရှည်လက်ရှည် ဘာသာပြန်ရေးထားတာ ကွန်းမန့်အတွက်ကတော့ စိတ်ဓါတ်မကျပါနဲ့ဗျို့ Silent reader တွေရှိပါတယ် ။ ဒီလိုပဲ ကွန်နက်ရှင်ကြောင့်ပါ အားပေးသွားပါတယ် ။

ခရစ္စတလ် said...

ခံစားရတယ် တကယ်ပဲ
ကလေး အမွှာလေး လိုချင်တယ် ဟိ :P

jasmine(တောင်ကြီး) said...

အရမ်းကိုစိတ်ဝင်စားဖို့ကောင်းတယ် အဲဒီလိုကလေးအမွှာလေးလိုချင်လိုက်တာ

mstint said...

မိခင်ရဲ့မေတ္တာဓာတ်ကြီးမားမှုဟာ တစ်ခါတစ်ရံ
မယုံနိုင်လောက်အောင် ဆန်းကျယ်မှုလေးတွေ
ဖြစ်တတ်တယ် ဖြိုးဖြိုးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ပါရမီဖြည့်ဖက်လေး said...

စိတ်ချမ်းမြေ့စရာကေင်းလိုက်တာ။ ဖတ်နေရင်းကလေးလေး အသက်မရှင်လောက်တော့ဘူးလားလို့ စိတ်ပူနေတာ။ ၀မ်းသာစရာပဲ။ မိခင်မေတ္တာကြီးမားမှုပေါ့နော်။ ဖွားဖွားတို့၊ မေမေတို့ပြောဖူးတဲ့ ကလေးတွေ မွေးမွေးချင်း အသက်မရှုရှင် မိခင်ရင်ခွင်ပေါ်တင်ပြီး အနွေးဒဏ်ပေးရတယ်ဆိုတာမျိုးဖြစ်မယ်။ အမွှာလေးလိုချင်တယ်။ :-)

လွင်ပြင်လှိုင်းငယ် said...

မိခင်မေတ္တာကြီးမားမှုပဲနော်

florist said...

ဖြိုးဖြိုးက ပြောတယ် မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျတယ်တဲ့။စာရေးသူကိုယ်တိုင်လဲ မျက်ရည်ဝဲရင်းရေးထားတာ။ပြီးလို့ပြန်ဖတ်တိုင်းလဲ မျက်ရည်က၀ဲဝဲ ၀ဲဝဲနဲ့။သူရ မွေးတုံးကအဖြစ်နဲ့ တိုက်ဆိုင်နေလို့ပါ။သူရက မမွေးခင် bleedingလဲဖြစ်တယ်။လမစေ့ဘူး။ခြေကဖွားတယ်။မွေးလာတော့ တကိုယ်လုံးပြာနှမ်းနေတယ်။လုံးဝမငိုနိုင်ဘူး။ မိခင်က တညလုံးရင်ခွင်ပိုက်ပြီး ငုတ်တုတ်ထိုင်ပြုစုခဲ့ရတာပါ။နက်မိုးလင်းမှ နှုတ်ခမ်းလေးတွေ ရဲတွတ်လာတယ်။အဖြစ်က တော်တော်တူနေတယ် ။အဲဒါကြောင့်အမှတ်တရ ပြန်ရေးလိုက်တာပါ။ ဖတ်ရှုအားပေးသူများ ကွန်မင့်ပေးသူများကို ကျေးဇူးအထူးတင်ပါတယ်။
florist

jolly said...

Thanks for yr post, so touch my heart.

jolly said...

Thanks for yr post, so touch my heart.

May Khin said...

မိခင်မေတ္တာဆိုတာစမ်းရေကြည်တွေခြောက်ခန်းသွားတယ်၊
မရှိတသွင်သွင်စီးဆင်းနေဆဲပါကွယ်။
ခင်တဲ.အန်တီလေးမေခင်